7-month-old baby has period

Saturday, August 28, 2010

အသက် ၇ လနှင့် အပျိုဖော်ဝင်သည့် ကလေးငယ်...


Yuanyuan and her father
Yuanyuan and her father
သေပြီဆရာ !!!!

တရုတ်နိုင်ငံမှ အသက် ၇ လသာရှိသေးသည့် သမီးငယ်လေးတစ်ဦးဟာ ကမ္ဘာ့ အသက်အငယ်ဆုံး အပျို
ဖော်ဝင်သူ ဟုယုံကြည်ယူဆရမလိုဖြစ်နေပါတယ်...
တရုတ်နိုင်ငံ၊ ကျီလင်းပြည်နယ်၊ ချန်ချွမ်းမြို့ မှ ယွမ်ယွမ် လို့ ချစ်စနိုးအမည်ပေးထားတဲ့ ကလေးငယ်မ လေး
ဟာ လွန်ခဲ့ တဲ့ လကစလို့ အပျိုဖြစ်တာ ၂ ခါတောင်မှရှိခဲ့ ပြီလို့ ဆိုပါတယ်...( အမျိုးသမီးများလစဉ် ဓမ္မတာ
ပန်းပွင့် တယ်လို့ ဆိုလိုပါတယ်...)

ထိုကဲ့သို့ ထိတ်လန့် အံသြဖွယ်ရာဖြစ်ခဲ့ ခြင်းအတွက် ကလေးငယ်ရဲ့ မိဘတွေကတော့ သူမ မွေးကတည်းက
သောက်သုံးလာခဲ့ တဲ့ နို့ မှုန့် ကြောင့် ဖြစ်ရတာလို့ အပြစ်တင်ပြောကြားခဲ့ ပါတယ်....
သို့ သော် တရုတ်နိုင်ငံအာဏာပိုင်များကတော့ ကလေးငယ်များအရွယ်မရောက်ခင် ( ဟိုမုန်းဓါတ်တွေတိုး
တက်များပြားလာကာ ) အပျိုဖော်ဝင်ခြင်းများဖြစ်လာခြင်းအတွက်ထိုကုမ္ပဏီမှာ အပြစ်မရှိဘူးလို့ ပြောဆို
ဖြေရှင်းခဲ့ ပါတယ်...
ယွမ်ယွမ်လေးရဲ့ မိခင်ဖြစ်သူဟာ လွန်ခဲ့ တဲ့ ဂျူလိုင်လ ၈ ရက်နေ့ ကစပြီး သူမမှာ သွေးစလေးတွေထွက်နေ
တာတွေ့ ရှိခဲ့ ရပြီး ထိုအဖြစ်အပျက်ဟာ တစ်ပါတ်ခန့် ကြာမြင့် ခဲ့ ပါတယ်...

" အဲဒီအချိန်တုံးက မသန့် ရှင်းတဲ့ ( ဓါတုဓါတ်ပစ္စည်းများပါဝင်တဲ့ ) နို့ မှုန့် အကြောင်းဟိုးလေးတစ်ကြော်ဖြစ်
ပြီး ပြောဆိုဆွေးနွေးနေကြတာဖြစ်ပါတယ်...ဒါကြောင့် ကျွန်တော်လည်း သမီးလေးကိုတိုက်ကျွေးနေတဲ့ အ
ဆိုပါတံဆိပ်နဲ့ နို့ မှုန့် ကို ချက်ချင်းရပ်ပစ်လိုက်ပါတယ်..." လို့ ယွမ်ယွမ်လေးရဲ့ ဖခင်ဖြစ်သူက ဆိုပါတယ်...
သူဟာ ယွမ်ယွမ်ကလေးကို ဆေးရုံကိုခေါ်ဆောင်သွားခဲ့ ပြီး ဆရာဝန်များနဲ့ ပြသခဲ့ ပေမယ့် ဘာကြောင့် ဒီလို
ဖြစ်ရတယ်ဆိုတာကိုတော့ ဆရာဝန်တွေက အဖြေရှာမရနိုင်ခဲ့ ကြပါဘူး...
ဆေးစစ်ချက်အရတော့ ကလေးငယ်ရဲ့ အက်စထရိုဂျင်ဟိုမုန်း ဓါတ် (မ ဟိုမုန်းဓါတ်) ဟာသာမန်ကလေးငယ်
တစ်ယောက်မှာ ရှိသင့် တာထက် အနည်းငယ်များနေတာကလွဲလို့  ကျန်းမာသန်စွမ်းပါတယ် လို့ ဖော်ပြခဲ့ ပါ
တယ်...
အဆိုပါဆေးစစ်ချက်ကို ကလေးငယ်အားနို့ မှုန့် ဖြတ်ပြီး နှစ်ပါတ် အကြာမှာပြုလုပ်ခဲ့ တာဖြစ်ပါတယ် လို့ 
ယွမ်ယွမ် ရဲ့ ဖခင်ကပြောကြားခဲ့ ပါတယ်...
ကျီလင်းမြို့ ကျန်းမာရေးဌာနကတော့ ယွမ်ယွမ်ကလေးကို ကျီလင်းတက္ကသိုလ်ဆေးရုံမှာ နောက်ထပ်တစ်
ကြိမ်ဆေးစစ်ဖို့ စီစဉ်ထားပါတယ်...

ဓါတုဓါတ်ပစ္စည်းတွေပါဝင်တဲ့ တရုတ်နို့ မှုန့် တွေကြောင့် ကလေးငယ်လေးတွေ ရင်သားတွေဖွံ့ ဖြိုးလာပါ
တယ်လို့ ဆိုတဲ့ သတင်း လွန်ခဲ့ တဲ့ လပိုင်းလောက်က ဖတ်ခဲ့ မိရာက အခုတော့ အပျိုပါဖြစ်လာရပြီဆိုလို့ 
ထိတ်လန့် တကြားဖြစ်မိပါတယ်..
အဲဒီနို့ မှုန့် မျိုးတွေ ရွှေပြည်ကြီးကိုရောက်မလာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ...
အဲဒီလိုဆိုယင်တော့ ...

မဆီမဆိုင် ဦးနှောက်ထဲဝင်လာတာက...
ကမ္ဘာပြားပြီလား....


A seven-month-old baby in China is believed to be the youngest to have started menstruation.
The baby - nicknamed Yuanyuan - from Changchun city in Jilin province, has already had her period twice since last month.
Her family has blamed it to the milk powder the girl has been consuming since her birth.
However, the authorities have already cleared the company, which was accused of producing products causing early puberty in babies.
Yuanyuan's mother found traces of blood on July 8, and the condition lasted for almost a week.
The baby's next ‘period’ came on Aug 13, and also lasted for about a week.
"At that time, the contaminated milk powder issue was widely discussed. So I immediately stopped feeding her with the brand," said Yuanyuan's father.
He brought Yuanyuan to the hospital but doctors could not diagnose the actual cause for her condition.
A medical report showed that the baby's was healthy, except that her estrogen (sex hormone) level was slightly higher than a normal baby.
Yuanyuan's father said the medical check was conducted two weeks after they stopped feeding the baby with the milk.

The Jilin Health Department has arranged for Yuanyuan to undergo another health check at The First Hospital of Jilin University.
Source: City Evening News, China

3 comments:

ချစ်ကြည်အေး said...

တရုတ်ပစ္စည်းတွေ သုံးရတာ ကြောက်စရာနော်... ကျမတို့ ဆီမှာ ဈေးပေါလို့သာ သုံးနေကြရတယ် ထင်ပါရဲ့...

ကိုရီး{ကိုကြီး} said...
This comment has been removed by the author.
ကိုရီး{ကိုကြီး} said...

ရွှေပြည်ကြီးမှာလည်း မိတ် အင် ချိုင်း နား တွေက ပလူကိုပျံလို့ဗျားးးးးး

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}