Venezuelan politician offers breast implants as raffle prize to raise election funds

Sunday, August 29, 2010

ဗင်နီးဇွှဲလားက ရွေးကောက်ပွဲဘဏ္ဍာငွေရှာဖွေးရေးနည်းလမ်းတစ်မျိုး...


ကျွန်တော့် ကိုသာ ရဲရဲကြီးမဲပေးလိုက်ပါ...
အန်တီတို့ ၊ ညီမလေးတို့ ရှေ့ ရေး သာယာဖွံ့ ဖြိုး ၊ အလှပတိုးစေရပါ့ မယ်...

လာမည့် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာအတွက်ပါဝင်ယှဉ်ပြိုင်မည့် ဗင်နီဇွဲလားနိုင်ငံမှ နိုင်ငံ
ရေးသမားတစ်ဦးက ၎င်း၏ရွေးကောက်ပွဲလှုံ့ ဆော်ရေးဘဏ္ဍာငွေများ ရှာဖွေနိုင်ရေးအတွက် အမျိုးသမီးများ
၏ရင်သားများ ဖွံ့ ထွား၊ စွင့် ကားစေရန် ပြုပြင်ခွဲစိတ်ပေးမည့် ဆုပါဝင်သည့် မဲလက်မှတ်များဝယ်ယူကာကံ
စမ်းမဲဖောက်ပေးမည့် ဆုမဲစနစ်တစ်ခု ပြုလုပ်ဆွဲဆောင်းစည်းရုံးခဲ့ ပါတယ်...
" တစ်ချို့ သူတွေက တီဗီတွေနဲ့ မဲစနစ်လုပ်သလို ပါပဲ...ကျွန်တော်တို့ ကလည်း လေဒီတွေအကြိုက်ဒီလို ဆီလီကွန်လေးတွေနဲ့ ရင်လွှာမို့ မို့ လွင်ဖြစ်စေမယ့် အစီအစဉ်လေးပြုလုပ်ပေးရတာဖြစ်ပါတယ်...အခု စီစဉ်
တဲ့ ဆုကတော့ အတော်လေးကို ထူးလို့ လူတော်တော်များများကစိတ်ဝင်စားကြပါတယ်..." လို့ အမျိုးသား
လွှတ်တော် အမတ်နေရာအတွက်ပါဝင်ယှဉ်ပြိုင်မယ့် အတိုက်အခံ အမတ်လောင်း ဂူစတာဗိုရိုဂျာ့ စ် က ကာ
ရကတ် မှာပြုလုပ်တဲ့ ရွေးကောက်ပွဲအတွက်စည်းရုံးလှုံ့ ဆော်ပွဲမှာ ပြောကြားခဲ့ ပါတယ်...
အလှပြုပြင်ဖန်တီးခွဲစိတ်ခြင်း၊ အထူးသဖြင့် ရင်သားများ ဖွံ့ ထွားအောင်ခွဲစိတ်ပြုပြင်ခြင်းဟာ အလှအပကို
အလေးထားတဲ့ ၊ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ ဆုရရှိသူအလှမယ်တွေမကြာခဏထွက်ပေါ်လာရာဖြစ်
တဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ခေတ်စားလာနေပါတယ်...
ယခုဖြစ်နေတဲ့ စီးပွားရေးဆုတ်ကပ်ကြီးမှာတောင် ဗင်နီဇွဲလားကအမျိုးသမီးတွေရဲ့ အလှအပဆိုင်ရာပြုပြင်
ခွဲစိတ်ချင်တဲ့ ဆန္ဒကလျော့ မသွားပါဘူး...
များစွာသော အမျိုးသီးတွေဟာ ချေးငွေတွေရယူပြီး သူတို့ ရဲ့ ခန္ဓာကိုယ် အလှအတွက်ခွဲစိတ်မှုတွေ ခံယူပြု
လုပ်နေကြဆဲပါပဲ....

တရားမျှတမှုသာပဓာန ဆိုတဲ့ အတိုက်အခံပါတီက မစ္စတာရိုဂျာ့ စ် ကတော့ အမျိုးသမီးဝါဒီများရဲ့ ဝေဖန်
မှုများနှင့် အခုလိုဆုမဲစနစ်ရဲ့ အဓိကအချက်ဖြစ်တဲ့ ခွဲစိတ်မှုဆိုင်ရာကျန်းမာရေးအချက်အလက်တွေကို ၎င်း
အနေနဲ့ စိုးရိမ်ပူပန်မှုမရှိပါဘူးလို့ ဆိုခဲ့ ပါတယ်...
" အခုပေးတဲ့ မက်လုံးက ရွေးကောက်ပွဲ ဘဏ္ဍာငွေရှာဖွေဖို့ ပါပဲ...တစ်ခြားဘာရည်ရွယ်ချက်မှမပါရှိပါဘူး...
ခွဲစိတ်ပြုပြင်မှုလုပ်မှာက ဆရာဝန်ပါ...ကျွန်တော်မဟုတ်ပါဘူး..." လို့ သူကဆိုခဲ့ ပါတယ်...

" တစ်စုံတစ်ယောက်က တီဗီတစ်လုံးကို မဲဖောက်ယင် တစ်ချို့ ကဒီတီဗီဟာ အမျိုးအစား၊ အရည်အသွေး
ကောင်းတယ်၊ တစ်ချို့ က မကောင်းဘူး စသည်ဖြင့် ထင်ကြမှာပါပဲ...ဒီသဘောအတိုင်းပါပဲ...ကျွန်တော်က
ဘယ်သူ့ ကိုမှ သိက္ခာကျအောင် ထိခိုက်စော်ကားနေတာမဟုတ်ပါဘူး..." လို့ သူကဆက်ပြောခဲ့ ပါတယ်...
လာမည့် လွှတ်တော်သက်တမ်းအသစ်အတွက် ရွေးကောက်ပွဲမဲပေးမှုများကိုဗင်နီဇွဲလားနိုင်ငံတွင် စက်တင်
ဘာလ ၂၆ ရက်နေ့ တွင်ပြုလုပ်မှာဖြစ်ပါတယ်..

ပါတီရံပုံငွေအခက်အခဲဖြစ်နေတဲ့ တိုင်းပြည်ကြီးက ဆ၇ာများလည်း ဒီလိုနည်းလမ်းလေးတွေသုံးချင်ယင်သုံး
နိုင်အောင် စေတနာရှေ့ ထားပြီး တင်ပြလိုက်ရပါတယ်...
ထိုနိုင်ငံကြီးမှာလည်း ရေအိတ်၊ သဲအိတ် တန်ခိုးနဲ့ အလှတွေတိုးနေတဲ့ မော်ဒယ်၊ သရုပ်ဆောင်၊ အဆိုတော်
များ ရေပန်းစားနေတယ်မဟုတ်ပါလားဗျာ...
ဒါကြောင့် ဒီအစီအစဉ်ဆိုယင်လည်း လူကြိုက်၊ လေဒီကြိုက်များမှာ အသေအချာပါပဲ...

 အင်္ဂလိပ်လိုသတင်းလေးပါ....
A Venezuelan politician is offering breast implants as a prize in a raffle to raise funds for his parliamentary election campaign. "Some people raffle TVs and we decided to offer this. It's an interesting prize and there's a lot of interest," Gustavo Rojas, an opposition candidate for a National Assembly position, said while campaigning in Caracas.Cosmetic surgery, especially breast enlargement, is widespread in image-conscious Venezuela, whose beauty queens have won numerous international pageant titles. Even a recession has not diminished Venezuelans' appetite for cosmetic surgery, with many people taking out loans for operations.

Rojas, of the opposition First Justice party, said he was not too worried about potential feminist criticism or the medical details of his offer. "The raffle is a financing mechanism, nothing else. It's the doctor who will do the operation, not me," he said.
"When someone raffles a TV, some people think it's a good TV but others don't like it. It's the same. I'm not showing disrespect to anyone." Venezuelans vote on September 26 for a new parliament.

4 comments:

ရွှေရတုမှတ်တမ်း said...

ကိုကြီးကျောက်ကတော့ လက်နဲ့ပဲ သူတို့ပစ္စည်းပြည့်ဖြိုးလာအောင်ပဲ တတ်နိုင်တယ်

ကိုရီး{ကိုကြီး} said...

ကျနော် ဒီလိုလေး ပြောချင်တယ်
"ရွှေပြည်တော် မျှော်လေတိုင်းဝေး"

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ကိုဇော် said...

ကိုပါတီကြီးရော....
ကျနော့်ကို မဲပေးမလား... ရှေ့ရေး ကောင်းစားစေရပါစေ့မယ်။

Anonymous said...

ကိုကြီးရေ..ပြောလိုက်လေစဉ်းစားကာနေရအုံးမယ်လို့ 