Zimbabwean farmer shocked as cow gives birth to a pig
Thursday, August 5, 2010
နွားမကြီးက ၀က်ကလေးမွေး...
ဇင်ဘာဘွေနိုင်ငံမှ လယ်သမားတစ်ဦးဟာ ၎င်းရဲ့ နွားမကြီးက ၀က်ကလေးတစ်ကောင်မွေးခဲ့ လို့ အလွန်
အမင်းအံ့ အားသင့် ကာကြက်သေသေခဲ့ ရပါတယ်...
က အခုလိုထူးဆန်းလွန်းတဲ့ သတ္တ၀ါကိုတွေ့ လိုက်ရတော့ ၎င်းအနေနဲ့ သူ့ မျက်စေ့ တောင်သူ မယုံနိုင်ဖြစ်
ခဲ့ ရပါတယ်လို့ ဆိုပါတယ်...
ဝက်တစ်ကောင်အနေနဲ့ နွားမနဲ့ မိတ်လိုက်ဖို့ ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး လို့ သူကပြောခဲ့ ပါတယ်...
" ခန္ဓာကိုယ်တစ်ခုလုံးနဲ့ အရွယ်အစားကတော့ ဝက်ကလေးတစ်ကောင်လိုပါပဲ....နှာခေါင်းနဲ့ ပါးစပ်က
လည်းဝက်တစ်ကောင်လို ပါပဲ...ခန္ဓာကိုယ်မှာ အမွေးတွေမရှိတာကလွဲလို့ ပေါ့ ..."  လို့ သူကဆိုပါတယ်...
အခုဖြစ်ရပ်ဟာထူးဆန်းလွန်းလို့ စုန်းကဝေ မှော်အတတ်နဲ့ ပြုစားတာကလွဲလို့ တစ်ခြားအကြောင်းအရာ
ကြောင့် ဖြစ်တယ်ဆိုတာပြောဖို့ အတော်ခက်ပါတယ်လို့ သူက ဆိုပါတယ်...
 ဟုတ်မှဟုတ်ပါ့ မလား...
" ဒါဟာ အောက်လမ်းနည်းပညာနဲ့ စီရင်ခဲ့ လို့ ဖြစ်ရတာလို့ ပဲ ကျွန်တော်ထင်ပါတယ်...ဒီလိုထိတ်လန့် 
အံ့ သြဖွယ်ဖြစ်ရပ်မျိုးကို ဘယ်သူကယုတ္တိရှိအောင်ရှင်းပြနိုင်မှာလည်း....ကျွန်တော့် ကိုဒီလယ်မြေ၊ ခြံ
တွေကနေအဝေးကိုထွက်သွားစေချင်လို့ အောက်လမ်း၊ကဝေပညာရှင်တွေက ခြောက်လှန့် တာပါ...."
လို့ လည်းသူကဆိုပါတယ်...
သူ့ ရဲ့ နွားမဟာ ပထမဦးဆုံးအကြိမ် သားကျတာဖြစ်ပြီး အခုလိုဖြစ်လာလိမ့် မယ်လို့ မမျှော်လင့် ခဲ့ ပါဘူး
လို့ လည်းသူကပြောခဲ့ ပါတယ်....
မက်စ်ဗင်ဂို ပြည်နယ်၊ တိရိစ္ဆာန်ဆေးကုသရေးဆိုင်ရာ အရာရှိ ဒေါက်တာအားနက်စ် ဒဇင်ဝါရှာ ကတော့ 
အခုဖြစ်ရပ်မျိုးဟာ အလွန်ပဲရှားပါးတာဖြစ်ပေမယ့်  သိပ်တော့ မထူးဆန်းလှပါဘူးလို့ ဆိုခဲ့ ပါတယ်...
" ဒါဟာ ပုံသဏ္ဍာန်ချွတ်ယွင်းစွာမွေးခဲ့ လို့ ဝက်နဲ့ သဏ္ဍာန်တူနေတဲ့ နွားပေါက်ကလေးပါပဲ...တစ်ချို့ မွေး
ကတည်းက ပုံသဏ္ဍာန်မမှန်တဲ့ တိရိစ္ဆာန်တွေဟာ မကောင်းဆိုးဝါးတွေလို ပုံပျက်ပန်းပျက်နဲ့ ဖြစ်တတ်ပါ
တယ်....ကျွန်တော်တို့ သိတဲ့ တစ်ချို့ တိရိစ္ဆာန်တွေဆို ခွေးဘီလူးပုံစံပေါက်နေတဲ့ နွားကလေးတွေတောင်
မွေးတတ်ပါတယ်...လူတွေတစ်ခါတစ်ရံခြေလက်အင်္ဂါစတဲ့ အစိတ်အပိုင်းတွေ မူမမှန်ပဲမွေးသလိုပါပဲ...
တိရိစ္ဆာန်များလည်း ဒီလိုပဲမွေးတတ်ပါတယ်..." လို့ သူကရှင်းပြခဲ့ ပါတယ်...
ဟုတ်ပါ့ မလားမောင်ကာဠု ရယ်လို့ တောင်မေးချင်ပါတော့ တယ်....
A Zimbabwean farmer was left stunned when his cow gave birth to a piglet. The farmer, Mr Tinos Mberi of Chatsworth in Masvingo eastern highlands of the country said he could not believe his eyes when he saw the strange animal. He said it was impossible for a pig to mate with a cow.
“The whole body and size was that of a piglet. The nose and mouth was like that of a pig, except that it did not have a hairy body,” said Mr Mberi. He said it was difficult to attribute the strange occurrence to anything other than witchcraft.
“I think it is the work of some black magicians. How can anyone explain such a horrible occurrence. It is the work of black magicians who are trying to scare me off the land,” said Mr Mberi. He said this was the first time that his cow has given birth and he had not expected what he got.
The Masvingo Provincial Veterinary Officer, Dr Ernest Dzimwasha, said there was nothing unusual about the incident although it was rare. “It was simply a deformed calf that looked like a pig. Some deformed calves may look like monsters and we also have some that are known as bulldog-calves. These may look like a bulldog but it’s all due to deformities, just like in human beings,” he explained.
0 comments: