Man shot in head but sneezes bullet out

Sunday, January 16, 2011

နှာချေညှစ်၍ ထုတ်လိုက်သည်....


ကံကောင်းတဲ့ လူ....

အီတလီနိုင်ငံမှ ဒါကိုဆန်ဂါမာနို အမည်ရှိအမျိုးသားတစ်ဦးဟာ လွန်ခဲ့ သည့် နှစ်သစ်ကူးညတွင် ဦးခေါင်းကို
သေနတ်ဖြင့် အပစ်ခံခဲ့ ရသော်လည်း ဦးခေါင်းအတွင်းဝင်ရောက်ခဲ့ သည့် ကျည်ဆံအား နှာချေလိုက်စဉ်အ
ရှိန်ဖြင့်ညှစ်ထုတ်လိုက်သကဲ့သို့ ဖြစ်ကာ အသက်ဘေးမှ လွတ်မြောက်ခဲ့ ရပြီး ပြန်လည်ကျန်းမာလာခဲ့ ပြပြီ
ဖြစ်ပါတယ်...
အသက် ၂၈ နှစ်အရွယ်ရှိ အဆိုပါအမျိုးသားဟာ ( နှစ်သစ်ကူးပွဲတော်ကို ) အီတလီနိုင်ငံ၊ နေပယ်မြို့ တွင်၎င်း
၏ချစ်သူမိန်းကလေးနှင့် ဆင်နွှဲနေခဲ့ စဉ် မတော်တစ်ဆ ကျည်ဆံထိမှန်ခံခဲ့ ရခြင်းဖြစ်ပါတယ်....
သူ့ ကို ( ကျည်ဆံထိမှန်ခံရပြီး ) ချက်ချင်းပင်ဆေးရုံသို့ ပို့ ဆောင်ခဲ့ ပါတယ်....
.၂၂ ကျည်ဆံဟာ ၎င်း၏ဦးခေါင်းညာဘက်ခြမ်းမှ ၀င်ရောက်ခဲ့ ပြီးမျက်လုံးအိမ်အရိုးကွင်းနောက်မှ ဖြတ်ကာ
နှာခေါင်းရိုးကိုထိပြီး ညာဖက်နှာခေါင်းပေါက်အတွင်း ရောက်ရှိသွားခဲ့ တာဖြစ်ပါတယ်...
( မျက်နှာတစ်ခုလုံး ) သွေးများဖုံးလျှက်ရှိနေစဉ် ဆန်ဂါမာနို တစ်ယောက်သတိမလစ်ပဲ ကျည်ဆံကို နှာခေါင်း
မှတစ်ဆင့် နှာချေကာ ညှစ်ထုတ်လိုက်နိုင်ခဲ့ ပါတယ်...
သူဟာခေါင်းကိုက်တာကလွဲလျှင် တစ်ခြားဘာမှမခံစားရပဲ နေလို့ ကောင်းကြောင်း ဆရာဝန်များကိုပြောပြ
ခဲ့ ပါတယ်...
သို့ သော်လည်း ကျိုးကြေသွားသည့်အရိုးများဖယ်ရှားရန်နှင့် ဒါရာကိုရှင်းလင်းကုသရန် ၎င်းအား ခွဲစိတ်ခဲ့ ကြ
ရပါတယ်...
ဆန်ဂါမာနိုကို ကုသပေးခဲ့  သည့် ဒေါက်တာဆစ်ဘာရုန်း က " ကျည်ဆံက သူ့ ရဲ့ နားထင်ကနေ၀င်ပြီး မျက်
လုံးနောက်ကို ဖြတ်ကာနှာခေါင်းအရင်းအုံထဲကနေ နှာတံအထဲဝင်သွားခဲ့ လို့ နှာချေပြီးထွက်ကျသွားခဲ့ ရတာ
ဖြစ်ပါတယ်...တစ်ကယ့်ကို အံ့ သြစရာပါပဲ..."  လို့ ပြောကြားခဲ့ ပါတယ်...
၎င်းအနေနဲ့  အသက်မသေပဲ ချမ်းသာရာရခဲ့ တာဟာ အင်မတန်ကံကောင်းလွန်းလှပါတယ် လို့ ဆရာဝန်က
ဆက်လက်ပြောကြားခဲ့ ပါတယ်...
၎င်းရဲ့ မျက်လုံး၊ အမြင်အာရုံလည်း လုံးဝမထိခိုက်ပဲ ပြန်လည်ကျန်းမာလာမယ်လို့ မျှော်လင့် ထားကြပါတယ်..
နေပယ်မြို့ မှာကျင်းပခဲ့ တဲ့ ပွဲတော်အတွင်းအဆိုပါနှစ်သစ်ကူးညက အခြားသူနှစ်ဦးလည်း ကျည်ဆံထိမှန်ခံခဲ့ 
ကြရပြီး တစ်ဦးကတော့ သေဆုံးသွားခဲ့ ရပါတယ်...
နှစ်စဉ် နှစ်သစ်ကူးညများတွင် မီးရှူးမီးပန်းများပစ်လွှတ်ခြင်း၊ သေနတ်များပစ်ဖောက်ခြင်းဖြင့် နေပယ်မြို့ ဟာ
ထင်ရှားကျော်ကြားပါတယ်...

ကြံကြံဖန်ဖန်လည်း ကံကောင်းတဲ့ မောင်ပါပဲ...

Darco Sangermano, an Italian man, was shot in the head on New Year's Eve, but is alive and well after he sneezed out the bullet in his head.
The 28 year-old was celebrating in Naples with his girlfriend when he was hit by a stray bullet. He was immediately rushed to hospital.

A .22 caliber bullet enter the right side of his head, went past the back of his eye through the socket, hit a bone in his nose and got lodged in his right nostril.

Despite being covered in blood, Sangermano was still conscious as he proceeded to sneeze out the bullet. He told the doctors that he felt fine, apart from a headache.

A surgery was performed to clean up the wound and to get rid of bone fragments.

Dr. Sid Berrone, who attended to Sangermano, said, "The bullet went through his temple, behind his eye, entered the nasal cavity and then became lodged in his nostril before he sneezed it out. Amazing."

He also added the Sangermano was very lucky as he could have been killed.

Full recovery is expected of him and his eyesight will not be affected at all.

Two others were hit by bullets on the same evening, and another person died after being hit by a stray round during the festivities in Naples.

Naples is a city known for its lively end-of-year celebrations involving fireworks and live ammumition.

0 comments: