Egg found inside egg

Monday, August 16, 2010

နှစ်ထပ်ရှိတဲ့ ကြက်ဥ...






လယ်သမားဦးကြီးတစ်ဦး၏ ဇနီးဖြစ်သူ မာရီယာဘယ်လ်ဒက်စကူး တစ်ယောက် ကြက်ခြံထဲက ကြက်ဥ
တစ်လုံးကိုပြုတ်ပြီးအခွံခွာခဲ့ လိုက်စဉ်က ထိုကြက်ဥပြုတ်ထဲမှာ နောက်ထပ်ကြက်ဦတစ်လုံး အကာနဲ့ တစ်
ကွရှိနေတာတွေ့ လိုက်ရလို့ သူမအနေနှင့် ရူးသွားခဲ့ ပြီလားလို့ တောင်ထင်ခဲ့ မိပါတယ်...
မာရီယာ ကတော့ထိုကြက်ဥရဲ့ ထူးခြားဖြစ်စဉ်ဟာ ချာနိုဘိုင်းလ် နူကလီးယားဓါတ်ပေါင်းဖို မတော်တစ်ဆ
အဖြစ်အပျက်ကြောင့် ရေဒီယိုသတ္တိကြွမှုရဲ့ အကျိုးသက်ရောက်မှုကြောင့် ဖြစ်နိုင်ပါတယ်လို့ ဒေသခံ တိ
ရိစ္ဆာန်ဆရာဝန်က သတိပေးပြောကြားခဲ့ ပေမယ့်  ထိုကြက်ဥကို ရိုမေးနီးယားနိုင်ငံ၊ အီယာဆီ အရပ်က
သူမရဲ့ နေအိမ် မှာ ပြသထားခဲ့ ပါတယ်...

" ပထမအဲဒီနှစ်ထပ်ကြက်ဥကို စတွေ့ လိုက်ရတော့  တစ်ခါတည်းနဲ့ ကြက်ဥနှစ်လုံးရလို့ ပိုတောင်ကောင်း
သေးတယ်လို့ ထင်ခဲ့ မိပါတယ်...နောက်တော့ သေချာစဉ်းစားပြီး တိရိစ္ဆာဆရာဝန်ကိုလည်းမေးကြည့် လိုက်
ရော သူက သတိပေးစကားပြောခဲ့ တာပါပဲ..." လို့ အသက် ၆၈ နှစ်ရှိ အဒေါ်ကြီး မာရီယာ ကပြောကြားခဲ့ 
ပါတယ်...
" ဗီဇဆိုင်ရာဖောက်ပြန်မှုတွေကြောင့် ဖြစ်လာတဲ့ ထိုကြက်ဥမျိုးကိုကျွန်မ မစားချင်တော့ ပါဘူး...ရေဒီယို
ဓါတ်သတ္တိကြွမှုတွေဟာ ဖောက်ပြန်ပျက်စီးတဲ့ လူတိရိစ္ဆာတွေရဲ့ မွေးဖွားမှုတွေ ( ခြေလက်အင်္ဂါမစုံမှု၊ ချွတ်
ယွင်းမှု တွေ ) ဖြစ်စေပြီး သဘာဝပါတ်ဝန်းကျင်ကိုလည်း မမျှော်လင့် တာတွေဖောက်ပြန်ပြောင်းလဲစေနေ
တုံးပါပဲ..." လို့ သူမကထပ်ပြီးပြောပြခဲ့ ပါတယ်...
အနုမြူဓါတ်အားပေးစက်ရုံတွေ မတော်တစ်ဆပေါက်ကွဲပျက်စီးတာဟာ ပါတ်ဝန်းကျင်ဒေသတစ်ဝိုက်ကို
စက်ရုံရဲ့ အနုမြူဓါတ်ပြင်းအားပေါ်မူတည်ပြီး အန္တရယ်တွေဖြစ်စေနိုင်တာ အခု ချာနိုဘိုင်းလ် အဖြစ်အပျက်
ကသက်သေပါပဲ...
အဆင့် မြင့် နည်းပညာများမသုံးနိုင်တဲ့ နိုင်ငံများအတွက် ကတော့ ဖြစ်ပေါ်လာမည့် ဆိုးကျိုးကတော့ ဆို
ဖွယ်ရာမရှိတော့ပါဘူး...

ဒါကြောင့် မီးကျိုးမောင်းပျက် ဆိုဗီယက်လက်ကျန် ခေတ်ကပစ္စည်းတွေကို ရုရှားကနွားမရွှံ့ ပိတ် ဈေးနဲ့ 
အနုမြူစက်ရုံ ဆောက်နေတဲ့ ဘဘများရဲ့ စီမံကိန်းလည်း ကံကောင်းထောက်မစွာနဲ့ အမှားအယွင်းကင်း
ပြီး မတော်တစ်ဆမှုတွေမဖြစ်ပါစေနဲ့ လို့ ဆုတောင်းမိပါရဲ့ ...
နို့ မို့ ...ဘုမသိဘမသိ ပြည်သတွေ စုန်းပြုစားသလိုလို၊ အပင်းသွင်းခံရသလိုလို၊ အောက်လမ်းနဲ့ ပဲ စီရင်
ခံရသလိုလိုထင်ပြီး ဒုက္ခရောက်နေကြရရှာဦးမယ်...


Farmer's wife Maria Baldescu thought she was cracking up when she peeled the shell off this egg fresh from her barn - and found another one inside.
Maria has put the bizarre egg on show on her home in Iasi, Romania, after a local vet warned her it could have been caused by nuclear fall out from the nearby Chernobyl reactor disaster.

"When I first saw it I thought good, two eggs for me. Then I thought about it and asked my vet who warned me off," said Maria, 68.
"I don't want to eat a mutant egg and that radioactive material is still causing many strange births and freaks of nature here," she added.

1 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

အောက်ဆုံးအပိုဒ်ကိုဖတ်ပြီး သဘောတကျ ပြုံးလိုက်မိသေး