Tortured maid hammered with 23 nails

Thursday, August 26, 2010

ဆော်ဒီအိမ်ရှင်ရဲ့ အိမ်ဖော်အမျိုးသမီးအပေါ်လူမဆန်စွာရက်စက်

တဲ့ လုပ်ရပ်....


ဆော်ဒီအာရေဗျ နိုင်ငံရှိ မိသားစုဦးရေများပြားသည့် အိမ်တစ်အိမ်တွင် အိမ်ဖော်အဖြစ် ၅ လကြာသွးရောက်
အလုပ်လုပ်ကိုင်ခဲ့ သည့် သီရိလင်္ကာနိုင်ငံမှ အသက် ၅၀ အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးအား အိမ်ရှင်များမှ
သူမ၏ကိုယ်ခန္ဓာအတွင်းသုံး သံချောင်းများ ထိုးစိုက်ရိုက်သွင်းပြီး နှိပ်စက်စေခိုင်းခဲ့ ကြသည်ဟုဆိုပါသည်...

 ရဲတပ်ဖွဲ့ ကစစ်ချက်ယူ...

လွန်ခဲ့ သည့် စနေနေ့ ညက ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ် မြို့ တော်မှ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြိုတော်သို့ လေ
ယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသည့် အရိယာဝါသီ အမည်ရှိတဲ့ ( သူတော်ကောင်းကဲ့ သို့ နေသူလို့ များအ
ဓိပ္ပါယ်ပြန်ယင် ရမယ်ထင်ပါတယ်...) ထိုအမျိုးသမီးကြီးကို စိုးရိမ်ပူပန်နေကြတဲ့ သူမရဲ့ သားသမီးများက လွန်
ခဲ့ တဲ့ တနင်္လာနေ့ ကပဲ ဆေးရုံကို ခေါ်ဆောင်လာခဲ့ ကြပါတယ်...
ဓါတ်မှန်ရိုက်ကူးစစ်ဆေးချက်များအရ သူမကိုယ်ခန္ဓာမှာ သံချောင်းပေါင်း ၂၃ ချောင်းအထိ ထိုးစိုက်နစ်ဝင်
နေခဲ့ တယ်လို့ မြင်တွေ့ ခဲ့ ရပါတယ်...

တစ်ချို့ သံချောင်းတွေဆို ၅ စင်တီ ( ၂ လက်မနီးပါး ) အထိရှည်ပါတယ် လို့  ကမဘူရူပိတီယ ဆေးရုံးမှ ဆ
ရာဝန် ပရာဘတ်ဂဂျာဒီရာ က AOL သတင်းဌာနကိုပြောပြခဲ့ ပါတယ်...
"သံချောင်းအများစုဟာ ခြေထောက်နဲ့ လက်များမှာထိုးသွင်းထားခဲ့ တာဖြစ်ပြီး သူမကိုဘယ်နှစ်ချောင်းအထိ
ထိုးသွင်းနှိပ်စက်ခဲ့ တယ်ဆိုတာတောင် သူမအနေနဲ့ မမှတ်မိနိုင်ခဲ့ ပါဘူး..
သူမက သူတို့ အာရပ်ဘာသာစကားမပြောတတ်တာမို့ သူတို့ ဟာ သူမဘာကိုဆိုလိုတယ်ဆိုတာ မသိနိုင်
ကြပါဘူး..." လို့ ဒေါက်တာ ဂဂျာဒီရာ ကဆက်ပြောပြပါတယ်...


Sri Lankan maid L.T. Ariyawathi, left, talking to a nurse while receiving treatment at a hospital in Batticaloa on Wednesday - AFP/Getty
 ဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ အရိယာဝါသီ ....
Sri Lankan maid L.T. Ariyawathi, left, talking to a nurse while receiving treatment at a hospital in Batticaloa on Wednesday - AFP/Getty


ဒါပေမယ့် သူမက သီရိလင်္ကာ၊ သီရိလင်္ကာ လို့ ပဲ အကြိမ်ကြိမ်ပြောဆိုနေခဲ့ လို့ သူမအိမ်ကိုပြန်ချင်တယ်
ဆိုတာသဘောပေါက်သွားကြလို့ သူမကို လေဆိပ်သို့ ပို့ ဆောင်ခဲ့ လိုက်ကြပါတယ်...
ထိုအမျိုးသမီးကြီးဟာ ဆော်ဒီလေဆိပ်မှာရော၊ သီရိလင်္ကာနိုင်ငံလေဆိပ်မှာပါ သူမကို သံချောင်းတွေနဲ့ ထိုး
သွင်းနှိပ်စက်တယ်ဆိုတဲ့ အကြောင်း တစ်ခွန်းမှ မပြောခဲ့ ပါဘူး လို့ လည်း ဆရာဝန်ကပြောပြခဲ့ ပါတယ်...
ထိုခန္ဓာကိုယ်ထဲက သံချောင်းတွေကိုလည်း သက်ဆိုင်ရာလေဆိပ်များရဲ့ လုံခြုံရေးအရစစ်ဆေးတဲ့ စက်ကိရိ
ယာများက မတွေ့ ရှိခဲ့ကြပုံရပါတယ်...

သူမအိမ်ကိုပြန်ရောက်တော့ မှ သားသမီးတွေကို ဒါဏ်ရာဒါဏ်ချက်တွေအကြောင်းပြောပြခဲ့ လို့ ၎င်းတို့ က
သူမကို ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ ကြတာဖြစ်ပါတယ်...

သီရိလင်္ကာနိုင်ငံ၏ ပြည်ပအလုပ်အကိုင်များဆိုင်ရာဌာန ကတော့ ထိုအမျိုးသမီးကြီးတက်ရောက်ရာဆေး
ရုံသို့ အဖွဲ့ တစ်ခုစေလွှတ်ပြီး သူမထံမှ ထွက်ဆိုချက်ရယူကာ ရီယာ့ဒ်မြိုရှိသီရိလင်္ကာသံရုံးနှင့် သီရိလင်္ကာ
နိုင်ငံရှိ ဆော်ဒီသံရုံးတို့ ကို ထိုဖြစ်ရပ်အားအကြောင်းကြားကာ အမျိုးသမီးကြီးအား ခေါ်ယူအလုပ်ခန့် အပ်
စေခိုင်းခဲ့ သည့် ဆော်ဒီနိုင်ငံမှ မိသားစုအား အရေးယူနိုင်ရန်စီစဉ်နေပါတယ် လို့ သီရိလင်္ကာနေ့ စဉ်သတင်း
မှာ ဗုဒ္ဓဟူးနေ့ ကဖော်ပြခဲ့ ပါတယ်...

" ကျွန်တော်တို့ ပြည်ပအလုပ်အကိုင် များဆိုင်ရာ ( ကြီးကြပ်ရေး ) ဌာနအနေနဲ့ ထိုအိမ်ဖော်အမျိုးသမီးကြီး
အားလူမဆန်စွာ သံချောင်းများထိုးပြီး နှိပ်စက်ခဲ့ သသည့် အလုပ်ရှင်နှင့် ၎င်း၏မိသားစုထံမှ အမြင့် မားဆုံး
သောလျှော်ကြေးငွေရရှိစေဖို့ နည်းလမ်းမျိုးစုံ၊ အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်..." လို့ အဆိုပါဌာ
နရဲ့ အကြီးအကဲ ဘာတာဂိုဒါ ကပြောကြားခဲ့ ပါတယ်...


An X-ray of Ariyawathi's palm showing the imbedded nails - AFP/Getty
လက်ထဲမှာပါ သံချောင်းတွေစိုက်သွင်းနှိပ်စက်ခဲ့ ကြတယ်...
An X-ray of Ariyawathi's palm showing the imbedded nails - AFP/Getty

သူမကို သံချွန်တွေနဲ့ မထိုးချင်မှာ ထိုသံတွေကို မီးနဲ့ အပူပေးတတ်ကြပါသေးတယ် လို့ လည်းသူမကပြော
ပြခဲ့ ပါတယ်...
သီရိလင်္ကာနိုင်ငံ၊ မာတာရာ မြို့ မှာနေထိုင်တဲ့ အရိယာဝါသီ က သူမအလုပ်လုပ်ခဲ့ တဲ့ မိသားစုမှာမိသားစုဝင်
တွေအများကြီးရှိပြီး ထိုသူများအားလုံးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးရတာမို့ သူမအနေနဲ့ အနားမရှိပဲအ

မြဲမပြတ်တရစပ်အလုပ်လုပ်နေခဲ့ ရကြောင်း၊ ပင်ပန်းလွန်းလို့ အနားယူမယ်ကြံလိုက်တိုင်း သူတို့ ကအပြစ်ပေး
တဲ့ အနေနဲ့ သံချောင်းတွေကိုခန္ဓာကိုယ်ထဲကို ထိုးသွင်းခဲ့ ကြတာဖြစ်တယ်လို့ သူမက သတင်းဦးသတင်းထူး ရုပ်သံသတင်းဌာနကိုပြောပြခဲ့ ပါတယ်...


" ကျွန်မဟာမိုးလင်းကမိုးချူပ်တစ်ချိန်လုံးအလုပ်လုပ်ခဲ့ ရပါတယ်...အိပ်စက်ချိန်မရှိသလောက်ပါပဲ...သူတို့ 
က ကျွန်မကို ရိုက်နှက်ကြပြီး သတ်ပစ်ကာအလောင်းကိုဖျောက်ပြစ်မယ်လို့ လည်း ခြိမ်းခြောက်ခဲ့ ကြပါသေး
တယ်..." လို့ အရိယာဝါသီက ပြောကြားခဲ့ ပါတယ်...
သူမဟာ သီရိလင်္ကာနိုင်ငံကို သူမရဲ့ စားရိတ်နဲ့ ပြန်လာခဲ့ ရတာဖြစ်ပါတယ်...

 ရက်စက်ချက်ကတော့ ကမ်းကုန်....


" သူတို့ အားလုံးဟာ အကြင်နာတရားလုံးဝမရှိတဲ့ မကောင်းဆိုးဝါးတွေဖြစ်ပါတယ်...ကျွန်မက သူတို့ ဘာ
သာစကားမပြောတတ်လို့ အခုလိုပိုပြီးနှိပ်စက်တာလို့ ပဲ ယုံကြည်ပါတယ်...
သူတို့ ဘာကိုခိုင်းတယ်ဆိုတာနားမလည်လေ သူတို့ ကစိတ်ဆိုးဒေါသထွက်လေပါပဲ...အိမ်ရှင်အမျိုးသားက
သူမရဲ့ ကိုယ်ခန္ဓာထဲကို သံချောင်းတွေထိုးသွင်းတာကို မိန်းမဖြစ်သူကလည်း ၀င်ရောက်ကူညီတာပါပဲ...က
လေးတွေကလည်း ဓါးတွေနဲ့ ကိုင်ပြီးကျွန်မကို ခြိမ်းခြောက်ကြပါတယ်..."  လို့ သူမကရှင်းပြခဲ့ ပါတယ်...


ဆော်ဒီနိုင်ငံမှာ နိုင်ငံခြားသားအလုပ်သမားပေါင်း ၈ သန်းရှိပြီး အများစုကတော့ အာရှတိုက်နိုင်ငံများမှပဲ
ဖြစ်ကြပါတယ်...( အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ဘင်္ဂလားဒေ့ ရှ် စတဲ့ နိုင်ငံတွေကအများစုပါ )
ထိုအလုပ်သမားများဟာ အလုပ်ရှင်များရဲ့ ခေါင်းပုံဖြတ်ခြင်း၊ ကျေးကျွန်များကဲ့ သို့ ဆက်ဆံစေခိုင်းခြင်းတွေ
ခံကြရပါတယ်...

လွန်ခဲ့ တဲ့ နှစ်တစ်ခုထဲမှာပဲ သီရိလင်္ကာနိုင်ငံသား နှစ်သန်းခန့် ဟာ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်
လုပ်ကိုင်ဖို့ ထွက်ခွာခဲ့ ကြပါတယ်...
ထိုအထဲက ၁.၄ သန်းဟာ အိမ်ဖော်များဖြစ်ကြပြီး အရှေ့ အလယ်ပိုင်းအာရပ်နိုင်ငံများမှာ အလုပ်လုပ်နေကြ
တာဖြစ်ပါတယ်...ဆော်ဒီတစ်နိုင်ငံတည်းမှာပဲ အိမ်ဖော်ပေါင်း ၄ သိန်းခန့် ရှိနေကြပါတယ်...
ထိုအထဲကအများစုသောအိမ်ဖော်တွေဟာ သူတို့ ကို ကိုယ်ထိလက်ရောက်စော်ကားနှိပ်စက်တာခံကြရပါ
တယ်လို့ ဆိုပါတယ်...

နိုင်ငံခြားသားအိမ်ဖော်များဟာ တစ်နေ့ လျှင် ၁၂ နာရီမှ ၁၅ နာရီအထိဖြင့် တစ်ပါတ် ၇ ရက်လုံး နားရက်
မရှိ အလုပ်လုပ်ကြရပြီး လုပ်ခလစာများမရခြင်း၊ အစားအသောက်များမစားမသောက်ပဲနေရခြင်း တို့ အပြင်
တစ်ခါတစ်ရံ လိင်မှုဆိုင်ရာ စော်ကားကျူးလွန်ခြင်းများပင်ခံကြရတယ်လို့ ဆော်ဒီနိုင်ငံရှိ နိုင်ငံခြားသံရုံးများ
မှ တိုင်ကြားစာများ ထောင်နှင့် သောင်းနှင့် ချီပြီးနှစ်စဉ် ရရှိခဲ့ ကြပါတယ်...
တရားဥပဒေလမ်းကြောင်းအရ အရေးယူနိုင်ဖို့ ကြိုးပမ်းလျှင်လည်း ဒေသခံဘာသာစကားသို့ ပြန်ဆိုပေးမည့်
ဘာသာပြန်များအလုံအလောက်မရှိခြင်း၊ ဥပဒေကြောင်းအရ ကူညီထောက်ပံ့ မှုမရှိခြင်း၊ သက်ဆိုင်ရာသံရုံး၊
ကောင်စစ်ဝန်ရုံးများမရှိခြင်း၊ ( ရှိပြန်သော်လည်းအခွန်ကောက်ခံခြင်းမှလွဲပြီးတစ်ခြားအကူအညီတောင်းမရ
ခြင်း ) တို့ ကြောင့် ညှင်းပန်းနှိပ်စက်သည့်အလုပ်ရှင်များကို အမှုတင်တရားစွဲဆိုနိုင်ခဲ့ မှုများလွန်စွာနည်းပါး
လှပါတယ်...
အကယ်၍၎င်းတို့ နိုင်ငံသားအလုပ်ရှင်ကို တရားဆွဲဆိုဖို့ ကြိုးစားခဲ့ လျှင်လည်း ထိုအလုပ်သမားဟာ အမှုရင်
မဆိုင်ရခင်မှာပဲ နိုင်ငံအတွင်းမှ ပြန်ပို့ ခြင်းခဲ့ ရပါတော့ တယ်...

၂၀၀၈ ခုနှစ်မှာလည်း သူမကို ရေနွေးပူ၊ မီးအပူများနှင့် အပူတိုက်ခဲ့ တဲ့ အပြင် သူမရဲ့ သွားများကိုပါ အဓမ္မ
နှုတ်ပစ်ခဲ့ ကြသည့် အလုပ်ရှင်များကို တရားစွဲဆိုရန်ကြိုးပမ်းခဲ့ သည့် အင်ဒိုနီးရှားနိုင်ငံမှ အိမ်ဖော်မလေး
ကီနီဘင်တီကာဒါ ကို အမှုမလုပ်နိုင်မှီမှာပဲ ဆော်ဒီအာဏာပိုင်များက သူမနိုင်ငံသို့ ပြန်ပို့ ခဲ့ ကြပါတယ်...
မိမိတို့ ရဲ့ မိသားစုအဆင်ပြေရေးအတွက် နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာ သွားရောက်အလုပ်လုပ်ရသူတွေရဲ့ 
ရင်နင့် ဖွယ်ရာဖြစ်ရပ်တစ်ခုပါပဲ...
ဒါကြောင့် ရွှေပြည်ကြီးက ပြည်ပအလုပ်အကိုင်အေဂျင်စီများကိုလည်း အရှေ့ အလယ်ပိုင်းအာရပ်နိုင်ငံများ၊
အထူးသဖြင့် ဆော်ဒီနိုင်ငံကို အမျိုးသမီးများအတွက်အလုပ်အကိုင်အခွင့် အလမ်းဆိုယင် သေသေချာချာ
စိစစ်သင့် ပါတယ်...
အိမ်ဖော်အလုပ်ဆိုယင်တော့ ဘယ်လောက်ပဲ လခကောင်းတယ်ဆိုပါစေ မလုပ်သင့် ၊ မသွားသင့် ပါဘူး....


အင်္ဂလိပ်လို သတင်းလေးပါ....
A 50-year-old Sri Lankan woman who worked as a maid for a large family in Saudi Arabia for five months was allegedly tortured by having nails hammered into her body.

L. T Ariyawathi, who flew back to Colombo, Sri Lanka, from Riyadh on Saturday night, was brought to the hospital by her concerned children Monday.
X-rays showed there were 23 nails embedded in her body.
"Some of the nails were 5cm long," Dr. Prabath Gajadeera of Kamburupitiya Base Hospital told AOL News.  "Most of the nails were embedded in her arms and legs. She didn't even realize how many were in there."
"She didn't speak their language and they didn't understand her," Gajadeera said.

"But she kept saying 'Sri Lanka, Sri Lanka, Sri Lanka' and they realised she wanted to go home. So they brought her to the airport."
Gajadeera said the woman did not say anything about the nails in her body at either the airport in Saudi Arabia when she was leaving nor when she arrived at the airport in Sri Lanka.
The nails were apparently not detected by airport security devices, Gajadeera said.
Ariyawathi told her children about her injuries after her arrival, and they took her to the hospital, he said.
The Sri Lanka Bureau of Foreign Employment, who sent an envoy to the hospital to record her statement, plans to take action against the Saudi family who employed the woman and has informed the Sri Lankan Embassy in Riyadh and the Saudi Embassy in Sri Lanka, the Daily News of Sri Lanka reported Wednesday."The bureau will take every action to get maximum compensation from the employer for the inhumane treatment he and his family had inflicted on the maid by inserting nails in her body," said bureau official H. Batagoda.A Sri Lankan TV network, Newsfirst Sirasa, spoke to the woman, who showed its reporter the marks from the nails on her body.She said some of the nails had been heated prior to insertion.
Ariyawathi from the town of Matara, said there were many people in the Saudi household where she worked.
"I had to work continuously since I had to do the chores of all the occupants, and when I wanted to take rest due to tiredness, they inserted the nail in my body as a punishment," she told Newsfirst.
"I had to work from dawn to dusk. I hardly slept. They beat me and threatened to kill me and hide my body." Ariyawathi said she flew back to Sri Lanka at her own expense.
"They were really devils with no mercy at all," she said, adding that she believes they tortured her because she did not speak their language.
"I could not understand their orders and they were angry," she said.
 Ariyawathi said the male head of the household inserted the nails and his wife helped him, adding that the family's children also threatened her with knives.
Nearly two million Sri Lankans sought employment overseas last year.
Around 1.4 million, mostly maids, were employed in the Middle East with 400,000 working in Saudi Arabia alone. Many have complained of physical abuse or harassment.
According to Human Rights Watch, the estimated eight million foreign workers in Saudi Arabia are suffer multiple abuses and exploitation, and sometimes slavery-like conditions. Saudi's foreign embassies report thousands of complaints each year from domestic workers forced to work 15-20 hours a day for seven days a week, who are denied their salaries, denied food and drink and sometimes even subjected to sexual abuse.
Recourse to justice is poor too with obstacles such as lack of access to interpreters, legal aid, or their consulates which means few migrants successfully pursue criminal cases against abusive employers.
Successful legal action by migrant workers is rare and often migrants are deported before they can pursue their case.
In 2008 authorities repatriated Keni binti Carda, an Indonesian domestic worker, before she could formally complain about her employers causing her severe burns and prying out her teeth.

Source: Aolnews.comImages Source: AFP/Getty/ Daily Mail

5 comments:

ကိုဇော် said...

လူမဟုတ်တာတွေပဲ...
အတွေးအခေါ်တွေက လမ်းလွဲနေတာကိုးးးး

မိုးယံ said...

အခုလို အခြားလူသား တစ်ယောက်၏ အသားထဲသို့ သံချောင်းတွေရိုက်သွင်းတာကို ဖန်ဆင်းရှင် အနန္တ မေတ္တာတော် ရှင်ကြီးက သဘောတူလို့ ဖြစ်မှာပါ။ အဲဒီဖန်ဆင်းရှင်ကြီး သဘောမတူရင် မုန်တိုင်းဘယ်လောက်တိုက်တိုက် ၀ါးရွက်ကလေး တောင် မလှုပ်ဘူး လို့ အဲဒီနိုင်ငံက လူတွေလိုပဲ အနန္တမေတ္တာရှင်ကြီးကို ယုံကြည်သူများရဲ့ စကားကို မြန်မာလို ပီပီသသကြီါ် ကြားခဲ့ရလို့ပါ

ကိုပီတာကို တော့ သတင်းတွေ အတွက် ကျေးကျေးပါ။

ငြိမ်းချမ်းပါစေ
မိုးယံ

ကိုရီး{ကိုကြီး} said...

လူတွေမှ ဟုတ်ကြရဲ့လားဗျာ
လူတစ်ယောက်ကို ဒီလိုနှိပ်စက်ကြတာ
ဖတ်ပြီး အတော်စိတ်မကောင်း ဖြစ်မိတယ်။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ချစ်ကြည်အေး said...

ကိုယ်ထဲမှာ အဲဒီ သံချောင်းတွေနဲ့ ဘယ်လိုများ နေထိုင်ခဲ့ပါလိမ့် အတော် ရက်စက်ကြတာပဲ...

ကိုရီး{ကိုကြီး} said...

ဒီသတင်းလေးကို Channel New Asia မှာ ဒီနေ့ တွေ့လိုက်ရတယ်
အစ်ကို့ရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ဂုဏ်ယူမိပါတယ်။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}