New Chef has Stomach for the Job

Wednesday, August 11, 2010

ထမင်းချက်အတွက် လိုအပ်ချက်...

Chef test /Quirky China News 
လွယ်တော့ မလွယ်ဘူးနော်...

တရုတ်နိုင်ငံမှ စားသောက်ဆိုင်တစ်ဆိုင်တစ်ဆိုင်ဟာ ထမင်းချက်အသစ်တစ်ယောက်ငှားရမ်းဖို့ အတွက်
လျှောက်ထားသူတွေကို အရည်အချင်းစစ်တဲ့ အနေနှင့် ပက်လက်လှန်အိပ်လျှက်အနေအထားနှင့် အမျိုး
သမီးတစ်ဦးရဲ့ ဝမ်းဗိုက်ပေါ်မှာ ဖရဲသီးကို ခွဲစိတ်ပြစေခဲ့ တယ်လို့ ဆိုပါတယ်...
တရုတ်နိုင်ငံ၊ ဟူဘေပြည်နယ်၊ ဟန်ကိုး အရပ်မှာရှိတဲ့ ဟိုတယ်တစ်ခုရဲ့ စားသောက်ဆိုင် ထမင်းချက်ရာ
ထူးတစ်နေရာအတွက် လာရောက်လျှောက်ထားသူ ၁၅ ယောက်ကျော်တို့ ရဲ့ ဓါးကိုင်နိုင်သည့် အရည်အ
ချင်းကို အကဲဖြတ်နိုင်ဖို့ ထိုသို့ စီစဉ်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်..

ထိုအစီအစဉ်မှာ အမျိုးသမီးတစ်ဦးက စားပွဲပေါ်မှာ လဲလျောင်းနေပြီး သူမရဲ့ ဝမ်းဗိုက်ကို ပလတ်စတစ်အ
စ ပါးပါးလေးနဲ့ ဖုံးအုပ်ထားပြီး ထမင်းချက်အဖြစ်လျှောက်ထားသူတွေက ထိုပေါ်မှာ ဖရဲသီးတွေကို အထိ
အခိုက်မရှိ ခုတ်ထစ်လှီးပြရမှာဖြစ်ပါတယ်...
" သူတို့ ဟာ ဖရဲသီး ( ဗူးသီးက ပိုဖြစ်နိုင်ပါတယ်...)  တွေကို အလွှာပါးပါးလေးတွေဖြစ်အောင်သတ်မှတ်
ထားတဲ့ အချိန်တိုအတွင်းမှာ လှီးဖြတ်ရတာဖြစ်ပါတယ်..." လို့ ဟိုတယ်ရဲ့ ပြောခွင့် ရပုဂ္ဂိုလ်တစ်ဦးကပြော
ကြားခဲ့ ပါတယ်...


ထိုပြိုင်သူတွေအထဲမှ ထမင်းချက် ဟူဂွာ က အချိန်တစ်မိနစ်အတွင်းမှာ ဖရဲသီးကိုအောင်မြင်စွာနဲ့ အမျိုး
သမီးကို အထိအခိုက်မရှိ ခုတ်လှီးပြနိုင်ခဲ့ လို့ အရွေးချယ်ခံခဲ့ ရပါတယ်....

သူ့ အနေနဲ့ ထိုလူတွေ့ စစ်ဆေးရွေးချယ်ပွဲမတိုင်ခင်ကတည်းက မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့် ရှိနေခဲ့ 
ပါတယ်လို့ ထမင်းချက် ဟူ က ချန်ကျန်းစီးပွားရေးသတင်းစာကိုပြောပြခဲ့ ပါတယ်...


" ဒါပေမယ့် လည်း အမျိုးသမီးတစ်ဦးရဲ့ ဗိုက်ပေါ်မှာတင်ပြီး ခုတ်ထစ်လှီးဖြတ်ရမယ်ဆိုတာ ပထမဦးဆုံး
ဖြစ်တာမို့ နဖူးတွေ့ ဒူးတွေ့ လည်းကျရော အနည်းငယ်တော့ စိုးရွံ့ တုန်လှုပ်မိပါသေးတယ်..." လို့ သူက
ထပ်ပြီးပြောပြခဲ့ ပါတယ်...

" ဟူ ဟာတစ်ကယ့် ကိုတော်လွန်းတဲ့ စွမ်းဆောင်မှုတစ်ရပ်လုပ်နိုင်ခဲ့ တာပါ...သူအစွမ်းပြသွားတာကိုကြည့်
၇ုံနဲ့ သူဟာဒီလုပ်ငန်းမှာ ၁၀ ကျော်လုပ်သက်ရှိနေတယ်ဆိုတာသိနိုင်ပါတယ်..." လို့ အကဲဖြတ်ဒိုင်တစ်ဦးက
ပြောကြားခဲ့ ပါတယ်...
သူတို့ ဆီက အလုပ်အတွက် အရည်အချင်းစစ်ဆေးတာကလည်း ကျောချမ်းစရာပဲ...

A Chinese restaurant recruited a new chef by inviting applicants to slice a melon on a woman's stomach.
The hotel restaurant, in Hankou, Hubei province, put the knife skills of more than 15 candidates to the test.
A woman volunteer laid on a table, with her stomach covered with a thin sheet of plastic, while would-be chefs chopped up their melons.
"They had to chop the gourd into very thin pieces in a limited time," said a spokesman for the hotel.
The successful candidate, Chef Hu Gua, won the job by choping up his melon in less than a minute without hurting the woman.
Chef Hu told the Changjiang Business Daily that he had been very confident before the recruitment test.
But he added: "I still felt a bit nervous when it came to is as it was the first time I ever chopped up something on a woman's belly."
One of the judges commented: "Hu did such a god job - you could tell he had been in the trade for more than 10 years."

0 comments: