Woman dubbed 'flamingo lady' after rare neurological disorder forces her to stand on one leg
Friday, August 6, 2010
ကြိုးကြာနီငှက်ကဲ့ သို့ ခြေထောက်တစ်ချောင်းပေါ်တွင်သာမတ်တပ်ရပ်နေရရှာ
သည့် ရောဂါဆန်းနှင့်  အမျိုးသမီး....
Sufferer: Joanne Day, 36, has a rare neurological disorder called Dystonia which causes her muscles to contract
ထူးဆန်းသည့် အာရုံကြောနှင့် ကြွက်သားအားနည်းသောရောဂါတစ်မျိုးကြောင့် ကြိုးကြာနီလိုမိန်းမ လို့ 
အမည်ပြောင်ပေးခြင်းခံခဲ့ ရသည့် ခြေထောက်တစ်ခြောင်းပေါ်တွင်သာ မတ်တပ်ရပ်နေရရှာသည့် အကြော
ဆိုင်၇ာကုထုံးကျွမ်းကျင်သူအမျိုးသမီးတစ်ဦးဟာ သူမရဲ့ အဖြစ်ဆန်းကြောင့်  သုံးနှစ်တိုင်အောင် အဆိုပါပုံစံ
နှင့် ဒုက္ခကြီးစွာနေခဲ့ ရရှာပါတယ်...
သူမဟာ ခန္ဓာ အနှံ့ အပြားမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ အလိုအလျောက် ကြွက်သားတွေ ရုံးကန်ပြီး
ကို့ ယို့ ကားယားကိုယ်ဟန်ပုံသဏ္ဍာန်တွေဖြစ်ပေါ်စေတတ်တဲ့ ယနေ့ အထိကုသလို့ မရနိုင်သေးတဲ့ ရောဂါ
ဆန်းတစ်မျိုးခံစားနေရတာဖြစ်ပါတယ်...
အခုနောက်ဆုံးသူမခံစားနေရတဲ့ ပုံစံကတော့ သူမရဲ့ ဘယ်ဖက်ခြေထောက်ဟာ ခန္ဓာကိုယ်အပေါ်ပိုင်းကို
မြှောက်ကြွစေတဲ့ ကြွက်သားတွေရုံးကန်ခြင်းမျိုးပါပဲ...
သူမရဲ့ မသက်သာလှတဲ့ အဆိုပါအဖြစ်ကြောင့် သူမဟာ ချိုင်းထောက်ကိုအသုံးပြုပြီးမှသာ သွားလာနိုင်
ရှာပါတယ်...ကားမောင်းယင်လဲ အလိုအလျောက်မောင်းနိုင်တဲ့ ကားကိုသာ အသုံးပြုနိုင်ပါတော့ တယ်...
အကယ်၍ သူမရဲ့ ကြိုးကြာခြေထောက်လို အပေါ်ကိုမြောက်နေတဲ့ ခြေထောက်ကိုခွဲစိတ်ကုသမယ်ဆို
ယင်လည်း အခုလိုကြွက်တက်ခြင်းဟာ တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ပျံ့ နှံ့ ရွေ့ လျားသွား
နိုင်တာမို့ ခွဲစိတ်ဖို့ ကိုလည်း အသက် ၃၆ နှစ်ရှိအမျိုးသမီးက ငြင်းဆန်ခဲ့ ပါတယ်...
အင်္ဂလန်နိုင်ငံ၊ တဲလ်ဖို့ အရပ်က ဂျိုအန်းအမည်ရှိအမျိုးသမီးဟာတော့ အဆိုပါ ကြိုးကြာခြေထောက်ရော
ဂါခံစားနေရတဲ့ နိုင်ငံရဲ့ တစ်ဦးတည်းသောဝေဒနာရှင်ဖြစ်ပါတယ်...
" လူတွေကမကြာခဏမေးကြပါတယ်...ဘာဖြစ်လို့ အခုလို ခြေထောက်တစ်ချောင်းမြှောက်ပြီးနေရတာ
လည်းလို့ ပေါ့ ...ဒါဟာဘယ်လိုမှ ရွေးချယ်လို့ မရတဲ့ ( ကုလို့ မရတဲ့ ) အခြေအနေကြောင့် ဆိုတာကိုပဲ မ
ကြာခဏရှင်းပြနေရတာပါပဲ....အခုလိုနေရတဲ့ ပုံစံကိုလူတွေရဲ့ လှောင်ပြောင်ရယ်မောနောက်ပြောင်တာ
ခံရလို့ စိတ်မကောင်းလည်းအမြဲဖြစ်ရပါတယ်...ဒါကြောင့် အဲဒါကိုပဲ ဟာသတစ်ခုလိုသတ်မှတ်လိုက်ဖို့ အမြဲ
ကြိုးစားနေရပါတယ်... အခုတော့ ရယ်မောလိုက်ခြင်းကသာလျှင် ကျွန်မဖြတ်သန်းခဲ့ ရတဲ့ ဒုက္ခအဖြစ်အ
ပျက်တွေကိုကျော်လွှားစေဖို့ နည်းတစ်ခုသာဖြစ်နေခဲ့ ရပါပြီ..." လို့ သူမကပြောကြားခဲ့ ပါတော့ တယ်...
ဗုဒ္ဓပိဋကတ်တော်တွေထဲမှာလည်း ခြေထောက်တစ်ခြောက်ထောက်ပြီးရပ်နေတဲ့ ( သူကတော့ လူလစ်
ယင် မစင်တွေကိုပါ ခိုးစားပါတယ်...အများအမြင်မှာတော့ လေကိုရူပြီးအဟာရပြီးနေတဲ့ ၊ ခြေထောက်
နှစ်ချောင်းစလုံးနဲ့ ရပ်ရင် သူရဲ့ ပညာ၊သီလ အစွမ်းတွေကြောင့် ကမ္ဘာမြေကြီးက မခံနိုင်ဖြစ်ပြီး သွက်သွက်
ခါသွားမှာမို့ တစ်ခြောင်းထဲနဲ့ ရပ်နေရတာဖြစ်တယ်လို့ လိမ်ညာနေသူပေါ့ ...အဲဒီလိုဖြစ်ရတာကလည်း ဘ
ဝတစ်ခုမှာ အ၇ိယာသူတော်စင်ကိုမဟုတ်မမှန် ပြစ်မှားယိုးစွပ်မိခဲ့ တဲ့ အကုသိုလ်ကံကြောင့် ပါ....) ဒိဌိ
တက္ကတွန်း တစ်ယောက်အကြောင်းပါရှိပါတယ်...
ယခင်ကပြုခဲ့ ဖူးတဲ့ မကောင်းမှုအကုသိုလ်ကံအကျိုးပေးများပါပဲ...
ပျောက်ကင်းအောင်ကုသနိုင်တဲ့ ဆေး၊ ကုထုံးလည်းမရှိသေးဘူးဆိုတော့ ဝဋ်ရှိသရွေ့ ခံရဦးမှာပါပဲ...
A physiotherapist with a rare neurological condition has been dubbed 'The Flamingo Lady' - because a debilitating disease has forced her to stand on one leg for three years. Joanne Day has suffered life-changing body contortions ever since a rollerskating accident as a teenager. She suffers from dystonia, a rare disorder with no known cure which inflicts involuntary muscle contractions on different parts of the body. The latest one has cramped her left leg up towards her torso. Her constant agonising leg position means she can only move with crutches and drive an automatic car.The 36-year-old has ruled out operating on her flamingo leg as surgery could spread the muscle spasms to different parts of her body. Joanne, from Telford, is thought to be the only person in the country with the 'flamingo leg' form of the disorder.
She said: 'Often, people say to me "Why are you standing like that?" I find myself often having to explain that it isn't through choice. There are always the inevitable flamingo jokes and although of course they are upsetting at times, I try to keep a sense of humour about it all. Laughter is how I've got through a lot of things that have happened to me.'
0 comments: