ခြေလေးချောင်းနဲ့ လမ်းလျှောက်တဲ့ ငါး...
An angler fish appears to 'walk' across the ocean floor as it waits for its prey
ပုံစံကြည့် ရတာကတော့ သူဟာရေကူးရတာများလွန်းလို့ ပင်ပန်းသွားတာကြောင့် ဖြစ်နိုင်ပါတယ်...
ဒီလိုဆန်းကြယ်တဲ့ ပုံသဏ္ဍာန်ရှိတဲ့ ငါးကတော့ ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်မှာ ညနေခင်းအညောင်း
ပြေ လမ်းလျှောက်ထွက်နေတယ်လို့ ထင်နိုင်စရာပါပဲ....
ငါးအကောင်ငယ်လေးများအပါအ၀င် ရေအောက်သတ္တ၀ါလေးများကို ဖမ်းယူစားသောက်လေ့ ရှိတဲ့ အဆိုပါ
ငါးမုဆိုးရဲ့ ခန္ဓာကိုယ်မှာ ခြေထောက်တွေပေါက်နေတယ်လို့ ထင်ရပေမယ့် အမှန်တော့ ထိုအရာတွေဟာ သူ့ 
ရဲ့ ဆူးတောင်တွေကို ခြေထောက်ကဲ့ သို့ အသုံးပြုပြီး ပင်လယ်ရေအောက်ကြမ်းပြင်မှာ ငြိမ်ငြိမ်သက်သက်ဖြစ်
အောင် သူ့ ခန္ဓာကိုယ်ကို ထောက်ကန်ကာထိန်းပေးထားတာဖြစ်ပါတယ်...
သူဟာ အနားကနေဖြတ်သွားမယ့် ရေသတ္တ၀ါလေးတွေကို ပါးစပ်ပေါက်အပေါ်နားမှာရှိတဲ့ နှင်တံလိုအရာ
လေးနှင့် ဆွဲဆောင်ဖြားယောင်းပြီး သူ့ ဆီလာအောင်လုပ်ယူကာ တစ်ဟုတ်ထိုးတိုက်ခိုက်ဖို့ ပင်လယ်သမုဒ္ဒ
ရာကြမ်းပြင်မှာ ငြိမ်သက်စွာ စောင့် ဆိုင်းနေတာဖြစ်ပါတယ်...
"ငါးမုဆိုးမျိုးစိတ်အတော်များများကို ရုတ်တရက်ခြုံခိုတိုက်ခိုက်စားသောက်တတ်တဲ့ ရေအောက်သတ္တ၀ါတွေ
အဖြစ်သိထားကြပါတယ်...
သူတို့ ရဲ့ ဆူးတောင်တွေကိုက သဘာဝအတိုင်းပဲ ခြေလက်တွေပုံသဏ္ဍာန်ဖြစ်နေပြီး ပင်လယ်ကြမ်းပြင်မှာ မ
လှုပ်မယှက်ငြိမ်သက်တည်ငြိမ်စွာနဲ့ အမှုံမျှမထအောင်နေနိုင်ပြီး ရုပ်ဖျက်ကာ သားကောင်ကိုစောင့် ဆိုင်းနေ
နိုင်တာဖြစ်ပါတယ်...
ပြီးတော့ သူတို့ ရဲ့ ပါးစပ်ပေါက်အပေါ်နားကခေါင်းထိပ်နားမှာရှိတဲ့ အေရီယာယ်တိုင် ( နှင်တံ ကဲ့ သို့ အရာ )
ကို သုံးပြီး သားကောင်ကို မြူဆွယ်ပါတော့ တယ်..." လို့ အသုံးချဇီဝသိပ္ပံဗဟိုဌာနက ဖေရီအာချဲလ် ကပြော
ကြားခဲ့ ပါတယ်...
ထိုမျိုးစိတ်တွေရဲ့ အများစုဟာ သမုဒ္ဒရာရေအောက်အနက်ရှိုင်းဆုံးနေရာတွေမှာနေထိုင်ကြတာဖြစ်ပြီး တစ်
ချို့ သောမျိုးစိတ်တွေကိုတော့ အပူပိုင်းဇုံဒေသရေတိမ်ပိုင်းတွေမှာလည်းတွေ့ ရှိရတတ်ပါတယ်...
ယခုတွေ့ မြင်ရတဲ့ ရင်သတ်ရှုမောဖွယ်မြင်ကွင်းဓါတ်ပုံကိုတော့  အင်ဒိုနီးရှားနိုင်ငံရဲ့ ပင်လယ်ရေပြင်ကို လေ့ 
လာနေတဲ့ သိပ္ပံရှင်များက အထူးတီထွင်ထားတဲ့ နည်းပညာနှင့်ပြုလုပ်ထားတဲ့ ရေအောက်ကင်မရာဖြင့် ရိုက်
ကူးခဲ့ ခြင်းဖြစ်ပါတယ်...
သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဆိုတဲ့ လောက သုံးပါးကတော့ အလွန်ပဲ ဆန်းကြယ်လှ
ပါတယ်...
ဒေလီမေးလ် သတင်းမှ ကူးယူတည်းဖြတ်ဖော်ပြပါတယ်...
Perhaps he had just got tired of swimming.
For this odd-looking fish looks like he's just decided to head out for an evening stroll along the ocean floor.
But while it looks like he has sprouted legs, this angler fish's limbs are just the fins he uses to balance himself on the sea bed.
The fish rests on the ocean floor as he prepares to make a dart for any passing prey he has lured towards him using the protrusion above his mouth
'They then use a protrusion on their heads, just above their mouths, that they use as a lure to catch their prey'.
Most of these species live in the great depths of the oceans, but some are found in shallower, tropical environments.
The stunning picture was taken by scientists using cutting-edge technology to explore waters off Indonesia.
1 comments:
အို.... ထူးထူးဆန်းဆန်း
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
Post a Comment