Indian Chief Minister's wife seeks loan to buy onions
Wednesday, January 5, 2011
အိန္ဒိယတွင် ကြက်သွန်နီဈေးများအဆမတန်တက်....
အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီဈေးနှုံးများကြီးမြင့် လာခဲ့ ပြီးနောက် ပိုမိုနက်ရှိုင်းလာသောအခြေအနေအဖြစ်
မတ္တရာပရာဒက်ရှ်ပြည်နယ်ဝန်ကြီးချူပ်၏ဇနီး ဆာ့ဒ်နာဆင်း က ကြက်သွန်နီဝယ်ရန် အိန္ဒိယနိုင်ငံတော်ဘဏ်
မှ လွန်ခဲ့ သည့် ကြာသပတေးနေ့ ၊ နေ့ လည်ပိုင်းက ငွေချေးယူရန်လျှောက်ထားခဲ့ ပါတယ်...
ဆာ့ဒ်နာဆင်း၊ ရာ့ ဂ်ျရာဆဘားပြည်နယ်အမတ် မာယာဆင်း နှင့် ရာပေါင်းများစွာသော ဘီဂျေပီပါတီဝင် အ
လုပ်သမားများဟာ အိန္ဒိယနိုင်ငံတော်ဘဏ်၊ တီတီနာဂါး ဘဏ်ခွဲသို့ ကြာသပတေးနေ့ နံနက်ပိုင်းက ကြက်
သွန်နီဝယ်ရန်ဘဏ်ချေးငွေများလျှောက်ထားကြ၇န် စုရုံးရောက်ရှိခဲ့ ကြပါတယ်...
" ကျွန်တော်တို့ ဟာ တစ်နေ့ ကို ကြက်သွန်နီဝယ်ဖို့ ရူပီးငွေ ငါးသောင်းမှ တစ်သိန်းအထိပမာဏရှိတဲ့ ဘဏ်
ချေးငွေလျှောက်လွှာပေါင်း ၁၅ ခု၊ ၁၆ ခု လောက်ကိုလက်ခံရရှိနေခဲ့ ပါတယ်..." လို့ နိုင်ငံတော်ဘဏ် ရဲ့ ဒေ
သခွဲမန်နေဂျာ မဟက်ရှ်ကိုချာ ကပြောကြားခဲ့ ပါတယ်..
ထိုကြက်သွန်နီချေးငွေလျှောက်ထားသူများထဲတွင် ပြည်နယ် ဘီဂျေပီပါတီမှ ဥက္ကဌ နီတာပတာရီယာ နှင့် ဘို
ပါးမှ အဖွဲ့ ဝင်များလည်း ပါဝင်ကြပါတယ်...
ရွှေလိုဥပြီး လည်မှာဆွဲရမည့် ကြက်သွန်နီ ....
ပြည်နယ်ဝန်ကြီးချူပ်ကတော်တောင် ကြက်သွန်နီဝယ်ဖို့ ဘဏ်မှာငွေချေးရတယ်...
ထို့ အပြင် ဘိုပါးလ်ဒေသတင်မက ကြက်သွန်ဝယ်နိုင်ရန် ဘဏ်ချေးငွေလျှောက်ထားသူများထဲတွင် မတ္တရာ
ပရာဒေ့ ရှ်ပြည်နယ်အတွင်း နိုင်ငံပိုင်ဘဏ်များမှ ဘီဂျေပီ ပါတီဝင်ဘဏ်ဝန်ထမ်းများလည်းပါဝင်ခဲ့ ပါတယ်...
ပြည်နယ်ဘီဂျေပီပါတီမှ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံဈေးများရုတ်တစ်ရက်ကြီးမြင့် လာခဲ့ ခြင်းအပေါ်
ဆန့် ကျင်ကန့် ကွက်သည့် ကြက်သွန်စားရိတ်ချေးငွေလျှောက်ထားခြင်းဆိုင်ရာ ဆန္ဒပြပွဲများအား သက်ဆိုင်
ရာနယ်မြေဒေသတိုင်းတွင်ပြုလုပ်ရန် စည်းရုံးလှုံ့ ဆော်ကစီစဉ်ကျင်းပခဲ့ ပါတယ်...
ဘိုပါးလ် နယ် တွင် အမျိုးသမီးအဖွဲ့ ဒုတိယဥက္ကဌ ဆဒ္ဒနာဆင်းနှင့် မာယာဆင်း တို့ ဦးဆောင်ခဲ့ ပြီး အင်ဒိုး
ကြက်သွန်ချေးငွေ လျှောက်ထားခဲ့ ကြပါတယ်...
"  အယင်တုံးကတော့ ကျွန်မတို့ ဟာ ကြက်သွန်နီခွာယင်း၊ လှီးယင်းမျက်ရည်ကျကြရတယ်....အခုတော့ 
ကြက်သွန်နီဝယ်မယ်ဆိုယင်မျက်ရည်ကျနေကြရပါပြီ..." လို့ ဆဒ္ဒနာဆင်း ကပြောကြားခဲ့ ပါတယ်...
လွန်ခဲ့ တဲ့ ရသတ္တပါတ်အတွင်းကလည်း အိန္ဒိယနိုင်ငံပြည်နယ်တစ်ခုက ကွန်ပြူတာအရောင်းဆိုင်တစ်ဆိုင်
မှာ ပရင်တာ ( printer ) တစ်ခုဝယ်ရင် ကြက်သွန် တစ်ကီလို လက်ဆောင်ပေးတဲ့ အထူးဈေးရောင်းပွဲလုပ်
ခဲ့ လို့ ဝယ်တဲ့ သူတွေများလာတယ် ဆိုတဲ့ သတင်းလေးဖတ်လိုက်ရပါသေးတယ်...
နေ့ စဉ်စားသုံးတဲ့ အထဲမှာ ကြက်သွန်ကမရှိမဖြစ်အေ၇းကြီးတဲ့ အိန္ဒိယနိုင်ငံသားများအတွက် ကြက်သွန်များ
ရှားပါးပြီးဈေးတက်တာဟာ တော်တော်အခက်အခဲတွေ့ ခဲ့ ပုံပါပဲ...
အဲဒီက ဂယက်ဟာ ဒီ ဒူဘိုင်းကိုပါလာရောက်ပြီးထိခိုက်ပါတယ်...
အခုဆိုဒူဘိုင်းမှာလည်း ကြက်သွန်နီမရှားပေမယ့် ဈေးနှုံးများကတော့ ထိုးတက်သွားပါတယ်...
အိန္ဒိယကနေ ကြက်သွန်နီတင်ပို့ မှု ရပ်လိုက်လို့ ပါပဲ...
ရွှေပြည်ကြီးကကြက်သွန်နီတွေများ တင်ပို့ လို့ ရလို့ ကတော့ ကြက်သွန်စိုက်တဲ့ တောင်သူတွေအားလုံးချမ်း
သာသွားနိုင်လောက်တယ်..
Giving a new twist to the controversy over rising prices of onions in India, Madhya Pradesh Chief Minister Shivraj Singh Chouhan's wife, Sadhna Singh, on Thursday afternoon applied for a loan in the State Bank of India so she could buy onions. 
Sadhna Singh, Rajya Sabha MP Maya Singh along with hundreds of other BJP workers gathered at the State Bank of India, TT Nagar Branch, on Thursday morning to file applications for onion loans. ''We have received about 15-16 applications for loans varying from Rs 50,000 to Rs One lakh for the purpose of buying onions," said Mahesh Kochar, regional manager of SBI. Others who applied for onion loan included state BJP Mahila Morcha president Neeta Pateria and the party's MLAs from Bhopal.
Not just Bhopal, applications for loans for the purchase of onions were submitted by BJP workers at nationalized banks across Madhya Pradesh.
The state BJP organised the ''Onion Loan demonstrations in every district protesting against the sudden increase in the price of the vegetable. While in Bhopal Sadhna Singh, who is also the vice-president of the women's wing, and Maya Singh were asked to take the lead, Indore saw the BJP state president Prabhat Jha and the party's youth wing president Jeetu Jirati apply for the loan. ''Earlier we shed tears chopping onions, now we are crying while buying onions," Sadhna Singh said.
1 comments:
ကိုဇော် said...
မလေးမှာတော့ ထိခိုက်နေပြီ။
ုလွန်ခဲ့တဲ့ ၄ ရက်လောက်က ကြက်သွန်သွားဝယ်တာ ဈေး ၂ ဆ လောက် ပေးရလို့ မေးကြည့်တော့ ဈေးတတ်လို့တဲ့။
ကိုယ့်ကလည်း ချက်စားခဲပေမဲ့ ချက်ရင်လည်း ကြက်သွန်များများနဲ့မှ . . . ဆိုတော့ ခက်တယ်။