World's 'unluckiest man' struck by lightning

Monday, January 31, 2011

ကံအဆိုးဆုံးလူသား... 

လွန်ခဲ့ သည့် လေးနှစ်က ဂျွန်ဝါဒီအဂန်တစ်ယောက် သူမောင်းနေခဲ့သည့် တက္ကစီကားပေါ်မှာပင် သေနတ်
နှင့် ထောက်ပြီးအကြမ်းပတမ်း တွန်းထိုးပြီး ကားနောက်ခန်းထဲထည့် ကအလုခံခဲ့ ရကြောင်းရဲတပ်ဖွဲ့ သို့ သ
တင်းပို့ တိုင်ကြားခဲ့ ပါတယ်...
နောက်တစ်နှစ်အကြာ၊ လွန်ခဲ့ သည့် သုံးနှစ်ကတော့ သူ့ ရဲ့ ရင်ဘတ်မှာ မီးဖိုချောင်သုံးအသားခုတ်ဓါးတစ်
ချောင်းစိုက်လျှက်တန်းလန်းဖြင့် မီးသတ်စခန်းတစ်ခုအတွင်းသို့ အသည်းအသန်ကားမောင်းဝင်လာခဲ့ ရပြန်
ပါတယ်...
တစ်ဖန် နောက်တစ်နှစ်အကြာ၊ လွန်ခဲ့ သည့် နှစ်နှစ်မှာတော့ သူ့ ကိုတစ်ချိန်တည်း အဆိပ်ရှိမြွေနှစ်ကောင်
က တစ်ပြိုင်နက်တည်းကိုက်ခဲ့ တယ်လို့ ဆေးရုံကုတင်ပေါ်ကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ၊ တွေ့ ဆုံ
မေးမြန်းခန်းကနေ တစ်ကမ္ဘာလုံးကို ပြောကြားခဲ့ ပါတယ်...
ထိုသို့ မြွေဆိုးနှစ်ကောင်တစ်ပြိုင်နက်ထဲကိုက်ခဲ့ တယ်ဆိုတာကိုတော့ ကျွမ်းကျင်သူများက သံသယရှိခဲ့ ကြ
ပါတယ်...
သူဟာကမ္ဘာပေါ်မှာ ကံအဆိုးဆုံးလူသားဖြစ်နေမလားလို့ ဆိုခဲ့ ပါတယ်..
ဟုတ်လည်းဟုတ်နိုင်ပါတယ်လေ....အသက် ၄၇ နှစ်ရှိပြီဖြစ်သည့် အမျိုးသားဟာ ယခုအခါမှာလည်း ဆေးရုံ
ပေါ်ကိုရောက်နေခဲ့ ရပြန်ပါပြီ....ဒီတစ်ခါတော့ သူဟာ အသက်သေနိုင်လောက်တဲ့ အဖြစ်ဆိုးဖြစ်တဲ့ မိုးကြိုး
ပစ်ခံရလို့ ပါပဲ...
ထိုအဖြစ်အပျက်ဟာ လွန်ခဲ့ သည့် အင်္ဂါနေ့ က ၎င်းဒေသမှာဖြစ်ပွားခဲ့ သည့် မုန်တုန်းထန်သည့် အချိန်မှာ
ဖြစ်ခဲ့ တာပါလို့ သူကဆိုခဲ့ ပါတယ်...
ထိုစဉ်က သူဟာ မီးဖိုချောင်ထဲကလက်ဆေးကန်ကိုမှီပြီး တယ်လီဖုံးပြောနေ၊ နားထောင်နေခဲ့ တာဖြစ်ပြီး
ဂျိန်းကနဲအသံကြီးကြားခဲ့ လိုက်ရကာ အရာအားလုံးအမှောင်ကျသွားခဲ့ တာ ( သတိလစ်မေ့ မြောသွားခဲ့ )
ဖြစ်ပါတယ်...


ဘုရားစူး...မိုးကြိုးပစ်၊ ဓါးပြတိုက် ၊ မြွေကိုက်လို့ မကျိန်ပါနဲ့ ဗျာ...
အခုတော့ ကျွန်တော့် ကိုအကုန်လုံးဖြစ်နေပြီ...



အသက် ၂၆ နှစ်ရှိပြီဖြစ်သည့် ၎င်း၏သမီးဖြစ်သူ မစ်တီအဂန် ကသူ့ ဘေးပေအနည်းငယ်အကွာမှာရှိနေခဲ့ 
ပြီး တယ်လီဖုံးအောက်ကိုပြုတ်ကျသွားတာကို သူမကြားလိုက်ရပြီး  အိုး...အိုး...အိုး...ဟုသူမ၏ဖခင်ဖြစ်သူ
အော်ဟစ်ကာအောက်ကိုလဲကျသွားပြီး တစ်ကိုယ်လုံးတုန်နေတာတွေ့ လိုက်ရပါတယ်...
သူဟာ ပြန်သတိရလာချိန်မှာအရေးပေါ်ဆေးဝန်ထမ်းတွေသူ့ ကိုဝိုင်းနေပြီး သူ့ ရဲ့ ညာဖက်ရှူးဖိနပ်လည်း
လွင့် စဉ်ကျွတ်ထွက်သွားကာ ခြေအိတ်မှာလည်း အပေါက်ကြီးတစ်ခုတွေ့ ရှိခဲ့ ရလိုက်တယ်လို့ ဆိုပါတယ်...
" ကျွန်တော့် ဖြင့် ( အရှင်လတ်လတ် ) မီးရှို့ ခံလိုက်ရသလားလို့ တောင်ခံစားမိပါတယ်..." လို့ လည်း သူက
ဆိုပါတယ်...
သူ့ ရဲ့ မြွေကိုက်ခံရခြင်းစသည့် သတင်းတွေကိုဖတ်ကြပြီး သူဟာလိမ်နေတာ၊ ဆေးအလကားရဖို့ ကိုယ့်ကိုယ်
ကို နှိပ်စက်နေတာ စသည်ဖြင့် လူတွေသူ့ ကိုပြောနေကြမှာကို သိပါတယ်...
" လူတွေကျွန်တော့် ကိုဘာပဲပြောပြော ဂရုမစိုက်ပါဘူးဗျာ...အချိန်ကျယင် မူးယစ်ဆေးဝါးသုံးသလားဆိုတာ
လည်း ကျွန်တော့် ကိုဆေးစစ်ကြဦးမှာဖြစ်ပါတယ်..." လို့ သူကဆိုခဲ့ ပါတယ်...
" လူတစ်ယောက် မိုးကြိုးပစ်ခံသလား မခံရသလားဆိုတာသက်သေအတိအကျမပြနိုင်ပါဘူး...ဂျွန်အဂန်မှာ
သိသာထင်ရှားတဲ့ မီးလောင်ဒါဏ်ရာလည်းမရှိပါဘူး... မိုးကြိုးပစ်ခံရတယ်လို့ ဆိုတဲ့ လူအများစုမှာလည်း မီး
လောင်ဒါဏ်ရာမရှိကြပါဘူး..." လို့ ကျွမ်းကျင်သူများက ဆိုပါတယ်...

သူ့ ထက်ကံဆိုးတဲ့ သူတောင် သူ့ လောက်ကံဆိုးလိမ့် မယ်မထင်ဘူး...

 Four years ago, John Wade Agan told deputies he was robbed at gunpoint in his taxicab, roughed up and stuffed into the trunk of the car. Three years ago, he drove to a fire station with a butcher's knife sticking out of his chest. Two years ago, in a news conference from his hospital bed, he told the world he'd been bitten by two different snakes at the same time, a claim experts doubted.
He said he might have been the unluckiest man in the world. Now, Agan, 47, occupies another hospital bed, befallen, he said, by yet another freak calamity: lightning. He said it happened on Tuesday evening during the severe storm that hit the area. He was leaning over a metal kitchen sink, holding a corded phone up to his ear, when he heard a loud boom. He said he blacked out.
His 26-year-old daughter, Misty Agan, was standing just feet away from him and said she heard the phone drop. "Oh! Oh! Oh!" she said she heard her dad say before he crumpled to the ground and began to shake. Agan said he awoke surrounded by paramedics, finding his right shoe off and a big hole in his sock. "It felt like it was on fire," he said
He knows what people say about him — what they said after reading about his snakebites, what some will say when they read this story — that he's lying or somehow hurting himself, maybe to get pain medicine. "I don't care what people say," Agan said. "Any day of the week, I'll go take a drug test." There's no way to prove someone has or hasn't been struck by lightning, experts say. John Agan doesn't have any obvious burn marks. Most victims don't.

0 comments: