Chinese computer geek has fitting headstone
Sunday, January 9, 2011
နောက်ဆုံးထွက်သက်အထိချက်(chat)နေခဲ့ သူအတွက်ဂုဏ်ပြုလက်ဆောင်... 
တရုတ်နိုင်ငံမှ ကွန်ပြူတာသရဲ၊ ကွန်ပြူတာအင်တာနက်စွဲလမ်းလွန်းသူ ဟူချွမ်းတစ်ယောက် အွန်လိုင်းပေါ်
တွင် သူငယ်ချင်းများနှင့် အီးလ်မေးအဆက်အသွယ်ပြုလုပ်နေစဉ် ( ချက်နေတာလည်းဖြစ်နိုင်ပါတယ်...)
သေဆုံးသွားခဲ့ ရပြီးနောက် အဆုံးစွန်ဆုံးသော အရာ i-Bod ( Informative Body  အင်တာနက်မသာ )
ဖြစ်သွားခဲ့ ရပါတော့ တယ်...
တရုတ်နိုင်ငံအနောက်အတောင်ပိုင်း၊ ချူံကင်းပြည်နယ်မှ အသက် ၂၆ နှစ်အရွယ်ရှိ ချွမ်းဟာ ကွန်ပြူတာ အင်
တာနက်ကို အစွဲအလမ်းကြီးလွန်းတာမို့ သူ့ ရဲ့ မိသားစုဟာသူ့ အုတ်ဂူပေါ်မှာကွန်ပြူတာစက်တစ်စုံပုံသဏ္ဍာန်
ကို ကျောက်သားနဲ့ ထွင်းထုပြီး သူ့ မွေးနေ့ ၊ ကွယ်လွန်တဲ့ နေ့ ရက်ခုနှစ်များပါ ရေးသွင်းပေးခဲ့ ကြပါတယ်...
 အသက်ထက်ဆုံးတိုင် အင်တာနက်နဲ့ ချစ်နေမယ်...
အုတ်ဂူပြုလုပ်သူကျောက်ထွင်းဆရာတွေဟာ ကြေကွဲဝမ်းနည်းဖွယ်သေဆုံးခဲ့ ရတဲ့ သူ့ ရဲ့ ပုံတူနှင့်တစ်ကွ
" သူ့ ရဲ့ မိဘများဟာ သူ့ အီးလ်မေးလိပ်စာကိုဆက်လက်ဖွင့် ပေးထားပြီး ဆွေမျိုးရင်းချာများနှင့် မိတ်ဆွေသူ
ငယ်ချင်းများကို သူ့ ဆီအီးလ်မေးများဆက်လက်ပို့ ပေးနေဖို့ တိုက်တွန်းခဲ့ ပြီး ၎င်းတို့ သားဖြစ်သူအနေနဲ့ တစ်
မလွန်ဘ၀ကနေ အဆိုပါ အီးလ်မေးများကို ဖတ်နိုင်ကောင်းဖတ်နိုင်နေမှာပါလို့ လည်းပြောကြားခဲ့ တယ်...."
လို့  မိသားစုမိတ်ဆွေတစ်ဦးက ပြောကြားခဲ့ ပါတယ်...
ကဲ....
ဂျီတော့ ခ် ပေါ်မှာ ထမင်းမစားဟင်းမစား၊ မအိပ်မနေချက်နေသူများအတွက်လည်း နောက်ဘ၀အထိဆက်
ချက်နိုင်အောင်ဖန်တီးပေးမယ်နော်....
Computer geek Hu Chuang got the ultimate i-Bod - after he died at his screen while emailing friends.
Chuang, 26, from Chongqing, south west China, was so potty about computers his family had a headstone carved for him in the shape of a monitor giving his dates of birth and death.
Stonemasons also included a keyboard and a mouse with a picture of tragic Chuang to complete the tombstone tribute.
"His parents kept his email address open and encouraged friends and family to keep sending him emails because, who knows, maybe he can read them on the other side," said one family friend.
3 comments:
kiki said...
ကိုပါတီကြီး လည်း ဂလောက် အစွဲအလန်းမထားပါနဲ့။
.. လိုရမယ်ရ .. ကိုပါတီကြီး ရဲ့  အီးမေးလ်အကောင့်လေးသိချင်ပါတယ် ။မေးလ်တွေ ဆက်ပြီး ပို့ ပေးနိုင်အောင် လို့ ပါ ။
သစ်နက်ဆူး said...
နောက်ဘ၀ထိချက်တာကို ဘာချက်လို့ ခေါ်မလဲ..
မသာချက်..
အသုဘချက်..
တစ္ဆေချက်....း)
Anonymous said...
ကိုကြီးရေ...Facebook လေးများရှိရင် တမလွန်ဘ၀ကပုံတွေ တင်ခိုင်းလိုက်ပါအုံး...