Women are like....

Thursday, May 6, 2010
သူတို့ အတွေး....





လေဒီတွေဟာ ပန်းသီးပင်ထက်မှာ ငါးငါးစွင့် စွင့် ပွင့် သီးနေတဲ့ ပန်းသီးတွေလိုပါပဲတဲ့ ...
အကောင်းဆုံး၊ အချိုဆုံးအသီးတွေက ထိပ်ဆုံးမှာရှိကြပါတယ်...
အများစုသော အမျိုးသားများကတော့ ထိုချစ်ရည်ရွှန်းလဲ့ ၊ မျက်ဝန်းလဲ့ ပြာပြာ ချစ်ပန်းသီးတွေကို အပင်
မြင့် ပေါ်တက်ခူးယင် ပြုတ်ကျမှာစိုးလို့ ၊ ထိခိုက်ဒါဏ်ရာရမှာစိုးလို့  စတာတွေကြောင့် ခူးဆွတ်ဖို့ မကြိုး
စားကြပါဘူး...
အဲဒီလို စွန့် စားခူးဆွတ်မယ့် အစား သူတို့ ရ အချောင်၇လွယ်တဲ့ မြေပေါ်မှာကျနေတဲ့ ပန်းသီးပေါစား၊ အ
ပုတ်စားတွေကိုသာ ရရှိတတ်ကြပါတယ်...

ဒါကြောင့် အပင်ထက်က ပန်းသီး( အပျိုကြီးမမ များကလည်း ) သူတို့ များတစ်ခုခုမှားနေပြီလားလို့ ထင်
တတ်ကြပါတယ်..
ဒါပေမယ့် တစ်ကယ်တော့ သူတို့ ဟာ အင်မတန်မှ အဖိုးတန်တဲ့ နန်းထိုက်တော်ဝင်တွေပါ...သူတို့ ဟာ
ရဲရင့် တဲ့ နှလုံးသားရှိတဲ့ သူတွေနဲ့ သာထိုက်တန်သူတွေပေါ့ ...
ရာဇ၀င်ထဲက သူရဲကောင်းမျိုးတွေသာ သူတို့ ရှိရာ ထိပ်ဆုံးကို တက်ရောက်ဆွတ်ခူးနိုင်ကြမှာပါ...
(မူးမူးရူးရူးနဲ့ မိုက်မိုက်ကမ်းကမ်းတက်ခူးသူတွေကိုတော့ ကြည့် ရှောင်ပေါ့ ဗျာ...လာနိုင်တဲ့ သူယူ ဆိုယင်
တော့ မမ တို့ ကံပါပဲ...)


ကိုရွှေအမျိုးသားတွေဆိုတာ လေဒီတို့ အတွက်တော့  ၀ိုင်ချိုချိုတစ်ခွက်ပါပဲ...
အစပိုင်းမှာ တော့ သူတို့ တစ်တွေဟာ စပျစ်ချဉ်တွေလို ပါပဲ...ထွေးပြီးအန်ထုတ်ချင်စရာပေါ့ ...
ချဉ်ချဉ်တူးတူးမူးယင်ပြီးရောဆိုသူတွေအတွက်တော့ ခြွင်းချက်ပေါ့ လေ...
ထိုစပျစ်ချဉ်သီးတွေကို ရင်ခုန်ညွှတ်နူးဖွယ်ညစာနှင့် တွဲဖက်တဲ့ အချစ်ချို ၀ိုင်လေး ဖြစ်ဖို့ ဖိကြိတ်နင်းခြေ
ကာလိုသလိုပြောင်းလဲနိုင်ဖို့ ကတော့ လေဒီတို့ အပေါ်မူတည်နေပါတယ် ဆိုပဲ....

1 comments:

သိင်္ဂါကျော် said...

တင်စားချက်ကလေးကိုတော့ ကြိုက်လိုက်တာ.. :D