Friday, January 7, 2011
အပန်းဖြေစရာဓါတ်ပုံကမ္ဘာ....
အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေတာမို့  စိတ်လက်ပေါ့ ပါးစေတဲ့ အပြင် အတွေးများပါ ဖြန့် ကျက်လို့ ရအောင် အပန်းဖြေစရာဓါတ်ပုံကမ္ဘာ ဆိုပြီး
ဓါတ်ပုံလေးတွေတင်ဖြစ်ပါတယ်...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်
မှာ တင်ထားပေးနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...
ကျွန်တော်ရိုက်တဲ့ ပုံတစ်ပုံမှ မပါဘူးနော်...
အလိုရှိသူများလည်း လွပ်လပ်စွာ ကူးယူအသုံးပြုနိုင်ပါတယ်...
ငယ်ဘ၀ကိုလွမ်းမိသေးတော့....
အဘိုးတို့ ငယ်ငယ်တုံးကဆိုယင် အမေက ငွေတစ်ကျပ်နဲ့ လမ်းထိပ်ကဆိုင်ကိုလွှတ်လိုက်ယင်...
အာလူးကစက္ကူအိတ်နဲ့ ငါးအိတ်စာ၊ ပေါင်မုန့် နှစ်ထုတ်၊ နို့ သုံးပုလင်း၊ ဒိန်ခဲကလည်း အတုံးကြီးတစ်တုံး
လက်ဘက်ခြောက်ဆိုယင် ပါကင်ပုံးလိုက်၊ ကြက်ဥဆိုလည်းခြောက်လုံးကဒ် တစ်ကဒ် ရတာကလား...
အခုတော့ ဒီလိုမရတော့ ဘူးကွဲ့ ...
သောက်ကျိုးနဲ !!!!....လုံခြုံရေးကင်မရာတွေ အများကြီးတပ်ထားတော့ တာကိုး !!!...
 (အဟုတ်မှတ်လို့ ဖတ်နေတာ...မှားပါတယ်...အဘိုးရယ်...)
ကန်တော့ နော်...ကန်တော့ ...
( အယင်ကလို ခိုးလို့ မရတော့ ဘူးလို့ ဆိုလိုပါတယ်....)
ဇင်ဘာဘွေ ကဘီလီယံနာ...
ပေါင်မုန့် တစ်လုံးကို ဘီလီယံနဲ့ ချီပြီးပေးရလောက်မယ်...ငွေတန်ဖိုးရှိလိုက်ပုံများ...
အောက်တိုဘာမှာ ...ဒီကမ္ဘာမှာ ကျွန်တော်အပုဆုံးဖြစ်မယ့် နီပေါနိုင်ငံသားလေး....
ဖူးစာဆုံလို့ ရယ်...အမြတ်တနိုးချစ်ကြတယ်...
ငါ့ ကားကိုဘယ်သူမှ လာမထိနဲ့ ....တန်ဖိုးကြီးတယ်...
အေးချမ်းတိတ်ဆိတ်...ကြည်နူးလွမ်းဆွတ်ရိပ်.....
လက်နဲ့ များလှမ်းထိလို့ တောင်မှီလေမလားပဲ...
သြော်...လွမ်းမိပါသေးတော့  တစ်ယောက်သောသူကို...
လောလောဆယ်တော့ ဒီကမ္ဘာမှာကျွန်တော်အပုဆုံးလို့ ဆိုတဲ့ ကိုလံဘီယာက လူပုလေး...
အခုတော့ သူ့ ရဲ့ အပုဆုံးဘွဲ့ ထူးကို နီပေါကောင်လေးဆီလွှဲပေးလိုက်ရပါပြီ...
ကိုယ်ပိုင်ပြုလုပ်တီထွင်တာဘာမှမရှိလို့ ...Identity ပျောက်တဲ့ ဗြိတိန်လူမျိုးပါ...
ဒါမှမဟုတ် ချမ်းသာလို့ သူများတွေထုတ်လုပ်တာပဲသုံးတယ်လို့ လည်း ကြံဖန်ဂုဏ်ယူနိုင်ပါသေးတယ်....
ကွန်ပြူတာမပေါ်ခင်တုံးက...
memory ဆိုတာ အသက်ကြီးလာတဲ့ အခါ ဆုံးရှုံးသွားတတ်တာ...
an application ဆိုတာ အလုပ်လျှောက်လွှာတစ်ခုပါ...
a program ဆိုတာ တီဗီ အစီအစဉ်တစ်ခုပါ...
a cursor ကတော့ ညစ်ညမ်းစွာဆဲရေးတိုင်းထွာ၊ ကျိန်ဆဲတာပါ...
a keyboard ဆိုတာ စန္ဒယားခလုတ်ပါပဲ...
a web ဆိုတာကတော့ ပင့် ကူအိမ် တစ်ခုပဲပေါ့...
a virus ဆိုလျှင် တုတ်ကွေးရောဂါဖြစ်တယ်လေ...
a CD လို့ ဆိုလိုက်တာနဲ့ ဘဏ်ငွေစာရင်း တစ်ခုဖြစ်တယ်...
a mouse pad ကတော့ ကြွက်ကလေးတစ်ကောင်နေတဲ့ အသိုက်တစ်ခုပါ...
အကယ်၍များသင့် မှာ 3 1/2  inches floppy ( ၃ လက်မခွဲ ပဲရှိတဲ့ .... ) ရှိတယ်ဆိုယင်...
သင်ဟာ ဘယ်သူမှမတွေ့ ပါစေနဲ့ လို့ ဆုတောင်းနေမိမှာအမှန်ပါပဲ...
သဘာဝကျကျ မှုတ်တတ်သူ... ချက်ကိုစလိုဗက်နိုင်ငံက ရဲအ၇ာရှိအမျိုးသမီးပါ...
ဆန္ဒပြသူတွေရှိတဲ့ နေရာရောက်နေတာဆိုတော့ အဓိကရုန်းရဲပေါ့ ...
အဲဒီလို အလှအပလေးတွေကို အဓိကရုန်းရဲအဖြစ်ခန့် ထားလိုက်ပါ...
ဘယ်ဆန္ဒပြတဲ့ သူမှ ဖျက်လိုဖျက်စီးလုပ်တော့ မှာမဟုတ်ဘူး...
0 comments: