Tuesday, January 11, 2011
He survived snake bites but fell prey to mosquito bites
မြွေကိုက်လို့ မသေ...ခြင်ကိုက်လို့ သေ...



သူဟာကံကြမ္မာကိုအံတုပြီးအဆိပ်ပြင်းတဲ့ မြွေတွေရဲ့အကြိမ်ကြိမ်အကိုက်ခံရခြင်းမှ အသက်ရှင်လွတ်မြောက်
ခဲ့ ပါတယ်...
သို့ ပေမယ့် လည်း အကြောင်းကံက၊ ဗြောင်းဆန်ကာဖန်တီးခဲ့ သည်ကတော့ အိန္ဒိယနိုင်ငံရဲ့ နာမည်အကျော်
ကြားဆုံးမြွေဆရာ ကေရာ့ခ်ျကူးမားတစ်ယောက် မြွေကိုက်ခံရလို့ မသေပဲ ခြင်ကိုက်ခံရလို့ သေခဲ့ ရပါတော့ 
တယ်...
ဟိုက်ဒရာဘတ်အခြေစိုက် သပ္ပေါမိတ် ( မြွေချစ်သူ၊ မြွေမိတ်ဆွေများ ) အဖွဲ့ အစည်းရဲ့ ဥက္ကဌလည်းဖြစ်သူ
မစ္စတာရာ့ ခ်ျကူးမားတစ်ယောက် ခြင်ကိုက်ခံရပြီးနောက် ဦးနှောက်ထဲငှက်ဖျားပိုးဝင်ပြီးကွယ်လွန်ခဲ့ ရလေ
တော့ သည်...
ဟိုဒရာဘတ်ရဲ့ မြွေမင်းသားလို့ လူသိထင်ရှားကျော်ကြားတဲ့ ရာ့ ခ်ျကူးမားဟာ လူတွေအထင်အမြင်လွဲမှားစွာ
ကြောက်စရာကောင်းတယ်၊ အန္တရယ်ပေးတယ်လို့ ယူဆခဲ့ ကြတဲ့ မြွေတွေနဲ့ ၇ဲဝံ့ စွန့် စားစွာကိုင်တွယ်ပြသ
ခဲ့ တဲ့ ပြကွက်တွေကို နာမည်ကျော် ပေါလ်မာတင် ရဲ့ ရုပ်သံစီးရီးများဖြင့် အိန္ဒိယနိုင်ငံမှာ ပြသခဲ့ ပါတယ်...
မြွေများနှင့် ပါတ်သက်သည့် မည်သည့် အရေးပေါ်အခြေအနေမျိုးမှာမဆိုကူညီကယ်တင်ခဲ့ တတ်သည့် ကြင်
နာသနားတတ်သူ ရာ့ ခ်ျကူးမားဟာ ၎င်းရဲ့ မြို့ တော်တင်မက တစ်ခြားနယ်မြေဒေသများမှာမှာ ထင်ရှားကျော်
ကြားသူတစ်ဦးဖြစ်ပါတယ်...
ရာ့ ခ်ျကူးမားရဲ့ ဘ၀မှာ မြွေတွေကို ပထမဦးဆုံးထိတွေ့ ဆက်ဆံခဲ့ ရတာကတော့ ၎င်းရဲ့ အိမ်ခြံဝန်းထဲကို မ
တော်တစ်ဆ ၀င်ရောက်လာခဲ့ တဲ့ အဆိပ်မဲ့ မြွေတစ်ကောင်ကို လူတစ်စုက ရက်စက်စွာသတ်ဖြတ်နေခဲ့ ကြ
တာကိုမြင်တွေ့ ခဲ့ ရာကပဲဖြစ်ပါတယ်...
လူတွေဘာကြောင့် မြွေတွေကို သတ်ကြရသလည်းဆိုတာနားမလည်နိုင်တဲ့ ရာ့ ခ်ျကူးမားလေးဟာ သူ့ ရဲ့ သံ
သယဖြစ်မှုတွေကို မိခင်ဖြစ်သူ ဂျိုအန်ကာနုရီကို မေးမြန်းခဲ့ ပြီး သူမက ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ ချစ်စရာ
လှပတဲ့ မြွေသတ္တ၀ါတွေကို လူတွေက အထင်မှားအမြင်မှားနားလည်မှုလွဲပြီး သတ်ဖြတ်နေကြတာဖြစ်တယ်
လို့ ရှင်းပြခဲ့ ပါတယ်...
သူမရဲ့ စကားလုံးများဟာ နုနယ်လှတဲ့ သူငယ်လေး ရာ့ ခ်ျကူးမားရဲ့ နှလုံးအိမ်ထဲမှာ အစဉ်အမြဲစွဲနေခဲ့ ပြီး မိ
ခင်ဖြစ်သူက သူ့ ကို မြွေစိမ်းကလေးတစ်ကောင် လက်ဆောင်အဖြစ်ပေးခဲ့ ရာကစပြီး သူနဲ့ မြွေတွေရဲ့ ချစ်ခင်
ရင်းနှီးမှု ဘ၀ဇတ်ကြောင်းစခဲ့ တာပါပဲ....
မြွေတွေအကြောင်းသိလိုသူမှန်သမျှအတွက် အမြဲတမ်းမမောနိုင်မပန်းနိုင်ပြသ၊ ပြောဆို၊ ရှင်းလင်းနေခဲ့ တဲ့ 
၇ာ့ ခ်ျကူးမားဟာ မြွေဟောက်၊ မြွေပွေးအပါအ၀င် အဆိပ်ပြင်းမြွေများအကိုက်ခံရမှု အနည်းဆုံး၂၉ ကြိမ်အ
ထိရှိခဲ့ ပြီး အသက်မသေပဲ လွတ်မြောက်ခဲ့ သူဖြစ်ပါတယ်...
" ( မြွေကိုက်ခံရလို့ ) အခြေအနေတွေအလွန်ဆိုးခဲ့ တုံးကဆိုယင် သူ့ လက်ချောင်းလေးနှစ်ချောင်းတောင်
ဖြတ်ပစ်ခဲ့ ရပါတယ်..." လို့ ရာ့ ခ်ျကူးမားရဲ့ နှစ်ရှည်လများခင်မင်ခဲ့ တဲ့ သူငယ်ချင်းလည်းဖြစ် သဘာဝသစ်
တောများထိန်းသိမ်းရေးဒုတိယအကြီးအကဲလည်းဖြစ်တဲ့  အေရှန်ကာရန် ကပြောကြားခဲ့ ပါတယ်...
" သူဟာ မြွေတွေကိုဘယ်လိုဖမ်းရမယ်၊ ပြီးတော့ မွေးကင်းစကလေးငယ်များကိုကိုင်တွယ်စောင့် ရှောက်သ
လို မြွေတွေကိုဘယ်လိုစောင့် ရှောက်ရမယ်ဆိုတာ ကျွမ်းကျွမ်းကျင်ကျင်ကိုသိနားလည်ပါတယ်...
ငယ်စဉ်ကျောင်းသားဘ၀တုံးကဆိုယင် သူဟာမြွေတွေကို ကယ်တင်ပြီးတိရိစ္ဆာန်ရုံကိုပို့ လေ့ ရှိပါတယ်...
သူဟာ မြွေတွေကို လူတွေရဲ့ နှိပ်စက်သတ်ဖြတ်မှုဘေးကနေကာကွယ်ချင်နေခဲ့ တာဖြစ်ပါတယ်...
သူ့ ဘ၀တစ်ခုလုံးမြွေတွေအတွက်ပေးဆပ်ထားတာဖြစ်ပြီး မြွေလမ္ပာယ်ပြပွဲအတွက်ငွေဘယ်တော့ မှမယူခဲ့ 
သူလည်းဖြစ်ပါတယ်...
သူ့ ကိုဦးနှောက်ထဲငှက်ဖျားပိုးရောက်တာဖြစ်တယ်လို့ ဆရာဝန်တွေကစမ်းသပ်စစ်ဆေးတွေ့ ရှိခဲ့ ပြီး နှစ်ရက်
ကြာကုသခဲ့ ပြီးနောက် သေဆုံးသွားခဲ့ တာဖြစ်ပါတယ်..." လို့ သူရဲ့ အစ်ကိုဖြစ်သူ အင်ဂျင်နီယာပရာကက်ရှ်
ကပြောကြားခဲ့ပါတယ်...
ရာ့ ခ်ျကူးမားဟာ ထိုမြို့ မှာမြွေများဖမ်းပေးဖို့ တစ်လလျှင် အကြိမ် ၃၀ လောက်အကူအညီတောင်းခံ၊ အခေါ်
ခံရလေ့ ရှိပြီး ကျောင်းများ၊ တက္ကသိုလ်များ နိုင်ငံအနှံ့ မြွေပြပွဲများ အကြိမ်ကြိမ်ပြသခဲ့ ပါတယ်...
သူဟာ အထူးသဖြင့် တောကြီးမြွေဟောက်များကို ချစ်ခင်မြတ်နိုးပြီး သူ့ ကိုလေးစားချစ်ခင်တဲ့ နောက်လိုက်
တပည့် ပေါင်း ၂၀၀ ကျော်ရှိပါတယ်...
" ကျွန်တော်တို့ အနေနဲ့ ( သူသေဆုံးသွားပြီဆိုတဲ့ ) သတင်းကိုလက်ခံနိုင်လို့ မရနိုင်သေးပါဘူး...သူ့ ကိုဂုဏ်
ပြုဖော်ပြဖို့ စကားလုံးတွေနဲ့ တောင်မှမပြည့် စုံပါဘူး..." လို့ သူ့ ရဲ့ တပည့် မြွေဆ၇ာတစ်ဦးဖြစ်သူ ရာဂျူးက
ပြောကြားခဲ့ ပါတယ်...


သေဖို့ အကြောင်းကံဖန်လာယင် ယခင်ကဘယ်လောက်ပဲအန္တရယ်ကြီးမားတာတွေ့ နဲ့ တွေ့ ပြီးလွတ်မြောက်
ခဲ့ လေသမျှ ဘာမဟုတ်တာလေးနဲ့ လည်း သေကြရတာပါပဲ...


He defied fate and survived venomous snake bites innumerable times, but in what can only be described as a bizarre twist that fate had in store for him, K Raj Kumar, one of India's best known ophiologist, fell victim to mosquito bites. President of the Hyderabad-based `Friends of Snakes Society,' Raj Kumar died of complications caused by cerebral malaria at a hospital here on Monday. The killer infection is caused by mosquitoes bites which transfer the deadly virus.
Popularly known as the "snake man of Hyderabad," Raj Kumar'sadventures with the slithery but largely misunderstood creatures was featured in Paul Merton's popular television serial on India. An endearing person who was always accessible to people when they placed SOS calls to him, Raj Kumar was a celebrity in his own right in the city, and elsewhere.
Raj Kumar's first encounter with a snake was when he, as a child, saw a group of people brutally killing a harmless, non-venomous snake that had strayed into their residence. Unable to see reason as to why people killed snakes, Raj Kumar sought answers to his doubts from his mother Joan Kanuri who explained to him why people resorted to killing snakes, which were "beautiful but misunderstood creations of God."
Her words left a lasting impression on the child's mind and when she gifted him a Green Vine Snake, it was the beginning of a long journey of friendship and love for snakes. Raj Kumar, who was always ready to hold demonstrations for anyone interested in knowing about snakes, survived at least 29 bites including that of a cobra and a viper.
"Things turned serious twice and his fingers were amputated," says A Shankaran, deputy conservator of forests and a long-time friend of Raj Kumar.
"Once he was admitted in intensive care unit where 23 doses of anti-venom were given to save his life. He escaped all these but cerebral malaria killed him," he said.

Shankaran goes on to add: "He knew the art of capturing snakes and handled them gently as we handle newborns. As a school boy, he used to rescue snakes and hand over them to the zoo. He wanted to protect them from people. He dedicated all his life for snakes and never took money for his shows." "He was di agnosed of the dis ease and treatment began two days ago but he died on Monday morning," said his brother, Mr K. Prakash, an engineer.
"He was such a loveable man."

Raj Kumar used to attend at least 30 calls a month to rescue snakes in the twin cities. He had also conducted hundreds of shows in schools and institutions across the country. He was particularly fond of the King Cobra. He had at least 200 disciples, who adored him.
"We can't digest the news. There are now words to describe him," says Raju, an aspiring ophiologist.



news@khaleejtimes.com K. Raj Kumar

2 comments:

မိုးယံ said...

ခြင်ကိုက်လို့ သေတဲ့ မြွေဆရာတဲ့လား အဟတ်ဟတ် အဲ ဟုတ်ပေါင်။


မြွေကို ဘုရားသခင်က ဖန်ဆင်းသတဲ့လား... ဘာလုပ်ဖို့ပါလိမ့်... အော် သိပြီ သိပြီ မြေကြီးမှာ တွန့်ပြီးသွားဖို့

သစ်နက်ဆူး said...

တခါတခါ...
သေမင်းဆိုတာ သိပ်ကြီးကြီးကျယ်ကျယ် အကောင်ကြီး
မဟုတ်ဘူးဗျ...
တချို့ ခေတ်မှီတဲ့ သေမင်းဆို
“ နှုတ်ခမ်းဆိုးဆေးလေးနဲ့ ”