World’s oldest person found in Burma

Tuesday, August 17, 2010

ကမ္ဘာ့ အသက်အကြီးဆုံးပုဂ္ဂိုလ် မြန်မာနိုင်ငံတွင်နေထိုင်လျှက်ရှိ....


မှတ်ပုံတင်နဲ့ ၊ နိုင်ငံသားစိစစ်ရေးကဒ်နဲ့ အတိအကျတင်ပြနိုင်တယ်နော်...

မြန်မာနိုင်ငံ၊ မန္တလေးတိုင်း၊အမရပူရမြို့ နယ်ရှိ၊ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ကမ္ဘာ့ အသက်အ
ကြီးဆုံးသက်ရှိပုဂ္ဂိုလ်ဟုဆိုရမည့် အသက် ၁၁၈ နှစ်ရှိအဖွားအို တစ်ဦးကျန်းမာစွာဖြင့် နေထိုင်လျှက်ရှိ
ကြောင်းမြန်မာအစိုးရကကြေငြာခဲ့ ပါတယ်...
အဘွားဒေါ်မြကြည်ကို ၁၈၉၂ ခုနှစ်မှာ (မြန်မာသက္ကရာဇ်၁၂၅၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်)
မွေးဖွားခဲ့ တယ်လို့ လူမှုဝန်ထမ်းဌာနက ဆိုခဲ့ တာမို့ အဘွားဟာ ယခုနှစ်မေလကကမ္ဘာ့ အသက်အကြီး
ဆုံးသက်ရှိထင်ရှားလူသားအဖြစ် တရားဝင်သတ်မှတ်ခြင်းခံခဲ့ ရတဲ့  သူမထက်လေးနှစ်နောက်ကျပြီး
၁၈၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၆ ရက်နေ့ မှာမွေးဖွားခဲ့ တဲ့ ပြင်သစ်နိုင်ငံသား ယူဂျင်းနီဘလန့် ချာ့ ဒ်
ထက် အသက်ပိုကြီးနေပါတော့ တယ်...

အဘွားဒေါ်မြကြည်နေတာ မန္တလေးတိုင်း၊ အမရပူရမြို့ နယ်က ကျေးရွာတစ်ရွာမှာပါ...
 Amarapura township, where lady lives, is just south of Mandalay city

အဘွားဟာမန္တလေးမြို့ တောင်ဘက်၊ အမရပူရမြို့ နယ်က ပေါက်ခြံကုန်ကျေးရွာက ဘုန်းတော်ကြီးကျောင်း
တစ်ခုမှာ ကျန်းမာစွာနဲ့ နေထိုင်လျှက်ရှိကြောင်း၊ လူမှုဝန်ထမ်းဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီးတရုတ်
နိုင်ငံ၊ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ ပါတယ်...

ကျန်းမာနေဆဲ အဘွား...
 
အဘွားဟာ ကျန်းမာရေးအတွက် အချဉ်ကလွဲလို့ ကျန်တဲ့ စားချင်တာမှန်သမျှစားနိုင်ပါတယ်လို့ လည်းဆို
ပါတယ်...
မြန်မာနိုင်ငံသားများရဲ့ သက်တမ်းကတော့ လက်ရှိအခြေအနေမှာ အမျိုးသားများကတော့  ၆၃.၄ နှစ်ဖြစ်
ပြီး၊ အမျိုးသမီးများက ၅၉ နှစ် ဖြစ်ပါတယ်လို့ ကုလသမဂ္ဂဖွံ့ ဖြိုးမှု အစီအစဉ်ရဲ့ အဆိုအရ သိရှိရပါတယ်...
မြန်မာအစိုးရကတော့ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းအတွက်၎င်းရဲ့ ဘတ်ဂျက်တစ်
ခုလုံးရဲ့  ၁.၈ ရာခိုင်နှုံးမျှသာ ကျခံသုံးစွဲခဲ့ တာမို့  ( ဒါကလည်း ဆေးရုံစသည့် အဆောက်အဦးတွေဆောက်
လုပ်တဲ့ နေရာမှာသုံးစွဲတာကပိုများပါတယ်...ဆေးဝါးကုသ၊ပြုစုစောင့် ရှောက်တဲ့ နေရာမှာသုံးတာကမဖြစ်
စလောက်ပါ...) ကမ္ဘာမှာ တိုင်းသူပြည်သားများရဲ့ ကျန်းမာရေးအတွက် အနည်းဆုံးဘဏ္ဍာငွေအသုံးပြုတဲ့ 
နိုင်ငံတွေထဲမှာတစ်ခုအပါအ၀င်ဖြစ်နေပါတယ်...
ဘယ်သူသေသေ မသေသေ တို့ မသေယင်ပြီးရောဆိုတဲ့ သူတွေအုပ်ချူပ်နေသရွေ့ ကတော့ ဒီလိုပဲ နိုင်ငံ
တစ်ကာမှာမျက်နှာငယ်ရ၊ ပြည်သူတွေပင်ပန်းဆင်းရဲ၊ ဒုက္ခရောက်နေကြရဦးမှာပါပဲ...

အင်္ဂလိပ်လိုသတင်းလေးပါ...
The Burmese government announced today that it had discovered a 118-year-old woman living “healthily” in a monastery in Mandalay division.

Daw Mya Kyi was born in 1892, the Department of Social Welfare claims, making her older than the French national Eugenie Blanchard, who was born four years later and in May this year was validated as the world’s oldest living person.
Xinhua news quoted Department of Social Welfare sources who said that Daw Mya Kyi is living in a monastery in Puak Chan Kone village in Amarapura township, just south of Mandalay city, and is “enjoying good health”.

“She can eat whatever she has appetite [for] but not sour food for health reason,” it added.

Life expectancy in Burma is currently 63.4 years for women and 59 years for men, according to the UN Development Programme. The Burmese government is thought spend only 1.8 percent of its annual budget on healthcare, ranking it amongst the lowest in the world.

3 comments:

စူး said...

wow!

thanks for sharing.

Anonymous said...

လူစုံတုန်းရှင်းပြတာပေါ့၊ဟိုတုန်းကတရုတ်မလေး၊ခုလည်းခံရမှာပဲအာရဗစ်မလေးတွေကပိုတောင်လန်းပေါ့

Anonymous said...

ကိုကြီး...အဖွားကိုဂရင်းနစ်စာအုပ်နဲ့မှတ်တန်းမတင်ဘူးလား