Rare illness turns girl, 15, into ‘sleeping beauty’
Tuesday, February 9, 2010
အိပ်ပျော်နေသော မင်းသမီးလေး...
အကြာကြီး...အိပ်ပျော်နေတတ်တဲ့ မင်းသမီးလေး...
မင်းသားလေးကိုစောင့် နေတယ်တဲ့ဗျာ...
အသက် ၁၅ နှစ် အရွယ်ရှိ  Louisa Ball  အမည်ရှိ ကလေးမလေးတစ်ယောက် အိပ်ပျော်နေပြီဆို
ယင်ဖြင့် ပကတိ ငြိမ်သက်တိတ်ဆိတ်လို့ နေပါသည်....
သူမတစ်ကြိမ် အိပ်မောကျလျှင်ဖြင့်ရက်နှင့် ချီပြီးကြာသည့် တိုင်အောင် မည်သို့ ပင် ကိုင်လှုပ်ပြီးတော့
နှိုးနှိုး၊ တွန်းထိုးပြီးတော့ ပဲနှိုးနှိုး သူမနိုးလာအောင် မစွမ်းဆောင်နိုင်ပေ...
West Sussex  နယ်  Worthing  အရပ်ဒေသမှ ဗြတိသျှမလေး ဟာ အိပ်ပျော်နေတဲ့ အလှသခင်မလေး
လို့ ခေါ်တဲ့ ထူးဆန်းလှတဲ့ ရောဂါတစ်မျိုးဖြစ်နေရတာပါ....
အဲဒီရောဂါပျောက်အောင်တော့ ဒီနေ့ ထက်တိုင် ဘယ်ဆရာဝန် မင်းသားချော ကမှ မကယ်တင်၊ မစွမ်း
ဆောင်နိုင်သေးပါဘူး...
ဆရာဝန်တွေအနေနဲ့  ဒီရောဂါ ဘာကြောင့် ဖြစ်တယ်၊ ဘယ်လိုပျောက်ကင်းအောင်ကုသရမလဲ ဆိုတာ
လည်း မသိနိုင်ကြသေးပါဘူး...
ဆယ်ကျော်သက်လူငယ်အရွယ်မှာသာဖြစ်တတ်ပြီး ရောဂါဖြစ်ပြီးလို့ ၈ နှစ် ကနေ ၁၂ နှစ် အတွင်းသူ့ အ
လိုလိုသာ ပျောက်ကင်းသွားတတ်တာပါပဲ....
မပျောက်မချင်းတော့ သူလေးရဲ့ ဘ၀ဟာ အိပ်တစ်ဝက်၊ နိုးတစ်ဝက်နဲ့  ဒယီးဒယိုင် ဖြစ်နေရတော့ တာ
ပါပဲ...
တစ်ခါအိပ်ပျော်ယင် နှစ်ပါတ်လောက်ကြာတတ်ပါတယ်တဲ့ ....
ကျောင်းကပွဲတစ်ခုမှာစောင့် နေယင်းအိပ်ပျော်သွားတာဖြစ်မှာပါ....
 Louisa လေး ရဲ့ မိခင်  Lottie ကတော့  သမီးဖြစ်သူဟာ လွန်ခဲ့ တဲ့ နှစ်တုံးက တုတ်ကွေးကဲ့ သို့ 
လက္ခဏာများနဲ့ နေမကောင်းတစ်ခါဖြစ်ခဲ့ ပါတယ်... အဲဒီလိုဖြစ်ပြီးသိပ်မကြာပါဘူး ရက်တွေရှည်
ကြာအောင်အိပ်ပျော်၊ အိပ်မောကျ တာ စပြီးဖြစ်တော့ တာပါပဲလို့ ပြောပြပါတယ်...
သူမဟာ နောက်ဆုံးတော့  Kleine-Levin Syndrome  လို့ ခေါ်တဲ့ ရောဂါဆန်းတစ်မျိုးဖြစ်နေတယ်
လို့ သာသိခဲ့ ရပါတော့တယ်...ဒီရောဂါဖြစ်ပွားတာကလည်း တစ်ကမ္ဘာလုံးမှာ လူ ၁၀၀၀ ထက် မပိုပါ
ဘူး.... ရောဂါဝေဒနာရှင်ဟာ ပုံမှန်လူတစ်ယောက်လို ရက်သတ္တပါတ်ပေါင်းများစွာ၊ လပေါင်းများစွာ
ပုံမှန်အိပ်နိုင်စားနိုင်၊ ပုံမှန်ခွန်အားနဲ့ နေထိုင်ပြီး အဲဒီလိုအိပ်ပျော်မယ်လို့ အရိပ်လက္ခဏာအနည်းငယ်
သာဖြစ်ပြီး အိပ်ပျော်၊ အိပ်မောကျသွားတာ ရက်သီတင်းပါတ်နဲ့ ချီပြီးကြာတတ်ပါတယ်...
အခုအထိ Louisa လေး အိပ်မောကျခဲ့ တာ အကြာဆုံးကတော့  ၁၃ ရက် ဆက်တိုက်ပါပဲ....
အခုဆော့  Louisa လေးရဲ့ သူငယ်ချင်းတွေဟာ သူမ အိပ်ပျော်တော့ မယ်ဆိုတာကို ကြိုတင်သတိ
ထားမိ နိုင်ကြပြီဖြစ်ပါတယ်...
အဲဒီလိုဖြစ်တော့ မယ် ဆိုယင် သူမဟာ စကားမပြောတော့ ဘူး...စိတ်တွေတိုလာတတ်ပါတယ်...
အဲဒါဆိုယင် သူမအိမ်ပြန်ပြီး အိပ်ရတော့ မယ်ဆိုတာ သိရပါပြီ... သူမဟာ သူမရဲ့ မိသားစုတွေ အား
လပ်ရက်အပန်းဖြေထွက်နေချိန်တွေ၊ သူမနှစ်ချိုက်ဝါသနာပါတဲ့ အကသင်တန်းပွဲတွေ၊ ကျောင်းစာ
မေးပွဲတွေနဲ့ သူမရဲ့ ကိုယ်ပိုင်လွတ်လပ်စွာပျော်ပါး လည်ပတ်ရမယ့် အချိန်တွေမှာ အိပ်မောကျနေခဲ့ 
ရပါတယ်...
သူမ ရဲ့ အခန်းဆက်အိပ်မောကျခြင်းပြီးဆုံးလို့ နိုးလာချိန်မှာတော့ သူမရဲ့ သူငယ်ချင်းများက သူမလွတ်
ခဲ့ တဲ့ ကျောင်းသင်ခန်းစာတွေကို ကူညီဖြေရှင်းပေးကြပါတယ်...ဒါပေမယ့် သူမအတွက်တော့ လွတ်
သွားတဲ့ ကျောင်းစာတွေကိုပြန်လိုက်ဖို့ ဆိုတာကတော့  ပိုလို့ သာခက်ခဲ လာခဲ့ ရပါတော့ တယ်...
သူမနိုးလာယင်ဖြင့် ဘာကိုမှမမှတ်မိတတ်တော့ပါဘူးလို့ သူမကဆိုပါတယ်...
သွားခင် အစားအသောက်ကျွေးရမယ်၊ အိမ်သာသွားအောင်လုပ်ပေးရမှာမို့ ဖြစ်ပါတယ်...” လို့ အသက်
၄၀ အရွယ်ရှိ သူမရဲ့ ဖခင်ဖြစ်သူ Richard  ကပြောပါတယ်...
အခုတော့ သူမအနေနဲ့ ထိုရောဂါဆန်း အလိုလိုပျောက်ကွယ်သွားအောင် စောင့် နေရုံမှတစ်ပါး...
” တစ်နေ့ တော့ ကျွန်မ ဒီရောဂါကနေပျောက်သွားနိုင်လိမ့် မယ်လို့ မျှော်လင့် ပါတယ်...” လို့ သူမ
ကပြောပြခဲ့ ပါတယ်...
ထူးပါပေ့ ဆန်းပါပေ့  ရောဂါများရယ်...
ဒါကတော့ သူလေးရဲ့ အကြောင်း ဗီဒီယိုကလစ်လေးပါ....
အင်္ဂလိပ်လိုပါ...
When 15-year-old Louisa Ball takes a nap, she doesn’t mess around. She sleeps for days on end, and no amount of shaking or prodding can fully wake her up.
The British girl from Worthing, West Sussex, has a rare condition called Sleeping Beauty Sickness, but there’s no Prince Charming on the way to rescue her. Doctors don’t know what causes it or how to cure it — only that it strikes teenagers and goes away by itself after eight to 12 years.
Until it goes away, life is groggy ever after.
Louisa’s mum, Lottie, said that the girl had flulike symptoms just over a year ago. Shortly afterward, she had her first bout of extended sleeping.
She was eventually diagnosed with Kleine-Levin Syndrome, whose victims worldwide may number no more than 1,000. The victims live normally for weeks or months at a time, with normal sleep patterns and normal energy levels. Then, with little warning, they’ll go to sleep for days or weeks at a time. So far, Louisa’s longest bout in bed has been 13 days.
Now, Louisa’s friends can tell when a bout is coming on. She stops talking and she may be irritable. That’s when she knows she has to get home to her bed. Louisa has slept through family vacations, the dance recitals she loves to perform in, school tests and big chunks of her social life. When she finally snaps out of an episode, her friends fill her in on what she missed, but it becomes increasingly difficult to catch up on missed schoolwork.
"I can never remember anything when I wake up. I think, 'Why has this happened to me'."
Surveyor Richard, 44, says: "It was very hard to wake her but we knew we had to give her food and water and get her to the toilet before she fell asleep again."
All Louisa can do is wait. "I just hope one day I'll grow out of it," she says.
3 comments:
သမီးပျို said...
ဒူဘိုင်းလူလည်ရေ....... တစ်ချက်လောက်သွားနမ်းကြည့်လိုက်ပါလား ပျောက်လိုပျောက်ငြားပေါ့နော် ဟိ ဒူဘိုင်းလူလည် မင်းသားလေး နမ်းလိုက်လို့ပျောက်သွားရင် မြနန်းစံလိုက် လေဟုတ်ဘူးလားနော့
အားပေးလျှက်
သမီးပျို
သွယ်လင်းဆက် said...
ဝဋ်ကြွေးတစ်ခုပါပဲ။
Unknown said...
ကိုင်း..ကူညီလိုက်ကြပါစို့ 