South Korea buries one million pigs alive

Wednesday, January 12, 2011

ကပ်သင့် နေတဲ့ တောင်ကိုရီးယားက ၀က်များ.... 

တိရိစ္ဆာန်များ၏ခြေထောက်လက်ထောက်၊ပါးစပ်ပေါက်များတွင်ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများပြန့် နှံ့ 
မည့် အရေးကို ထိန်းချူပ်နိုင်ရန်ကြိုးပမ်းနေခဲ့ ရသည့် တောင်ကိုရီးယားနိုင်ငံသည် ၀က်အကောင်ရေ တစ်
သန်းအထိ အရှင်လတ်လတ်မြေမြုပ်သတ်ဖြတ်ခဲ့ သဖြင့် အပြင်းအထန်ဝေဖန်ပြစ်တင်ခံနေခဲ့ ရပါတယ်...

ထိုခြေထောက်လက်ထောက်၊ ပါးစပ်ပေါက်ရောဂါ ပထမဦးဆုံးစတင်ဖြစ်ပွားခဲ့ ကြောင်းအတည်ပြုပြောဆိုခဲ့ 
သည့်နိုဝင်ဘာလမှစတင်ပြီး တိုင်းပြည်တစ်လွှား ၀က်သတ်ပွဲကြီးခြိမ့် ခြိမ့် သည်းကျင်းပခဲ့ တာဖြစ်ပါတယ်...
အဆိုပါရောဂါဟာ ကျွဲ၊နွား၊ ဆိတ်၊ သိုး၊ ၀က် အစရှိသည့် ခွာပါရှိသောတိရိစ္ဆာန်များတွင်ဖြစ်ပွားတတ်ပြီး ထို
ရောဂါပြန့် ပွားသည့်မည်သည့်နိုင်ငံမဆို တိရိစ္ဆာန်အသားများပြည်ပသို့ တင်ပို့ ရောင်းချခွင့် မရှိပါဘူး...

ဓါတ်မလိုက်ပဲ ကပ်ဆိုက်တဲ့ ဝက်တွေ...

ယခုအထိတော့ တောင်ကိုရီးယားအစိုးရဟာ ၀က်များကိုရောဂါကာကွယ်ဆေးထိုးရန်ငြင်းဆန်နေခဲ့ ပြီး ထို
ကဲ့ သို့ ( အကြင်နာတရားကင်းမဲ့စွာ အရှင်လတ်လတ်မြေမြုပ်ပြီးမသတ်ရန် ) သတ်ဖြတ်ခြင်းအားရပ်ဆိုင်းရန်
တောင်းဆိုတိုက်တွန်းခဲ့ သော်လည်း စံချိန်တင်လောက်သည့် အရေအတွက်ရှိ ၀က်များအား ဆက်လက်ပြီး
သတ်ဖြတ်လျှက်ရှိနေပါတယ်...
ဇန်န၀ါရီလ ၄ ရက်နေ့ မှာ ဂန်ဝမ်ဒူး အရပ်ဒေသတစ်ခုတည်းတင် ၀က်ပေါင်း ၃၃၉၀၀ ကိုမြေမြုပ်ပြီးသတ်
ပစ်ခဲ့ တယ်လို့ ကမ္ဘာ့ တိရိစ္ဆာန်များကျန်းမာရေးဆိုင်ရာအဖွဲ့ ကြီးကဆိုပါတယ်...

မွေးမြူရေးတိရိစ္ဆာများအားသနားကြင်နာခြင်းအဖွဲ့ ကတော့ တောင်ကိုရီးယားနိုင်ငံ၏ အကြင်နာကင်းမဲ့သည့်
ယခုလုပ်ရပ်ဟာ နိုင်ငံတစ်ကာ စံချိန်၊ စံညွှန်းများနှင့်မကိုက်ညီပဲ ဆန့် ကျင်နေတယ်လို့ ပြောကြားခဲ့ ပါတယ်။
အဆိုပါအဖွဲ့ အစည်းမှ မီရှဲလ်ဒါနန်က " ရေဂါကာကွယ်ဆေးထိုးခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်၊
အကယ်၍မဖြစ်မနေသတ်ဖြတ်ပစ်ရမယ်ဆိုယင်တောင်မှ သူတို့ အနေနဲ့ လူသားဆန်ဆန်ကိစ္စတုံးပစ်သင့် ပါ
တယ်..." လို့ ပြောကြားခဲ့ ပါတယ်...
ယခုကဲ့သို့ သတ်ဖြတ်ခဲ့ ရခြင်းကြောင့် ဆုံးရှုံးမှုတန်ဖိုးဟာ ပေါင်စတာလင် ၂၃ သန်း (ဒေါ်လာ ၃၄ သန်း)
ရှိလိမ့် မယ်လို့ ခန့် မှန်းကြပြီးကာကွယ်ဆေးထိုးမည်ဆိုပါက ပေါင်စတာလင် ၆၃ သန်း (ဒေါ်လာ ၉၅.၅သန်း)
ခန့် ကုန်ကျမှာဖြစ်တယ်လို့ ခန့် မှန်းတွက်ချက်ထားကြပါတယ်...
တိရိစ္ဆာများအခွင့် အရေးဆိုင်ရာ စည်းရုံးလှုံ့ ဆော်သူများက တောင်ကိုရီးယားအစိုးရဟာ စီးပွားရေးအရအ
ကျိုးအမြတ်ကို တိရိစ္ဆာန်များရဲ့ အကျိုးထက်ပိုပြီး ဦးစားပေးခဲ့ တယ်လို့ ဝေဖန်ပြောကြားခဲ့ ပါတယ်...

စွပ်ပြုပ်မဖြစ်ပေမယ့် ဇွတ်မြုပ်ပစ်ခံကြရပြီ....

ယခုကဲ့ သို့ ဝက်များအားအရှင်လတ်လတ်မြေမြုပ်ခဲ့ ခြင်းကို ခရစ်စမတ်ကာလကပင်စတင်ခဲ့ တာဖြစ်တယ်
လို့ ယုံကြည်ရပြီး စုစုပေါင်းအကောင်ရေတစ်သန်းကျော်အထိ များပြားလာခဲ့ ပြီဖြစ်ပါတယ်...
တိရိစ္ဆာန်ချစ်သူများအဖွဲ့  ( ကြင်နာသနားတယ်ဆိုတော့ ချစ်လို့ ပေါ့ ဗျာ...) ရဲ့ ဆက်ဆံရေးညွှန်ကြားရေး
မှူး ဂျွိုက်စ်ဒီဆေးလ်ဗား က " တိရိစ္ဆာများကြင်နာသနားရေးအဖွဲ့ အနေနှင့် တောင်ကိုရီးယားသမ္မတနိုင်ငံ
၏ သက်များအားကျင်းများထဲသို့ အရှင်လတ်လတ်ပစ်ထည့်ပြီးမြေမြုပ်သတ်ဖြတ်ခဲ့သည်ဟုဆိုခြင်းအပေါ်အ
လွန်တရာမှ အံ့ သြတုန်လှုပ်ရပါကြောင်း ၊ ယခုကဲ့ သို့ ပြုမူခြင်းဟာ တိရိစ္ဆာန်များအား လူသားဆန်စွာသတ်
ဖြတ်စေရန်ညွှန်ကြားထားသည့်နိုင်ငံတစ်ကာစံချိန်၊စံညွှန်းများနှင့် ဆန့် ကျင်နေကြောင်း၊ ထိုမူဝါဒအချက်အ
လက်များကိုလည်း လွန်ခဲ့ သည့် ငါးနှစ်ခန့် က တောင်ကိုရီးယားနိုင်ငံအနေနှင့် သဘောတူထောက်ခံခဲ့ တာ
ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ အနေဖြင့် ယခုကဲ့ သို့ စက်ဆုပ်ရွံရှာ၊ အော့ နှလုံးနာဖွယ်ကောင်းသည့် လုပ်ရပ်ကို ရပ်
ဆိုင်းဖို့ တောင်ကိုရီးယားအစိုးရကိုတိုက်တွန်းပါကြောင်း၊ အကယ်၍သတ်ဖြတ်ရသည်ဆိုလျှင်တောင်မှတိ
ရိစ္ဆာန်များကို စာနာသနားပြီး သက်သက်ညှာညှာဖြင့် သတ်ဖြတ်ဖို့ သေသေချာချာစီစဉ်သင့် ပါတယ်..." လို့ 
ပြောကြားခဲ့ ပါတယ်...

အရှင်လတ်လတ်ကြီးမြေမြုပ်ပစ်တာကတော့ ရက်စက်လွန်းပါတယ်....
ကံကောင်းလို့  " ၀ " တို့ ပြည်မှာ အဲဒီရောဂါမဖြစ်တာ...
နို့ မို့ သူများတိုင်းပြည်တွေဆီ နွားမရွှံ့ ပိတ်ပြီးရောင်းဦးမှာ...
ဘယ်နိုင်ငံကိုလဲဆိုတာတော့ ပြောဖို့ တောင်လိုမယ်မထင်...

South Korea has been heavily criticised for burying up to one million pigs alive as it grapples with a foot and mouth disease outbreak. Since the first case of the disease was confirmed in November the country has embarked on a mass cull. Foot and mouth disease affects all cloven hoofed animals such as pigs, cattle and goats, and any country that has cases of it is unable to export the animals' meat.
The South Korean government has so far refused to vaccinate pigs against the disease and is now slaughtering them in record numbers despite appeals to stop. On January 4 in one area of Gangwon-Do, 33,900 pigs alone were destroyed, according to the World Organisation for Animal Health (OIE). Compassion in World Farming (CIWF) said that South Korea's actions contravene international guidelines.
Michele Danan from the organisation said: "Live vaccinations are the best route but if they do have to kill them we would prefer that they were at least slaughtered humanely." The estimated cost of the cull so far is believed to have reached around £23m when a mass vaccination programme would have cost an estimated £63m. Some animal rights campaigners have criticised the government for putting economic considerations ahead of animal welfare.
It is believed the live burial of pigs began at Christmas and the figure is likely to climb far above the one million mark. Joyce D’Silva, Director of Public Affairs for CIWF said: "Compassion in World Farming is appalled that the Republic of Korea is allegedly throwing pigs into pits and burying them alive.
This is totally contrary to international guidelines on humane culling, which the Korean government endorsed five years ago. We urge the Korean government to end this horrendous practice at once and to ensure that, if animals are culled, this is done humanely."

3 comments:

အင်္ဂါဟူး said...

လိုတယ် လိုတယ် ... ဘယ်နိုင်ငံလဲပြော

သစ်နက်ဆူး said...

သြော်ကွယ်.....
ဝက်တွေအုပ်ချုပ်နေတဲ့ နိုင်ငံပေါ့..
ညီလေးအင်္ဂါဟူးရယ်...။

ကိုဇော် said...

ဝ တို့ကို ထိရင် ဝိက ဝင်ပါလာမှာနော်. . ဒါပဲ။