Teenager sells virginity to save home
Wednesday, August 11, 2010
 သူ့ လိုတော့ ဖြင့် အတုမယူစေချင်...
Hungarian schoolgirl /Europics
အတွေးအကြံမှားယင် မှားယွင်းတဲ့ လုပ်ဆောင်မှုတွေဖြစ်လာလိမ့် မယ်...
သူမရဲ့ အပျိုစင်ညကိုလေလံတင်ရောင်းချခဲ့ ပြီး ဗြိတိသျှအမျိုးသားတစ်ဦးက ထိုပန်းဦးပန်မယ့် အခွင့် အ
ရေးကိုဝယ်ယူခဲ့ သည့် ဟန်ဂေရီနိုင်ငံမှ ကျောင်းသူတစ်ဦးဟာ ထိုအမျိုးသားက တစ်ညတာအပျော်ချစ်ရုံ
မျှမကပဲ တစ်သက်တာရွှေလက်တွဲဖို့ ခွင့် ပန်ခဲ့ တာမို့ ထိုအပေးယူ၊ဆွတ်ယူမည့် အစီအစဉ်ကိုဖျက်သိမ်း
လိုက်ခဲ့ ပါတယ်...
ပေါင်နှံထားလို့ ဆုံးရှုံးရတော့ မည့် သူမရဲ့ မိခင်ဖြစ်သူ၏အိမ်ကို ပြန်လည်ရွေးယူနိုင်ဖို့ ငွေရနိုင်မယ့် နည်း
လမ်းအဖြစ် သူမရဲ့ အပျိုစင်ခန္ဓာကိုယ်ကိုတစ်ညတာ ရောင်းချဖို့ ကြံစည်လုပ်ဆောင်ခဲ့ သည့် အသက် ၁၇
နှစ်အရွယ်ရှိ ရွှေအိုရောင်ဆံပင်နှင့် မိန်းမချောလေးက သူမအနေနှင့် ( လက်ရှိအခက်အခဲမှ ) ယာယီ
ကယ်တင်ပေးနိုင်မည့် သူကိုသာအလိုရှိတာဖြစ်ပြီး ဘ၀လက်တွဲဖော်ခင်ပွန်း၊ ယောကျာင်္းကို အလိုမရှိပါ
ဘူးလို့ ပြောကြားခဲ့ ပါတယ်...
သူမရဲ့ မူလပထမလေလံပွဲဈေးခေါ်မှုဟာ ပေါင်စတာလင် ၁ သိန်း ( ဒေါ်လာ ၁ သိန်းခွဲ ) အထိရောက်
ရှိခဲ့ လို့ အင်တာနက်အွန်လိုင်းလေလံဆိုဒ် eBay ကထိုလေလံပွဲကို အဆုံးသတ်ပိတ်ပြစ်ခဲ့ ပေမယ့် သူမ
နေထိုင်ရာ ဟန်ဂေရီနိုင်ငံရဲ့ ရုပ်သံအစီအစဉ်မှာ တော့ လာမည့် သီတင်းပါတ်မှာ ပြန်လည်ဖွင့် လှစ်တော့ 
မှာဖြစ်ပါတယ်...
သူမဟာတစ်ခါမှရည်းစားမရှိခဲ့ ပဲ ဟန်ဂေရီနိုင်ငံမြောက်ပိုင်းမှာ မိခင်ဖြစ်သူနှင့် နေထိုင်လျှက်ရှိနေပါတယ်
လို့ အခိုင်အမာဆိုထားတဲ့ မှဲ့ ခြောက်လေးတွေမျက်နှာမှာရှိနေတဲ့ မိန်းကလေးက " မိသားစုအခက်အခဲ
ကြောင့် ဒီလို လုပ်တာဟာ မှားယွင်းတဲ့ ကိစ္စမဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်..." လို့ ဆိုခဲ့ ပါတယ်...
" ဒါဟာတစ်ညတာပါပဲ...ပြီးတော့ ကျွန်မကိုပိုက်ဆံပေးပျော်ပါးမယ့် သူကလည်းကျွန်မတို့ မိသားစု အိုး
ပြုစုလို့ ) ဆွတ်ပျံ့ ဖွယ်ကောင်းတဲ့ အနေအထားမျိုးလေးဖြစ်လိမ့် မယ်လို့ ထင်ပါတယ်...
သူဟာကျွန်မတို့ ရဲ့ ကယ်တင်ရှင်ပဲပေါ့ ...
ဒါပေမယ့် သူက ဇတ်လမ်းကိုရှေ့ ဆက်ချင်လာလို့ ကျွန်မက သူနဲ့ ကိစ္စကိုဖျက်သိမ်းလိုက်တာပါ...ကျွန်မ
က လက်ထပ်ရမယ့် ခင်ပွန်းသည်ကိုရှာနေတာမဟုတ်ပါဘူး....မိသားစုအခက်အခဲအတွက်ပဲ ပေးအယူ
ဆန်ဆန်လုပ်တာပါ..." လို့ သူမကပြောကြားခဲ့ ပါတယ်...
သူမရဲ့ လေလံပွဲကို Miss Spring ဟုအမည်တပ်ကာကြေငြာခဲ့ တာဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ ကမ်းလှမ်းချက်
တုံ့ ပြန်မှုများကြောင့် သူမအနေနဲ့ အလွန်ပင်အံ့ အားသင့် ခဲ့ ရတယ်လို့ ဆိုပါတယ်...
" ကျွန်မက ဘလော့ ဂ်တစ်ခုတော့ စရေးနေခဲ့ ပါပြီ...ဒါပေမယ့် အမျိုးသားတွေက ရာနဲ့ ထောင်နဲ့ ချီပြီး
စာတွေရေးကြ၊ ဈေးတွေပေးလာကြတာမို့ နောက်ဆုံးတော့ ကျွန်မရဲ့ မိခင်ကိုပါ ဖုံးကွယ်မထားနိုင်တော့ 
ပဲ ဖွင့် ပြောလိုက်ရပါတော့ တယ်...
အိမ်မက အမေနဲ့ ကျွန်မပဲ လူကြီးဆိုလို့ ရှိတာလေ...မောင်လေးကလည်း အသက် တစ်နှစ်နဲ့ ရှစ်လ ပဲရှိ
သေးတာကိုး...
ဒါကြောင့် တစ်ယောက်ထဲကြိတ်ပြီးစီစဉ်နေတာက သဘာဝမကျတော့ တာမို့ မိခင်ဖြစ်သူကို ကျွန်မရဲ့ စိတ်
ကူးအစီအစဉ်ကိုပြောပြခဲ့ ပါတယ်...အမေဟာထိတ်လန့် တုန်လှုပ်သွားခဲ့ ပြီး ဒီလိုမလုပ်ဖို့ တောင်းပန်ခဲ့ ပါ
တယ်...
ဒါပေမယ့် ကျွန်မမှဒီလိုမလုပ်ရင် အိမ်ကိုပြန်ရအောင် ဘယ်လိုလုပ်ငွေရှာနိုင်မှာလည်း...
အင်တာနက်သတင်းတွေမှာ ဒီအကြောင်း အုတ်အော်သောင်းနင်းဖြစ်လာတော့ လူတွေကကျွန်မဆီကို
ဖုံးတွေဆက်ပြီး အမျိုးမျိုးပြောကြတယ်...တစ်ချို့ ကတော့ သူရဲကောင်းတဲ့ ၊ တစ်ချို့ ကတော့ တန်ဖိုးမရှိ
တဲ့ ၊ ကိုယ့် ကိုယ်ကိုတန်ဖိုးမထားတဲ့ မိန်းမပျက်တဲ့ ...
တစ်ကယ်တော့ ကျွန်မက သူတို့ ပြောသလိုတစ်ခုမှမဟုတ်ပါဘူး...ကျွန်မဟာ မိမိရဲ့ မိသားစုကို ကူညီ
စောင့် ရှောက်ချင်တဲ့ ၊ သာယာတဲ့ ဘ၀ အနာဂတ်ကိုပိုင်ဆိုင်ချင်တဲ့ သာမာန်မိန်းကလေးတစ်ယောက်ပဲ
ဖြစ်ပါတယ်..." လို့ သူမကဖြေရှင်းပြောကြားခဲ့ ပါတယ်....
ယခင်ကလည်း ဒီလိုပဲ အဆင်မပြေတဲ့ စီးပွားရေးကိုအကြောင်းပြ၊ ဆက်လက်ပြီးပညာသင်ဖို့ စားရိတ်လို
အပ်နေတာကိုအကြောင်းပြပြီး အပျိုစင်ညကို အွန်လိုင်းပေါ်မှာ လေလံတင်ခဲ့ တဲ့ အဖြစ်မျိုးတွေရှိခဲ့ ပါ
တယ်...ပို့ စ်တစ်ခုဘာသာပြန်ပြီးတင်ခဲ့ ပါသေးတယ်...
တစ်ကယ် ဒုက္ခရောက်နေတာကို ဘ၀ကိုစာနာနားလည်လို့ ကူညီကယ်တင်ချင်တဲ့ အနေနဲ့ လက်ထပ်ပါ
မယ်ဆိုတာတောင်ငြင်းဆန်တယ်ဆိုတာကတော့ နားမလည်နိုင်စရာပါပဲ...
ပြီးတော့ ဘ၀ရဲ့ ဒုက္ခအခက်အခဲ တွေကိုရိုးသားတဲ့ နည်းနဲ့ ကြိုးစားပြီးမဖြေရှင်းပဲ အလွယ်နည်းနဲ့ ခန္ဓာကိုယ်
ကိုရင်းပြီး အဖြေရှာလာနေကြတာဟာ ကိုယ်ကျင့် တရားကိုတန်ဖိုးထားတတ်သူတွေအတွက်တော့ ဆုတ်
ယုတ်တဲ့ လက္ခဏာပါပဲ...
အထူးသဖြင့် အခုခေတ်မှာ ခေတ်စားနေတဲ့ မိုလ်ဘိုင်းဖုံးလ်တွေ၊ နောက်ဆုံးပေါ်ဖက်ရှင်အသုံးအဆောင်စ
တာတွေနောက်လိုက်မိတဲ့ သူတွေနဲ့ မိသားစုစီးပွားရေးအတွက် ထွက်ပေါက်ရှာချင်တဲ့ ရွှေပြည်ကြီးက မိန်း
ကလေးတွေအတွက်ကတော့ ရင်လေးစရာပါပဲ...
A Hungarian schoolgirl who auctioned off her virginity to a British businessman has called off the deal after he asked her to marry him.The 17-year-old blonde - who started the sale to stop her mum's home being repossessed - says she is looking for a "saviour" not a husband.
The freckle-faced girl - who claims she has never had a boyfriend and lives in northern Hungary with her mother - explained: "I don't think there is anything wrong with it.
The original sale was closed down by eBay, after the bidding had topped £100,000, but will reopen on Hungarian television this week."It's just for one night. And I think it's actually quite romantic because the man who pays me this money will be helping to save my family from being homeless. He will be our saviour.
"I broke off with the British guy because he wanted to go too far. I'm not looking for a husband - I'm doing this for my family."The girl launched the sale with a blog titled Miss Spring and was astonished by the response.
"I started to write a blog. But when hundreds and hundreds of men started to write emails and started a bid, I felt I couldn't hold the facts back from my mum any longer," she said.
"It is only the two of us living together as adults, and we both take care of my little brother, who is 20 months old.
"So keeping my secret felt unfair. I told my mum about the plan. She was shocked and begged me not to do it but how else will we raise the cash to save our home?
"Since the media frenzy started, a lot of people have called me a martyr or a slut. I am neither. I am just a girl who wants to have a better future, who wants to take care of her family."
3 comments:
စူး said...
'မိသားစုစီးပွားရေးအတွက် ထွက်ပေါက်ရှာချင်တဲ့ ရွှေပြည်ကြီးက မိန်း
ကလေးတွေအတွက်ကတော့ ရင်လေးစရာပါပဲ...'
ရင်လေးမနေနဲ့ အပြစ်လဲမတင်နဲ့ တင်ရင် ကိုပီတာ ဘာလိုလုပ်ပေးနိုင်မလဲ..ကိုယ်လဲ ဘာမှလုပ်မပေးနိုင်ပဲနဲ့တော့ အပြစ်တင်နေတာ အကျိုးမရှိဘူး။ ကိုယ်နိုင်သလောက်လုပ်ပေးလိုက်ပေါ့။
'သူတို့အဲလိုမှ မရှာရင် သူတို့မိဘတွေ လူမမယ်တွေဘယ်လိုထမင်းစားမလဲ နားလည်ပေးလိုက်ပါ။ ဘာလဲ.. ကောင်းရောင်းကောင်းဝယ်လုပ်စားလို့ပြောဦးမလား..အပြောလွယ်တယ်။ လခဘယ်လောက်ရလဲ ဘယ်လိုသုံးရလဲ.. မျက်စိမှိတ်မထားနဲ့ အခြေအနေကိုသိနေရဲ့သားနဲ့.။ သူတို့တွေလဲ အဲလိုမလုပ်ချင်ကြဘူး.. ဒါပေမဲ့ အခြေအနေအရ လုပ်နေကြရတာ. ဒါကို အများစုက နားလည်မပေးတာတော့ ဆိုးလွန်းတယ်လို့ထင်တယ်။
ကိုပီတာအပြစ်ပြောလို့ရနိုင်တဲ့လူတွေက မိသားစုစီးပွါးရေးကြောင့်မဟုတ်တဲ့လူတွေဆိုရင်တော့ ကိုပီတာတင်မဟုတ်ဘူး ကျနော်ပါကူပီး ပက်ပကစက်စက်ဝေဖန်ပေးမယ်။ ဒါပေမဲ့ ဆင်းရဲတဲ့မိသားစုတွေကိုတော့ အဲလို အပြစ်မတင်ပါနဲ့။ ကိုယ်လဲဘယမှလုပ်မပေးနိုင် သူတို့ရဲ့ ဘဝကိုလဲ သေချာမသိပဲနဲ့ အပြစ်ဖို့တာမကောင်းဘူးလို့ထင်ပါတယ်။
Anonymous said...
ဆိုကြပါစို့ စူးရေ...
အခုခေတ်အမျိုးသမီးလေးတွေ အဲဒီလိုခန္ဓာကိုယ်ကို
ငွေအတွက် အလဲအလှယ်လုပ်နေ၇တာ trend တစ်ခုပဲ
ထားလိုက်ပါ...
ဒါဆိုကောင်းကောင်းမွန်မွန်နဲ့ ဘ၀ကိုကြိုးစား
ရုန်းကန်နေတဲ့ သူတွေကရော...
ဥပမာ ...အရောင်းစာရေးမလေးတွေ...
တစ်ခြားသောကုမ္ပဏီဝန်ထမ်းမလေးတွေ၊ အစိုးရရုံးဝန်
ထမ်းအမျိုးသမီးတွေ....
သူတို့ တစ်တွေေ၇ာ ငတ်နေကြသလား...
ကိုယ့် ရဲ့ အတိုင်းအတာ၊ ကိုယ့် ရဲ့ ဝင်ငွေလေးတွေနဲ့ 
တော့ဒီလိုပဲ လောက်ငှအောင်စီမံနေကြရတာပါပဲ...
အခု အဲဒီလိုလူမသိသူမသိနဲ့ ရောလူသိရှင်ကြားညဉ့် 
ငှက်လေးတွေဘ၀ ရောက်နေသူတွေက အများစု
ကတော့ ဘ၀ကိုပင်ပင်ပန်းပန်းမရုန်းကန်ချင်ကြတာ
ရယ်...
အလွယ်လမ်းလိုက်ကြတာရယ်...
သူများတွေသုံးသလိုသုံးချင်တယ်၊ သူများတွေခေတ်ပေါ်
ပစ္စည်းတွေကိုင်သလိုကိုင်ချင်တယ်၊ သူများတွေ ၀တ်သ
လိုဝတ်ချင်တယ် ...ငွေရှိတဲ့ ၊ တတ်နိုင်တဲ့သူတွေနေသ
လိုနေချင်လို့  စတဲ့ အကြောင်းတွေကြောင့် ကများပါ
တယ်....
ဘ၀ကိုရိုးရိုးသားသားနဲ့ ကြိုးစားရုန်းကန်မယ်ဆိုယင်
( အစပိုင်းမှာတော့ခက်ခဲပင်ပန်းကောင်းပင်ပန်းပါလိမ့်
မယ်...) လည်းဘ၀ရပ်တည်ဖို့ တော့ ရပါလိမ့်မယ်...
ကိုပီတာေ၇ာဘာကူညီနိုင်သလဲဆိုတော့ ...
ကျွန်တော်အခု မြန်မာရော၊ အထူးသဖြင့် နိုင်ငံတစ်ကာ
ကအဖြစ်အပျက်တွေကို ဗဟုသုတယူနိုင်ဖို့ ၊ စိတ်ခွန်
အားတွေဖြစ်နိုင်ဖို့ ၊ တွေးအခေါ်တွေတိုးတက်စူးရှနိုင်
ဖို့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သိပ္ပံနည်းပညာ၊ ဘာ
သာရေးအပါအ၀င် အကြောင်းအရာပေါင်းစုံကို ဘာသာ
ပြန်တင်ပြပေးနေပါတယ်...
ဖတ်ရှုပြီး စဉ်းစားတွေးခေါ်၊ စိတ်ဓါတ်တွေခွန်အားယူနိုင်
ဖို့ အဓိကရည်ရွယ်ပါတယ်...
ကျွန်တော်ဘာသာပြန်တဲ့သတင်း၊ စာတစ်ပုဒ်ဖတ်ပြီး
ဘ၀အတွက် တန်ဖိုးရှိတဲ့ အတွေးတစ်ခုရတယ်ဆိုယင်
ပဲကျေနပ်ပါပြီ...
တစ်မျိုးအဓိပ္ပါယ်ပေါက်ခဲ့ ယင်တော့ အားထုတ်မှုညံ့ 
ဖျင်းတဲ့ ကျွန်တော့် အပြစ်ပါပဲ...
ဘ၀ပေါ်မြင်တဲ့ အမြင်တွေထဲမှာ အရေးအကြီးဆုံးအ
ချက်တစ်ခုကလည်း positive attitude လို့ ခေါ်တဲ့ 
အကောင်းမြင်၊ သမာသမတ်အမြင် ပါဝင်ပါတယ်...
စူး အနေနဲ့ ကိစ္စတော်တော်များများကို positive attitude နဲ့ မြင်တတ်စေချင်ပါတယ်...
ရွှင်လန်းချမ်းမြေ့ ပါစေ....
စူး said...
ကျန်ခဲ့လို့..ဒါကြောင့် တတ်နိုင်သလောက် သူတို့ဘဝအတွက် အသက်မွေးဝမ်းကျောင်းအလုပ်တွေကူရှာပေးတာတွေ
အသက်မွေးဝမ်းကျောင်းနိုင်ဖို့ လက်မှုပညာတခုခု တတ်မြောက်နိုင်အောင် စီစဉ်ပေးတာတွေ ပညာပေးတာတွေကို အခုလက်ရှိ အန်ဂျီအိုအခိျု့က လုပ်နိုင်သလောက်လုပ်နေပါတယ်..
အထူးသဖြင့်တော့ စီးပွါးရေးအဆင်မပြေတဲ့ မိန်းကလေးတွေကိုပေါ့။
ကျနော်တို့က ဒီလိုမိန်းကလေးတွေကို အပြစ်ကြီးတင်နေမဲ့အစား သူတို့လမ်းမှန်ရောက်အောင်လုပ်ပေးဖို့ တတ်နိုင်သလောက်တော့ ကြိုးစားသွားရမှာပါပဲ။
ဝမရှိပဲ ဝိလုပ်နေတဲ့ မလှချင် တွေကိုတော့ ပြောစရာစကားမရှိပါ..