Bill Gates makes world's biggest ever single charitable donation with £6.2bn for vaccines for children
Sunday, February 7, 2010
ကမ္ဘာ့ သူတော်ကောင်း ဇောတိကသူဌေးဘီလ်ဂိတ် တစ်ကြိမ်းတည်းအများဆုံးစံချိန်တင်
အဖြစ် ဒေါ်လာ ၁၀ ဘီလီယံ လှူဒါန်း
davos
ဆွစ်ဇာလန် နိုင်ငံတွင်ကျင်းပသော ကမ္ဘာ့ စီးပွားရေးဖိုရမ် တွင်တွေ့ ရသောမစ္စတာဘီလ်ဂိတ်...
Donation: Microsoft founder Bill Gates at the World Economic Forum in Davos, Switzerland
ကမ္ဘာ့ အချမ်းသာဆုံးသူဌေးတစ်ဦးဖြစ်တဲ့ မိုက်ကရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ် ဟာဆင်းရဲ
မွဲတေသောနိုင်ငံများက ကလေးငယ်များမှာဖြစ်ပွားနေတဲ့ ရောဂါများအတွက်ကာကွယ်ဆေးများ
ထုတ်လုပ်လှူဒါန်းဖြန့် ချီရာမှာသုံးစွဲနိုင်ဖို့ အတွက် ဒေါ်လာ ၁၀ ဘီလီယံ ( ပေါင်စတာလင် ၆ ဘီ
လီယံ ) လှူဒါန်းလိုက်ခဲ့လို့ ကမ္ဘာမှာ တစ်ကြိမ်တည်းနဲ့ ငွေကြေးအများဆုံးလှူဒါန်းသူအဖြစ် မှတ်
တမ်းဝင်သွားခဲ့ ရပြီဖြစ်ပါတယ်...
မိုက်ကရိုဆော့ဖ်ကုမ္ပဏီကို တည်ထောင်ခဲ့ သူက ထိုလှူဒါန်းငွေကိုသူ့ ရဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ က
နေ လာမယ့် ဆယ်နှစ်အတွင်းအသုံးပြုမယ့် စီမံချက်ကြောင့် ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံများက ကလေး
ငယ်ပေါင်းရှစ်သန်းကျော်ရဲ့ အသက်ကို ကယ်တင်နိုင်လိမ့် မယ်လို့ မျှော်လင့် နေပါတယ်...
”လာမယ့် ဆယ်စုနှစ်ကို ကာကွယ်ဆေး ဆယ်စုနှစ်အဖြစ် ကျွန်တော်တို့ ဖန်တီးကြရမှာပါ...ကာကွယ်
ဆေးကြောင့် အသက်ပေါင်းသန်းပေါင်းများစွာ ကိုကယ်တင်နိုင်ခဲ့ ပြီးပါပြီ ....”
” အခုလိုပြောင်းလဲပြုပြင်ဖန်တီးထုတ်လုပ်မှုကြောင့် ကလေးတွေကိုယခင်ကထက်ပိုပြီး ကယ်ဆယ်
လာနိုင်မှာဖြစ်ပါတယ်..”  လို့ ဘီလ်ဂိတ်ကပြောကြားခဲ့ ပါတယ်...
အခုလှူလိုက်တဲ့ ငွေကြေးဟာ တစ်နှစ်ကို ဒေါ်လာ ၄.၃ ဘီလီယံ ( ၂.၈ ဘီလီယံ စတာလင်ပေါင် ) 
နှစ်စဉ်ထောက်ပံ့ နေခဲ့ တဲ့ သူ့ ရဲ့ ကယ်ဆယ်ရေးအဖွဲ့ ရဲ့ ငွေပမာဏထက် ၂ ဆမကများပြားပါတယ်
လို့ မစ္စတာဘီလ်ဂိတ် ကဆိုခဲ့ ပါတယ်...
ယခုလို လှူဒါန်းမှုကြောင့် လာမယ့် ၂၀၁၉ နှစ်အထိ အသက် ငါးနှစ်အောက် ကလေးငယ်ပေါင်း ၇.၆
သန်းအထိ ကယ်ဆယ်နိုင်လိမ့် မယ်လို့ မျှော်လင့် ကြောင်း အဆိုပါ ကယ်ဆယ်ရေးအဖွဲ့ ကြီးကပြော
ကြားခဲ့ ပါတယ်..
နောက်ထပ်ပြီး ၁.၁ သန်း မျှသော ကလေးငယ်များဟာလည်း ၂၀၁၄ ခုနှစ်မှာစတင်လုပ်ဆောင်မယ့် 
ငှက်ဖျားရောဂါ ကာကွယ်ရေးအစီအစဉ်ကြောင့် အသက်ရှင်ခွင့် ရကြဦးမှာဖြစ်ပါတယ်....
တီဘီရောဂါကာကွယ်ဆေး ကလည်းနောက်ထပ်သေဆုံးမှုပေါင်းများစွာကနေ ကာကွယ်ပေးဦးမှာ
ဖြစ်ပါတယ်...
” ကာကွယ်ဆေးတွေဟာ အံ့ သြစရာပါပဲ...ဆေးကလေးအနည်းငယ်မျှနဲ့ အသက်သေဆုံးမဲ့ အဖြစ်
ကနေ ဘ၀တစ်သက်တာလုံးလွတ်ကင်းကြရတာပါ...” လို့ ဘီလ်ဂိတ်ရဲ့ ဇနီး မီလင်ဒါဂိတ် ကပြော
ကြားခဲ့ ပါတယ်...
ယခုလိုလှူဒါန်းမှုဟာ တစ်ကြိမ်တည်းနဲ့ အများဆုံးလှူဒါန်းမှုဖြစ်ပါတယ်...
လွန်ခဲ့ တဲ့ ဆယ်နှစ်တုံးကလည်း ဘီလ်ဂိတ် တို့ ဇနီးမောင်နှံဟာ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ
တွေမှာ သုံးစွဲနိုင်ဖို့ ဒေါ်လာ ၉ ဘီလီယံ ( စတာလင်ပေါင် ၆ ဘီလီယံ ) လှူဒါန်းခဲ့ ပါသေးတယ်...
အဲဒီငွေထဲက ဒေါ်လာ ၄.၅ ဘီလီယံကတော့ ကာကွယ်ဆေးများအတွက် လှူဒါန်းသုံးစွဲခဲ့တာ
ဖြစ်ပါတယ်....
ဒါပေမယ့် ကမ္ဘာ့ အရက်ရောဆုံးလူမှုအကျိုးပြုလှူဒါန်းသူကတော့ ကမ္ဘာ့ အချမ်းသာဆုံးသူနောက်
တစ်ဦးဖြစ်တဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီး ၀ါရင်ဘူဖေးပဲဖြစ်ပါတယ်...
သူဟာချမ်းသာကြွယ်ဝမှု ဒေါ်လာ ၄၅ ဘီလီယံ( ပေါင်စတာလင် ၃၀ ဘီလီယံ ) ထဲက ဒေါ်လာ
 ၂၇ ဘီလီယံ (ပေါင်စတာလင် ၁၈ ဘီလီယံ ) ကို ဘီလ်ဂိတ်တို့ ဇနီးမောင်နှံရဲ့ ကူညီရေးအဖွဲ့ 
အစည်း ( Bill and Melinda Gates Foundation ) ကိုလှူဒါန်းခဲ့ ပါတယ်...
အဲဒီငွေကြေးပမာဏကိုတော့ အရစ်ကျထည့် ဝင်ခဲ့ ပြီး အမျိုးမျိုးသော ကူညီရေးကိစ္စများမှာ အ
သုံးပြုဖို့ လှူဒါန်းခဲ့ တာဖြစ်ပါတယ်...
( သူ့ ရဲ့ လှူဒါန်းမှုကမှ ပိုပြီးချီးကျူးဂုဏ်ယူစရာကောင်းလှပါသေးတယ်...ဒီလောက်ငွေကြေးပမာ
ဏနဲ့ ဆို သူ့ နာမည်နဲ့ ကိုယ်ပိုင် အဖွဲ့ အစည်းထောင်ပြီးလှူလို့ ၇တာတောင်မလုပ်ပဲ ရက်ရက်ရော
ရောပဲ ရည်ရွယ်ချက်တူတဲ့ ဘီလ်ဂိတ်တို့ ဇနီးမောင်နှံရဲ့  အဖွဲ့ ထဲကိုလှူ ခဲ့ တဲ့ သူ့ ရဲ့ အတ္တစွဲ ကင်း
တဲ့ စိတ်ဓါတ်ကိုက လေးစားစရာပါပဲ...)
( ဒီလိုပုဂ္ဂိုလ်မျိုးတွေမှ သေယင်နတ်ပြည်မရောက်ယင် ဘယ်လိုလူတွေများရောက်နိုင်ဦးမှာပါလိမ့် ...)
ဘီလ်ဂိတ်ရဲ့ လှူဒါန်းမှုစုစုပေါင်းဟာ ယခုဆိုလျှင် ဒေါ်လာ ၃၆ ဘီလီယံကျော်သွားခဲ့ ပြီဖြစ်ပါတယ်...
ဒါဟာ သူတို့ ပိုင်ဆိုင်ကြွယ်ဝချမ်းသာတဲ့  ဒေါ်လာ ၅၄ ဘီလီယံ ရဲ့ တစ်ဝက်ကျော် ၆၆ ရာခိုင်နှုံးပဲ
ဖြစ်ပါတယ်...
လူသူတော်ကြီးwarren buffet
သူလိုလူ ဇဗ္ဗူမှာရှိသေးလား....
အခုလိုလှူဒါန်းမှုဟာ ဘီလ်ဂိတ်အနေနဲ့ အီတလီ ၀န်ကြီးချူပ် ဆီင်္လ်ဗီယိုဘာလုစကိုနီ တစ်ယောက်
နိုင်ငံတစ်ကာအကူအညီနဲ့ ပါတ်သက်လာလျှင်လုပ်ဆောင်ပံ့ ပိုးတာထက် သူ့ ခေါင်းက ဆံပင်တွေ
ပြန်ပေါက်ဖို့ အတွက်သာပိုမိုဂရုစိုက်သုံးစွဲနေတာနဲ့ ပါတ်သက်ပြီး အပြင်းအထန်ဝေဖန်ပြောကြားနေ
ခဲ့ ပြီးနောက် ဖြစ်ပေါ်ခဲ့ တာဖြစ်ပါတယ်...
ဘီလ်ဂိတ်က ၀န်ကြီးချူပ်ဘာလုစကိုနီရဲ့ စေးနဲဝန်တိုမှုကိုပြစ်တင်လိုက်ပြီး အမျိုးသမီးငယ်လေး
များနှင့် မိန်းမကိစ္စမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူ အဆိုပါဝန်ကြီးချူပ်ဟာ သူ့ အနေနဲ့ရှက်စရာ
ကောင်းတယ်လို့ သတ်မှတ်ထားသူသူ ပုဂ္ဂိုလ်များ စာရင်းမှာထိပ်ဆုံးက ပါဝင်ပါတယ်လို့ ဆိုလိုက်
ပါတယ်...
သူက မစ္စတာဘာလုစကိုနီရဲ့ ဆံပင်ပေါက်ဖို့ အတွက်ခွဲစိတ်ပြုပြင်ခဲ့ မှု နဲ့ ပါတ်သက်ပြီးဂျာမန်နေ့ 
စဉ်သတင်းတစ်စောင်ကိုပြောကြားခဲ့ ရာမှာ ပိုက်ဆံချမ်းသာသူတစ်ချို့ ဟာငှက်ဖျားရောဂါ ပပျောက်
ရေးထက်သူတို့ ခေါင်းကဆံပင်တွေပြန်ပေါက်ဖို့ အတွက်ကို ငွေတွေအမြောက်အများ အကုန်အကျ
ခံနေကြတယ်လို့  ဆိုခဲ့ ပါတယ်...
Silvio BerlusconiSilvio Berlusconi Silvio Berlusconi
ဆံပင်တွေကျဲလိုက်....ပေါက်လိုက်နဲ့  နာမည်ဆိုးနဲ့ ကျော်ကြားသူ        အီတလီဝန်ကြီးချူပ်...
Changing crown: Italian PM Silvio Berlusconi sported a full head of hair (left) on January 23. Two days later (centre) his hairline appeared to have receeded, while on January 27 his follicles had grown back again
မစ္စတာဘီလ်ဂိတ်ရဲ့ ပြောဆိုမှုဟာ အီတလီဝန်ကြီးချူပ်ရဲ့ ဆံပင်များထူးဆန်းစွာပျောက်သွားလိုက်
ထပ်ပေါက်လာလိုက်ဖြစ်နေရခြင်းအပေါ် အီတလီနိုင်ငံသားများဝေခွဲမရဖြစ်နေချိန်မှာ တိုက်ဆိုင်
စွာဖြစ်ပေါ်လာတာဖြစ်ပါတယ်...
မကြာခင်ကရိုက်ခဲ့ တဲ့ ဓါတ်ပုံများမှာ အသက် ၇၃ နှစ်ရှိတဲ့ ဝန်ကြီးချူပ်ဟာ တစ်ရက်မှာတော့ ခေါင်း
မှာ ဆံပင်တွေတော်တော်များများရှိနေပြီး နောက်သုံးလေးရက်အကြာမှာရိုက်တဲ့ ပုံမှာတော့ ဆံပင်
တွေ သိသိသာသာကို လျော့ နည်းသွားတာ တွေ့ ခဲ့ ရပါတယ်...
နောက်ထပ် နှစ်ရက်အကြာမှာတော့ သူ့ ခေါင်းပေါ်ကဆံပင်တွေ အံ့ သြထူးဆန်းစွာပြန်ပေါက်နေ
တာတွေ့ ခဲ့ ရပြန်ပါတယ်...
သတင်းမီဒီယာလုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝသူ ၀န်ကြီးချူပ်ဟာ ၂၀၀၄ ခုနှစ်တုံးက ထိုစဉ်ဗြိတိသျှ
ဝန်ကြီးချူပ်တိုနီဘလဲယားနဲ့ ဇနီး ချယ်ရီဘလဲယားတို့ နဲ့ အတူ သူ့ ရဲ့ ဆာဒီနီးယန်း အိမ်တော်မှာ
အားလပ်ရက်အဖြစ်အပန်းဖြေအနားယူကြပြီးဓါတ်ပုံရိုက်မခံခင်တစ်ရက်မှာပဲ ဆံပင်တွေ အသစ်
ပြန်ပေါက်စေတဲ့ ကုသမှုပြုလုပ်ခဲ့ ပါသေးတယ်....
ထိုစဉ်က ဗြိတိသျှဝန်ကြီးချူပ်တိုနီဘလဲယားအရှက်ရစေလောက်အောင်ကိုပဲ မစ္စတာဘာလုစကိုနီ
ဟာ သူ့ ရဲ့ ဆံပင်ပေါက်ကုသမှုခံယူထားတဲ့ ဦးခေါင်း နေထိမခံရအောင် အဖြူနဲ့ အနက်ရောင်ပါတဲ့ 
ခေါင်းစည်းပုဝါကို စည်းထားပြီးကြိုဆိုဧည့် ခံခဲ့ ပါတယ်...
Silvio Berlusconi meets the Blairs
ယောကျာင်္းကြီးတန်မဲ့ လှချင်ပချင်သူကြီး....
ဂျလေဘီလိုလို၊ ဂေါ်လီလိုလိုဒီဇိုင်းနဲ့ ...
Bandanna Berlusconi: The Italian PM meets Tony and Cherie Blair in 2004, just days after he famously had a hair transplant
ဒါ့ အပြင် နောက်နှစ်ရက်အကြာမှာတော့ မင်္ဂလာဧည့် ခံပွဲတစ်ခုကိုတက်ရောက်လာရာမှာတော့ 
သူ့ ရဲ့ နက်နဲထူထဲတဲ့ ဆံပင်ဟားကျိုးတိုးကျဲတဲဖြစ်လို့ နေပါတော့ တယ်...
နောက်ထပ် ဗုဒ္ဓဟူးနေ့ က အခန်းအနားတစ်ခုမှာတော့ နဂိုအတိုင်း ထူထူထဲထဲပြန်ဖြစ်နေပြန်
ပါတယ်တဲ့ ....
ဒါပေမယ့် မစ္စတာဘာလုစကိုနီကို ဆံပင်ပေါက်အောင်ပြုပြင်ကုသပေးတဲ့ ဒေါက်တာပီအေးယိုရို
စတီကတော့  စိတ်ဖိအားများနေခဲ့ ယင်လည်း ဆံပင်တွေကျွတ်သွားနိုင်တာပါပဲ...ဒါပေမယ့် ဆံ
ပင်နည်းနည်းများများ အဓိက ကတော့ နိုင်ငံရေးမှာသူစွမ်းဆောင်နေနိုင်တာပါပဲ လို့ ပြောကြား
သွားပါတယ်...
သို့ ပေမယ့် အလှပြုပြင်ခွဲစိတ်ကျွမ်းကျင်သူ ပါမောက္ခ ဖရန်ကိုဘူတဖာရိုကတော့ အခြေအနေ
တစ်ရပ်ပေါ်မူတည်ပြီးတော့လည်း ဆံပင် အနည်းအများဆိုတာဖြစ်နိုင်ပါသေးတယ်...မစ္စတာ
ဘာလုစကိုနီအနေနဲ့  ဆံပင်များများရှိနေတယ်လို့ ထင်စေနိုင်တဲ့ မိတ်ကပ်လူးဖို့ မေ့ လျော့ နေ
ခဲ့ လို့ လည်းဖြစ်နိုင်ပါတယ်လို့ လည်း ပြောကြားသွားပါတယ်...
ပါမောက္ခ ဘူတဖာရိုကပဲ အီတလီကနာမည်ကျော် မဂ္ဂဇင်း နိုဗယ်လာ ၂၀၀၀ ကိုပြောကြားခဲ့ ရာ
မှာ ” စိတ်ဖိစီးလို့  တော့ ဖြင့် နှစ်ရက်အတွင်းသူ့ ဆံပင်တွေကျွတ်ထွက်ကုန်တာမဟုတ်ပါဘူး....
ဓါတ်ပုံတွေကိုသေသေချာချာကြည့် လိုက်ယင် တစ်ရက်မှာတော့ သူဟာဆံပင်တွေရှိတယ်လို့ 
ထင်ရတဲ့ မိတ်ကပ်ကို အသေအချာ လိမ်းထားခဲ့ ပြီး နောက်တစ်ရက်မှာတော့ မလိမ်းထားခဲ့ တာ
ဝန်ကြီးချူပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ အထက်ပါဆံပင်များရဲ့ အကြောင်းနဲ့ ပါတ်သက်ပြီး
ဝေဖန်ပြောဆိုဖို့ ငြင်းဆိုခဲ့ ပါတယ်...
တစ်ချို့ သောသူတွေက ကိုယ်ကျိုးစွန့် ပြီး ဒုက္ခရောက်နေသူများအတွက် လှူဒါန်းထောက်ပံ့ နေ
ချိန်မှာ တစ်ချို့ အတ္တကြီးတဲ့ သူတစ်ချို့ ကတော့ ထင်ရာစိုင်းနေကြဆဲ....
ကျွန်တော်ကတော့ ဘီလ်ဂိတ်တို့ ဇနီးမောင်နှံကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီးရဲ့ ရာသက်ပန်
ဂုဏ်ထူးဆောင်နာယက အဖြစ် ချီးမြှောက်ချင်တော့ တာပါပဲ...
ဒီလိုသတင်းမျိုးဘာသာပြန်ဖော်ပြရတာ ရေးသူရောဖတ်သူပါ စိတ်ချမ်းသာရပါတယ်....
ဒေးလီမေးလ်ထဲက အင်္ဂလိပ်လိုသတင်းပါ....
Bill Gates made the largest ever single charitable donation when he pledged $10billion (£6billion) to develop and distribute vaccines. 
The Microsoft founder hopes the money, to be spent over the next ten years through his foundation, will save the lives of more than eight million children in the world's poorest countries.
'We must make this the decade of vaccines,' he said. 'Vaccines already save and improve millions of lives.
'Innovation will make it possible to save more children than ever before.'
Gates said the commitment more than doubles the £2.8billion the foundation has given to vaccine research over the years.
The foundation said up to 7.6 million children under five could be saved through 2019 as a result of the donation.
It also estimates that an additional 1.1 million kids would be saved if a malaria vaccine can be introduced by 2014. A tuberculosis vaccine would prevent even more deaths.
‘Vaccines are a miracle,’ said Melinda Gates.‘With just a few doses, they can prevent deadly diseases for a lifetime.’ The pledge is the biggest single donation to be made for one cause in one go.
Ten years ago the couple also pledged £6billion, to be split between health and education causes, with £3billion going on vaccines.
The world’s biggest philanthropist is financier Warren Buffett.
He has donated £18billion of his £30billion fortune to the Bill and Melinda Gates Foundation, but that is to be paid in instalments and used for a variety of charity work.
Mr Buffett has given away 80 per cent of his net worth.
Mr Gates’ total donations now add up to £24billion, some 66 per cent of his £36billion fortune.
It comes as Mr Gates launched a scathing attack on Silvio Berlusconi, accusing the Italian Prime Minister of spending more on his thinning hair than he does on foreign aid.
Mr Gates hit out at Mr Berlusconi's 'stinginess' and said the controversial politician was the main figure on his 'list of shame'.
And, in a clear reference to Mr Berlusconi's hair transplant, he told German daily Sueddeutche Zeitung that 'rich people spend a lot more on personal problems like baldness than they do to combat malaria'.
Mr Gates' attack came as Italians were scratching their heads over the mystery of Mr Berlusconi's moving hairline.
Photographs taken recently of the 73-year-old prime minister seem to show him with a good head of hair one day but then visibly thinner a couple of days later.
A further two days on and his thatch has mysteriously reappeared.
The media tycoon had a hair transplant in 2004 - days before he was pictured with Tony and Cherie Blair when they holidayed at his Sardinian villa.
Much to the embarrassment of the Blairs, Mr Berlusconi appeared with them wearing a black and white bandanna to protect his scalp from the sun.
Yesterday Italian newspapers printed a series of photos showing Mr Berlusconi's changing hairline. La Repubblica said his hair had 'undergone an amazing mutation'.
It added that after appearing at a wedding 'with his traditional head of hair', two days later his hairline 'appeared inexplicably higher and thinner. But have no fear: At a ceremony on Wednesday it was back to its luxuriant thick foliage.' 
Last night Dr Piero Rosati, who performed Mr Berlusconi's eight-hour hair transplant, said: 'It's possible that hair can fall out due to stress but more hair or less hair what is important is what he is doing politically.’
However Professor Franco Buttafaro, a specialist in plastic surgery, said the problem was down to a far simpler set of circumstances - Mr Berlusconi had forgotten to put his make up on.
Professor Buttafaro told Italian glossy magazine Novella 2000: 'In two days he would not have lost his hair to stress - looking at the photos, what has happened is that one day he applied the make up correctly the next day he didn't.’
Last night his spokesman refused to comment on the stories about his hair.
Last night Dr Piero Rosati, who performed Mr Berlusconi's eight-hour hair transplant, said: 'It's possible that hair can fall out due to stress but more hair or less hair what is important is what he is doing politically.’
However Professor Franco Buttafaro, a specialist in plastic surgery, said the problem was down to a far simpler set of circumstances - Mr Berlusconi had forgotten to put his make up on.
Professor Buttafaro told Italian glossy magazine Novella 2000: 'In two days he would not have lost his hair to stress - looking at the photos, what has happened is that one day he applied the make up correctly the next day he didn't.’
Last night his spokesman refused to comment on the stories about his hair.
0 comments: