Dubai opens ‘world’s highest’ restaurant

Monday, January 24, 2011


ကမ္ဘာ့ အမြင့် ဆုံး အဆင့် မြင့် စားသောက်ဆိုင်ဒူဘိုင်းတွင်ဖွင့် လှစ်




အမြင့် ဆုံးမှာကျွေးချင်ယင် ဒီကိုကြွခဲ့ ပါမိတ်ဆွေ...

ကမ္ဘာ့ အမြင့် ဆုံးစားသောက်ဆိုင်ဖြစ်သည့် Atomsphere ကိုဒူဘိုင်းရှိကမ္ဘာ့ အမြင့် ဆုံးအဆောက်အဦးဖြစ်
သည့် Burj Khalifa ၏ ၁၂၂ ထပ်မြောက်အလွှာမြေပြင်မှ ၄၂၂ မီတာ ( ပေပေါင်း ၁၃၅၀ ) အထက်တွင်
လွန်ခဲ့ သည့် တနင်္ဂနွေနေ့ ကဖွင့် လှစ်ခဲ့ လိုက်သည်ဟု ထိုအဆောက်အဦး၏ပိုင်ရှင်များကပြောကြားခဲ့ လိုက်
ပါတယ်...
 
ဖွင့် ပွဲကျင်းပနေစဉ်...
မီတာ ၈၂၈ မီတာ ( ပေပေါင်း ၂၇၁၆.၅ ) မြင့် သည့် ထိုအဆောက်အဦးတွင်တည်ရှိသည့် Atmosphere
စားသောက်ဆိုင်သည်ကမ္ဘာ့ အကောင်းဆုံး ဇိမ်ခံစားသောက်ဆိုင်များထဲတွင်တစ်ခုအပါအ၀င်ဖြစ်သည်ဟု
ဒူဘိုင်း၏အကြီးမားဆုံး တိုက်တာခြံမြေ၊ မြေကွက်ဖော်ထုတ်တည်ဆောက်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် 
Emaar ကုမ္ပဏီကြီး၏ အဖွဲ့ ခွဲ Emaar Hospitality အုပ်စုကုမ္ပဏီကပြောကြားခဲ့ ပါတယ်...


 အထူးမွေးနေ့ ပွဲလိုမျိုးကျင်းပနိုင်မယ့် သီးသန့် ခန်းနဲ့ လည်း ရနိုင်ပါတယ်...
ဒီလိုလေးရှုခင်းတွေကြည့် ယင်း သုံးဆောင်နိုင်ပါတယ်...

အဆောက်အဦးကြီး၏ အဝေးကြည့် မျှော်စင်အထပ်အောက် ဒုတိယမြောက်အထပ်တွင်တည်ရှိသည့် အဆိုပါ
ကမ္ဘာ့ အမြင့် ဆုံးစားသောက်ဆိုင်တွင် လာရောက်စားသောက်မည့် ဧည့် သည်ပေါင်း ၂၁၀ ဆန့် ပြီး ကျယ်ဝန်းသန့် ရှင်းသည့် ဧည့်ကြိုခန်းမ၊ အဓိကစားသောက်ဆောင်၊ ကိုယ်ပိုင်သီးသန့် စားသောက်ခန်းများ
နှင့် သရုပ်ပြချက်ပြုတ်ဆောင်တို့ ပါဝင်မှာဖြစ်ပါတယ်...
အခင်းအကျင်း...

 စားသောက်ဆိုင်မှ မြင်ကွင်း...

ရုံးခန်းမများ၊ လူနေအိမ်ခန်းများအပြင် ဖက်ရှင်ဒီဇိုင်နာ Giogio Armani ဖွင့် လှစ်သည့် အဆိုပါဖက်ရှင်ဒီဇိုင်း
နာမည်ဖြင့် ခေါ်ဝေါ်သည့် တည်းခိုခန်းဟိုတယ်လည်းပါဝင်သည့် အပြင် ထိုအဆောက်အဦးကြီး၏ ၁၂၄ ထပ်
တွင် လာရောက်ကြည့် ရှုသူတစ်ဦးလျှင် ၁၀၀ ဒီဟန်း ( ၂၇ ဒေါ်လာ ) ပေးရသည့် အဝေးကြည့် (မျှော်စင်
ပေါ်မှပြင်ပသို့ ကြည့် ရှုလေ့ လာနိုင်သည့်  ) ပြခန်းလည်းပါဝင်ပါတယ်...

၂၀၁၀ ဇန်န၀ါရီလ ၄ ရက်နေ့ ကဖွင့် လှစ်ခဲ့ ပြီး ခြောက်နှစ်ကြာတည်ဆောက်ခဲ့ ရသည့် 
၂၇၁၇ ပေမြင့် ကမ္ဘာ့ အမြင့် ဆုံးအဆောက်အဦး ဘုဂ်ျကာလီဖာ....
Emaar ကုမ္ပဏီဟာ အဆိုပါမိုးမျှော်တိုက်အဆောက်အဦးကြီးကို ဒေါ်လာ ၁.၅ ဘီလီယံအကုန်အကျခံပြီး
တည်ဆောက်ခဲ့ ကာ ( အစပထမတော့ ထိုအဆောက်အဦးအား Burj Dubai ဟုအမည်ပေးခဲ့ ပြီးနောက်ပိုင်း
တွင် ) ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာငွေကြေးအကြပ်အတည်းဖြစ်ခဲ့ ပြီးနောက် အခက်အခဲတွေ့ ခဲ့ ရသည့် ဒူဘိုင်း
အား ကူညီကယ်တင် ထောက်ပံ့ ပေးခဲ့ သည့် ယူအေအီးသမ္မတ ( အဘူဒါဘီပြည်နယ်စော်ဘွား ) ရှိတ်ကာ
လီဖာ ဘင်ဇာယက် အယ်လ်နာယန် ကိုဂုဏ်ပြုသောအားဖြင့် Burj Khalifa ဟုအမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ ပါ
တယ်...

ရေနံဖြင့်ကြွယ်ဝချမ်းသာနေသည့် အဘူဒါဘီပြည်နယ်အစိုးရက အကြွေးများအကြီးအကျယ်တင်နေသည့် ဒူ
ဘိုင်းအစိုးရပိုင် ကုမ္ပဏီကြီးများအား ဒေ၀ါလီခံရခြင်းမှ ကာကွယ်နိုင်ရန်ယူအေအီးနိုင်ငံတော်ဗဟိုဘဏ်နှင့် 
အတူ ဒေါ်လာ ၁၀ ဘီလီယံ ( စုစုပေါင်း ၂၀ ဘီလီယံ ) အဖြစ် ၂၀၀၉ ခုနှစ်တွင်အရေးပေါ်ငွေကြေးအကူအ
ညီပေးအပ်ခဲ့ တာဖြစ်ပါတယ်...

ထူးထူးခြားခြားစားသောက်ဆိုင်များ...

ဂျပန်နိုင်ငံ၊ အူဆန်နိုမီယာမှ ကာယာဘူကီယာတာဗန်း စားသောက်ဆိုင်မှာတော့ စားပွဲထိုးတွေက
မျောက်တွေဖြစ်ပါတယ်...
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ ဟာဂျီမီ စားသောက်ဆိုင်ကတော့ စားပွဲထိုးတွေကို စက်ရုပ်တွေနဲ့ အသုံးပြုပါ
တယ်...

ဒတ်ခ်ျ (ဟော်လန် ) နိုင်ငံမြို့ တော် အမ်စတာဒမ်က ကင်ဒါကိုကာဖေး မှာတော့ ဆိုင်ဝန်ထမ်းတွေက အရွယ်
မရောက်သေးတဲ့ ကလေးငယ်တွေဖြစ်ပါတယ်...( သူတို့ ကဒါကိုများအဆန်းလုပ်နေတယ်...ရွှေပြည်ကြီးက
လက်ဘက်ရည်ဆိုင်တွေမှာ စားပွဲထိုးတွေအများစုက ကလေးငယ်တွေပါ...ထမင်းဆိုင်တွေတောင်ပါသေး...)
ချက်ဇ်ရီပြည်သူ့ သမ္မတနိုင်ငံ၊ ပရာ့ ဂ်မြို့ တော်က ကုသရေးကဖေးမှာတော့ စားသောက်ဆိုင်ဝန်ထမ်းတွေ
က လာရောက်စားသောက်သူ အရက်မူးသမားများ၊ အရက်စွဲသူများနှင့် မူးယစ်ဆေးစွဲသူများကို ကူညီကုသ
ပေးနိုင်ကြသူတွေဖြစ်ပါတယ်...
ဘယ်လ်ဂျီယန် ကုမ္ပဏီတစ်ခုကပိုင်ဆိုင်တဲ့ မိုးပေါ်က စားသောက်ဆိုင် ကတော့ ကရိန်းနဲ့ လေပေါ်မှာချိတ်ဆွဲ
ထားတဲ့ စားသောက်ဆိုင်ကမ္ဘာအနှံ့ လှည့် သွားကာစီစဉ်တည်ခင်းရောင်းချပေးနေတာဖြစ်ပါတယ်...

သတင်းကို AFP / daily mail မှရယူကာ ဓါတ်ပုံများကို daily mail မှရယူတင်ပြပါတယ်...
DUBAI - Dubai opened on Sunday a restaurant 422 metres (1,350 feet) up in the sky on the 122nd floor of the world’s tallest building, Burj Khalifa, its developers said.
Atmosphere in Dubai’s 828-metre (2,716.5-feet) building is “one of the finest luxury dining and lounge experiences in the world,” said Emaar Hospitality Group, an arm of giant property developer Emaar.
At two levels below the tower’s observation deck, the “world’s highest restaurant” can host “over 210 guests and features a spacious arrival lobby, a main dining floor, private dining rooms and display cooking stations.”
In addition to apartments, offices and Italian designer Giorgio Armani’s signature hotel, the building has an observation deck on the 124th floor, open to visitors at an entrance fee of at least 100 dirhams (27 dollars) per adult.
Emaar spent 1.5 billion dollars on the tower, named after United Arab Emirates (UAE) President Sheikh Khalifa bin Zayed al-Nahayan who came to the aid of Dubai, hit by the global financial crisis.
Oil-rich Abu Dhabi extended a lifeline of 10 billion dollars, on top of the same amount from the UAE central bank, to bail out Dubai’s heavily-indebted state firms in 2009. 

UNIQUE RESTAURANTS

- At the Kayabukiya Tavern in Utsunomiya, Japan, you will be served  by monkeys
- Hajime in Bangkok, Thailand, has robots for waiters
- The Dutch capital, Amsterdam, is where you will find Kinderkookkafé, where the staff are children
- Cafe Therapy in Prague, the Czech Republic, is a restaurant that assists people to over come drug or alcohol addiction
- Dinner in the Sky, which is owned by a Belgium-based company and travels all the world, is a dining table suspended in the air

1 comments:

အင်္ဂါဟူး said...

အဲဒီလောက်မြင့်သွားတော့ ဘုရားသခင်ကို မြင်ရမယ်ဆိုရင်တော့ ပိုက်ဆံစုပြီးလာခဲ့ဦးမယ်... ဘယ်သူအာမခံမလဲဟင်