Millionaire gives away fortune which made him miserable

Monday, February 15, 2010

ရှိသမျှ အကုန်လှူသည့် သန်းကြွယ်သူဌေး....


သြစတရီးယန်းနိုင်ငံသား သန်းကြွယ်သူဌေး Karl Rabeder ဟာ သူ့ ရဲ့ စည်းစိမ်ဥစ္စာပစ္စည်းတွေ
ဟာ ဘ၀ရဲ့ အနှစ်သာရမဟုတ်၊ အဲဒါတွေအကြောင်းပြုပြီး စိုးရိမ်ပူပန်မှုတွေသာ ဖြစ်ပွားစေတာမို့ 
အဲဒီသူချမ်းသာသမျှ ( ဒေါ်လာ ၄.၅ သန်း )သော ငွေကြေးပစ္စည်းတွေကို တစ်ပြားတစ်ချပ်မကျန်
အကုန်လှူ ပစ်နေပါတယ်တဲ့ ခင်ဗျာ...
Telfs  မြို့ မှ အသက် ၄၇ နှစ်အရွယ်ရှိ စီးပွားရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးဟာ ၃၄၅၅ ပေပတ်
လည် အကျယ် အ၀န်းရှိတဲ့  အဲ့ လ်ပ် တောင်တန်းတွေရဲ့ သာယာတဲ့ ရှုခင်းတွေရယ်၊ ကိုယ်ပိုင်ရေ
ကူးကန်၊ ချွေးထုတ်ခန်း တွေရှိတဲ့ အဆင့် မြင့် ဇိမ်ခံအိမ်ခြံဝန်းကြီးကိုလည်း ဒေါ်လာ ၂.၁ သန်းနဲ့ ရောင်း
ချဖို့ ဆွေးနွေးညှိနှိုင်းနေပါတယ်တဲ့ ....
Provence မှာရှိတဲ့ အကျယ် ၁၇ ဟက်တာ ရှိတဲ့ ရှေးခတ်ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ 
သာယာလှပတဲ့ မွေးမြူရေးခြံအဆောက်အဦးကိုလည်း ဒေါ်လာ ၉၅၀၀၀၀ ကျော်နဲ့ ရောင်းချဦးမှာဖြစ်
သလို၊ သူဝယ်ယူစုဆောင်းထားခဲ့ တဲ့ အပျော်စီး ဂလိုက်ဒါ ( စက်မဲ့ လေယာဉ်ငယ် ) ခြောက်စင်းကို
ဒေါ်လာ ၅၄၀၀၀၀ ၊ ဇိမ်ခံ အော်ဒီကား A8 မိုဒယ် တစ်စီးကို ဒေါ်လာ ၆၈၀၀၀ နဲ့ ရောင်းချလှူဒါန်းခဲ့ 
ပြီးပါပြီ...


ရှိသမျှ အကုန်လှူသည့် သန်းကြွယ်သူဌေး...


သူရောင်းချလှူဒါန်းခဲ့ တာတွေကတော့ အိမ်တွင်းက အလှပြ၊ တန်ဆာဆင်ထားတဲ့ ပန်းအိုးကြီးများ
ကစလို့  အလှပြင်ဆင်ထားတဲ့ ပန်းအတု များပါမကျန် ချမ်းသာသမျှ အကုန်ကိုထုတ်ရောင်းခဲ့ တာ
ဖြစ်ပါတယ်...
” ကျွန်တော့် ရဲ့ စိတ်ကူးကတော့ ဘာဆို၊ ဘာမှကိုမကျန်စေရအောင်ရောင်းချလှူဒါန်းဖို့ ပါပဲ...
ငွေဟာ လူကိုတော်တော်ဒုက္ခပေးတတ်ပါတယ်.... အဲဒီငွေကြောင့် ပျော်ရွှင်မှုဆိုတာ မရှိသလောက်
ပါဘဲ....”  လို့ သူကပြောပြခဲ့ ပါတယ်...
အဲလ်ပ် တောင်တန်းများဆီက သူ့ ရဲ့ ဇိမ်ခံအိမ်ကြီးဆီကနေ သူဟာ Innsbruck  ဒေသမှာပဲ အိမ်ခန်း
လေးတစ်ခု ငှားနေချင်ယင်နေမယ်၊ ဒါမှမဟုတ် တောင်တန်းကြီးတွေကြားထဲက သစ်တုံးအိမ်၊ တဲကလေး
တစ်ခုဆီကိုပဲပြောင်းနေတော့ မှာ ဖြစ်ပါတယ်...
သူ့ ရဲ့ စည်းစိမ်ဥစ္စာတွေအားလုံးကိုတော့  လက်တင်အမေရိကနဲ့ အမေရိက အလယ်ပိုင်းဒေသတွေ
မှာ သူတည်ထောင်ခဲ့ တဲ့  ကူညီ၊ ကယ်ဆယ်ရေးအဖွဲ့ အစည်းတွေဆီကို ခွဲဝေသွားမှာဖြစ်ပါတယ်...

” တစ်သက်လုံးကျွန်တော်ယုံကြည်ခဲ့ တာက စည်းစိမ်ဥစ္စာတွေတိုးလာလေ ပိုပြီးစိတ်ချမ်းသာ၊ ပျော်ရွှင်
ရလေပဲလို့ ဖြစ်ပါတယ်...ကျွန်တော်ဟာ အလွန်ဆင်းရဲတဲ့ မိသားစုကနေမွေးဖွားကြီးပြင်းလာခဲ့ ၇တာ
ဖြစ်ပါတယ်...ထိုစဉ်တုံးကတော့ အလုပ်ကိုပိုပြီးကြိုးစားလုပ်ကာ စီးပွားဥစ္စာတွေစုဆောင်းရရှိဖို့ ကဘ
ဝရဲ့ အဓိကရည်မှန်းချက်ပါပဲ...အဲဒီရည်မှန်းချက်အတိုင်းပဲနှစ်ပေါင်းများစွားကျွန်တော်ကြိုးစားအားထုတ်
ခဲ့ တာပါပဲ...” လို့ သူဌေး Mr Rabeder  ကပြောခဲ့ ပါတယ်..
ဒါပေမယ့် အချိန်တွေကြာလာခဲ့ တာနဲ့ အမျှ သူ့ ရဲ့ အတွေးအခေါ်တွေပြောင်းလဲလာခဲ့ ရပါတော့တယ်...
” သင်အခုလုပ်နေတာတွေ၊ အာရုံတွေခံစား၊ စံစားနေတာတွေကိုရပ်လိုက်ပါတော့ ၊ ဘ၀ကိုတစ်
ကယ့် အနှစ်သာရရှိရှိ အသုံးချနေထိုင်ပါတော့ လို့ ပြောနေသလို ကြားယောင်လာမိပါတာ့ တယ်...
ကျွန်တော်ဟာ ကိုယ်တစ်ကယ်မလိုအပ်တဲ့ ( အဲဒါတွေမရှိယင်လည်း ဘာမှမဖြစ်တဲ့ ) အရာတွေ၊
ကိုယ်တစ်ကယ် မလိုချင်တဲ့ အရာတွေအတွက် ကျွန်တစ်ယောက်လို အလုပ်တွေလုပ်နေရပါလား
လို့ ခံစားသိမြင်လာခဲ့ ရပါတယ်...”  လို့ သူကပြောဆိုခဲ့ ပါတယ်...

ဒါပေမယ့် နှစ်ပေါင်းများစွာကြာအောင် သူဟာအခုလိုသက်တောင့် သက်သာနဲ့ စံစားနေရတဲ့ အာ
ရုံလှည့် စားမှုတွေကနေ လွတ်မြောက်နိုင်လောက်အောင်တော့ သတ္တိမရှိခဲ့ နိုင်ပါဘူး...
တစ်ကြိမ်မှာတော့ သူနဲ့ ဇနီးဖြစ်သူတို့ ဟာဝိုင်ယီကျွန်းကို သုံးပါတ်ကြာ အပန်းဖြေအနားယူခရီးထွက်
ခဲ့ ကြပါတယ်...

” အဲဒီမှာပဲ ကျွန်တော့် ဘ၀မှာအကြီးကျယ်ဆုံးတုန်လှုပ်ချောက်ခြားမှုကိုတွေ့ ကြုံခဲ့ ရပါတော့ တယ်...
ငွေကြေးချမ်းသာကြွယ်ဝ၊အောင်မြင်ထင်ရှား၊ကျော်ကြားသူတွေရဲ့ အနှစ်မရှိတဲ့ ထိတ်လန့် ဖွယ် အပေါ်
ယံဟန်ဆောင်မှုတွေကို မြင်တွေ့ ခဲ့ ရတာပါပဲ...အဲဒီရက်များအတွင်းမှာ ကျွန်တော်တို့ ဇနီးမောင်နှံ
ဟာငွေတွေကို ထင်သလိုသုံးဖြုန်းခဲ့ ကြပါတယ်...ဒါပေမယ့် တစ်ချိန်လုံးကျွန်တော်တို့ ဟာ ဟန်ဆောင်
မှုမပါတဲ့ သူတစ်ယောက်မှမတွေ့ ခဲ့ ကြရပါဘူး...ကျွန်တော်တို့ အားလုံးဟာ သရုပ်ဆောင်တွေလို ဟန်
ဆောင်မှုတွေနဲ့ ဆက်ဆံနေကြတာပါပဲ...၀န်ထမ်းတွေကလည်း ရင်းနှီးဖော်ရွေတဲ့ ပုံဟန်ဆောင်နေကြ
သလို၊ ကျွန်တော်တို့ အားလုံးကလည်း ကိုယ့် ကိုယ်ကို တစ်ကဲ့ အရေးကြီးပုဂ္ဂိုလ်တွေလို ဟန်ဆောင်နေ
ခဲ့ ကြတာပါပဲ...အမှန်တော့ ဘယ်သူမှ ဘာမှမဟုတ်ကြပါဘူး...” သူကရှင်းပြခဲ့ ပါတယ်...

နောက်ပြီး သူ တောင်အမေရိကနဲ့ အာဖရိကဒေသတွေကို ဂလိုက်ဒါစီး အပန်းဖြေခရီးထွက်ခဲ့ စဉ်မှာ
လည်း အဲဒီလို မသက်မသာခံစားခဲ့ ရပါတယ်...
” ကျွန်တော့် စိတ်ထဲ ချမ်းသာကြွယ်ဝသူတွေနဲ့ ဆင်းရဲမွဲတေနေသူတွေ ကြားမှာ ဆက်စပ်မှုတွေတော့ 
ရှိနေမှာအမှန်ပဲလို့ သိနားလည်လာခဲ့ ရပါတယ်...” လို့ သူကပြောပြပါတယ်...

ရုတ်တရက်ပဲ သူ့ စိတ်ကူးအတွေးထဲမှာ ” အခုပဲ ငါ့ စည်းစိမ်ဥစ္စာတွေကို မလှူဒါန်းယင် နောင်ဘယ်
တော့ မှ လုပ်ဖြစ်တော့ မှာမဟုတ်တော့ ဘူး ” လို့ သိမြင်သဘောပေါက်လာခဲ့ ရပါတော့ တယ်..

သံဝေဂဥာဏ်ဆိုတာကလည်းအကြောင်းတိုက်ဆိုင်လာယင် သူ့ အလိုလိုရလာတတ်တာပါပဲ...

သြော်....
ဘ၀ရဲ့ အနှစ်သာရကိုတွေ့ ရှိသွားသူတစ်ဦးကတော့ ဖြင့် စိတ်ရောကိုယ်ရောအေးချမ်းသွားပါ
လေရောလား....
သညာသိ၊ စာသိသာ ဖြစ်သေးတဲ့ ကိုယ်တွေမှာဖြင့် ....


မူရင်းသတင်းလေးပါ...


Austrian millionaire Karl Rabeder is giving away every penny of his £3 after realising his riches were making him unhappy.
Mr Rabeder, 47, a businessman from Telfs is in the process of selling his luxury 3,455 sq ft villa with lake, sauna and spectacular mountain views over the Alps, valued at £1.4 million.

Also for sale is his beautiful old stone farmhouse in Provence with its 17 hectares overlooking the arrière-pays, on the market for £613,000. Already gone is his collection of six gliders valued at £350,000, and a luxury Audi A8, worth around £44,000.

Mr Rabeder has also sold the interior furnishings and accessories business – from vases to artificial flowers – that made his fortune.
"My idea is to have nothing left. Absolutely nothing," he said. "Money is counterproductive – it prevents happiness to come."

Instead, he will move out of his luxury Alpine retreat into a small wooden hut in the mountains or a simple bedsit in Innsbruck. His entire proceeds are going to charities he set up in Central and Latin America.

"For a long time I believed that more wealth and luxury automatically meant more happiness," he said. "I come from a very poor family where the rules were to work more to achieve more material things, and I applied this for many years," said Mr Rabeder.

But over time, he had another, conflicting feeling.
"More and more I heard the words: 'Stop what you are doing now – all this luxury and consumerism – and start your real life'," he said. "I had the feeling I was working as a slave for things that I did not wish for or need.

However, for many years he said he was simply not "brave" enough to give up all the trappings of his comfortable existence.
The tipping point came while he was on a three-week holiday with his wife to islands of Hawaii.


 "It was the biggest shock in my life, when I realised how horrible, soulless and without feeling the five star lifestyle is," he said. "In those three weeks, we spent all the money you could possibly spend. But in all that time, we had the feeling we hadn't met a single real person – that we were all just actors. The staff played the role of being friendly and the guests played the role of being important and nobody was real."



He had similar feelings of guilt while on gliding trips in South America and Africa. "I increasingly got the sensation that there is a connection between our wealth and their poverty," he said.
Suddenly, he realised that "if I don't do it now I won't do it for the rest of my life"

0 comments: