Child prodigy reads and gives medical tips aged three

Wednesday, August 11, 2010

အီတလီက ၃ နှစ်သားပါရမီရှင်ထူးချွန်သူလေး...


အသက် ၃ နှစ်နဲ့ စာလည်းဖတ်တတ်၊ ဆေးပညာဆိုင်ရာအကြောင်းအရာတွေကိုပါတတ်သိနေပါတယ်....

အီတလီနိုင်ငံမှ အသက် ၃ နှစ်အရွယ်သာရှိသေးသည့် သားငယ်လေးတစ်ဦးဟာ သတင်းစာများကိုဖတ်
တတ်ရုံမျှမက ကျန်းမာရေးနှင့် ပတ်သက်သည့် ဆေးပညာဆိုင်ရာကိစ္စများကိုပါ အကြံပေးပြောဆိုနေနိုင်
တာမို့ သူလေးရဲ့ မိသားစုတင်မက ဆရာဝန်များကပါ အံ့ သြထူးဆန်းနေခဲ့ ကြပါတယ်...
အီတိုရီ လို့ အမည် ရှိတဲ့ ကောင်လေးဟာ တီဗီအစီအစဉ်တွေကို အက္ခရာ အစဉ်အလိုက် ရီမုဒ်ကွန်ထရိုး
( အဝေးထိန်းခလုပ် ) နှင့် ကျွမ်းကျွမ်းကျင်ကျင်ရွေးချယ်နိုင်ပြီး အစီအစဉ်ဆိုင်ရာများကိုပါ အကြံပေးနိုင်ပါ
သေးတယ်...

ထိုထက်ပိုပြီး အံ့ သြထူးဆန်းဖြစ်စေတာကတော့ ထိုအရာများကို ကလေးငယ်ဟာ လူကြီးတွေပြုလုပ်နေ
ခဲ့တာကို လိုက်လံကြည့် ရှုမှတ်သားထားရုံမျှဖြင့် သူ့ ဘာသာသူသင်ကြားတတ်မြောက်နေခဲ့ ခြင်းပဲဖြစ်ပါ
တယ်လို့ အီတလီနိုင်ငံ၊ ပီဆာအရပ်အနီးက ပယ်ရစ်နာနို မြို့ ကလေးမှာ နေထိုင်ကြတဲ့ သူ့ ရဲ့ မိဘများက
ပြောကြားခဲ့ ကြပါတယ်....
" ကျွန်တော်တို့ ကသူ့ ကို အပျော်သဘောနဲ့ အပျင်းပြေ အက္ခရာတွေကိုသင်ပေးခဲ့ ကြပါတယ်...ဒါပေမယ့်
သူ့ အနေနဲ့ အခုလောက်အထိတတ်လာခဲ့ လိမ့် မယ်လို့ ဘယ်လိုမှထင်မထားခဲ့ မိပါဘူး..." လို့ အသက် ၄၄
နှစ်ရှိ ထင်ရှားကျော်ကြားတဲ့ ပုံတူပန်းချီကားချပ်များပြန်လည်ရေးဆွဲထုတ်လုပ်ရာမှာကျွမ်းကျင်သည့် အနု
ပညာရှင်ဖြစ်တဲ့ ဖခင်ဖြစ်သူ ဖ၇န်ဆက်စကိုဂရီလို ကပြောကြားခဲ့ ပါတယ်...
" သားလေး အသက် ၂ နှစ်လောက်မှာ သူဟာသတင်းစာများကိုစတင်ဖတ်ရှုတတ်နေပြီး တီဗီအစီအစဉ်
များကိုလည်းဖတ်တတ်နေခဲ့ ပါပြီ...အစကတော့ သူဟာ စာသားတွေ၊ စကားလုံးစုတွေကို မှတ်သားပြီး
ကြက်တူရွေးလို ပြန်ပြောနိုင်နေတာလို့ ထင်ခဲ့ ကြပါတယ်...ဒါပေမယ့် သူဟာတစ်ကယ့် ကိုဖတ်တတ်နေ
ခဲ့ တော့ တာပါပဲ..." ဖခင်ဖြစ်သူက ဆက်ပြောပြခဲ့ ပါတယ်...

ပွန်တီဒီရာအရပ်က တူစ်ကန်မြို့ ဆေးရုံက ကျွမ်းကျင်သူဆရာဝန်များကလည်း ကလေးငယ်ရဲ့ အရည်
အသွေးကို အလွန်သဘောကျ အံ့ သြချီးကျူးခဲ့ ကြပါတယ်...
" ပုံမှန်အားဖြင့် စာဖတ်တတ်ဖို့ ဆိုတာကလေးရဲ့ အသက်အတော်အတန်ရမှ၊ ကျောင်းနေတဲ့ အရွယ်ကျ
မှ တစ်ဖြည်းဖြည်းချင်း သင်ယူရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်...." လို့ ဆေး၇ုံရဲ့ ကလေးသူငယ်များဆိုင်ရာ
ဌာနအကြီးအကဲ ဒေါက်တာ အမာရီဂိုဆီလန်ဒရိုနီ ကပြောကြားခဲ့ ပါတယ်...
" အက်တိုရီ လေးကတော့ စာတောင်သေချာမသင်ကြားရသေးပဲနဲ့ ကို ကျွမ်းကျွမ်းကျင်ကျင်ဖတ်တတ်
နေတာပါပဲ..." လို့ သူကဆက်ပြောပါတယ်...
သူလေးရဲ့ မိဘတွေကတော့ အခုဆိုယင်သူတို့ ဟာ အက်တိုရီလေးရဲ့ အနားမှာ အပြောအဆိုတွေဆင်ခြင်
နေကြရပါတယ်...ဘာဖြစ်လို့ လည်းဆိုတော့ ကလေးက သူ့ ရဲ့ အသက်နဲ့ မလိုက်အောင်တတ်သိစဉ်းစား
ဆင်ခြင်နားလည်နေလို့ ပါပဲ....ပြီးတော့ သူ့ အနေနဲ့ လျှို့ ဝှက်ဆန်းပြားစွာနဲ့ ပဲဆေးပညာဆိုင်ရာကိစ္စရပ်
များကိုလည်း သိနားလည်နေခဲ့ ခြင်းပဲဖြစ်ပါတယ်....

" တစ်နေ့ တော့ ကျွန်တော်က ဇနီးသည်ကို ကျွန်တော့် ရဲ့ ကျန်းမာရေးနဲ့ ပါတ်သက်တဲ့ ပြဿနာတစ်ခုကို
ပြောပြနေခဲ့ ပါတယ်...အဲဒါကိုသားကလေး အက်တိုရီကကြားသွားပြီး ဆေးတစ်ခုသုံးဖို့ အကြံပေးလာခဲ့ ပါ
တယ်....ကျွန်တော်လေ့ လာစစ်ဆေးကြည့် တော့ အဲဒီဆေးဟာကျွန်တော့် ရောဂါအတွက် အသုံးပြုသင့် 
တဲ့ ဆေးဖြစ်နေတာပါပဲ..." လို့ ဖခင်ဖြစ်သူ ဖရန်ဆက်စကို ကပြောကြားခဲ့ ပါတယ်...
သူလေးရဲ့ မိဘတွေကတော့ ၎င်းတို့ သားလေးရဲ့ မှတ်ဥာဏ်စွမ်းပကားများဟာ လာမယ့် စက်တင်ဘာလ
မှာစတင်တက်ရောက်ရတော့ မယ့် မူကြိုအတန်း ကနေစပြီးဆက်လက်တိုးတက်နေဦးမှာလားဆိုတာကို
ပူပန်နေကြပါတယ်....

" စိုးရိမ်ပူပန်နေတာတွေဟာ အကောင်းဘက်ကိုရောက်လာပါစေလို့ ပဲမျှော်လင့် ပါတယ်...တစ်ကယ်လို့ 
များကျောင်းစ တက်တာနဲ့ သားလေးဟာ သူမှတ်ထားသမျှတွေမေ့ ကုန်ခဲ့ ယင်ဘာဖြစ်မလည်း...ဒါမှမ
ဟုတ် သူကြီးပြင်းလာယင် ဒီလိုထူးကဲတဲ့ မှတ်ဥာဏ်တွေ၊ အရည်အချင်းတွေကို သူဘယ်လိုဆက်လုပ်မ
လည်းဆိုတာကတော့ ကျွန်တော်လည်း မသိနိုင်ပါဘူး... အဓိကအရေးကြီးဆုံးကတော့ ဒီလိုမှတ်သားသိ
ရှိနေတာ ကောင်းတဲ့ အချက်ပါပဲ..တစ်နေ့ မှာ သူ့ ရဲ့ အောင်မြင်ကျော်ကြားမှုဟာ သူ့ ကိုအကျိုးပြုလာမှာ
ပါ...." လို့ ဖခင်ဖြစ်သူကပြောကြားခဲ့ ပါတယ်...

ကလေးဟာ မဝေးတဲ့ အတိတ်ကာလမှာ ဆရာဝန်ဖြစ်ခဲ့ ပုံရပါတယ်...

အင်္ဂလိပ်လို သတင်းပါ....
A three-year-old Italian boy has amazed his family and doctors with his prodigious talents that include reading the newspaper and giving medical advice. The boy, Ettore, has also mastered use of the television remote control so he can flick through the TV guide on teletext and make viewing suggestions.
What makes the story even more remarkable is that his parents from the town of Perignano near Pisa say the boy taught himself almost all these skills, just by observing adults. ''We started teaching him the alphabet for fun. We would never have imagined his abilities would develop like this,'' said Ettore's father Francesco Grillo, a 44-year-old artist specialised in portraits and reproductions of famous works. ''Then when he was about two he started to read newspapers and TV guides. Initially we thought he memorised phrases and repeated them parrot-like. But then we realised he was reading for real''.
Experts from the local hospital at the Tuscan town of Pontedera are impressed. ''Usually learning to read is a process that takes place at a much later stage, at school age, and it's a gradual process'' said Dr. Amerigo Celandroni, the head of the hospital's paediatric clinic. ''In Ettore's case though, he had not been taught, and yet he reads fluently''. His parents said they have to be very careful about what they say around Ettore because of his powers of comprehension way beyond his years, as shown in his mysteriously acquired know-how of medical matters.
''One day I was talking to my wife about a health problem I had,'' Francesco said. ''Ettore heard and recommended a medicine. I checked up and saw that it was right for my case''. His parents said they were concerned about whether the three-year-old's abilities would continue to flourish when he starts pre-school in September. ''Let's hope it's a good thing, although we are worried'' the father said. ''What if he loses this gift there? ''I don't know what he'll do with these qualities when he's grown up. The important thing is that it's the right thing for him. Maybe one day this fame he's having will come in handy''.

0 comments: