Man claims he has developed female genitals

Saturday, August 28, 2010

ဖုံးကညာတစ်ပါး...လုံးရာကပြားခဲ့ ရပြီ...

 

 
သွားပြီ...မရှိတော့ ဘူး...

စိတ်သောကကြီးစွာရောက်နေရတဲ့ မာလာဝီနိုင်ငံမှ အမျိုးသားတစ်ဦးက ၎င်းရဲ့ ညီပု၊ ရွှေဥကလေးတွေဟာ
တစ်ဖြည်းဖြည်း သေးငယ်ပျောက်ကွယ်နေပြီး မိန်းကလေးတို့ သဘာဝထာဝရတစ်ခုဖြစ်တည်နေလာပါတယ်
လို့ အခိုင်အမာပြောကြားခဲ့ ပါတယ်...

အသက် ၂၅ နှစ်အရွယ်ရှိ ဂျလီမာတီယူး က ၎င်းရဲ့ နောက်ပေါက်နေရာကနေ အဆိုပါ ပန်းကလေးပွင့် လန်း
လာခဲ့ တာအမှန်ဖြစ်ကြောင်း ဇနီးဖြစ်သူကလည်း ထပ်လောင်းထောက်ခံအတည်ပြုအားပေးခဲ့ တယ်လို့ ဆို
ခဲ့ ပါတယ်...
" လွန်ခဲ့ တဲ့  ၂ နှစ်လောက်က ကျွန်တော့် ရဲ့ နောက်ဖေးပေါက် ( မစင်စွန့် သည့် ဒွါရပေါက် ) မှာ အသားပို
လေးတစ်ခု ဖြစ်လာခဲ့ တော့ ဇနီးဖြစ်သူက အဲဒါဟာ သူတို့ မိန်းကလေးတွေရဲ့ ကိုယ်ပိုင်ပစ္စည်းလို့ အတည်
ပြုပြောဆိုခဲ့ ပြီး နောက်တာ့ ထိုဟာလည်းပျောက်သွားခဲ့ ပါတယ်..." လို့ မာတီယူ ကရှင်းပြခဲ့ ပါတယ်...

" ဒါပေမယ့် ဒီနှစ်ဇွန်လမှာ တော့ အဲဒါလေးက အရှေ့ နဲ့ အနောက်ဒွါရအပေါက်တွေကြားက နေရာလေး
မှာပြန်ရောက်ဖြစ်ပေါ်လာခဲ့ ပါတယ်...ကျွန်တော့် ရဲ့ ဖွားဖက်လေးလည်း တစ်ဖြည်းဖြည်းသေးငယ်သွားပြီး
နောက်တော့ ပျောက်ခြင်းမလှပျောက်သွားခဲ့ တာပါပဲ...အခုတော့ တစ်ပွင့် တည်းသောပန်းသာကျန်ခဲ့ ရ
ပါပြီ..." လို့ မာတီယူ ကထပ်ပြောပြခဲ့ ပါတယ်...

သူဟာချက်ချင်းပဲ တိုင်းရင်းဆေးဆရာဆီသွားပြီး ကူညီကယ်တင်ဖို့ ပန်ကြားခဲ့ လို့ ဆရာက အမျိုးသမီးအင်္ဂါ
လေးကိုဓါးနှင့်ဖြတ်ပြီး ဆေးရွက်တွေအရည်ညှစ်ပေးခဲ့ ပါတယ်...
" ဆေးဆရာက အခြေပြုနေတဲ့ ငွေခရုလေးကိုဖြတ်ပစ်လိုက်ပြီး ဆေးရွက်တွေကြိတ်အုံခဲ့ ပါတယ်...အခုအ
ခါမှာတော့ ပျောက်ဆုံးခဲ့ တဲ့ ညီငယ်လည်းပြန်ပေါ်လာပါတယ်...ဒါပေမယ့် သေးငယ်ကြုံလှီလို့ မိန်းမဖြစ်သူ
နှင့်  ယောကျာင်္းပီပီစံချိန်မမှီ၊ ခွန်အားမပြနိုင်ဖြစ်နေရပါတယ်..." လို့ မာတီယူ ကပြောပြခဲ့ ပါတယ်...


ယခုကဲ့သို့ ဖုံးကညာတစ်ပါး၊ လုံးရာကပြားသွားရခြင်းဟာ ၎င်းရဲ့ ယခင်ယောက္ခမဟောင်းနှင့် ဒုတိယဇနီးဖြစ်
သူရဲ့ ခင်ပွန်းဟောင်းတို့ စုန်းကဝေအတတ်နဲ့ ပူးပေါင်းလုပ်ကြံကြတာလို့ သူက စွပ်စွဲခဲ့ ပါတယ်...
မာတီယူတစ်ယောက် တစ်ခြားလူတစ်ဦးရဲ့ ဇနီးမယားကို ခိုးယူပေါင်းသင်းလိုက်တဲ့ အခါမှာတော့ ပထမဇနီး
ဖြစ်သူဟာ သူ့ ဆီမှထွက်ပြေးသွားခဲ့ တာဖြစ်ပြီး ထိုဇနီးရဲ့ မိခင်နှင့် ဒုတိယမယားရဲ့ ခင်ပွန်းတို့ ပေါင်းပြီး စုန်း
အောက်လမ်းပညာသုံးပြီး သူ့ ကိုမကောင်းကြံတာဖြစ်တယ်လို့ ဆိုပါတယ်...


ယခုအခါ ဇနီးမယားသုံးယောက်ရှိပြီဖြစ်တဲ့ လူငယ်က ၎င်းရဲ့ ဒုတိယဇနီးဟာသူမရဲ့ ယခင်ယောကျာင်္းဖြစ်သူ
နှင့် နှစ်ပေါင်းများစွာပေါင်းသင်းဆက်ဆံခဲ့ ပေမယ့် ကလေးမရရှိခဲ့ ကြောင်း၊ ထိုသို့ ဖြစ်ရတာဟာ အဆိုပါအ
မျိုးသားရဲ့ မစွမ်းဆောင်နိုင်မှုကြောင့် လို့ ယုံကြည်ရတာမို့ ထိုလင်မယားဟာ သားမျိုးစေ့ ပေးနိုင်မယ့် သူကို
ရှာဖွေခဲ့ ကြကြောင်း၊ ပထမတော့ ခင်ပွန်းဖြစ်သူက သူ့ ရဲ့ ဇနီးကိုယ်ဝန်ရှိလာစေဖို့ အဖိုးအိုတစ်ယောက်ကို
အိမ်သို့ ခေါ်လာခဲ့ ကြောင်း၊ ဒါပေမယ့် သူမက ထိုအဖိုးအိုနှင့်မပျော်ပိုက်တာမို့ မာတီယူဆီကိုသာ ကလူ၏
သို့ မြူ၏သို့ လုပ်ရန်မကြာမကြာ လာရောက်ခဲ့ တာဖြစ်ကြောင်း ရှင်းပြခဲ့ ပါတယ်...

သိပ်မကြာခင်မှာပဲ ထိုအမျိုးသမီးဟာ သင်္ကြန်အမြောက်လို ဗလာကျည်သာရှိတဲ့ သူမရဲ့ ခင်ပွန်းဆီပြန်မ
လာတော့ ဖို့ ဆုံးဖြတ်လိုက်ပြီး မာတီယူ နဲ့ သာအတူနေခဲ့ လိုက်ပါတော့ တယ်...
အဲဒီကစပြီးတော့ သူ့ ရဲ့ ပထမဇနီးမယားလည်းထွက်သွားကာ သူလည်းလုံးရာကစပြားလာခဲ့ တော့ တာ
ဖြစ်ပါတယ်...
မာတီယူက ၎င်းရဲ့ နောက်မှပေါက်တဲ့ ရွှေကြာပန်းဟာ အလွန်ယားယံလေ့ ရှိပြီး ကုတ်မိယင်လည်း သွေးတွေ
ထွက်လာတတ်ပါတယ် လို့ ထုတ်ဖော်ပြောကြားခဲ့ ပါတယ်...
သူ့ ရဲ့ ဇနီးကတော့ ဒါဟာ မိန်းကလေးတို့ သဘာဝ လစဉ်အထာပြနေတာဖြစ်နိုင်တယ်လို့ သူ့ ကိုပြောပြခဲ့ 
ပါတယ်...
အဲလီဇဘက်ဘုရင်မ ဗဟိုဆေးရုံကြီးက ဒေါက်တာဗင်းဆင့် မိုယို ကတော့ အမျိုးသားတစ်ယောက်အနေနဲ့ 
သူ့ ရဲ့ လိင်အင်္ဂါတွေပျောက်ပြီး အမျီူးသမီးတစ်ဦးရဲ့ အင်္ဂါတွေဖြစ်ပေါ်လာတာ ဟာယုတ္တိမရှိ၊ မဖြစ်နိုင်ပါဘူး
လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ ပါတယ်...

ရွှေပြည်ကြီးမှာလည်း လွန်ခဲ့ တဲ့ နှစ်အတန်ကြာက ထိုကဲ့ သို့ မောင်မစ္စက ( ယောကျာင်္းဘ၀မှ မိန်းမဘ၀သို့ 
အဟုတ်တစ်ကယ် ပြောင်းလဲ ) ဖြစ်သွားတဲ့ အကြောင်း ဂျာနယ်တွေထဲမှာပါခဲ့ ဖူးပါတယ်...
သူတစ်ပါးဇနီးမယားကို ခိုးယူပေါင်းသင်းတဲ့ အတွက် ( သူကတော့ ပြောင်ကိုလုယူတာပါပဲ..) အခုဘ၀မှာပဲ
လက်ငင်းအကုသိုလ်အကျိုးပေးတာများလားလို့ ထင်မိပါတယ်...

အင်္ဂလိပ်လိုသတင်းလေးပါ....
A distressed man in Malawi claims he has developed female genitals and his testicles keep disappearing. 25-year-old Jali Mateyu says his wife confirmed that female genitalia had grown out of his anus. “Two years ago I developed strange human flesh on my anus and my wife confirmed to me that they were female genitals but they disappeared.” Mateyu explained.
“But in June this year they reappeared just between the anus and the genitals. My member shrunk and later disappeared. There were only female genitals,” he continued. Mateyu immediately sought the assistance of a traditional healer who cut the alleged female genitals with a knife and sprinkled herbs on them. “They were cut and herbs were applied. Now male genitals have resurfaced but they are too weak; I can’t perform in bed,” Mateyu said.
Mateyu blames his suffering on black magic, and has accused both his mother-in-law and his second wife’s ex-husband for bewitching him and turning him into a woman. Mateyu’s first wife ran away after he stole his second wife from another man, he believes that this is the motive for his first wife’s mother and his second wife’s ex-partner for using black magic against him.

The young man, who now has three wives explained how his second wife had been with her husband for many years but had not been able to produce children. Believing it was the husband who was seedless the couple looked for a suitable donor to sire a child. At first the husband brought home an old man to impregnate his wife, but she wasn’t happy with this choice and subsequently began paying Mateyu regular visits for hanky-panky.
After a short while the woman decided not to return to her barren husband and stayed with Mateyu instead, that is when his first wife left and the alleged female genitals arrived. Mateyu also revealed that his new female parts itch a lot and sometimes bleed after they are scratched. His wife told him he is most likely menstruating. Dr Vincent Moyo from the Queen Elizabeth Central Hospital gave a statement saying it was not possible for a man to develop female sexual organs.

5 comments:

ရွှေရတုမှတ်တမ်း said...

ဟယ်....များတို့အဖေါ်တွေတိုးလာပြီ

pandora said...

ဒီလိုအကြောင်းအရာကို ဘာသာပြန်လိုက်ပုံက အရမ်းမိုက်တယ်
မချီးကျူးပဲ မနေနိုင်း)

ကိုဇော် said...

မြန်မာမှာက ပြားရာက လုံးသွားသေးတယ် မဟုတ်လား။

Anonymous said...

ဟင်း...သူ့ အမျိုးစပ်ပုံကြီးကလည်းခေါင်းတွေတောင်မူးနေတာပဲ
ရှုတ်နေတာပဲ ဟွန့် 

ကိုရီး{ကိုကြီး} said...

အင်း.... သတိပြု ဆင်ခြင်စရာလေးပေါ့
ဝဋ်ဆိုတာ ဘဝမကူးဘူး ဆိုတာလေးပေါ့ဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}