Russian political adviser escapes jail until 2024

Wednesday, August 25, 2010

ရုရှားက အံ့ ဖွယ်တ၇ားးစီရင်ချက်.... 

 

ပလက်ဖောင်းပေါ်မှာလမ်းလျှောက်လာသူကို ကားနဲ့ ဝင်တိုက်မိလို့ သေသွားတာ ထောင်ဒါဏ်သုံးနှစ်...
ဒါတောင် နောက်ထပ် ၁၄ နှစ်အထိထောင်ထဲသွားစရာမလိုသေးဘူးတဲ့ ...

ကားလမ်းဘေးပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လာသူနှစ်ဦးကို ကားဖြင့် ဝင်တိုက်ခဲ့ လို့ ရုရှားနိုင်ငံရဲ့ 
ထိပ်ပိုင်းအထက်တန်းလွှာအသိုင်းအ၀ိုင်းကို ဆန့် ကျင်ကန့် ကွက်ရှုတ်ချပြောဆိုမှုတွေဖြစ်စေခဲ့ သည့်  ၀န်
ကြီးချူပ်ဗလာဒီမာပူတင်ရဲ့ စီးလုံးညီညွတ်သောရုရှားပါတီ နိုင်ငံရေးဆိုင်ရာအကြံပေးအမျိုးသမီးတစ်ဦးကို
တရားရုံးတော်က ၂၀၂၄ ခုနှစ်အထိ ထောင်ဒါဏ်ကျခံရန်မလို ( ဆိုင်းငံ့ ထောင်ဒါဏ်ပေါ့ လေ...) ဟုအမိန့် 
ချမှတ်ခဲ့ လိုက်ပါတယ်...
အသက် ၂၈ နှစ်အရွယ်ရှိ အင်နာရှာဗင်ကိုဗာဟာ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလမှာဖြစ်ပွားခဲ့ တဲ့ သူမပါဝင်သည့် 
ထိတ်လန့် ဖွယ်ရာယာဉ်တိုက်မှုကို တစ်စုံတစ်ယောက်က ဗီဒီယိုဖြင့် မှတ်တမ်းတင်ခဲ့ ပြီး ယခုနှစ်အစောပိုင်း
တွင် ယူကျု အင်တာနက်ဗီဒီယိုစာမျက်နှာမှာ တင်ထားခဲ့ လို့ နိုင်ငံအ၀ှမ်း ဝေဖန်ပြစ်တင်မှုတွေဖြစ်စေခဲ့ ပါ
တယ်...

သူမမောင်းလာတဲ့ ကားအရှိန်မထိန်းနိုင်ပဲ ကားလမ်းဘေးပလက်ဖောင်းပေါ်ကိုကျော်တက်ကာ ဆိုက်ဘေး
ရီးယားဒေသ ၊ အီယကွတ်စ်ခ်မြို့ လယ်ကလမ်းဘေးမှာ လမ်းလျှောက်နေတဲ့ ညီအစ်မနှစ်ဦးကို ၀င်တိုက်မိ
ခဲ့ တာဖြစ်ပါတယ်...
ညီအစ်နှစ်ဦးအနက် တစ်ဦးကသေဆုံးခဲ့ ပြီး၊ ကျန်တစ်ဦးမှာတော့ တစ်သက်လုံး ဒုက္ခိတဖြစ်သွားခဲ့ ရပါတယ်။
လွန်ခဲ့ တဲ့ အင်္ဂါနေ့ မှာတော့ ဒေသဆိုင်ရာတရားရုံးက သူမကိုလူသေစေမှုဖြင့်အပြစ်ရှိကြောင်းဆုံးဖြတ်ကာ
ထောင်ဒါဏ်သုံးနှစ်အပြစ်ချမှတ်ခဲ့ ပါတယ်...
ဒါပေမယ့် တစ်ခါမှမကြားဖူးခဲ့ သည့် ခြွင်းချက်အနေဖြင့် သူမဟာ မကြာခင်ကမှမွေးဖွားခဲ့ သည့် သူမ၏ရင်
သွေး အသက် ၁၄ နှစ်ပြည့် သည့် ၂၀၂၄ ခုနှစ်တိုင်အောင် အကျဉ်းထောင်သို့ သွားရောက်ကာ အပြစ်ဒါဏ်
စတင်ကျခံရမှာမဟုတ်ဘူးလို့ တရားရုံးအမိန့် ထဲမှာဖော်ပြထားခဲ့ ပါတယ်...
ထိုဆုံးဖြတ်ချက်ကြောင့် ရုရှားပြည်သူများအနေဖြင့် အစိုးရဟာ အထက်တန်းလွှာများ၊ အခွင့် ထူးခံများအ
တွက် ဥပဒေတစ်မျိုး၊ ၎င်းတို့ လိုသာမာန်လူတန်းစားများအတွက်ဥပဒေတစ်မျိုး ခွဲခြားကျင့် သုံးနေတယ်လို့ 
ဆိုတဲ့ သံသယကို ပိုမိုကြီးမားစေလာမှာဖြစ်ပါတယ်...
အဆိုပါအမှုရဲ့ တရားခံရော၊တရားလိုများပါ ထပ်မံပြီးအယူခံဝင်ကြဦးမယ်လို့ ဆိုကြပါတယ်...

မိခင်ဖြစ်သူက ဒေသဆိုင်ရာရွေးကောက်ပွဲကော်မရှင်အကြီးအကဲဖြစ်တဲ့ မစ္စရှာဗန်ကိုဗာဟာ အခင်းဖြစ်
ပွားချိန်မှာ သူမကြောင့် ယာဉ်တိုက်မှုဖြစ်ခဲ့ တာကိုအရေးမစိုက်သလိုမျိုး ပြုမူခဲ့ တာကြောင့် လူအများက
ပိုမိုအမျက်ဒေါသထွက်ခဲ့ ကြတာလည်းဖြစ်ပါတယ်...
သူမဟာကားနှင့် တိုက်ခံခဲ့ ရတဲ့ အမျိုးသမီးနှစ်ဦးကို လုံးဝအရေးမစိုက်ပဲ သူမရဲ့ ကားထိခိုက်ပျက်စီးသွား
သည်ကိုသာအလျင်အမြန်ကြည့် ရှုစစ်ဆေး ခဲ့ ပြီး အရေးပေါ်သူနာတင်ယာဉ်မဟုတ်တဲ့ တစ်ခြားတစ်စုံတစ်
ယောက်သောသူဆီကိုသာ ဖုန်းဆက်နေခဲ့ ပါတယ်...

သူမရဲ့ နိုင်ငံရေးနယ်ပယ်ကဆိုင်ရာပုဂ္ဂိုလ်များနှင့် အဆက်အသွယ်ကြောင့် သူမကိုအထူးအခွင့် အရေးပေး
ကာဆက်ဆံခဲ့ တယ်လို့ လည်း ဒေသခံရဲတပ်ဖွဲ့ ဟာစွပ်စွဲခံခဲ့ ရပါတယ်...
အင်တာနက်ပေါ်မှာ သူမရဲ့ ယာဉ်တိုက်မှုအဖြစ်အပျက်ဗီဒီယိုမှတ်တမ်းပေါ်လာပြီး နောက်လအတန်ကြာမှ
သူမကို ရဲတပ်ဖွဲ့  ကတရားရုံးတွင်စွဲချက်တင်ခဲ့ ပြီး၊ ထူးဆန်းစွာပင် သူမအနေနှင့် အခင်းဖြစ်ပွားချိန်မှာ အ
ရက်သေစာ၊ မူးယစ်ဆေးဝါးသုံးစွဲထားခဲ့ သလားဆိုတာကိုလည်း ရဲများက မစစ်ဆေးခဲ့ ကြပါဘူး...
( သြော်...ကလေးကငယ်သေးလို့ ကလေးကြီးလာမှ ထောင်ဒါဏ်ကျခံစေပေါ့ နော်...အမြော်အမြင်သနား
ဂရုဏာကြီးမားပါပေတယ်...)

အာဏာရှင်ဆန်ဆန်အုပ်ချူပ်တဲ့ တိုင်းပြည်များမှာတော့ ဒီလိုမျိုးဘက်လိုက်မှုတွေဟာ ဖြစ်နေမှာပါပဲ...
ထိုတိုင်းပြည်ကို ဆရာတင်ထားတဲ့ နိုင်ငံတစ်ခုမှာလည်း ဥပဒေအထက်မှာ မည်သူမျှမရှိစေရဆိုပြီး ပြစ်မှု
တွေအများကြီးကျူးလွန်ထားတဲ့ ( သူတို့ အဆိုအရပေါ့ ၊ အမှန်တော့ ပုလင်းတူဗူးဆို့ ပါပဲ...) သူကို လည်း
ကမ္ဘာ့ အံ့ ဖွယ် ဆိုင်းငံ့ ထောင်ဒါဏ် တွေချမှတ်ပြီး အိမ်မှာပဲ အေးအေးဆေးဆေးနေခိုင်းတာမျိုးလည်းရှိခဲ့ 
ပါတယ်....


A political adviser to Vladimir Putin’s United Russia party who mowed down two pedestrians in her car triggering a backlash against Russia’s elite has been told she does not need to go to jail until 2024.

Anna Shavenkova, 28, caused a national outcry earlier this year after a video of the horrific December 2009 traffic accident went viral on YouTube.

Ms Shavenkova lost control of her car and mounted the pavement, hitting two sisters who were walking in central Irkutsk, Siberia, at the time. One of the sisters later died of her injuries, while the other was crippled for life.
On Tuesday, a local court found her guilty of manslaughter and sentenced her to a three-year jail term. But in an almost unheard of exemption, it said she would not have to start the sentence until 2024 when her newly-born child will be fourteen years old. The decision is likely to fuel ordinary people’s suspicions that there is one law for them and another for the Russian elite. Both sides said they would appeal.
Ms Shavenkova, whose mother is the head of the local election commission, sparked fury at the time due to her apparent indifference to what she had done. She showed no interest in the two women she had just run over but instead rushed to inspect damage to her own car and phone someone (not an ambulance).
Police were later accused of giving her special treatment because of her political connections. They only pressed charges against her months later after a public outcry about the case on the internet and, for some strange reason, she was never tested to find out whether she had been drink driving.

ဗီဒီယိုကလစ်လေးပါ...

1 comments:

ကိုရီး{ကိုကြီး} said...

ဒီဗီဒီယိုလေးကို ကြည့်ဖူးပေမယ့် ဘာရယ်အတိအကျ မသိခဲ့ပါဘူး
ရွှေပြည်ကြီးနဲ့ သူမသာ ကိုယ်အသုဘပါပဲဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}