Thieves use breasts to distract victim
Tuesday, August 17, 2010
ပြမယ်ကြည့် မလား...ပြေးပြီသိလား...
ကိုယ့် နှလုံးသွေးများလည်းရင်ခုန်နှုံးထိန်းလို့ မရပြီ...
 ငွေထုတ်နေတုံးများဒီလိုတောင့်တောင့် ဖြောင့် ဖြောင့် လေးတွေအနားကပ်လာယင်သတိသာထား....
ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ ဟာ အလိုအလျောက်ငွေထုတ်စက်များထားသည့် နေရာတစ်ခုတွင် ၎င်းတို့ ၏ရင်
သားများကိုလှစ်ဟပြသကာ အာရုံလွှဲအောင်ပြုလုပ်ပြီး အမျိုးသားတစ်ဦး၏ငွေစာရင်းများမှ ငွေများထုတ်
ယူပြီးအလစ်သုတ်သွားသည့် ချောမောလှပသောအမျိုးသမီးနှစ်ဦးကိုလိုက်လံရှာဖွေလျှက်ရှိပါတယ်...
အသက် ၂၀ ၀န်းကျင်အရွယ်ရှိအမျိုးသမီးနှစ်ဦးတို့ ဟာပါရီမြို့ တစ်နေရာရှိအလိုအလျောက်ငွေထုတ်စက်
ထဲကို၎င်းရဲ့ ကိုယ်ပိုင်လျှို့ ဝှက်နံပါတ်ကိုရိုက်နှိပ်ပြီးငွေထုတ်တော့မည့် အမျိုးသားတစ်ဦးကို သူမတို့ ရဲ့ ခန္ဓာ
ကိုယ်သဘာဝအလှကိုလှစ်ဟပြသခဲ့ ကြတာဖြစ်ပါတယ်...
အံ့ သြမင်သက်နေမိတဲ့ အမျိုးသားဟာ သူ့ မျက်စေ့ ရှေ့ မှာရှိနေတဲ့ မချောတစ်ယောက်ရဲ့ ရွှေရင်အစုံမို့ မို့ 
ကိုငေးမောမိနေစဉ်မှာ တစ်ခြားအမျိုးသမီးက ထိုသူရဲ့ ငွေစာရင်းထဲက ယူရိုဒေါ်လာ ၃၀၀ ( အမေရိကန်
ဒေါ်လာ ၃၈၆ ) ကိုထုတ်ယူခဲ့ ပြီး နောက်ထိုအမျိုးသမီးနှစ်ဦးစလုံးထွက်ပြေးသွားခဲ့ ကြပါတယ်...
ပါရီမြို့ ရဲ့ Left Bank မှာဖြစ်ပွားခဲ့ တဲ့ အဆိုပါအဖြစ်အပျက်ကို ငွေထုတ်စက်ရဲ့ လျှို့ ဝှက်ကင်မကဖမ်းယူ
ရိုက်ကူးထားနိုင်ခဲ့ ပေမယ့် အဆိုပါအမျိုးသမီးနှစ်ဦးတို့ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ အတည်
ပြုလို့ မရသေးပါဘူးလို့ ပြင်သစ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကဆိုပါတယ်...
" မည်သူမဆို ငွေထုတ်စက်မှာ ငွေထုတ်တော့ မယ်ဆိုယင် ဘယ်လိုပဲ လှပချောမောပြီးရင်ခုန်ဖွယ်ရာ
မြင်ကွင်းဖြစ်ပါစေ အာရုံတွေထွေပြားမသွားပဲ ကိုယ်လုပ်နေတဲ့ အပေါ်မှာပဲအာရုံစိုက်နေဖို့ လူတိုင်းကိုအ
ကြံပြုပါတယ်..." လို့ အဆိုပါပြောရေးဆိုခွင့် ရပုဂ္ဂိုလ်ကဆိုပါတယ်...
ဒီသတင်းလေးနဲ့ ဆက်စပ်ပြီးကိုယ်တွေ့ လေးလည်းပြောပြချင်ပါသေးတယ်...
လွန်ခဲ့ တဲ့ ၂၀၀၂ ခုနှစ်တုံးက ကိုပီတာလည်း တောင်ကိုရီးယားနိုင်ငံဂျေဂျူး ကျွန်းကလေးကို အလုပ်လုပ်
ရာ ခရီးသည်တင်သင်္ဘောနဲ့ ရောက်ခဲ့ ဖူးပါတယ်...
ထိုစဉ်က မိမိတို့ ရဲ့ သင်္ဘောက တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ နဲ့ ဂျေဂျူး ကျွန်းကိုပြေးဆွဲနေတဲ့ အပျော်စီးခရီး
သည်တင်သင်္ဘောဖြစ်တာမို့ ဝန်ထမ်းတွေထဲမှာ စားပွဲထိုးမိန်းကလေးတွေလည်းအများအပြားပါဝင်ပါတယ်...
အများစုကတော့ တရုတ်မလေးတွေပါ...
 သဘောင်္အထဲကမြင်ရတဲ့ ပို့ ဟိုးလ်.... ( ရေလုံမှန်ပြတင်းပေါက်လေးပေါ့ ...)
သင်္ဘောပေါ်မှာနေကြရတာက သင်္ဘောရဲ့ အောက်ထပ်အပိုင်းတွေမှာအခန်းလေးတွေနဲ့ တစ်ခန်းကိုလေး
ယောက်၊ နှစ်ယောက် စသည်ဖြစ်ပြီး ၀န်ထမ်းများရဲ့ အခန်းတိုင်းမှာ port hole လို့ ခေါ်တဲ့ ရေလုံမှန်ပြတင်း
ပေါက်လေးတွေရှိကြကာထိုမှန်ဝိုင်းပြတင်းလေးတွေကိုအထဲကရောအပြင်ကပါထွင်းဖောက်ပြီးမြင်နိုင်
ကြပါတယ်...
ရင်းနှီးနေတဲ့ ကရင်ဦးလေးကြီး ဖထီးတို့ ညနေစာထမင်းစားပြီး သင်္ဘောဘေးနားဆိပ်ကမ်းမှာ သင်္ဘော
နဲ့ ကပ်လျှက်ပဲ အညောင်းပြေလမ်းလျှောက်ယင်းစကားပြောနေကြပါတယ်...
 သင်္ဘောရဲ့ အောက်ပိုင်း အနက်ရောင်ချယ်ထားတဲ့ နေရာက မှန်အ၀ိုင်းလေးတွေလိုပေါ့ ...
ဒီလိုနဲ့ မိမိတို့ လျှောက်နေကြတာ ထို port hole တစ်ခုနားအရောက် အမှတ်တမဲ့ ထိုပြတင်းဆီအကြည့် 
ရောက်မိခိုက် စားပွဲထိုးတရုတ်မလေးတစ်ယောက် သူမအိပ်နေရာကုတင်ထက်မှ ( သူတို့ ကနှစ်ထပ်ကု
တင်ဗျ...အပေါ်ကုတင်က ) နေ ဆင်းလာတာတွေ့ လိုက်ရပြီး ပြတင်းပေါက်ဖက်ကို မျက်နှာမူကာရုတ်တစ်
ရက် သူမရဲ့ တီရှပ်အင်္ကျီလေးကိုချွတ်ချလိုက်ပါတယ်...
သူမကတော့ အိပ်မှုံစုံမွှားနှင့် မို့ လို့ လား ၊ ဒါမှမဟုတ် ထိုမှန်ပြတင်းဟာ ပြင်ပနေမမြင်ရဘူးလို့ ထင်နေမိ
လို့ လားတော့ မသိပါဘူး...အေးအေးဆေးဆေးပဲ သူမအင်္ကျီကိုချွတ်လိုက်ပါတော့ တယ်...
တစ်ထပ်တည်းဝတ်ထားတာမို့ ထိုတီရှပ်ချွတ်ပြီးတာနဲ့ အမွန်အမြတ်ထားအပ်တဲ့ ရင်သိမ့် တုန်မြင်ကွင်း
ဟာထင်းနေပါတော့ တယ်...
ရည်းစားဆိုလို့ မူးလို့ ရှူစရာတောင်မရှိရှာတဲ့ ကိုပီတာခမျာတော့ ကမ္ဘာမြေကြီးအိုးထိန်းစက်လို လည်သွား
ခဲ့ ရပါတော့ တယ်...
နံဘေးက ဖထီးကတောင် " မင်းက ဒါလေးများဘယ်လိုဖြစ်ရတာလည်း " လို့ မေးယူရပါတယ်...
တစ်ကယ့် ကိုအဲဒီလိုမြင်ကွင်းမျိုးအတွေ့ အကြုံမရှိခဲ့ လို့ လူလည်းထူပူပြီးချက်ချင်းပဲသင်္ဘောပေါ်ပြန်တက်
ခဲ့ ကြပါတော့ တယ်...
ပိဋကတ်တော်ထဲက ရသေ့ ကြီးဈာန်လျောတယ်ဆိုတာ ဟုတ်လောက်ပါပေတယ်...အတွေ့ အကြုံမရှိတဲ့
သူအတွက်တော့ အသက်ရှူမှားလောက်စရာမြင်ကွင်းမျိုးပါပဲ...
သားသမီးတွေပင်အိမ်ထောင်ကျနေပြီဖြစ်တဲ့ ဖထီးအတွက်ရိုးနေတာဖြစ်နေမယ့် လူပျိုရိုင်းကလေး မောင်
ပီတာခမျာတော့ ကတုန်ကယင်နဲ့ ရေထဲပဲခုန်ချရတော့ မလိုလို၊ မြို့ ထဲပဲပြေးရတော့ မလိုလိုဖြစ်ခဲ့ ရပါ
တယ်....( ဟိုတုံးကပေါ့ လေ...)
အခုလည်း ထိုအမျိုးသားမှာ ငွေထုတ်လက်စကိုရပ်တန့် ပြီး အံ့ သြမှင်တက်ငေးမောနေခဲ့ မိတာ မလွန်ပါ
ဘူးဆိုတာ ကိုယ်တွေ့ နဲ့ ယှဉ်ပြီး လက်ခံမိပါတယ်...
Police in France are looking for two attractive female thieves who bared their breasts at a man at a cashpoint to distract him before stealing his money.
The women in their 20s exposed themselves to the victim as he punched his pin code into an ATM machine in Paris. As he stared at one, the other then withdrew 300 euros from his account before the pair fled with the money.
The incident was captured on CCTV at the cash machine on Paris’s Left Bank, but the women could not be identified, a French police spokesman said.
“We would advise anyone withdrawing cash from a machine to focus on what they are doing and not allow themselves to be distracted, however attractive the view,” the spokesman added.
4 comments:
ကိုဇော် said...
ဟိုတုန်းကပေါ့လေ....ဆိုတော့...
အခုကျတော့ရော....
ပြော...အခု...
Zay Tar Yar said...
အခုလဲ ဟိုတုန်းကလိုထက်သာ လာတယ် အဲဒါပြောမလို့
မလား
မိုးယံ said...
ကိုပီတာ ကြီးက လဲ ။ အခုကျတော့ ဘယ်လိုလဲ လို့ ။ ကိုဇော်တောင် မေးနေပြီ အမြန်ပြန်ဖြေတော့လေ။
မဟုတ်ရင်တော့ လွဲပဲ အဲဒီ အမျိုးသားက ဟိုတုန်းက ကိုပီတာကြီးများလားမှတ်ရတယ်နော်။ အဟိ
သွယ်လင်းဆက် said...
ခုတော့ဈာန်လျောသွားပြီပေါ့ ဟုတ်လား။ :P