Italy names 'Miss Chubby' beauty queen

Thursday, August 5, 2010

အီတလီက ဆိုဖီယာ ပွင့် တို့ ရဲ့ လှယဉ်ကျေးမယ်ဘုရင်မပြိုင်ပွဲ 

 

အ၀ဆုံးပြုံးသူ့ မျက်နှာ...
သူသာလျှင်ပထမ...

ပိန်ပိန်ပါးပါး အလန်းဇယားမော်ဒယ်လေးများကိုမေ့ ပစ်လိုက်ပါတော့ ....
အီတလီနိုင်ငံမှာတော့ ကီလို ၁၇၀ ( ပေါင် ၃၇၉ ) အလေးချိန်ရှိသည့် ဆူဆူဖြိုးဖြိုး၊ အလှတိုးနေသည့် လှ
ပျိုဖြူများထဲမှ အလှဆုံးသူကိုရွေးချယ်ကာ လှယဉ်ကျေးမယ်၊ အလှဘုရင်မအဖြစ်ချီးမြှင့် ခဲ့ သည်ဟုဆိုပါ
သည်...

အလန်းဇယားနဲ့ ဖမ်းစားမယ့် သူ့ ဟန်....

အီတလီနိုင်ငံ၊ ပီဆာမြို့ အနီး ဖော်ကိုလီ အရပ်က တူစကန်နီရွာကလေးမှာ လွန်ခဲ့ တဲ့ စနေနေ့ ကကျင်းပ
ပြုလုပ်တဲ့ ကိုယ်အလေးချိန်အကန့် အသတ်မဲ့ မော်ဒယ်လှယဉ်ကျေးမယ်ပြိုင်ပွဲမှာ သူမအနေနဲ့ ပထမဆု
ရရှိခဲ့ တယ်လို့ ကြေငြာခံခဲ့ ရတော့ အလွန်ပဲ စိတ်လှုပ်ရှားခဲ့ ရပါတယ်လို့ အ၀ယှဉ်ကျေးမယ် အိန်ဂျယ်လာ
စကော့ တ်နာမီဂလီယို ကပြောပြခဲ့ ပါတယ်...
" ( အခုလိုဆုရတဲ့ အတွက် ) ထီပေါက်သလိုပင် စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ ရပါတယ်..." ယှဉ်ပြိုင်သူပေါင်း
၃၀ ကိုအနိုင်ရခဲ့ တဲ့ အသက် ၃၃ နှစ်အရွယ်ရှိ နေပယ်လ် မြို့ သူက ပြောကြားခဲ့ ပါတယ်...

အကြိမ်ပေါင်း ၂၀ မျှပြုလုပ်ခဲ့ ပြီးပြီဖြစ်တဲ့ ဆင်မယဉ်သာ၊ လှယဉ်ကျေးမယ်ပြိုင်ပွဲရဲ့ တစ်ခုတည်းသောစည်း
မျဉ်းကတော့ ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ အနည်းဆုံးကိုယ်အလေးချိန် ၁၀၀ ကီလိုဂရမ် ( ပေါင် ၂၂၀ )
ရှိရမှာပဲဖြစ်ပါတယ်...

ဝတာဖက်ထားလို့ ရတယ်နော့ .....

လွန်ခဲ့ တဲ့ စနေနေ့ က တက်ရောက်ကြည့် ရှုအားပေးသူပေါင်း ၂၅၀၀ မျှရှိတဲ့ ဒေသခံဟိုတယ်တစ်ခုရဲ့ 
ခန်းမစင်မြင့် မှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ မော်ဒယ်လှလှလေးတွေဟာ မိမိတို့ နှစ်သက်ရာ ဂါဝန်ဝတ်စုံများ
ဒါမှမဟုတ် တစ်ချို့ ပိုမိုလှစ်ဟပြသချင်သူတွေအတွက်တော့ ထိုထက်ပိုပြီးတိုသည့် ဝတ်စုံများဝတ်ဆင်ပြီး
လျှောက်လှမ်းကာ ကိုယ်ဟန်ပြခဲ့ ကြရပါတယ်...

ရင်တွေခုန်မယ် ဒိုင်းနမိုက်လို အချစ်မျိုးနဲ့ ...

တစ်ချို့ ခပ်ကဲကဲ မော်ဒယ်မမ များကတော့ တိုင်ပတ်အကမယ်များလို တစ်လွှာချင်းစီချွတ်ကာ ကိုယ်ခန္ဓာ
အလှပြခဲ့ ကြပါသေးတယ်...
ဒါပေမယ့် တစ်ကယ့် အဆုံးအဖြတ်ပေးမယ့် အချိန်ကတော့ ပါဝင်ယှဉ်ပြိုင်သူတွေအားလုံး ကိုယ်အလေးချိန်
ပေါင်ချိန်ရတာပါပဲ...
လူတိုင်းမြင်တွေ့ ကြည့် ရှုနိုင်တဲ့ အနီရောင်ရှိတဲ့ ပေါင်ချိန်စက်ပေါ်ကိုတက်ပြီးပေါင်ချိန်ကာ အလှဆုံးနဲ့ အ
ဝ ဆုံးမော်ဒယ်က ပထမဆုဆွတ်ခူးသွားခဲ့ တာဖြစ်ပါတယ်...

ဆင်မယဉ်သာဟန်နဲ့ ခင်နှမ ၀င်လာပြန်....

ပထမဆုအနိုင်ရတဲ့ သူအတွက်ကတော့ ကိတ်မုန့် အကြီးကြီးတစ်ခုသာရပြီး အားလုံးကိုမျှဝေကျွေးရတာ
ဖြစ်ပြီး ဒီလိုလုပ်ရတာကလည်း မမ၀၀များအနေနဲ့ မိမိကိုယ်ကိုယုံကြည်မှုတွေတိုးတက်လာစေရန်ဖြစ်ပြီး
အ၀လွန်သူတွေကိုလှောင်ပြောင်သရော်တာတွေကို တန်ပြန်ဆန့် ကျင်ဖို့ ပဲဖြစ်ပါတယ်...

အီတလီက ဖြူဖြူကျော်သိန်းလေလား...

" ပါဝင်ယှဉ်ပြိုင်တဲ့ ကျွန်မတို့ တစ်တွေ ဘတ်စ်ကားကြီးပေါ်လည်းရောက်ရော အောက်ကလူတွေဟာ တစ်
ဦးကိုတစ်ဦးလက်တို့ ပြီးတီးတိုးပြောကာ ကျွန်မတို့ ကိုနောက်ပြောင်ကြပါတော့ တယ်...ပင်လယ်ကမ်းခြေ
ရောက်နေတဲ့ အတိုင်းပါပဲ..." လို့ ခေါင်းစည်းအနီ၊ ဆံပင်အနီနှင့် မော်ဒယ်၀၀ မာရီလီနာ အာမာတို က
ပြောပြပါတယ်...
ကျွန်မတို့ ဟာ လူတွေနှင့် အဆင့် မတူတဲ့ အတန်းအစားတွေကဲ့ သို့ အကြီးအကျယ်ခွဲခြားဆက်ဆံခံနေ
ကြရသူတွေပါပဲ လို့ အသက် ၃၇ နှစ်ရှိ မီလန်ဒေသမှ သူနာပြုဆရာမ မော်ဒယ်၀၀လေး အန်တိုနီယာ
ဘာတိုလို ကလည်းပြောကြားခဲ့ ပါသေးတယ်...
ဒီပြိုင်ပွဲဟာဖျော်ဖြေပွဲတစ်ခုဖြစ်သလို ကျွန်မတို့ လိုပဲ လှလွန်း၊ ၀လွန်းလို့ ခွဲခြားဆက်ဆံခံနေရသူတွေ
သိရှိတွေ့ ဆုံနိုင်တဲ့ အခွင့် အလမ်းတစ်ခုရရှိစေနိုင်တဲ့ ပွဲလည်းဖြစ်ပါတယ်လို့ သူမက ဆက်ပြီးပြောပြခဲ့ 
ပါတယ်...

နှုတ်ဆက်ခဲ့ ပါတယ်....တို့ သွားတော့ မယ်...

ဒီမော်ဒယ်ပြိုင်ပွဲကို စတင်ကြံစည်ကျင်းပခဲ့ သူ ဂျီယန်ဖရန်ကို လက်ဇာရက်ချီ ကတော့ ဒီပွဲဟာ အမျိုးသ
မီးတွေရဲ့ တစ်ခြားသော အလှတရားများကိုလည်းဖော်ထုတ်ပြသတဲ့ ပွဲဖြစ်ကြောင်း၊ ဒီပွဲဟာလပြည့် ဝန်း
မျက်နှာနဲ့ ယဉ်တစ်ကိုယ်အလှဆုံးကြီးတွေကို ဖော်ထုတ်ပြသတာဖြစ်တယ်လို့ ပါဝင်ယှဉ်ပြိုင်သူ မမ ၀၀
နှစ်ဦးခြံရံပြီးပြောကြားခဲ့ ပါတယ်...
" ဒီ ခင်သန္တာသက်ချိုပြုံးနှစ်ယောက်ဟာလည်း သူမတို့ ရဲ့ အလှတရားနဲ့ အ၀များကို ကြွားကြွားဝင့် ဝင့် 
နဲ့ ပြနိုင်ရပါမယ်...သူတစ်ကာတွေက လှတယ်ဆိုတာလေးကိုပဲ လိုက်နေစရာမလိုပါဘူး...အခုလို အဝ
လွန်သူများရဲ့ မော်ဒယ်ပြိုင်ပွဲဟာလည်း အလှတရားဆိုတာဘာလဲဆိုတာရဲ့ နောက်ထပ်အဓိပ္ပါယ်ဖွင့်ဆို
ချက်တစ်ခုပါပဲ..." လို့ သူကပြောကြားခဲ့ ပါတယ်...

ဒီသတင်းလေးဖတ်ပြီး အသားများများကိုမှ ကြိုက်တယ်ဆိုတဲ့ ချစ်ဆွေကြီး ကိုကြီးကျောက်ကိုသတိရမိ
ပါရဲ့ ...
ခမျာလည်း အသားတွေအစားများပြီး အဆီယစ်နေသလား၊ နေပဲမကောင်းသလားမသိ ပျောက်ချက်သား
ကောင်းနေပေါ့ ...
ရွှင်လန်းချမ်းမြေ့ ပါစေ ကိုကြီးကျောက်ရေ...

ဗီဒီယိုကလစ်ကြည့် ချင်သူများ ဒီလင့် ခ် ကလေးကိုနှိပ်ပါ...

Forget those pencil-thin model types. Italy has chosen a full-figured woman as new beauty queen, proud of her ample body weighing in at a hefty 170 kilograms. Angela Scognamiglio said she was "very moved" when she was named on Saturday night as the new "Miss Chubby" at the complex-free contest held in the Tuscany village of Forcoli, near the city of Pisa. "I am very moved, I feel as if I've won the lottery," the 33-year-old from Naples said after beating out 30 other contestants for the title.
As in all past 20 editions of the pageant, there is only one condition for entry: you have to weigh more than 100 kilograms. Contestants paraded before an audience of 2500 at a local hotel on Saturday night, wearing gowns, or for those who cared to show more, undergarments. Some even dared a little glamour striptease. But the crucial moment in the contest was the weigh-in, stepping onto a huge red scale where everyone could see the result - with the roundest beauty clinching the title.
No big prize for the winner, just a huge cake to share around, and perhaps for all the contestants a boost in self-esteem in contrast to the mockery many obese face. "When we get on a bus, people nudge each other, and whisper, making fun of us, and it's the same on the beach," said redheaded Marilena Amato. "We are the victims of severe discrimination, it's as if we are second class citizens," said another contestant, Antonia Bartolo, a 37-year-old nurse from the Milan region. The contest is also about "entertainment, a chance to get to know people who face the same problems I do", she added.
The contest's founder, Gianfranco Lazzereschi, says the event showcases other types of beauty in women. "It is a showcase for full figures," he said, flanked by two contestants, "Why can't these two women show off? Why is it necessary to follow the dictates of what's beautiful?" The full-figure pageant, says the founder, is a way to send a different message about beauty.

1 comments:

စူး said...

ဝယဉ်ကျေးမယ်ပြိုင်ပွဲ..
ဟီးးးးမိုက်တယ်