အချစ်ကြောင့် ပူနွေးဆူဝေကြသူများ....
ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားနယ်တွင် လွန်ခဲ့ သည့် စနေ နေ့ က အလွန်ထူးခြားသည့် ဖြစ်ရိုးဖြစ်စဉ်မဟုတ်
သောပွဲလေးတစ်ခုပြုလုပ်ခဲ့ ကြပါတယ်...
ဆာဂေကိုနော့ ဗ် နှင့် စေ့ စပ်ထားသည့် ၎င်း၏ချစ်သူ အီရီနာကူဇ်မင်ကို တို့ နှစ်ဦး အနှုတ် ၃၀ ဒီဂရီအေး
သည့် ဆိုင်ဘေးရီးယားနယ်မှ ကရန်စနိုယာ့ စ်ခ် မြို့ လေးရှိ အီနီဆေး မြစ်၏ ရေခဲတစ်မျှအေးသည့် ရေပြင်
တွင် လက်ထပ်မင်္ဂလာပွဲဆင်နွှဲကျင်းပခဲ့ ကြခြင်းဖြစ်ပါတယ်...
ဆိုက်ဘေးရီးယားနယ်၊ ထိုအရပ်ရှိ ရေခဲမြစ်ရေကူးအသင်းဝင်တစ်ဦးဖြစ်ပြီး ၎င်းအား " ပင်လယ်ဖျံ " ဟုလူသိ
များသည့် ဆာဂေ တစ်ယောက် ၎င်း၏လက်ထပ်မင်္ဂလာပွဲအတွက် ထိုကဲ့ သို့ အများသူငါအလွယ်တစ်ကူ
လိုက်မလုပ်နိုင်သည့် ခက်ခဲကြမ်းတမ်းသည့် အခြေအနေမျိုးတွင် ပြုလုပ်ရန်အမြဲစိတ်ကူးယဉ်ခဲ့ ပေမယ့် ချစ်
သူမိန်းကလေးကတော့ ဆောင်းတွင်းအအေးကဲသည့် အခြေအနေ၊ အချိန်အခါကို သဘောကျနှစ်သက်လှ
သည်တော့ မဟုတ်ပေ....
သို့ သော်လည်း ဖျံသို ကြီးကိုမှချစ်မိသည့် သူမရဲ့ အချစ်ကားကြီးမားပြင်းထန်ရကား ထိုကဲ့သို့ နှလုံးသွေးခဲ
သွားနိုင်လောက်သည့် စွန့် စားမှုကို ပြုလုပ်ရန် သဘောတူလက်ခံခဲ့ ပါတယ်...
( သြော် အဖေ၊ အမေကများ ငါ့ သမီး အဲဒီရေခဲမြစ်ထဲဆင်းဆိုယင် သေချာပေါက်ဆင်းမှာမဟုတ်ဘူး...)
အလေ့ အကျင့် ရပြီး၊အအေးဒါဏ်ခံနိုင်ရန် ကြိုတင်ရေချိုး ပြီးနောက်မှာတော့  အီရီနာ တစ်ယောက် မိတ်
ဆွေသူငယ်ချင်းများစောင့် ဆိုင်းနေသည့် ရေခဲမြစ်ထဲသို့ သူမရဲ့ ချစ်သူ ဖျံသို နောက်က ကောက်ကောက်
ပါအောင် ဆင်းလိုက်သွားပါတော့ တယ်...
မိတ်ဆွေအပေါင်းအသင်းများက ပူပူနွေးနွေးလက်ထပ်မယ့် ချစ်သူစုံတွဲနှစ်ယောက်ကို မြစ်ရေထဲမှာ ၀ိုင်းဝန်း
စောင့် ဆိုင်းနေကြပြီး ရေခဲအောက်အနှုတ် ၃၀ ဒီဂရီအေးလို့ မည်သည့် ဘုန်းတော်ကြီးမှ သတ္တိကောင်း
ကောင်းနဲ့ သူတို့ နှစ်ဦးကိုလက်မထပ်ပေးနိုင်တာမို့ ဆာဂေတစ်ယာက် ချစ်သူအီရီနာရဲ့ လက်မှာလက်ထပ်
လက်စွပ်လေးစွပ်ပေးပြီး မိတ်ဆွေများက ကောင်းချီးသြဘာပေးခဲ့ ကြပါတယ်...
၎င်းနောက်တော့ အချစ်ကြောင့် ပူနွေးဆူဝေနေတဲ့ ချစ်သူစုံတွဲအတွက် ထိုအခမ်းအနားတစ်လျှောက်လုံးရေ
ခဲတစ်မျှအေးနေတဲ့ မြစ်ရေထဲမှာ မတ်တပ်ရပ်ကာ ပါဝင်ခဲ့ ကြတဲ့ ပရိတ်သတ်ဟာ ကံကောင်းစွာပဲ အမှန်တစ်
ကယ်နွေးထွေးတဲ့ သစ်သားအိမ်လေးထဲမှာ ညလုံးပေါက် ကခုန်ခဲ့ ကြပါတယ်...
( သတို့ သားနဲ့ သတို့ သမီးကတော့ တစ်ညလုံးကတဲ့ အထဲမှာမပါတာတော့ အသေအချာပါပဲ...)
" ကိုယ့် ချစ်သူ ( လက်ထပ်ဖို့ စေ့ စပ်ထားသူ )ဆန္ဒရှိတဲ့ ရေခဲအောက်အနှုတ် ဒီဂရီ ၃၀ ရှိတဲ့ မြစ်ထဲမှာလက်
ထပ်တာက လွဲယင် ကျန်တာဘာပဲလုပ်လုပ် ကျွန်တော့် အတွက် ချစ်တယ်လို့ မသတ်မှတ်နိုင်ပါဘူး...
ကျွန်တော်ကတော့ဇနီးဖြစ်သူအနေနဲ့ ကျွန်တော့် ကိုနားလည်ပြီး လက်ထပ်ပွဲကို အဖော်အချွတ်ကလပ်မှာ
လုပ်တာထက် ဒီလိုလုပ်တာမျိုးကို လက်ခံဖို့ ဆန္ဒရှိခဲ့ တာပါပဲ..." ရေခဲမြစ်ရေကူးသမား ဆာဂေ ကပြော
ကြားခဲ့ ပါတယ်....
ကဲ....
ရုရှားမှာပဲ ဒီလိုရှိတယ်နော်...
The unusual event took place last Saturday, when Sergei Kaunov and his fiancee Irina Kuzmenko got married in the ice-cold waters of the Enisei River, in the Siberian city of Krasnoyarsk, at a temperature of -30 degrees Celsius.
Sergei, also known as “The Walrus”, is a member of the local ice-swimming club, always dreamed of getting married in such extreme conditions, but his fiancee was never a big fan of winter and low temperatures. Still, her love for The Walrus was so great that she agreed to go through this heart-stopping challenge. So after taking a nice bath to warm up, Irina followed her beloved into the frozen waters, where their friends were already waiting. They formed a half circle around the happy couple, and since no priest was brave enough to marry them at -30 degrees, Sergei simply put a ring on Irina’s finger, while the crowd cheered.
Luckily, friends and family of the happy couple who were to cold to stand by them during the offbeat ceremony, got to join the festivities in a nice warm wooden cabin, where they danced the night away.
I tell ya’, nothing says “I love you” like getting married at -30 degrees, because that’s what your fiancee wanted. I wish my wife had been so understanding and agreed to have the wedding at a strip club…
ကိုယ်တို့ နှစ်ယောက်ရဲ့ ဘ၀ အေးမြချမ်းသာပါပြီ...
ပါတ်ဝန်းကျင်အသိုင်းအ၀န်းကကွယ်...အေးချင်သလောက်အေးပါစေ...
ရင်ထဲမှာတော့ အချစ်တွေနဲ့ ပူနွေးဆူဝေနေလေရဲ့ ....
ကြည်နူးအေးချမ်းစွာအချစ်ဖြင့် ထုံမွှမ်းထားအပ်သော...
ဘေးကလူတွေကပါ မဆီမဆိုင် အအေးခံပြီး ကျင်းပပေးခဲ့ ကြတယ်...
2 comments:
အော်... ငါ့နှယ်နော်.. ဘယ့်နှယ် ဟာတွေနဲ့ လာတွေ့နေရပါလိမ့်။
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဒီလိုမင်္ဂလာဆောင်ခြင်းအားဖြင့်တော့အဝတ်အစားဖိုးကုန်
ဖို့ သက်သာတာတော့အမှန်ဖြစ်လိမ့်မယ်ဗျ-
Post a Comment