Home is where your car breaks down
Wednesday, May 19, 2010
ဆာအတ်ဒ်အယ်ကာတနီ တစ်ယောက် ဆော်ဒီနိုင်ငံအနောက်ပိုင်း အစ္စလာမ်ဘာသာဝင်များအထွတ်
အမြတ်ထားရာ မက္ကာမြို့ နှင့် ဂျေဒါမြို့ အကြား သဲကန္တာရအတွင်းတွင် လွန်ခဲ့ သော ၈ နှစ်ကနေ့ တစ်
နေ့ တွင် ကားမောင်းပြီးသွားနေစဉ်၎င်း၏ကိုယ်ပိုင်အချစ်တော် ချီဗရိုလက် ကားကြီးစက်ချွတ်ယွင်းသွား
ခဲ့ ပါတယ်...
၎င်းအနေဖြင့် ကားကိုကြိုးစားပြီးပြင်ပေမယ့် မအောင်မြင်ခဲ့ ပါဘူး...အဲဒီနောက်တော့ သူအကောင်းဆုံး
စဉ်းစားမိပြီးလုပ်ခဲ့ လိုက်တာကတော့ အဲဒီမှာပဲ သူ့ ကားကိုအိမ်လုပ်ကာ နေခဲ့ လိုက်တာပါပဲ....
ယခုအသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ သူ့ မှာအဲဒီအချိန်တုံးက သူ့ မှာ မိဘတွေရော၊ အစ်မ၊ ညီမများပါကွယ်
လွန်ခဲ့ ကြပြီးဖြစ်တယ်လို့  ဆော်ဒီဂေဇက်သတင်းဌာနအရ သိရပါတယ်...
သူ့ ရဲ့ ကျန်းမာရေးအခြေအနေကြောင့် လုံခြုံရေးဝန်ထမ်း အလုပ်ကလည်းရပ်စဲခံခဲ့ ရပြီး၊ တိရိစ္ဆာန်မွေး
မြူရေးလုပ်ငန်းလုပ်ခဲ့ တာလည်း တိရိစ္ဆာန်တွေပျောက်ဆုံးခဲ့ ရပြန်ပါတယ်...
ဒါကြောင့် သူဟာ ထိုဒေသတစ်ဝိုက်မှာပဲ တောက်တိုမယ်ရအလုပ်လေးတွေကို ကားနဲ့ သွားလာလုပ်
ရတဲ့ အထိပါပဲ...
စက်ပြင်ဆရာကိုခေါ်မယ့် အစား သူဟာအဲဒီကားမှာပဲ အိမ်အဖြစ်နေလိုက်တော့ မယ်လို့ ဆုံးဖြတ်ခဲ့ ပါ
တော့တယ်...
ကားတာယာတွေဟာ အနားတွေဆုတ်ပြီးကွာထွက်လာခဲ့ တာကြာခဲ့ ပြီဖြစ်ပါတယ်...သူကတော့ ယာဉ်
မောင်းထိုင်ခုံဖက်ခြမ်းရဲ့ ဘေးသဲပြင်ပေါ်မှာ ကော်ဇောတွေခင်းပြီး ဧည့် သည်တွေနဲ့ စကားပြောဆိုတွေ့ 
ဆုံလေ့ ရှိပါတယ်.....
" ဒီအနီးအနားကိုဖြတ်သွားဖြတ်လာလုပ်တဲ့ သူတွေနဲ့ ဒီဒေသတစ်ဝိုက်က မွေးမြူရေးခြံပိုင်ရှင်တွေဆီက
အစားအသောက်လေးတွေ ရလေ့ ရှိပါတယ်...ကျွန်တော်အိမ်ထောင်လည်းတစ်ခါမှမပြုခဲ့ ပါဘူး...အိမ်
ထောင်ပြုချင်ပေမယ့်လည်းတည်ငြိမ်တဲ့ အိမ်ထောင်သည်ဘ၀မျိုးဖြစ်အောင် ထောက်ပံ့ နိုင်တဲ့ အင်အား
မရှိပါဘူး...
အခုလိုသဲကန္တာရထဲမှာ တစ်ယောက်တည်းနေတဲ့ ကျွန်တော့် လိုလူတစ်ယောက်က အိမ်ထောင်ပြုပြီးက
လေးတွေမွေးကာ သူတို့ ကိုဘယ်လိုလုပ်ပြီးထောက်ပံ့ နိုင်ဦးမှာလည်း ..." လို့ သူကပြောပြခဲ့ ပါတယ်....
အခုလိုတိတ်ဆိတ်တဲ့ သဲကန္တာရထဲမှာ တစ်ယောက်တည်းနေရတာ သူ့ အနေနဲ့ စိတ်ချမ်းသာပြီး ကျန်း
မာရေးလည်းကောင်းပါတယ် လို့ သူကဆိုပါတယ်...
" မြို့ ပြရဲ့ ရှုတ်ထွေးဆူညံသံတွေနဲ့ ဝေးတဲ့ နေရာမှာ နေရတာကပိုကောင်းပါတယ် ..." လို့ လည်းသူက
ဆိုခဲ့ ပါတယ်....
တစ်ခါတစ်လေတော့ လည်းသူပြောသလို လူသံ၊ဆူသံတွေနဲ့ ကင်းဝေးရာနေရာတစ်ခုမှာ အေးအေးဆေး
ဆေးသွားနေချင်မိပါသေးတယ်...
ဒီလိုလေးပေါ့ ...ဒါပေမယ့် အင်တာနက်လေးနဲ့ တော့  မကွဲမကွာရှိချင်သား...
ကျွန်တော့် စိတ်ကူး...
ကိုပီတာရဲ့ အတွေးပုံရိပ်ဆိုတာ ဒါမှ အစစ်ပါပဲ....
1 comments:
Unknown said...
အတူတူဘဲ..စိတ်ကူးကတော့....
ဘယ်လောက်နားအေးလိုက်မလည်းဗျာ....
အင်တာနက်ကတော့ ပါရရှိရမှာပေါ့လေ