China plans huge buses that can drive over traffic

Tuesday, August 10, 2010
ယာဉ်ကြောပိတ်ဆို့ မှုကိုဖြေရှုင်းပေးနိုင်မည့် အထူးဘတ်စကားကြီး
တရုတ်တို့ တီထွင်မည်...



တရုတ်တို့ တီထွင်ထုတ်လုပ်မည့် အထူး 3D ဘတ်စ်ကားသစ်ကြီးပုံစံဒီဇိုင်း....

နေ့ စဉ်နှင့် အမျှ ယာဉ်ကြောပိတ်ဆို့ မှုပြဿနာတွေဖြစ်လာနေရတဲ့ တရုတ်နိုင်ငံမှာ ထိုကိစ္စကိုဖြေရှင်း
နိုင်ရန်အတွက် သန်းပေါင်းများစွာ ငွေကုန်ကြေးကျခံကာ လမ်းများတိုးချဲ့ ဖောက်လုပ်မည့် အစား အရွယ်
အစားပိုမိုကြီးမားသည့် အနာဂတ် ခရီးသည်တင်ယာဉ် အထူးဘတ်စ်ကားကြီးများတီထွင်ထုတ်လုပ်မယ်
လို့ တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုက တင်ပြထားပါတယ်...

မြေအောက်ရထားလို ...ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာသာမောင်းလို့ ရမှာဖြစ်ပါတယ်...


သူ့ ရဲ့ အောက်ကနေယာဉ်ငယ်များ ဖြတ်သန်းမောင်းသွားကျော်တက်နိုင်တယ်...

တရုတ်နိုင်ငံ၊ ရှန်ကျန်းဟာရှိ အနာဂတ်မော်တော်ယာဉ်ဆိုင်ရာကုမ္ပဏီက ခရီးသည် ၁၄၀၀ လိုက်ပါနိုင်
ပြီး ယာဉ်ကြောပိတ်ဆို့ မှုကို ၃၀ ရာခိုင်နှုံးအထိလျော့ ချသက်သာပေးနိုင်မည့် ကားကြီးတစ်မျိုးတီထွင်
ထုတ်လုပ်မယ်လို့ ကြေငြာထားပါတယ်...အဆိုပါ 3D အမြန်ယာဉ်ဘတ်စ်ကားကြီးဟာ ၂ မီတာ ( ၆ ပေနှင့် အောက် ) အမြင့် ရှိတဲ့ ကားမှန်သမျှ
ကို ၎င်း၏အောက်မှ ဖြတ်သန်းမောင်းနှင်သွားနိုင်အောင်ပုံစံပြုတည်ဆောက်ထားမှာဖြစ်တယ်လို့ ဆိုပါ
တယ်...
ကိုယ်ပိုင်သီးသန့် လမ်းကြောင်းနဲ့ မောင်းရမယ်...


ယာဉ်အတွင်း မြင်ကွင်း...


ခရီးသည်များလိုက်ပါစီးနင်းဟန်....

သီးသန့် လမ်းကြောင်းပေါ်မှာမောင်းနှင်နေတဲ့ မြေအောက် ခရီးသည်တင်ရထားတစ်စင်းလို သူ့ ရဲ့ ကိုယ်
ပိုင်လမ်းကြောင်းနဲ့ မောင်းနှင်ရမယ့် ဘတ်စ်ကားကြီးဟာ ၄ မီတာကနေ ၄.၅ မီတာ ( ၁၃ ပေ ၊ ၁၄ ပေ )
အထိမြင့် မားမှာဖြစ်ပြီး အထပ် ၂ ဆင့် ပါရှိမှာဖြစ်ပါတယ်...

အထူးသီးသန့် ဘတ်စ်ကားမှတ်တိုင်အဆောက်အဦးနဲ့ မှ အဆင်းအတက်လုပ်ရမယ်...


အရေးပေါ်အခြေအနေနဲ့ ကြုံလာလျှင် ဒီလိုဆင်းတက်နိုင်အောင် စီစဉ်ထားမယ်...

အထက်အဆင့် မှာ ခရီးသည်များလိုက်ပါနိုင်မှာဖြစ်ပြီး အောက်အဆင့် ကတော့ လှိုဏ်ဂူများထဲမှ ကား
များဖြတ်သွားသလို အဆိုပါဘတ်စ်ကားကြီးရဲ့ အောက်မှ အငယ်စားယာဉ်များဖြတ်သန်းမောင်းနှင်သွား
နိုင်မှာဖြစ်ပါတယ်....
ခရီးသည်များကတော့ ကားကြီးရဲ့ အမြင့် နှင့် လိုက်လျောညီထွေဖြစ်အောင် အထပ်မြင့် အဖြစ်အထူး
သီးသန့် တည်ဆောက်ထားတဲ့ ကားမှတ်တိုင်ရုံများကနေအဆင်းအတက်ပြုလုပ်ရမှာဖြစ်ပါတယ်...

လျှပ်စစ်စွမ်းအား၊ နေရောင်ခြည်မှရယူနည့် စွမ်းအားများဖြင့် မောင်းနှင်နိုင်မည့်  3D အမြန်ယာဉ်ဘတ်စ်
ကားကြီးတွေဟာ တစ်နာရီကို ကီလိုမီတာ ၆၀ ( ၃၇ မိုင် )  အထိအမြန်နှုံးရှိမှာဖြစ်ပြီး လောင်စာအတွက်
ကုန်ကျမှုကိုလည်း များစွာလျော့ နည်းသက်သာစေမှာဖြစ်ပါတယ်...

၄၀ ကီလိုမီတာ( ၂၄ မိုင် ) ရှည်လျားတဲ့ လမ်းကြောင်းတစ်ခုအတွက် ဘတ်စကားကြီးနဲ့ လိုအပ်သည့် အ
ဆောက်အဦး၊ လမ်းပိုင်းများဆောက်လုပ်ရန် တရုတ်ငွေ ယွမ် သန်း၅၀၀ ( ဒေါ်လာ သန်း ၁၀၀ ) ကုန်ကျ
မှာဖြစ်ပြီး ထိုကုန်ကျငွေဟာ အကွာအဝေးတူမြေအောက်ရထားလမ်းစနစ်တစ်ခုဆောက်လုပ်လျှင်ကုန်
ကျမည့် ပမာဏရဲ့ ၁၀ ရာခိုင်နှုံးမျှသာဖြစ်တယ်လို့ ဆိုပါတယ်...

နည်းပညာဆိုင်ရာ အင်တာနက်စာမျက်နှာ Engadget ရဲ့ အဆိုအရ ၁၈၅ ကီလိုမီတာ ( ၁၁၄ မိုင် ) ရှည်
မည့် အဆိုပါ ဘတ်စ်ကားနှင့် လမ်းစီမံကိန်းကို ၂၀၁၀ ခုနှစ်တွင် ဘေဂျင်းမြို့ မှာ စတင်တည်ဆောက်မှာ
ဖြစ်တယ်လို့ ဆိုပါတယ်...

ဒီလိုစိတ်ကူးကောင်းလေးတွေနဲ့ တီထွင်နိုင်လို့ လည်းကမ္ဘာ့ အင်အားအကြီးဆုံးစီးပွားရေးနိုင်ငံကြီးတစ်
နိုင်ငံဖြစ်လာခဲ့ ရပြီပေါ့ ...

Instead of spending millions to widen roads, a Chinese company has come up with a new futuristic bus design to counter traffic jams.Enter the 3D Express Coach. Developed by the Shenzhen Hashi Future Parking Equipment Company, the vehicle is able to carry up to 1,400 passengers at a go while reducing traffic jams by some 30 per cent.The 3D Express Coach does this by sporting a design which allows cars 2 m and under in height to pass through under from under the vehicle.Looking like a subway train on stilts, the bus is 4 to 4.5 m tall and has 2 levels. The upper level carries passengers and the lower level will look like a tunnel of sorts that smaller vehicles can drive through.Passengers will board and alight from the vehicle by means of elevated, above ground stations.
Powered by electricity and solar energy, the 3D Express Bus can reach speeds of up to 60 km/h while reducing energy costs.


At an estimated 500 million yuan ($100 million) construction cost for building the bus and a 40 km-long path, the 3D Express Bus will only take 10 per cent of what it costs of build a subway system.According to the tech website Engadget, construction of the first 185 km of track will begin in Beijing in 2010.

0 comments: