Sale appeals to naked greed
Tuesday, January 4, 2011
တဏှာလောဘကြောင့် လည်းချွတ်ကြတာပဲ....  
 ပေါချောင်ကောင်းကိုမှ လိုချင်နှစ်သက်ကာလိုက်လံရှာဖွေဝယ်ယူနေလေ့ ရှိကြသည့့်စပိန်နိုင်ငံမှ လောဘ
ကြီးသူများဟာ ချမ်းအေးလွန်းလှသည့် ရာသီဥတုနှင့် အမြင်မတော်၊ မတင့် တယ်မှုများကို အံတုကာ ခေတ်
စားနေသည့် ဖက်ရှင်ဒီဇိုင်း Desigual အရောင်းဆိုင်များတွင် ဆောင်းရာသီအရောင်းပွဲတော်အတွက် ကြေ
ငြာဆွဲဆောင်သည့် အနေဖြင့် ပြုလုပ်သည့် အ၀တ်ဗလာ၊ လာယူပါ အရောင်းပွဲတော်သို့ သွားရောက်တန်းစီ
ခဲ့ ကြပါတယ်...
"အ၀တ်ချွတ်လာပါ၊ ကြိုက်ရာရွေးပြီးဝတ်ပြန်ပါ" ဟူသောဆောင်ပုဒ်ဖြင့် စပိန်နှင့် ပေါ်တူဂီနိုင်ငံများတွင် ဆိုင်
ခွဲများရှိသည့် အဆိုပါဖက်ရှင်ကုမ္ပဏီက သတ်မှတ်ထားသည့် ဆိုင်ခွဲများသို့ အတွင်းခံမျှသာဝတ်ဆင်ထားပြီး
ရောက်ရှိလာသည့် ပထမဦးဆုံး သောဖောက်သည် ၁၀၀ ကို နှစ်သက်၊ လိုက်ဖက်မည့် အထက်၊ အောက်
ဝတ်စုံ တစ်စုံစီအလကား ပေးမည်ဟု ကတိပေးကြေငြာခဲ့ ပါတယ်....
 တဏှာစေရာမနေသာ၊ ဖွေရှာဆက်ရသည်....
ပက်ဒရိုဆိုးရက်စ် နှင့် အိုင်ဗန်ဆီးလ်ဗား တို့ က ၎င်းတို့ ဟာ လစ်ဘွန်းမြို့ ရှိ အရောင်းဆိုင်သို့ နံနက် တစ်နာ
ရီမှာ ပထမဦးဆုံးရောက်ရှိခဲ့ သူများဖြစ်ပြီး နံနက် ၉ နာရီ ဆိုင်ဖွင့် သည်အထိစောင့် ဆိုင်းနေခဲ့ ကာ ဆိုင်တံ
ခါးဖွင့် သည်နှင့် ၎င်းတို့ အလိုရှိ၊ ကြိုက်နှစ်သက်သည့် အ၀တ်အစားတစ်စုံကို အလကားယူခွင့် ရခဲ့ ကြတယ်
လို့ ပြောကြာားခဲ့ ကြပါတယ်...
တစ်ထည် ကိုရွေးယူခဲ့ ပါတယ်... ဒီတံဆိပ်ကို ကျွန်တော်တစ်ကယ်ပဲကြိုက်ပါတယ်...ပြီးတာ့ တစ်ပြားမှပေး
စရာမလိုပဲ ကြိုက်တာရွေးပြီးအခုလို ယူရတာကိုလည်း ကြိုက်တာပေါ့ ဗျာ..."  ဟု အသက် ၂၀ အရွယ်ရှိ
ပက်ဒရို ကဆိုပါတယ်...
" ပျော်စရာကြီးပါပဲဗျာ...ကျွန်တော်တို့ က အရင်ဦးဆုံးရောက်နှင့် နေပြီး နောက်တော့ တစ်ညလုံးလူတွေ
ထပ်ပြီးရောက်လာတာပါပဲ....
ဆိုင်တံခါးလည်းဖွင့် ရော လူတွေစုပြုံပြီးတိုးလိုက်ကြတာ တစ်ယောက်နဲ့ တစ်ယောက်တွန်းထိုးလဲကျတဲ့အ
ထိ အကောင်းဆုံးအ၀တ်အထည်တွေကို လုပြီးရွေးယူကြတာပါပဲ..." ဟု အိုင်ဗန် ကပြောကြားခဲ့ ပါတယ်....
အဆိုပါ အ၀တ်အထည်ကုမ္ပဏီ၏ ပြင်ပဆက်ဆံရေး( စားသုံးသူဆိုင်ရာပြန်ကြားရေး) အရာရှိ ဘီးထရစ်ဇ်
အယ်မေဒါ ကတော့  ယခုဆွဲဆောင်မှုဟာ အရောင်းပွဲတော် တရားဝင်စတင်ခြင်းအတွက် အထိမ်းအမှတ်
အဖြစ်ပြုလုပ်တာလို့ ဆိုပါတယ်...
" ဒီဆွဲဆောင်မှုဟာ အောင်မြင်ပါတယ်... ကျွန်မတို့ ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ဟာ အစစ်အမှန်ဖြစ်တယ်
ဆိုတာ သိရှိစေရန်ရည်ရွယ်တာမို့ အခုလို ထူးခြားတဲ့ ဆွဲဆောင်မှုနဲ့ ပြုလုပ်ခဲ့ တာဖြစ်ပါတယ်..."  လို့ သူမ
ကပြောကြားခဲ့ ပါတယ်...
အ၀တ်အထည်များ အလကားရလောက်အောင် ပထမအယောက် ၁၀၀ ထဲပါတဲ့ အထိစောစောရောက်မ
လာနိုင်သူ ( နောက်ကျမှ ရောက်လာသည့် အတွင်းခံဘောင်းဘီသာပါသည့်  half-naked ) ဖောက်သည်
များကိုတော့  ၅၀ ရာခိုင်နှုံးလျော့ ဈေး ဘောက်ချာများ ပေးခဲ့ ပါတယ်....
" ငါတို့ နေရာ ဤကမ္ဘာ
  တဏှာအုပ်စိုးသည်။
  တဏှာစေရာ မနေသာ
  ဖွေရှာဆက်ရသည်။ "
လို့ ဆိုတဲ့ အဆုံးအမလေးကို သတိရမိပါတယ်...
လိုချင်တပ်မက်မိတော့ လည်း အရှက်အကြောက်ဆိုတာတောင်သတိမထားမိနိုင်တော့ ပါဘူး....
နောင်တစ်ချိန် ရွှေပြည်ကြီးလည်း ဒီလိုမျိုးကြေငြာတွေဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး...
ဗီဒီယိုကလစ်လေးလည်း ပါသေးသပေါ့ ....
Young bargain hunters braved cold weather and indiscreet looks to queue at branches of Desigual, a contemporary fashion retailer, which launched a "cheeky" offer to unveil its winter sales.
Under the slogan "Come in undressed and go out dressed", the company, which has outlets in Spain and Portugal, promised a matching top and lower garment to the first 100 people who appear at selected branches just dressed in their underwear.
Pedro Soares and Ivan Silva said that they were the first to arrive at the Lisbon store at 1am, waiting until 9am when the doors opened and they were entitled to take home an outfit of their choice for free. “I have a woolly jumper and a pair of trousers, which would have cost €250 (£210). I really like this brand and like this I can take the clothes without paying for them,” said 20 year old Pedro.
“It was fun. We were the first to arrive and more people came during the night. When they opened the doors there was such a rush with people falling over each other to get the best clothes,” said Ivan.
Beatriz Almeida, PR for the brand said that the initiative was aimed at marking the official start of the sales. “It went well. The brand aims to be original so we wanted this action to be different,” she said. For those who were not early enough in the queue to make up the first 100 to receive free clothes, they were given 50 per cent discount vouchers.
1 comments:
စော(အဝါရောင်မြေ) said...
သံဝေဂရမိပါတယ် . . .
အရှက်နဲ့  အသက်လဲဖို့ ထက်
$200 လောက်နဲ့ လဲသွားလို့ ပါ။
ဒါပေမယ့်လဲ ရှိနေပါတယ် . . .
အသက်ကလွဲးလို့  ဘာနဲ့ ဖြစ်ဖြစ်လဲမဲ့ သူတွေ
နာလည်ပေးရ မလား၊ ဘာကို ပြောရမှန်း မသိတော့ပါဘူး