New Sega Toylet Lets You Play with Your Pee
Sunday, January 23, 2011
အပေါ့ သွားယင်း ဆော့ ကစားနိုင်မည့် ဗီဒီယိုဂိမ်း...
အပေါ့ သွားယင်းဆော့ကစားနိုင်မည့် ဆီဂါဗီဒီယိုဂိမ်း စနစ်တစ်မျိုးကို ဂျပန်နိုင်ငံမှ ဆီဂါကော်ပိုရေးရှင်းကတီ
ထွင်ဖန်တီးထုတ်လုပ်ခဲ့ ပါတယ်...
အထူးအဆန်းတွေကိုမှ လုပ်တတ်တဲ့ ကိုရွှေဂျပန်တွေအတွက်ကတော့ တစ်မျိုးပြီးတစ်မျိုးမ၇ိုးနိုင်ရလောက်
အောင်ပါပဲမဟုတ်လား ....( ယခင်ကလည်း အိမ်သာတက်နေစဉ် မနှစ်မြို့ ဖွယ်အသံများကိုဖုံးလွှမ်းသွားစေ
နိုင်ရန် အိမ်သာအတွင်း တေးဂီတသံစဉ်များပေါ်ထွက်နေမည့် နည်းစနစ်တစ်မျိုးလည်း တီထွင်ခဲ့ ပါသေး
တယ်...)
သမားရိုးကျ ဗီဒီယိုဂိမ်းကစားနည်းတွေကိုလူကြိုက်များအားပေးနေကြတာမို့ ဂျပန်နိုင်ငံမှ ဗီဒီယိုဂိမ်းအဓိက
တီထွင်သည့် ကုမ္ပဏီကြီးအနေနှင့် မည်သူမျှမကြံစည်နိုင်သေးသည့် ရေအိမ်သုံး ကစားနည်းကိုတီထွင်ကြံ
ဆခဲ့ ခြင်းဖြစ်ပါတယ်...
တစ်ချို့ သူများက အပေါ့ အပါးသွားယင်း စိတ်ကူးတည့် ရာဟိုဟိုသည်သည် ရွှေပြွန်ကရေသွန်တတ်ကြသလို
တစ်ချို့ စိတ်ကောင်းစေတနာရှိသူများကလည်း ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ဆိုသလို အပေါ့ သွားယင် အိမ်
သာကြွေအိုး၊ အပေါ့ စွန့် ကြွေအိုးတစ်ဝိုက်မှပေကျံနေသည်များကို ပက်ဖြန်းသန့် စင်ပေးတတ်ကြတာမို့ ယခု
ကဲ့ သို့ ထိုအမူအကျင့် များကိုအခြေခံပြီး ဗီဒီယိုဂိမ်းတစ်မျိုးတီထွင်နိုင်ခဲ့ ခြင်းဟာ မိုက်မဲမှုတစ်ခုတော့  မ
ဟုတ်နိုင်ပါဘူး...
ဆီဂါ အပေါ့ သွား၊ ဆော့ ကစားတဲ့ ဗီဒီယိုဂိမ်းဟာ အပေါ့ စွန့် ကြွေအိုးတွင် ဖိအားတန်ပြန်အာရုံခံကိရိယာ
တစ်ခု အချက်ကျစွာတတ်ဆင်ထားပြီး ထိုအာရုံခံကိရိယာမှတစ်ဆင့် ဗီဒီယိုဂိမ်းဆီသို့ အချက်အလက်များပေး
ပို့ ပြသနိုင်ရန်စီစဉ်ထားပါတယ်...
ထိုနည်းပညာတွင် အပေါ့ သွားယင်းအပျင်းပြေဆော့ ကစားနိုင်ရန် ကစားနည်းလေးမျိုးပါဝင်ပါတယ်...
အပေါ့ သွားယင်းအပျင်းပြေ အရုပ်ကလေးတွေ ဖျက်လို့ ရတယ်နော်...
Graffiti eraserး ဒီကစားနည်းကတော့ ရွှေပန်းကရေဖြန်းသူဟာ၎င်း၏ရေပန်းဖြင့် ဖန်သားပြင်ပေါ်မှ ပုံရိပ်
ယောင်များ ( ရုပ်ပုံလေးများ ) ကိုဖျက်နေသလိုဖြစ်မှာမို့ လိုရာစေညွှန်းနိုင်ဖို့ ရွှေပန်းနဲ့ ရေဖြန်းမှုကိုထိန်းချူပ်
စေစားနိုင်ရမှာဖြစ်ပါတယ်...
The North Wing and Herး ဒီကစားနည်းကတော့ သင့် ရဲ့ ရေဖြန်းအားအကြီးအသေး၊ အပြင်းအပျော့ ပေါ်
မူတည်ပြီး သင့် ရှေ့ ဖန်သားမျက်နှာပြင်ပေါ်က ဂါဝန်ဝတ်ကောင်မလေးရဲ့ ဂါဝန်ကို ပင့် တင်ကာ သင့် ကိုအ
သက်ရှူမားစေမှာဖြစ်ပါတယ်...
မီးသတ်ပိုက်လား သင်္ကြန်ရေပြွတ်လားဆိုတာ သိရမယ်...
Milk from Noseး  ဒီကစားနည်းမှာဆိုယင် ကစားသူတစ်ဦးထက်မကပိုမိုပါဝင်နိုင်ပြီး သင့် ရှေ့ ကအသုံးပြု
သွားသူရဲ့ ရေဖြန်းအားနှင့် သင့် ရဲ့ စွမ်းပကားရေဖြန်းအားတို့ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်...
ပုံထဲမှာတော့ လူနှစ်ယောက် ၎င်းတို့ ရဲ့ နှာခေါင်းပေါက်ထဲမထွက်လာတဲ့ နွားနို့ များနဲ့ ကွင်းတစ်ခုကို သူနိုင်
ကိုယ်နိုင်အပြိုင်ကြဲကာတွန်းနေပုံကိုမြင်တွေ့ ရှုစားယှဉ်ပြိုင်ရမှာဖြစ်ပါတယ်...
များများသောက်ယင်တော့ များများပေါက်မှာပေါ့ ...
Mannekin Pisး ဒီကစားနည်းကတော့ ဘရပ်ဆယ်မြို့ ကနာမည်ကျော် ရွှေပြွန်ကရေသွန်နေတဲ့ ကောင်က
လေးရုပ်ထု ရဲ့ အမည်ပေးထားတာဖြစ်ပါတယ်...
သင့် ရဲ့ ဘီယာသောက်ပြီးရှူရှူပေါက်နိုင်တဲ့ ပမာဏ အနည်းအများကို တိုင်းတာသတ်မှတ်ကစားနိုင်မှာဖြစ်
ပါတယ်...
ဆီဂါ ရေအိမ်သုံးဗီဒီယိုဂိမ်းများကို ဇန်န၀ါရီလ ၃၁ ရက်နေ့ အထိ ဂျပန်နိုင်ငံရဲ့ သတ်မှတ်ထားသည့် ဆိုင်များ
မှာဝယ်ယူရရှိနိုင်ပါသေးတယ်...
ဂျပန်နိုင်ငံမှတီထွင်ထုတ်လုပ်သူကတော့ ပျော်ရွင်ဖွယ်ရာရေအိမ်သုံးအဆိုပါ ဗီဒီယိုဂိမ်းများကို အမြောက်အ
များထုတ်လုပ်ဖို့ အစီအစဉ်မရှိသးပါဘူးလို့ ထုတ်ပြန်ကြေငြာခဲ့ ပေမယ့် ဂျပန်ဆိုတာကလည်း လူကြိုက်များ
ယင်ဘာမဆိုလုပ်တတ်တာမို့  ဆက်လုပ်ထုတ်လုပ်မယ်၊ မလုပ်ဘူးဆိုတာကတော့ အသေအချာပြောလို့ မရ
နိုင်ပါဘူး...
စိတ်မကောင်းစရာတစ်ခုကတော့ ယခုကစားနည်းဟာ အမျိုးသားများအတွက်သာဖြစ်ပြီးအမျိုးသမီးများ
ပါဝင်ယှဉ်ပြိုင်လို့ မရပါဘူး...
မဖြစ်မနေပါဝင်ချင်တယ်ဆိုယင်တော့ ယခင်က ဖေါ်ပြခဲ့ ဖူးတဲ့ တရုတ်ပြည်က အမျိုးသမီးသုံး မတ်တပ်ရပ်အ
ပေါ့ သွားအိမ်သာမှာသုံးတဲ့ ကိရိယာနဲ့ မှပဲအဆင်ပြေနိုင်ပါလိမ့် မယ်...
ကြံကြံဖန်ဖန်လည်းတီထွင်တတ်တဲ့ ဂျပန်များပါပဲ...
The SEGA Corporation has released a wacky toilet prototype, called SEGA Toylet, that lets you play video games with your urine stream. Just when you thought Japanese toilets couldn’t get any weirder, right?
Since the conventional gaming industry is getting pretty crowded these days, Japanese video gaming giant decided to try its luck in a whole new, untapped niche – toilet gaming. It actually isn’t s stupid as it sounds; whether they try to clean the toilet bowl with their stream, or aim it at a certain point, for some reason guys can’t help play with their urine stream, so why not capitalize on that?
The SEGA Toylet features a pressure sensor strategically placed in the public urinal, and a small display that shows the data from the sensor in the form of video games. So far, SEGA has come up with four games for their toilet entertainment system:
  • Graffiti eraser – in which…”gamers” have to control their urine stream to erase virtual graffiti drawings on the display;
  • The North Wing and Her – in which your urine is displayed as a horny little wind trying to blow the dress off a girl;
  • Milk from Nose – a multiplayer video game that compares the strength of the person’s urine stream strength to that of the previous user. The animation features two guys blowing milk out of their noses trying to push each other out of a ring;
  • Mannekin Pis – named after the famous sculpture of a boy peeing, in Brussels, this game shows the user how much liquid he urinated.
SEGA Toylets are currently available at select locations across Japan, until January 31st. The Japanese developer stated it has no concrete plans to mass produce these funny toilets, but it’s Japan, so you never know.
2 comments:
Anonymous said...
အောင်မလေး အလကားနေမပြိုင်နိုင်ပေါင်...အကိုတော်တို ဘလော့ဂါများဂျပန်သွားပြီး စုပြိုင်ကြပါလား ...ဟိဟိ
ကိုဇော် said...
ကျနော့် အသိတစ်ယောက် ရှိတယ်ဗျ။
အင်းစိန်ဇာတိပေါ့။ သူက ဆီးပြင်းချက်ကတော့ ပေ ၂၀ ကျော်လောက်ကို ရောက်တယ် ဆိုပြီး ပြောလို့ မယုံကြဘူး။ နောက်တော့မှ ယုံရတော့တယ်။ မယုံလို့ လောင်းသူတိုင်း ရှုံးကြတာကိုး။ တကယ်လည်း အားပြင်းပြီး ဝေးဝေးကို ရောက်တယ်ဗျို့။။