Black leggings a fatal 'health risk'

Saturday, August 14, 2010

ဘောင်းဘီအနက်ဝတ်ယင် သွေးလွန်တုပ်ကွေးရောဂါရနိုင်တယ်...

ကိုရီးယားမင်းသမီးလေးလို လှချင်တယ်...
ဒါပေမယ့် ခြင်ကိုက်ခံရပြီးသွေးလွန်တုပ်ကွေးဖြစ်ယင် သေနိုင်တယ်...

ကိုရီးယားရုပ်ရှင်ကားများရဲ့ ဖက်ရှင်ဒီဇိုင်းများကိုအတုယူကာ အနက်ရောင်ကိုယ်ကြပ်ဘောင်းဘီများဝတ်
ဆင်ကြသည့်  ဆယ်ကျော်သက်များဟာ အသက်အန္တရယ်အထိဖြစ်လောက်သည့်သွေးလွန်တုပ်ကွေးရော
ဂါပိုးများ ကူးစက်ခံရဖို့ နီးစပ်နေပါတယ်လို့ ထိုင်းနိုင်ငံအစိုးရက သတိပေးပြောကြားလိုက်ပါတယ်...
" လူတွေဝတ်စားဆင်ယင်မှုနဲ့ ပါတ်သက်ပြီး၊ အထူးသဖြင့် ဆယ်ကျော်သက်လူငယ်တွေအတွက် ပိုပြီးစိုး
ရိမ်ပူပန်မိပါတယ်..." လို့ ထိုင်းနိုင်ငံဒုတိယကျန်းမာရေးဝန်ကြီး ဖန်စီရီ ကူလာနာ့  တ်စီရီ က သွေးလွန်တုတ်
ကွေးရောဂါ ပိုးသယ်ဆောင်ပျံ့ ပွားစေသည့် ခြင်များကို အနက်ရောင်က ပိုမိုဆွဲဆောင်စေတတ်ကြောင်း အ
လေးထားပြီး ပြောဆိုသွားပါတယ်...

ခြေသလုံးအလှ၊ ပေါင်အလှပြချင်လို့ အသားကပ်ခြေအိပ်ဝတ်လည်းခြင်ကိုက်နိုင်ပါတယ်....

ပါးလွှာတဲ့ ကိုယ်ကြပ်ဘောင်းဘီအသားများကိုဖောက်ပြီးခြင်တွေက သွေးစုပ်နိုင်ကြတာမို့ ထိုသို့ ဘောင်
ဘီအနက်ဝတ်ထားသူတွေဟာ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရဖို့ ပိုနီးစပ်ပါတယ်...
ဒါကြောင် အရောက်ပိုမိုဖြော့ တော့ ပြီးခြင်မကိုက်နိုင်တဲ့ ဂျင်းပင် လိုဘောင်းဘီမျိုးဝတ်ဆင်တာ ပိုကောင်း
ပါတယ်လို့ သူမက တနင်္ဂနွေနေ့ ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ ပါတယ်...

ယခုနှစ် ပထမခြောက်လအတွင်းမှာပဲ ထိုင်းနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါကူးစက်သူပေါင်း ၄၅၀၀၀
အထိုတိုးတက်လာခဲ့ ပြီး သေဆုံးသူ ၄၃ ယောက်ရှိခဲ့ တယ်လို့ အစိုးရဆိုင်ရာသတင်းများအရသိရှိရပါတယ်...
ထိုအထဲကအများစုဟာ ငယ်ရွယ်သူတွေဖြစ်ကြပါတယ်...

ကိုရီးယားရုပ်ရှင်ကားတွေရဲ့ လွှမ်းမိုးမှုကတော့ ရွှေပြည်ကြီးလည်း အလူးအလဲခံနေရတာပါပဲ...
အခုသွေးလွန်တုပ်ကွေးကူးစက်နိုင်မှုကလည်း သတိပြုစရာပါပဲ...

အခုနောက်ပိုင်း သူများလင်ယောကျာင်္း၊ သမီးရည်းစားတွေနဲ့ ပြန်ကြိုက်ကြတဲ့ ဇတ်လမ်းတွေခေတ်
စားနေတယ်ဆိုလို့ မြန်မာ့ လူမှုအသိုင်းအ၀ိုင်းအတွက် စိုးရိမ်စရာ အတုယူမှုတွေဖြစ်လာနိုင်နေပါတယ်...

The Thai government has warned that a South Korean-inspired fashion craze for black leggings could be putting teenagers at risk of catching potentially deadly dengue fever.
"I'm worried about how people dress, especially teenagers," said Deputy Public Health Minister Phansiri Kulanartsiri, noting that the mosquitoes which transmit the disease are attracted by dark colours.
"The mosquitoes can bite through the leggings' thin fabric, so those who wear them are at greater risk of being infected with dengue. It's better to wear light colours and wear pants that can protect against mosquitoes, such as jeans," she said in a statement on Sunday.
Thailand has seen a spike in dengue cases, with 43 deaths and more than 45,000 infections in the first seven months of this year, according to the government. Many of the victims were young people.

2 comments:

Anonymous said...

so..kokyi buy for me GUESS jean :P

Anonymous said...

so..kokyi buy for me GUESS jean :P