Italians spend £5 billion a year on fortune tellers and astrology

Friday, February 12, 2010


သူတို့ ဒီလောက်ယုံကြသည်....


ကမ္ဘာတစ်လွှားခံစားနေကြရသော စီးပွားပျက်ကပ်ကြောင့်  ဒုတိယကမ္ဘာစစ် နောက်ပိုင်းတွင်အဆိုးရွား
ဆုံး စီးပွားရေးကျဆင်းမှုဒါဏ်ခံနေရသော အီတလီနိုင်ငံသားများဟာ ငွေကြေးစီးပွားအကြပ်အတည်းမှ
လွတ်မြောက်နိုင်ဖို့  ဘဏ်လုပ်ငန်းရှင်တွေ၊ အကျိုးဆောင်တွေ ( စီးပွားရေးနယ်ပယ်က ကျွမ်းကျင်သူ
ပညာရှင်တွေ ) ဆီက မဟုတ်ပဲ နက္ခတ်၊ ဗေဒင် ဆရာတွေဆီကနေ အကြံဥာဏ်တောင်းခံ ခဲ့ ဗေဒင်
မေးခဲ့  ကြတာပေါင်စတာလင် ၅ ဘီလီယံ ( ဒေါ်လာ ၇.၅ ဘီလီယံခန့်  ) တောင် သုံးစွဲခဲ့ ကြပါတယ်တဲ့ ....



 ဒီလိုဟောမည် ...
ယုံကြည်အားကိုးမှလာရောက်ခဲ့ ပါလေ...

အီတလီနိုင်ငံတွင် နက္ခတ်၊ဗေဒင်စသော အယူသီးစွဲလမ်းမှုများကလည်း တစ်နိုင်ငံလုံးနီးပါးပင်ပျံ့ နှံ့ နေ
ပါတယ်....လူအများစုဟာ နှစ်ပေါင်းရာနဲ့ ချီပြီးကြာခဲ့ ပြီဖြစ်တဲ့  မကောင်းဆိုးဝါးတွေကို နှင်ထုတ်ပေး
နိုင်တယ်လို့ အယူရှိတဲ့  လက်အမူအရာတွေကို ပြုလုပ်နေကြဆဲဖြစ်ပြီး ယေရှုခရစ် ပုံရုပ်တုများနဲ့ မယ်
တော်မေရီ ပုံရုပ်တုများဟာ သွေးမျက်ရည်များကျတယ် လို့ လည်းယုံကြည်ကြပါတယ်..
ဥရောပရဲ့ ဝယ်ယူအားပေးသုံးစွဲသူများ သမဂ္ဂ ရဲ့ သတင်းထုတ်ပြန်ချက်အရ တိုးပွားလာနေတဲ့ အလုပ်
လက်မဲ့ နှုံးများနဲ့ နိုင်ငံရဲ့ စီးပွားေ၇းအခြေအနေ မကောင်းမဲ့ အရိပ်လက္ခဏာများကြောင့် အီတလီသား
များဟာ ငွေကြေး ဘီလီယံ နဲ့ ချီပြီး နက္ခတ်ဗေဒင် တွေအတွက်အသုံးပြုခဲ့ ကြတယ်လို့ ဆိုပါတယ်....

တားရော့ နဲ့ ဟောမည်....

တစ်နေ့ လျှင် ဗေဒင်မေးသူ အီတလီသား ၃ သောင်းခန့် ဟာ တစ်ခါမေးလျှင် ယူရိုဒေါ်လာ ၂၀ မှ
၂၀၀ ယူရို ( ၂၆ ဒေါ်လာ မှ ၂၆၀ ဒေါ်လာ ) ပေးကာငွေကြေးအခက်အခဲမှ လွတ်မြောက်စေရန်အ
တွက်နေ့ စဉ်ဗေဒင်မေး လျှက်ရှိကြတာမို့ တားရော့ ဗေဒင်ဆရာ/ဆရာမများနဲ့  လမ်းဘေးဆိုင်းဘုတ်
ထောင်ဗေဒင်ဟောစားသူများဟာ လုပ်ငန်းတွေအကြီးအကျယ်အောင်မြင်ကာ ၀င်ငွေကောင်းလျှက်ရှိ
တယ်လို့ ဆိုပါတယ်...


ယုံကြည်ကိုးကွယ်မှုဆိုင်ရာအယူသီးမှုများအကြောင်း စာအုပ်တစ်အုပ်ရေးခဲ့ သူ အီတလီလူမျိုး
Carlo Climati  က အီတလီလူမျိုးများဟာ သူတို့ ကံကောင်းစေဖို့ အတွက်ဆိုယင် မည်သည့် ဂမ္ဘီ
ပညာရှင်၊ ဗေဒင်၊နက္ခတ်ပညာရှင်များရဲ့ စကားများကို အလွန်ယုံလွယ်တတ်ကြတယ်လို့ ဆိုပါတယ်...


အထူးသဖြင့် အီတလီတောင်ပိုင်းသားများက အဆိုပါဂမ္ဘီရအကြောင်းအရာများကို အယုံကြည်ဆုံး
ဖြစ်ပေမယ့် စီးပွားရေးအရ ဖွံ့ ဖြိုးတိုးတက်မှု နည်းတာကြောင့် ဗေဒင်ယတြာများနဲ့ ပါတ်သက်လျှင်
တော့ ပိုမိုအဆင်ပြေ၊ကြွယ်ဝချမ်းသာကြတဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသက လူတွေက ပိုမိုအကုန်
အကျခံ သုံးစွဲကြပါတယ်...
အီတလီနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့ တော်ဖြစ်တဲ့ မီလန်မြို့ အပါအ၀င်ဖြစ်တဲ့  Lombardy  နယ်သားတွေက
တော့ တစ်နှစ်ကို ယူရိုဒေါ်လာ ၉၀ သန်း ( ဒေါ်လာ ၁၂ သန်း ) အထိအကုန်အကျခံကာဗေဒင်မေးကြ
ပြီး၊ ဒုတိယအများဆုံးဗေဒင်မေးတတ်သူများကတော့  ရောမ မြို့ အပါအ၀င် လာဇီယို သားများဖြစ်ကြ
ပါတယ်တဲ့ ဗျာ...


မဏောမရ ကိုပီတာရဲ့ ဗေဒင်....

ငွေရေးကြေးရေး၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်များမချခင် ကြွေဗေဒင်၊ တားရော့ ဗေဒင်မေး
ကြသူတွေထဲမှာ အမျီူးသမီးထုကြီးက ၅၃ ရာခိုင်နှုံး ပါဝင်ပြီး ဗေဒင်မေးသူတွေဟာပျမ်းမျှအသက် ၄၂
နှစ် ၀န်းကျင် ရှိကြပြီး ခေတ်ပညာတတ် ( တက္ကသိုလ်ဘွဲ့ ရ၊ ပညာတတ် ) များက ၂၀ ရာခိုင်နှုံးထက်
မပိုကြပါဘူးလို့ ဆိုပါတယ်....

အင်း...
သွားလေသူ ” အဘ ”   ဆရာခ ( မင်းသိင်္ခ ) ရဲ့ အယူတော်မင်္ဂလာခြံကို မရောက်ခဲ့ တာ နာတာပဲဗျာ...
နို့ မို့ ဆို အီတလီမှာ လုပ်စားဖို့  ဂွင် ကောင်းပဲ....
ဒါပေမယ့်  ဧကံသ ဆရာ၊ဆရာမများအတွက်တော့ ကွန်ချက်ပေးလိုက်ပါတယ်ဗျာ...
ကြီးပွားတိုးတက်ချင်လျှင်...မီလန် နဲ့ လာဇီယို သာသွားပါလေ... ( ဗေဒင်ဆရာများအတွက်ပါ ) ...

မဏောမရ 
ကိုပီတာ...

မူရင်းအင်္ဂလိပ်လိုပါ....
Italy's worst recession since the Second World War has prompted Italians to spend a staggering £5 billion a year seeking financial advice not from banks and brokers but fortune tellers and astrologers.

Superstition is widespread in Italy. Many people use centuries-old hand gestures to ward off evil and believe that plaster statues of Jesus and Mary can weep blood. Amid rising unemployment and general gloom over the state of the economy, Italians are spending billions of euros a year on astrology and fortune telling, according to a report by the European Consumers Association.
Tarot card readers and pavement fortune tellers are doing a roaring trade, with about 30,000 Italians paying between 20 and 600 euros a day looking for advice to help them out of their financial woes. "Italians are very susceptible to trying their luck on anything esoteric and they're extremely superstitious," said Carlo Climati, who wrote a book on superstitious beliefs.

Southern Italy has a reputation as the most superstitious part of the country but it is the north and centre where most money is spent – a reflection of those regions' wealth compared with the underdeveloped south. The inhabitants of Lombardy, the region which includes Italy's financial capital Milan, spend the most on fortune tellers and card readers, splashing out 90 million euros a year. Next comes Lazio, the region which encompasses Rome.

Women account for about 53 per cent of those weighing financial decisions on a roll of the dice or the turn of a tarot card, with an average age of 42. Less than 20 per cent have a university education.

0 comments: