Taoist priest accused of raping student
Friday, August 20, 2010
ကျောင်းသူကို ချစ်သူပြုတဲ့ တောက်ဘာသာဘုန်းကြီး...
ကိုယ်တော်ချစ်တာ တက္ကသိုလ်ကျောင်းသူပါ...
၎င်း၏နောက်လိုက် တပည့် သာဝကများထဲတွင် တရုတ်နိုင်ငံမှ ထင်ရှားသည့် စီးပွားရေးသမားများ၊ အနုပညာရှင်များ ပါဝင်သည့် တရုတ်နိုင်ငံ၊ ချူံကင်းမြို့ မှ နံမည်ကျော်ကြားထင်ရှားသည့် တောက် (တာ
အို ) ဘာသာ ဘုန်းတော်ကြီးတစ်ပါးအား တက္ကသိုလ်ကောလိပ်ကျောင်းသူလေးတစ်ဦးအား ဗလက္ကာယ
ပြုမှု ( မုဒိန်းမှု ) ၊ တပည့် တကာမလေးများနှင့် ကလူ၏သို့ မြူ၏သို့ လုပ်ကာ ဆောင်ကြာမြိုင်ဇတ်လမ်း
ဆင်နွှဲမှုတို့ ဖြင့်   ဒေသဆိုင်ရာအာဏာပိုင်များက စုံစမ်းစစ်ဆေးမေးမြန်းလျှက်ရှိပါတယ်...
၎င်း၏နောက်လိုက်တပည့် များထဲတွင် တရုတ်နိုင်ငံမှ Alibaba.com ကုမ္ပဏီဥက္ကဌ မာယွန်း၊ နာမည်ကျော်
အဆိုတော် ဖေရီဝေါင်း စသူတို့ ပါဝင်ပြှီး သူ၏ကျန်းမာရေးဆိုင်ရာဟောပြောလမ်းညွှန်မှုသင်ခန်းစာများ
အား ငွေကြေးအမြောက်အများ၊ တန်ဖိုးကြီးမြင့် စွာဝယ်ယူရခြင်းတို့ ကြောင့် နာမည်ကျော်ကြားသည့်  လီ
ရီ အမည်ရှိ တောက် ဘုန်းတော်ကြီးမှာ နောက်လိုက်နောက်ပါ တပည့် ပေါင်း ၃၀၀၀၀ မျှ ရှိတယ်လို့ 
Southern Weekened သတင်းစာက ဖော်ပြခဲ့ ပါတယ်...
တပည့် တပန်းပေါင်း ၃၀၀၀၀ တောင်ရှိလေသတဲ့ ...
 Li Yi, renowned for his expensive health programmes, has 30,000 followers
ဘုန်းတော်ကြီးလီ ဟာပြစ်မှုများစွာကျူးလွန်ခဲ့ တယ်လို့ ၎င်းရဲ့ တပည့် ဟောင်းတစ်ဦးက ချူံကင်းမြို့ သာသ
နာရေးဆိုင်ရာ အမျိုးသားကော်မတီကို သတင်းပို့ တိုင်ကြားခဲ့ တာဖြစ်ပါတယ်...
Global Time သတင်းဌာနကို အမည်မဖော်လိုသူ အဆိုပါအမျိုးသမီးကပြောကြားခဲ့ ရာမှာ ဘုန်းတော်ကြီး
လီ ဟာ ၂၀၀၄ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသူတစ်ဦးကို အတင်းအဓမ္မ၊ မုဒိန်းကျင့် ခဲ့ တယ်လို့ ဆိုပါတယ်...
ထိုအဖြစ်အပျက်ကို ဒေသဆိုင်ရာရဲတပ်ဖွဲ့ ကိုသတင်းပို့ တိုင်ကြားခဲ့ ပေမယ့် လီ ဟာ ယွမ်ငွေ ၇၀၀၀ ( ဒေါ်
လာ ၁၀၀၀ ကျော်ခန့် ) သုံးပြီး ထိုကိစ္စကိုဖြေရှင်းခဲ့ တယ်လို့ လည်းထို တပည့် ဟောင်းအမျိုးသမီးကဆို
ပါတယ်...
" ထိုကဲ့ သို့ အဓမ္မပြုကျင့် ခဲ့ တဲ့ ကိစ္စဟာ ဘုန်းကြီးကျောင်းအသိုင်းအ၀ိုင်းမှာ အတော်လေးကြာအောင်ပျံ့ 
နှံ့ နေခဲ့ တာဖြစ်လို့ လူတိုင်းသိနေတဲ့ ကိစ္စဖြစ်ပါတယ်...
လီ ရဲ့ အတွင်းနေလူယုံတပည့် ကြီးကိုယ်တိုင်က ထိုကိစ္စကို ကျွန်မအား အတည်ပြုပြောကြားခဲ့ တယ်လို့ ..."
ထိုအမျိုးသမီးကပြောကြားခဲ့ ပါတယ်...
ဘုန်းတော်ကြီးရဲ့ တပည့် ဟောင်းအမျိုးသမီးဟာ ၂၀၀၆ ခုနှစ်က ဘုန်းတော်ကြီး လီ ကိုယ်တိုင်သင်ကြား
ခဲ့သည့် ရှောင်လင်ကျောင်းတော်မှာ သင်ကြားရေးလက်ထောက်အကူ အဖြစ်လုပ်ခဲ့ ပါသေးတယ်...
ဒါပေမယ့် လေးလအကြာမှာတော့ သူမကို ကျောင်းအတွက် တရုတ်လမုန့် တွေရောင်းခိုင်းခဲ့ တဲ့ အတွက်
ထိုနေ၇ာကိုစွန့် ခွာခဲ့ ပါတယ်...
" သူ့ ရဲ့ နောက်လိုက်တွေ လိုက်နာရတဲ့ ကျင့် ဝတ်တစ်ခုကတော့ ၎င်းတို့ ဟာ သူတို့ ရဲ့ ဆွေမျိုးညာတ
ကာတွေ၊ မိတ်ဆွေတွေကို ဘုန်းတော်ကြီးရဲ့ နောက်လိုက်တပည့် တွေဖြစ်လာအောင် ဆွဲဆောင်ဟောပြော
ရတာပဲဖြစ်ပါတယ်..." လို့ သူမကပြောပြခဲ့ ပါတယ်...
မြို့ တော်ရဲ့ ဘာသာရေးဆိုင်ရာဌာနကတော့ ၎င်းတို့ အနေနှင့် ထိုကိစ္စကို စုံစမ်းစစ်ဆေးအဖြေရှာသွားမယ်
လို့ ပြောကြားခဲ့ ပါတယ်...
ဘုန်းတော်ကြီးလီဟာ ကျန်းမာရေးနှင့် ဒဿနဆိုင်ရာ သင်တန်းများပြုလုပ်ပို့ ချခဲ့ တယ်လို့ Time weekly
သတင်းက ဖော်ပြခဲ့ ပြီး ထိုသင်တန်းတစ်ခုအတွက် ပါဝင်တက်ရောက်သူတစ်ဦးဟာ ယွမ်ငွေ ၃၉၈၀၀ အ
ထိ ( ဒေါ်လာ ၅၀၀၀ ကျော်ခန့် ) ပေးရတယ်လို့ ဆိုပါတယ်...
ဆရာဝန်များက ၎င်းရဲ့ ကျောက်ကပ်ပျက်စီးသွားတယ်လို့ ဆိုခဲ့ တဲ့ ချန်ယွမ်အမည်ရှိအမျိုးသားတစ်ဦးဟာ
၂၀၀၉ ခုနှစ်မှာ ဘုန်းတော်ကြီး လီ ထံေ၇ာက်ရှိခဲ့ ပြီး ကယ်တယ်ဖို့ ပန်ကြားခဲ့ ရာ ရောဂါကုသဖို့ အတွက်
ပထမအဆင့် အနေဖြင့် ၎င်းအားယွမ်ငွေ ၁.၇သန်း( ဒေါ်လာ ၂ သိန်းကျော်ခန့် ) တန် တည်းခိုဆောင်တစ်
ခု ဘုန်းကြီးကျောင်းအတွက်ဆောက်လုပ်လှူဒါန်းပေးဖို့ ပြောကြားခဲ့ တယ်လို့ ဆိုပါတယ်...
ဘုန်းတော်ကြီးလီ ကုသပေးနေစဉ်မှာပဲ ချန်းရဲ့ ရောဂါအခြေအနေဟာ ဆိုးရွားလာခဲ့ ပါတော့ တယ်...
သို့ သော်လည်း Southern Weekened ရဲ့ အစောပိုင်းကာလများက ဘုန်းတော်ကြီးလီအကြောင့် ဖော်ပြ
ချက်များကတော့ တစ်မျိုးတစ်ဖုံဖြစ်ခဲ့ ပါတယ်...
Phenix TV အစီအစဉ်က ဘုန်းတော်ကြီးလီ ရဲ့ သင်ကြားမှုအကြောင်းတစ်ခုထုတ်လွှင့် မှုရဲ့ တာဝန်ခံဖြစ်သူ
ယန်းကျင်လင်း ကတော့ သူဟာ တောက်ဘုန်းတော်ကြီးကို လေးစားကြည်ညိုလှပါတယ်လို့ ပြောကြားခဲ့ ပါ
တယ်...
တောင်ပိုင်းမြို့ တော်နေ့ စဉ်သတင်းကတော့ ကျောင်းတော်ရဲ့ အလုပ်သမားတစ်ဦးပြောပြချက်ကို ကိုးကား
ပြီးဖော်ပြခဲ့ ရာမှာတော့ အဆိုပါ မုဒိန်းကျင့် တယ်ဆိုတဲ့ သတင်းဟာ အခြေအမြစ်မရှိပါဘူးလို့ ဆိုခဲ့ ပါတယ်...
ဆင်းဂ်ဟွာ တက္ကသိုလ်က သတင်းစာနယ်ဇင်းနှင့် ဆက်ဆံရေးဆိုင်ရာကျွမ်းကျင်သူ ပညာရှင် ကျိုကျင်အန်း
ကလည်း လုပ်ငန်းခွင်ဆိုင်ရာ စိတ်ဖိစီးမှုတွေကို သက်သာလျော့ ပါးစေဖို့ ဘာသာရေးနှင့် ဆက်နွယ်သည့် 
( တောက်ဘာသာကဲ့ သို့ သော ) ကိုယ်လက်လေ့ ကျင့် ခန်းများပြုလုပ်လာကြတာဟာ ခေတ်စားလာနေ
ကြောင်းပြောဆိုခဲ့ ပါသေးတယ်...
နေရာတကာအတုအယောင်တွေပေါများနေတဲ့ ဒီခေတ်ကြီးမှာ အတုအပလုပ်ရာမှာ ပထမတန်းဖြစ်တဲ့ 
တရုတ်နိုင်ငံမှာ ဘုန်းကြီးအတုအယောင်တွေရှိနေတာသိပ်တော့ မဆန်းပါဘူး...
ရွှေပြည်ကြီးမှာလည်း တစ်ခါတစ်ရံဒီလိုအတုအယောင်တွေပေါ်လာတတ်ပါတယ်...
ကျိုးအတွက်အသုံးပြုနေတာတွေဟာ စိတ်ပျက်စရာပါပဲ...
တစ်ကိုယ်တော့ ကိုယ်ယခုလက်ရှိရောက်နေတဲ့ အခြေအနေကို မေ့ သွားကြသူများပါပဲ...
ဘုန်းကြီးဆိုတာဘာလဲ...
ကိုးကွယ်ယုံကြည်သူတွေ၊ ထပ်ပြီးမြှင့် ပြောရယင် မယုံကြည်သူတွေကိုရောပါ ဆင်းရဲဒုက္ခတွေ နည်းပါး
အောင် ကူညီစောင့် ရှောက်ဖို့ ပဲဖြစ်ပါတယ်...
လူတွေကို ကိုယ့် ရဲ့ ကိုယ်ကျင့် သီလ၊ ပညာများဖြင့် ကူညီဖို့ ပါ...
အဲဒီလိုကူညီစောင့် ရှောက်နိုင်ဖို့ ဗုဒ္ဓဘာသာမှာတော့ သံဃာတော်များဟာ ပရိယတ္တိ၊ ပဋိပတ္တိဆိုတဲ့ ကျင့်
စဉ်၊ တစ်နည်းအားဖြင့် ဂန္တဓူရ ( စာသင်၊စာချ ) ၊ ၀ိပဿနာဓူရ ( ပဋိပတ္တိကျင့် စဉ်များကျင့် ကြံအားထုတ်
ဟောပြောခြင်း ) ဆိုတဲ့ ဓူရနှစ်ဖြာ ကျင့် ကြံရပါတယ်...
ဘုရားဟောခဲ့ တာ ဓူရနှစ်ဖြာပါပဲ...အဲဒါအပြင် ကျူရတာတွေမပါဝင်ပါဘူး...
ဒါကိုမျက်ကွယ်ပြုပြီး တကာမတွေနဲ့ ကိုယ်လက်မနှီးနောသေးသရွေ့ အာပါတ်ကြီးကြီးမားမားမသင့် ပါဘူး၊
ရဟန်းအဖြစ် ရှိနေပါသေးတယ် လို့ ဆိုပြီး ကိုယ့် ကိုယ်ကိုလည်း ဘုရားဟောတွေကို မသင်ယူ၊ မလေ့  လာ
မကျင့် ကြံ ချင်လို့ လိမ်ညာနေတဲ့ အပြင် မသိနားမလည်သူတွေပါ အလိုတူဖြစ်စေရန်ပြောနေသူ ရဟန်း
ငယ်တွေလည်းတွေ့ နေရတာ စိတ်မချမ်းသာစရာပါပဲ...
သမားရိုးကျစဉ်းစားကြည့် ရုံနဲ့ တင်သိနိုင်ပါတယ်...ရဟန်းတော်တွေကို ဆွမ်း၊သင်္ကန်း၊ကျောင်း စတဲ့ ပစ္စည်း
လေးပါးလှူဒါန်းထောက်ပံ့ နေတာ ကောင်မလေးတွေကို လိမ်ညာပြီး ရည်းစားစကားပြောနေဖို့ မဟုတ်ပါ
ဘူး....အဲဒီလိုလုပ်နေတာသိယင်လည်း ထိုရဟန်းကိုဘယ်သူမှ ထောက်ပံ့ လှူဒါန်းနေမှာမဟုတ်ပါဘူး...
လူအဖြစ်နဲ့ မိသားစုကိုဒုက္ခပေးမယ့် သူဆိုယင်တော့ ရဟန်းဝတ်နဲ့ နေတာကမှတော်သေးတယ်...ဘာပဲ
လုပ်လုပ်ဆိုပြီး ထောက်ပံ့ ပေးကမ်းမယ့် မိသားစုတော့ ရှိကောင်းရှိနေနိုင်ပါတယ် ....( ကြံဖန်တွေးယင်ပေါ့ 
လေ....)
ဒီတော့  ကောင်မလေးတွေနဲ့ ကျူမယ်၊ ချစ်မယ်ဆိုယင်တော့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့် ပြီး
မှ ပေါ်ပေါက်လာတဲ့ သာသနာတော်ကြီးကိုတော့ ညှိုးနွမ်းအောင်မလုပ်ပဲ တစ်ခါတည်းသာ လူဝတ်ကြောင်
ဘ၀နဲ့ အားရပါးရ ကျူနိုင်ချစ်နိုင်ပါတယ်...ကျူကြချစ်ကြပါလို့ တိုက်တွန်းပါတယ်...
A popular Taoist priest in Chongqing, China, who has a following that includes business leaders and showbiz celebrities is being investigated by local authorities after he was accused of raping a college student and having affairs with several female disciples.
Li Yi, renowned for his expensive health programmes, has 30,000 followers, including Ma Yun, president of Alibaba.com and pop singer Faye Wong, the Southern Weekend reported earlier.
A former follower of Li reported to the Chongqing National Committee for Religious Affairs that Li had committed several crimes.
Speaking to the Global Times on condition of anonymity, she said a college student had been raped by Li around 2004.
The former follower said the incident had been reported to the local police, but Li spent 7,000 yuan (RM3,273) to successfully settle the matter.
"The rumor about the rape has been circulating around the temple for a long time. It is an open secret. Li's disciple has confirmed this scandal with me," she said.
Li Yi's followers include Ma Yun, president of Alibaba.com and pop singer Faye Wong
The former follower had been employed as a teaching assistant by Shaolong temple, where Li taught, in 2006, but left four months later because she was only asked to sell moon cakes for the temple.
"As a common practice for his disciples, they are required to introduce their relatives or friends to become followers," she said.
The religious affairs committee said they will look into the case.
The Time Weekly reported that Li organized health and philosophy training courses. One of the courses cost as much as 39,800 yuan (RM18,613).
Chang Yun (alias), who went to Li for help in 2009 after being diagnosed with renal sclerosis, was asked to spend 1.7 million yuan (RM795,040) to build a hotel for the temple, which he was told was the first step of his treatment.
Chang's illness deteriorated while being treated by Li.
However, an earlier report by the Southern Weekend painted a different picture of Li.
Yang Jinlin, a host on Phoenix TV who had participated in one of Li's programmess, told the magazine that he was impressed by the Taoist priest.
The Southern Metropolis Daily quoted an employee of the temple as saying Saturday that the rape allegation is groundless.
Zhou Qing'an, a journalism and communication expert at Tsinghua University, said it was a current trend to use religious practices to reduce work stress.
Source:China.org.cn
1 comments:
:P said...
"ဘုရားဟောခဲ့ တာ ဓူရနှစ်ဖြာပါပဲ...အဲဒါအပြင် ကျူရတာတွေမပါဝင်ပါဘူး... "
.
.
ရေးတတ်လိုက်တာ.. ပြုံးသွားတယ်။