Jail for town mayor found guilty of breaking into homes to steal women's underwear

Saturday, February 6, 2010

အမျိုးသမီးအောက်ခံဘောင်းဘီများခိုးသည့် မြို့ တော်ဝန်



IAN STAFFORD
အမျိုးသမီးအောက်ခံဘောင်းဘီခိုးသည့် မဟာသရေစည်သူ မြို့ တော်ဝန်...
Jailed: Ian Stafford today

အင်္ဂလန်နိုင်ငံမှဆိပ်ကမ်းမြို့ လေးဖြစ်သော Knott End မြို့ မှ မြို့ သူမြို့ သားများဟာ သူတို့ မြို့ လေး
ရဲ့ မြို့ တော်ဝန်အဖြစ် Ian Stafford ကိုရွေးချယ်ခဲ့ လိုက်တဲ့ အခါမှာတော့ ထိုသူဟာ ဂုဏ်သရေရှိ၊
အများလေးစားထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေး တွေနဲ့ ပြည့် စုံနေပြီးသူတို့ ကို ဂုဏ်တက်စေလိမ့် မယ်
လို့ မျှော်လင့် ခဲ့ ကြပါတယ်...
ဒါပေမယ့် အဲဒီမျှော်လင့် ချက်အစား သူတို့ ရရှိမြင်တွေ့ လိုက်ရတာကတော့ အသက် ၅၉ နှစ်ရှိ ထို
ဂုဏ်သရေရှိမြို့ တော်ဝန်ကြီးဟာ မြို့ နယ်အတွင်းက အမျိုးသမီးတွေရဲ့ အိမ်တွေကိုဖောက်ထွင်း ၀င်
ရောက်ပြီး သူမတို့ ရဲ့ အောက်ခံဘောင်းဘီများကိုခိုးယူခဲ့ မိပါတယ်လို့ ဝန်ခံခဲ့ လို့ ထောင်ဒါဏ် ၂ နှစ်
အပြစ်ပေးလိုက်တာကိုပါပဲ...

မြို့ နယ်အတွင်းနေထိုင်သူတော်တော်များများဟာ သူတို့ ရဲ့ အောက်ခံဘောင်းဘီတွေထည့် သိမ်း
ထားတတ်တဲ့ အံဆွဲတွေထဲက အတွင်းပစ္စည်းတွေပျောက်ဆုံးဖန်များလာတဲ့ အခါမှာတော့ စိုးရိမ်
ပူပန်လာခဲ့ ရပါတော့ တယ်...အဲဒီအထဲမှ တစ်စုံတစ်ဦးကတော့ ခိုးသူတရားခံကိုသိရှိဖမ်းဆီးနိုင်
ဖို့ သူမရဲ့ အိပ်ခန်းအတွင်းမှာ လျှို့ ဝှက်ကင်မရာတစ်ခုတပ်ဆင်ထားခဲ့ လိုက်ပါတယ်...

ဒါပေမယ့် အောက်ခံဘောင်းဘီတွေကို ခိုးယူနေလေ့ ရှိတဲ့ သူခိုးဟာ တစ်ခြားသူမဟုတ်ပဲ Lancashire
နယ်က Preesall နဲ့ Knott End မြို့ တွေရဲ့ ရွေးချယ်တင်မြောက်ခံရတဲ့ မြို့ တော်ဝန်ကြီး ဖြစ်နေတယ်
ဆိုတာသိလိုက်ရလို့ မြီု့ သူမြို့ သားတွေအဖို့ အလွန်ကိုအံ့ သြထိတ်လန့် တုန်လှုပ်သွားခဲ့ ကြပါတယ်...
ရဲတပ်ဖွဲ့ ဝင်တွေဟာ ဂုဏ်သရေရှိမြို့ တော်ဝန်လူပျိုကြီးကို သူကိုယ်တိုင်အိမ်တွေထဲကိုခိုးဝင်ခဲ့ ပြီး
အမျိုးသမီးတွေရဲ့ အောက်ခံဘောင်းဘီတွေ ခိုးယူပြီး မဖွယ်မရာတွေပြုလုပ်ကာ ထားပစ်ခဲ့ တာကိုဖမ်း
ယူရိုက်ကူးထားတဲ့ ဗီဒီယိုအခွေကိုပေးအပ်ပြသလိုက်ပါတယ်...

မနေ့ ကတော့  ရဲတပ်ဖွဲ့ ရဲ့ ဖမ်းဆီးခံရအပြီးမှာမြို့ တော်ဝန်အဖြစ်ကရောတစ်သီးပုဂ္ဂလကောင်စီဝင်အ
ဖြစ်ကပါနှုတ်ထွက်ခဲ့ တဲ့ Stafford  ကို တရားသူကြီးက အများပြည်သူရဲ့ ယုံကြည်ကိုးစားမှုကိုအလွဲ
သုံးစားပြုကာချိုးဖောက်ခဲ့ အတွက်အပြစ်ထင်ရှားကြောင်းနဲ့ ထောင်ဒါဏ်ချမှတ်လိုက်ကြောင်းပြော
ကြားခဲ့ ပါတယ်...
ယခင်က တောက်တိုမယ်ရအလုပ်လေးတွေလုပ်ခဲ့ပြီး၊ ဥယာဉ်မှူးမာလီအဖြစ်ပါ လုပ်ခဲ့ သေးဖူးတဲ့ 
အိမ်ထောင်မရှိသူ လူပျို မြို့ တော်ဝန်ဟာ သူ့ ရဲ့ ရာထူးအရ မြို့ နယ်ထဲက အိမ်တွေကို တံခါးမရှိ၊
ဓါးမရှိ ၀င်ထွက်ခွင့် အာဏာအပ်နှင်းထားခြင်းခံခဲ့ ရပါတယ်...
ဒါပေမယ့် သူ့ ရဲ့ ခါးအောက်ပိုင်းဗလာကျင်းထားပြီးလျှောက်သွားနေတဲ့ ပုံကို လျှို့ ဝှက်ကင်မရာက
ရိုက်ကူးထားတာကိုတွေ့ ပြီးတဲ့ နောက်တော့ ရဲတပ်ဖွဲ့ ဟာ သူ့ ရဲ့ နေအိမ်ကို ၀င်ရောက်စီးနင်းရှာ
ဖွေခဲ့ ပါတယ်...

အဲဒီင်္မှာပဲ ရဲတွေဟာ ပေါင်စတာလင် ၉၀၀ ( ဒေါ်လာ ၁၃၄၀ ) ကျော်တန်ဖိုးရှိတဲ့ အမျိုးသမီးအတွင်း
ခံဘောင်းဘီတွေကိုတွေ့ ရှိခဲ့ ရပါတော့ တယ်...
တစ်ချို့ သောအောက်ခံဘောင်းဘီများဆိုယင် ပိုင်ရှင်များရဲ့ အမည်ရေးထားတဲ့ အိပ်များအတွင်းမှာ
ထည့် ထားတာဖြစ်ပါတယ်....
” ဒီအဖြစ်အပျက်ကြီးတစ်ခုလုံးကြောင့် ကျွန်တော့် အနေနဲ့ အလွန်အမင်းပဲ အရှက်ရခဲ့ ပါတယ်...
ဒီအပြုအမူကြောင့် ကျွန်တော်ဟာ အင်မတန်ရိုးဖြောင့် ကောင်းမွန်တဲ့ မိတ်ဆွေများ ကိုထိခိုက်
နာကျင်စေခဲ့ ပါတယ်...
ကျွန်တော့် အနေနဲ့ ဘာမှပိုပြီးတောင်းဆိုနိုင်ခွင့် မရှိတော့ပါဘူး...ကျွန်တော့် အနေနဲ့ တစ်ယောက်
ယောက်ကိုဖွင့် ဟတိုင်ပင် အကူအညီတောင်းခဲ့ သင့် ပါတယ်...အခုကိစ္စအတွက်နဲ့ တော့ ကျွန်
တော့် အနေနဲ့ ဂုဏ်သိက္ခာတစ်ခုမှမရှိတော့ ပါဘူ.... ကျွန်တော်ဟာတစ်ကယ့် ကိုအော့ နှလုံးနာ
စရာလူတစ်ယောက်ဖြစ်ခဲ့ ပါပြီ...တတ်နိုင်ယင် အချိန်တွေကိုသာ နောက်ပြန်လှည့် လိုက်ချင်ပါ
တော့ တယ်....” အဆိုပါ ဂုဏ်သရေရှိမြို့ တော်ဝန်အောက်ခံဘောင်းဘီသူခိုးကြီးကပြောခဲ့ ပါ
တယ်...

မနေ့ ကတော့ Preston Crown တရားရုံးမှာ လူလေးစားခံရလောက်တဲ့ ၊ ဘုရားကျောင်းလဲမှန်
မှန်တက်လေ့ ရှိတဲ့ သူကြီးက အိမ်တွေကိုဖောက်ထွင်းခိုးယူမှု လေးခုကို ၀န်ခံထွက်ဆိုခဲ့ ပါတယ်...
တရားခံရှေ့ နေကြီး Richard Howarth က သူ့ ရဲ့ အမှုသည် မြို့ တော်ဝန်ဟောင်းကြီးဟာ ခိုးယူ
ဖောက်ထွင်းခံခဲ့ ရသူတွေကို သူ့ ရဲ့ ကြေကွဲဝမ်းနည်းစွာနဲ့ အကြိမ်ကြိမ်တောင်းပန်မှုတွေပြော
ကြားပေးပို့ ပါကြောင်း၊ သူ့ အနေနဲ့ သူလုပ်ခဲ့ တဲ့ လုပ်ရပ်အတွက်ဒီအရှက်ရမှုနဲ့ အရိပ်မည်းကြီး
ကို တစ်သက်လုံးခံစားသွားရတော့မှာ ဖြစ်ပါတယ် လို့ ပြောဆိုလျှောက်ထားခဲ့ ပါတယ်...

တရားသူကြီးမ Heather Lloyd ကတော့  တရားခံဟာ ပြည့် သူ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ 
ရော မိတ်ဆွေတစ်ဦးအဖြစ်နဲ့ ပါ သူ့ ကိုယုံကြည်အပ်နှင်းထားမှုကို အလုံးစုံချိုးဖောက်ခဲ့ တာမို့ 
ထောင်ဒါဏ် နှစ်နှစ်ပေးခဲ့ ကြောင်းပြောကြားခဲ့ ပါတယ်...

မြို့ နယ်သူ၊မြို့ နယ်သားတွေအနေနဲ့ အခုလို ယုံကြည်အားထားမှုကို ဒီလိုအော့ နှလုံးနာစရာ အနေ
အထားမျိုးနဲ့ အလွဲသုံးစားပြုမူခံကြရလိမ့် မယ်လို့ စိတ်တောင်ကူးခဲ့ မိမှာ၊ အိမ်မက်တောင်မက်ခဲ့ ကြ
မိမှာမဟုတ်ပါဘူးလို့  တရားသူကြီးမ ကဆိုခဲ့ ပါတယ်...
” သင်ကို လူတွေက Preesall မြို့ တော်ဝန်အဖြစ်နဲ့ လေးစားခဲ့ ကြပြီး သင်ကတော့ အခုလိုကြီးကျယ်
ထင်ရှားတဲ့ ရာထူးနဲ့ တောင်မှ ဒီလိုပြစ်မှုမျိုးကို ကျူးလွန်နိုင်ခဲ့ ပါတယ်...” လို့ သူမက ဆိုခဲ့ ပါတယ်...
သူမက အမိန့် ချမှတ်နေစဉ်မှာ ခံစားမှုလုံးဝမရှိတဲ့ ပုံစံနဲ့ နေတဲ့  Stafford ကို( စိတ် ) ရောဂါကုသ
မှု ခံယူဖို့ အကြံပေးခဲ့ ပါတယ်...ထိုအချက်ကို အောက်ခံဘောင်းဘီအခိုးခံရတဲ့ စတုတ္တမြောက်အမျိုး
သမီးကလည်းထောက်ခံခဲ့ ပါတယ်...

တရားရုံးတော်ကိုစာရေးပေးပို့ ခဲ့ ရာမှာ တရားသူကြီးမ က ” သူ့ ကိုပြင်းထန်စွာအပြစ်ပေးခဲ့ လိုက်ပါ
ပြီ...သူ့ အနေနဲ့ အခုလိုအဖြစ်ဆိုးကိုအတိတ်မှာထားခဲ့ နိုင်ပြီး လူအများသူ့ ကိုသိထားခဲ့ တဲ့ ခင်မင်ဖော်
ရွေကာ၊ကြင်နာဂရုစိုက်သူအဖြစ် တစ်ဖန်ပြန်လည်ဖြစ်လာနိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းပါတယ်...” လို့ 

1 comments:

ရွှေရတုမှတ်တမ်း said...

မြို့တော်ဝန် တော့ အရွေးမခံရဲပေါင်ဗျာ..
တော်ကြာ..အတွင်းခံအလစ်သုတ်သမားအထင်ခံရမှ..
မလွယ်ဘူး..ပြေးမှ