Mother leaves husband for stepson - then dumps him for his best friend
Wednesday, January 12, 2011
မျက်နှာမများတတ်သူရယ်ပါ...
သူကတစ်ယောက်၊ သူ့ အယင်ကတစ်ယောက်၊ အဲဒီအရင်ကလူရဲ့ အယင်ကတစ်ယောက်
တတ်လဲတတ်နိုင်၊ ချစ်လည်းချစ်နိုင်လွန်းတဲ့ လေဒီပါပဲ...
မိမိ၏လင်ပါသား ဆယ်ကျော်သက်အရွယ်ကောင်လေး( ခင်ပွန်းဖြစ်သူ၏ယခင်အိမ်ထောင်နှင့်ရသော သား )
နှင့် လိုက်ပြေးသွားခဲ့ သောကလေးသုံးယောက်တို့ ၏မိခင်ဖြစ်သူ အမျိုးသမီးတစ်ဦးဟာ ထိုကောင်လေးကို
လည်း ထားပစ်ခဲ့ ပြန်ကာ ၎င်း၏ အသက် ၂၀ အရွယ်ရှိ သူငယ်ချင်းဖြစ်သူနှင့် တစ်ဖန် လိုက်ပြေးသွားခဲ့ ပြန်
သည်ဟုဆိုပါသည်...
အသက် ၃၅ နှစ်ရှိ ဒေါင်းန်စမစ် ဟာ ခင်ပွန်းဖြစ်သူ အန်ဒရူး ( အသက် ၃၈ နှစ် ) နှင့် လက်ထပ်ခဲ့ တဲ့ လအ
အသက် ၁၈ နှစ်အရွယ်ရှိ ခင်ပွန်းဖြစ်သူရဲ့ ယခင်အိမ်ထောင်မှသားဖြစ်သူ ဘန်ဟာ ကွဲကွာနေခဲ့ တဲ့ ၎င်းရဲ့ ဖ
ခင်ဖြစ်သူကို နာမည်ကျော် လူမှုကွန်ယက် ဖေ့ စ်ဘွတ် မျက်နှာစာကတစ်ဆင့် တွေ့ ရှိကာပြန်လည်ဆက်
သွယ်နိုင်ခဲ့ ပြီး ( နောက်မိန်းမနှင့် လက်ထပ်ထားတဲ့ ဖခင်ဖြစ်သူထံပြန်လည်ရောက်ရှိနေထိုင်ခဲ့ ရာမှ ) ထို
အမျိုးသမီး ( မိထွေးဖြစ်သူ ) နှင့် ချစ်ကျွမ်းဝင်ကာချစ်မေတ္တာတွေဖလှယ်ခဲ့ မိကြတာဖြစ်ပါတယ်...
ယခုအခါ အရာရာဟာ သူမနှင့် ၎င်းတို့ သားအဖအတွက် မည်ကဲ့ သို့ ဖြစ်ပျက်ပြီးဆုံးသွားခဲ့ ပုံ၊ သူမအနေနှင့် 
လင်ပါသားဖြစ်သူ ဘန် ကို၎င်း၏ သူငယ်ချင်း မာ့ ခ်ဒွန်နစ်ဆင် နှင့် ထပ်မံပြီးရွှေလက်တွဲဖို့ အရေး စွန့် ပစ်လဲ
လှယ်ခဲ့ ပုံတို့ ကို ပန်းစားဘီလူးမ ဒေါင်းန်  ကရှင်းပြခဲ့ ပါတယ်...
" ဘန်နဲ့ ကျွန်မတို့ ဟာ တစ်ဦးကိုတစ်ဦး ချစ်ခဲ့ ကြပေမယ့် အဆုံးတော့ အတူတူဆက်ပြီးနေကြဖို့ ဆိုတာ
တော်တော်ခက်ခဲခဲ့ ရပါတယ်..." လို့ သူနာပြုလက်ထောက် မစ္စဒေါင်းန် ကပြောပြခဲ့ ပါတယ်...
" အင်ဒရူးဟာ ကျွန်မတို့ ကိုဘယ်တော့ မှခွင့် မလွှတ်၊ စကားမပြောခဲ့ လို့ အလွန်စိတ်ထိခိုက်၊ ပူဆွေးခဲ့ ရပါ
တယ်...ဘန် ကသူ့ သားဖြစ်သလို၊ ကျွန်မကလည်း သူနဲ့ ရတဲ့ ကလေးသုံးယောက်တို့ ရဲ့ မိခင်၊ သူ့ ရဲ့ ဇနီး
ဟောင်းလည်းဖြစ်ပါတယ်... ကျွန်မတို့ ရဲ့ ဘ၀ဟာ အစကတည်းက ကြမ္မာငင်ခဲ့ တယ်လို့ ဆိုရမလိုပါပဲ...
မာ့ ခ် ကလေးကိုချစ်မိသွားခဲ့ ရတာဟာလည်း ကျွန်မကြိုတင်မသိနိုင်ခဲ့ တဲ့ ကံတရားတစ်ခုပါပဲ...အခုတော့ 
( မာ့ ခ် ကလေးနဲ့ ) ကျွန်မရဲ့ ဘ၀ဟာ ပြည့် စုံသွားပါပြီ...
ဘန် နဲ့ ကျွန်မတို့ ဟာ လွန်ခဲ့ တဲ့ နှစ် ခရစ်စမတ်ကာလ ကပဲကွဲကွာခဲ့ကြပြီးဖြစ်ပါတယ်...
ဘန်က ကျွန်မကို ( သူ့ ရဲ့ သူငယ်ချင်း ) မာ့ ခ် ရဲ့ ဓါတ်ပုံပြခဲ့ ပြီး တစ်နေ့ မှာတော့ မမျှော်လင့် ပဲ မာ့ ခ် ဆီက
ဖုံးမက်ဆေ့ ခ်ျ စာသားတစ်ခုလက်ခံရရှိခဲ့ ပါတယ်...
ကျွန်မဖြင့် လေထဲမြောက်သွားသလိုတောင်ခံစားခဲ့ လိုက်ရပြီး သူနဲ့ စကားတွေပြော၊ စာတွေရိုက်ပြီး ပို့ ခဲ့ ကြ
ပါတော့ တယ်...
သူကကျွန်မကို သူ့ ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀တွေကိုရင်ဖွင့် ပြောပြခဲ့ ပါတယ်...ကျွန်မကလည်း စာနာမှုအ
ပြည့် နဲ့ နားထောင်ပေးခဲ့ လို့ သံယောဇဉ်တွေဖြစ်ခဲ့ ကြရတာပါ...
အဲဒီနောက်တော့ နှစ်ယောက်သား တွေ့ ဆုံကြဖို့ စီစဉ်ခဲ့ ပါတယ်...ကျွန်မတို့ နှစ်ယောက်ဟာ မြင်မြင်ချင်းပဲ
( မြင်းမြင်းချင်း နွားနွားချင်း ) ချစ်သွားမိခဲ့ ကြပါတော့ တယ်...
ပထမဦးဆုံးရင်ခုန်နှုတ်ဆက် အနမ်းကိုက လှိုက်မောစရာ၊ အံ့ သြစရာပါပဲ...အဲဒီကတည်းက ကျွန်မတို့ နှစ်
ယောက်ဟာ ဖူးစာစုံဖို့ ကံကြမ္မာကဖန်တီးခဲ့ ပြီဆိုတာသိခဲ့ ပါတော့ တယ်...
သူ့ ကိုနှစ်ပေါင်းများစွာရင်းနှီးကျွမ်းဝင်နေသလိုကို ခံစားရပါတယ်..." လို့ သူမက ဆိုခဲ့ ပါတယ်...
အံ့ သြစရာကောင်းလှစွာပင် ဘန် ဟာ ၎င်းတို့ နှင့် မိတ်ဆွေသူငယ်ချင်းအဖြစ် ဆက်ရှိနေခဲ့ ပြီး သူတို့ သုံးဦး
သား ယော့ ခ်မြို့ မှာပင် အတူတည်းခိုနေထိုင်၊ လည်ပတ်ခဲ့ ကြပါသေးတယ်....
" ကျွန်မတို့ က ဘန် ကို ငါတို့ ဟာခွဲမရတဲ့ ချစ်သူတွေဖြစ်နေပြီလို့ ပြောလိုက်တော့ သူကလည်းထူးထူးခြား
ခြား သဘောတူပါတယ်....သူကအဲဒါကို သူသိကြောင်း၊ သူ့ မှာရှေ့ အလားအလာ ဘာမှမရှိတာမို့ ကျွန်မနှင့် 
မာ့ ခ် တို့ ဆုံစည်းကြတာကောင်းပါတယ်လို့ ဆိုပါတယ်..."  လို့ သူမကပြောကြားခဲ့ ပါတယ်...
မေလမှာတော့ မာ့ ခ်ဟာ ဒေါင်းနဲ့ အတူ သူမရဲ့ သားကလေးများဖြစ်သည့် အသက် ၁၃ နှစ်ရှိရီဘက်ကာ၊ အ
သက် ၁၄ နှစ်ရှိ အမွှာကလေးများဖြစ်ကြသည့် ဟယ်ရီနှင့် အဘီဂေးလ် တို့ နှင့် အတူနေဖို့ ပြောင်းရွှေ့ လာခဲ့ 
ပါတော့ တယ်...
" သူဟာ တစ်ကယ့် ဖခင်အရင်းအချာလို့ ပါပဲ...တော်လည်းတော်တယ်၊ ကလေးတွေကလည်းသူ့ ကိုချစ်ပါ
တယ်...လူတွေကတော့ တော်တော်ထူးဆန်းတယ်လို့ ထင်ကြမှာပါပဲ...ဘန်တောင်ကျွန်မတို့ နဲ့ ဒီနွေမှာ လ
အတန်ကြာလာနေသွားခဲ့ ပါသေးတယ်...ဘာမှကသိကအောင့် ဖြစ်မနေခဲ့ ပါဘူး...
ရီဘက်ကာ၊ အဘီဂေးလ်နဲ့ ဟယ်ရီတို့ နဲ့ ဘန် ဟာ ဖအေတူ၊မအေကွဲမောင်နှမတွေဖြစ်ကြလို့ သူတို့ အနေနဲ့ 
အတူနေနိုင်ဖို့ ၊ ဆုံတွေ့ နိုင်ဖို့ အခွင့် အရေးလည်းရှိကြပါတယ်လေ...." လို့ သူမကဆိုခဲ့ ပါတယ်...
သြော်....
ငယ်ငယ်ကဖတ်ခဲ့ ဖူးတဲ့ ကာတွန်းသော်ကရဲ့ ကာတွန်းဇတ်လမ်းတစ်ပုဒ်အမှတ်ရမိတယ်...
ချစ်လွန်းသူတဲ့....
အဲဒီဇတ်လမ်းက ဇတ်လိုက်ကတော့ ခွေးတစ်ကောင်အကြောင်းရေးထားတာပါပဲ...
အခုလည်း သိပ်တော့ မထူးပါဘူး...ဖအေတူအအေကွဲမောင်နှမတော်၇မယ့် သူက ပထွေးလည်းဖြစ်နေခဲ့ 
ပြန်သေးတယ်...
ပြီးတော့ သားအဖြစ်နဲ့ လာပြန်လည်ပြီးနေနိုင်သေးတယ်...
ခက်လဲခက်၊ တတ်လည်းတတ်နိုင်တဲ့ လူနေမှုစရိုက်နဲ့ နေနိုင်ကြတဲ့ လူတွေပါပဲ...
့A mother-of-three who ran off with her teenage stepson has dumped him - for his 20-year-old best friend. Dawn Smith, 35, left husband Andrew, 38, for his son Ben just months after meeting him. The pair became lovers after Ben, 18, tracked down his estranged dad on Facebook after years of separation.
Dawn has now told how it is now over ... and how she has exchanged Ben for his friend Mark Donnison. "Ben and I loved each other but in the end it was just too difficult to stay together," says care assistant Dawn. "Andrew never came to terms with it and gave us too much grief. Ben's his son and I'm his ex-wife and the mother of his other three children. I suppose it was doomed from the start. Falling in love with Mark was something I didn't see coming. But now my life is perfect.
 "Ben and I split last Christmas," adds Dawn. "Ben showed Mark my picture and one day I got a text from Mark out of the blue. I was flattered and we started chatting. He confided in me about his tough upbringing. I'm a good listener and we just seemed to click. We arranged to meet and it was love at first sight. Our first kiss was amazing. I knew straight away that we were destined to be together. It felt like I had known him for years." Bizarrely, Ben has remained friends with Dawn and Mark and all three share nights out in York.
Dawn says: "We told Ben that we were an item and he was surprisingly good about it. He said he knew that he and I had no future and that me ending up with Mark was great." In May this year, Mark moved in with Dawn and her children - Rebecca, 14, and twins Harry and Abigail, eight. "He became a father figure," she says. "He's brilliant at it too. The kids love him. People will think it's bizarre, but Ben even lived with us for a few months this summer," she says. "It wasn't at all awkward. Don't forget, Rebecca and Abigail and Harry are Ben's half brother and sisters - it gave them all a chance to be together!"
4 comments:
အင်္ဂါဟူး said...
အိုး... တတ်လဲ တတ်နိုင်လိုက်တာကွယ်.. ဖတ်ရင်းနဲ့ မူးနေပြီ။
Anonymous said...
အောင်မလေး..ရှုတ်နေတာပဲနော်...တော်တော်ချစ်တတ်တဲ့ဒီမိန်းမကို သံခြစ်နဲ့ ခြစ်ပေးလိုက်အုံးမယ်...ငါနော်...
rose said...
ဖတ်ပြီး စိတ်ညစ်သွားတယ် ကိုပီတာရေ... အဲ့လို လူမျိုးတွေ တကယ် ရှိတယ်လား။ ရှက်စရာကြီးနော်။ ပိာု ယောက်ျားလေး (အရင်အိမ်ထောင်နဲ့ ပါတဲ့သား)က အသက် ၁၈ နှစ်ပဲ ရှိသေးတာကိုး။ Underage ဖြစ်နေရင် ထောင်ကျဦးမယ်၊ နံမည် ပျက်ဦးမယ်။
Unknown said...
အဲဒါကျွန်မအထင်အစ်ကိုလဲသိမယ်ထင်ပါတယ်၊
အမေရိကန်ရိုက်တဲ့blueကားနဲ့ဆိုင်မယ်လို့ထင်ပါတယ်။
သူတို့တွေတစ်ကယ်ကိုခွေးဆက်ခင်းလို့အားမရဘူ။
ခွေးတွေနဲ့ဖြစ်တဲ့ဟာကိုတောင်အင်တာနက်ပေါတင်ပါတယ်။
စိတ်ကိုဖြတ်သန်းတဲ့အရာအားလုံးကစိတ်ကိုသိပ်ပင်ပန်းစေပါတယ်။ကမ္ဘာမှာဖြစ်ပျက်နေတဲ့အရာတွေဘာသာ
ပြန်ပေးတဲ့အစ်ကိုကျေးဇူးတင်ပါတယ်။အင်္ဂလိပ်စာကိုလဲ
ကြိုးစားပြီးဖတ်ပါတယ်။ အစ်ကိုကျန်းမာပြီးပိုစ်များများတင်
နိုင်ပါစေ။နေ့တိုင်စောင့်ဖတ်နေပါတယ်