Dutch sex shop to give away "Pope condoms"

Sunday, May 23, 2010

 

တော်တော်ဆိုးတဲ့ ဒတ်ခ်ျ (နယ်သာလန်) တွေ....






ဒတ်ခ်ျ ( နယ်သာလန် ) နိုင်ငံမှ လိင်မှုဆိုင်ရာပစ္စည်းများအရောင်းဆိုင်တစ်ခုဟာ ရိုမန်ကက်သလစ် ဘာသာ၊သာသနာပိုင်၊ တာဝန်ရှိသူတွေကိုလှောင်ပြောင်သရော်တဲ့ အနေနဲ့ ပုပ်ရဟန်းမင်း ကွန်ဒွန်
ဟု အမည်ပေးထားသည့် ကွန်ဒွန်ပေါင်း ၂၀၀၀ ကိုယခုသီတင်းပါတ်အတွင်းအခမဲ့ ဖြန့် ဝေတော့ မှာဖြစ်
ဖြစ်ပါတယ်...

De Condoomfabriek လို့ အမည်ရှိတဲ့  ကွန်ဒွန်ပြုလုပ်တဲ့ ကုမ္ပဏီက ၎င်းတို့ အနေနဲ့ လိင်မှတစ်ဆင့် ကူး
စက်တတ်သောရောဂါများအကြောင်းလူတွေပိုမိုသတိထားမိစေရန်၊ မလိုလားအပ်ပဲ ကိုယ်ဝန်ရှိသွားနိုင်ခြင်း
နှင့် ရိုမန်ကက်သလစ်သာသနာပိုင်ရုံးစိုက်ရာ ဗာတီကန်ရဲ့ သန္ဓောတားခြင်းကို ဆန့် ကျင်တဲ့ ကိစ္စတွေကို
လူအများသိစေလိုတာကြောင့် ယခုလိုပြုလုပ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်...

အဆိုပါကွန်ဒွန်ကိုထည့် ထားတဲ့ အိတ်အဖုံးမှာ မျက်နှာပုံသဏ္ဍာန်ကိုပယ်ဖျောက်ထားပေမယ့် လက်ရှိပုပ်ရ
ဟန်းမင်းကြီးရဲ့ ပုံသဏ္ဍာန်နဲ့ ငြင်းမရအောင်တူတဲ့ ပုံ၇ိပ်ပါရှိနေပါတယ်... ပြီးတော့ အဲဒီကွန်ဒွန်အိတ်မှာ
" ( ပုပ်ရဟန်းမင်းကြီးက ) သန္ဓေတားဆီးခြင်းမပြုလုပ်ရဘူး " " ကျွန်တော်တို့ ကတော့ လုပ်နိုင်ကြပါ
တယ်..."  လို့ ဆိုတဲ့ စာသားတွေနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ပုံရိပ်သဏ္ဍာန်ကို အထက်အောက်ကွပ်ထားပါ
တယ်...

အခုလို ပုပ်ရဟန်းမင်း ကွန်ဒွန်ပြုလုပ်ဖို့ အကြံပြုချက်ကြောင့် လွန်ခဲ့ တဲ့ လကပဲ ဗြိတိန်နိုင်ငံ၊ နိုင်ငံခြား
ရေးဝန်ကြီးဌာန နှင့် ဗာတီကန်တို့ အကြား သံတမန်ဆိုင်ရာအငြင်းပွားမှုဖြစ်ပေါ်စေခဲ့ ပြီး နိုင်ငံခြားရေး
ဝန်ကြီးရုံးဟာ၎င်းးရဲ့ ဝန်ထမ်းတစ်ဦးက ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်အနေနဲ့ ဗြိတိန်နိုင်ငံကိုလာရောက်
လည်ပတ်သည့် အခါ ပုပ်ရဟန်းမင်းတံဆိပ်ကွန်ဒွန်ကို ထုတ်လုပ်ဖြန့် ချီသင့် တယ်လို့ အကြံပြုပြောဆို
ခဲ့ လို့ တောင်းပန်ခဲ့ ၇ပါတယ်.....

ဘယ်လိုပဲ သဘောထား၊ အယူအဆတွေမတူညီပါစေ၊ လူအများကိုးကွယ်ယုံကြည်တဲ့ ဘာသာတစ်ခု
ရဲ့ အကြီးအကဲပုဂ္ဂိုလ်ကို အခုလိုစော်ကားတာကိုတော့ လက်မခံပါဘူး...
ကန့် ကွက်ရှုံ့ ချသင့် ပါတယ်...


A Dutch sex shop will be giving away 2,000 "Pope condoms" this weekend in a dig at the Roman Catholic Church.

De Condoomfabriek (The Condom Factory) said it wanted to make a point about sexually transmitted diseases, unwanted pregnancies and the Vatican's opposition to contraceptives.
The condom wrapper carries the image of a papal figure with an unmistakable general likeness to Pope Benedict, though the figure's face is removed. It bears the words "I SAID NO! We say YES!" framing the papal image.
The suggestion of a "pope condom" caused a diplomatic row last month when Britain's Foreign Office was forced to apologise for a memorandum by a civil servant that suggested Benedict launch a papal-brand condom on his pending visit to the UK.

2 comments:

Unknown said...

သူများဘာသာရေး အထွတ်အမြတ် အရာမှန်သမျှကိုစော်ကားတာဟာ ကိုယ့်ဘာသာကိုပြန်စော်ကားတာနဲ့ အတူတူပါဘဲ

JulyDream said...

အခုလိုမျိုး ဘာသာရေးပုံရိပ်ကိုတော့ မသုံးသင့်ပါဘူး။ မလိုလားအပ်တဲ့ ရောဂါတွေ မရလေအောင် ကွန်ဒုံး သုံးတာကိုတော့ အားပေးပါတယ်။