Saudi woman beat up religious police officer who stopped her for walking with a man
Wednesday, May 26, 2010
ချစ်သူနဲ့ အတူလမ်းလျှောက်တာကို တားမြစ်တဲ့ ရဲကို ထိုးကြိတ်ရိုက်နှက်တဲ့ ဆော်ဒီ
အမျိုးသမီး...
အတူသွားမယ်...မတားနဲ့ ...
မြင်ကွင်းကတော့ ဆော်ဒီအာရေဗျ နိုင်ငံရဲ့ အမျိုးသမီးလူ့ အခွင့် အရေးလှုပ်ရှားသူများနှစ်ပေါင်းများစွာ
မက်ခဲ့ ရတဲ့ အိပ်မက်ထဲကလိုပါပဲ...
ဆော်ဒီနိုင်ငံမှ ဘာသာရေးဆိုင်ရာရဲတပ်ဖွဲ့ ဝင်တစ်ဦးဟာ နိုင်ငံအရှေ့ ပိုင်းမြို့ တစ်မြို့ ဖြစ်တဲ့ Al-Mubarraz
မြို့ ရဲ့ ပန်းခြံတစ်ခုမှာ အေးအေးဆေးဆေးလျှောက်လှမ်းယင်း လက်မထပ်ထားရသေးတဲ့ စုံတွဲတွေ တ၇ား
မ၀င်တွေ့ ဆုံနေတာကြတာကို စူးစမ်းစစ်ဆေးနေခဲ့ စဉ် ၎င်းအနေနဲ့ ပြင်းထန်တဲ့ ဆန့် ကျင်တုန့် ပြန်မှုတွေ
တွေ့ ရလိမ့် မယ်လို့ မျှော်လင့် ထားခဲ့ မှာမဟုတ်ပါဘူး...
ဒါပေမယ့် အသက် ၂၀ ပါတ်ဝန်းကျင်အရွယ်ရှိစုံတွဲတစ်တွဲ ပန်းခြံထဲမှာ အတူလမ်းလျှောက်နေတာတွေ့ 
လို့ အနားကပ်သွားခဲ့ ချိန်မှာတော့ ၎င်းရဲ့ တစ်သက်နဲ့  တစ်ကိုယ်တစ်ခါမှ မဖြစ်ဖူးခဲ့ တဲ့ အဖြစ်နဲ့ ကြုံတွေ့ 
ခဲ့ ရပါတော့ တယ်...
ဒေသခံတွေက Hai ' a လို့ ခေါ်ဝေါ်လေ့ ရှိကြတဲ့  အကျင့် စာရိတ္တမြင့် မားရေးနှင့်ဒုစရိုက်နှိမ်နင်းကာကွယ်
မျိုးသားများနှင့် အမျိုးသမီးများ အတူတစ်ကွရောနှောသွားလာတွေ့ ဆုံတာဟာ ပြစ်မှုတစ်ခုဖြစ်တာမို့  အ
ဆိုပါစုံတွဲကို ၎င်းတို့ ရဲ့ နိုင်ငံသားဆိုင်ရာသက်သေခံလက်မှတ်များနှင့် ၎င်းတို့ နှစ်ဦး မည်သို့ ပါတ်သက်၊
တော်စပ်သည်ကိုမေးမြန်းစစ်ဆေးခဲ့ ပါတယ်...
ထိုသို့ မေးမြန်းနေစဉ်မှာပဲ လူငယ်အမျိုးသားဟာ ရုတ်တရက်လဲကျသွားခဲ့ ပါတယ်...
ထိုအခါအမျိုးသမီးဟာ ရဲတပ်သားကိုတိုက်ခိုက် ရန်ပြုခဲ့ တယ်လို့ ဆိုပါတယ်...သူမဟာ ရဲတပ်သားကို
ထပ်ခါတလဲလဲ ထိုးကြိတ်ရိုက်နှက်ခဲ့ လို့ ၎င်းရဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓာအနှံ့ အပြားမှာဒါဏ်ရာတွေရပြီး ဆေး
ရုံသို့ ပို့ ဆောင်ခဲ့ လိုက်၇ပါတယ်...
" အမျိုးသမီးတစ်ဦးထံမှ ခုခံတွန်းလှန်တဲ့ အပြုအမူကိုတွေ့ မြင်ရတာဟာ အဓိပ္ပါယ်တွေအများကြီးသက်
ရောက်စေပါတယ်...လူတွေဟာ အဲဒီဘာသာရေးရဲဆိုတာတွေကိုစိတ်ကုန်၊ မျက်မုန်းကျိုးနေကြတာပါ.."
လို့ ဆော်ဒီအမျိုးသမီးလူ့ အခွင့် အရေးတက်ကြွလှုပ်ရှားသူ Wajiha Al-Huwaidar ကပြောကြားခဲ့ ပါ
တယ်...
" ဒါဟာ အခုမှ အစပိုင်းပဲရှိသေးပြီး နောင်ကိုလည်းပဲ ခုခံတွန်းလှန်မှုတွေပိုမိုများပြားလာမှာဖြစ်ပါတယ်...
သတင်းမီဒီယာတွေနဲ့ အင်တာနက်တွေက လူတွေရဲ့မကျေနပ်မှု၊ ဒေါသတွေကိုဖော်ထုတ်ပြသဖို့ စွမ်း
အားနဲ့ လွတ်လပ်ခွင့် တွေပေးခဲ့ ကြပါတယ်..." လို့ သူမကပြောခဲ့ ပါတယ်...
"  Hai ' a တွေဟာပြည်သူ့ စစ်တွေလိုပါပဲ...အခုတော့  သူတို့ ဘယ်အချိန်မှာ ဘာတွေပဲလုပ်လုပ် အင်
တာနက်ပေါ်မှာ မြင်တွေ့ ကြားသိနေကြရပါပြီ...ဒါကြောင့် မို့ လည်း သူတို့ ရဲ့ ဆိုးရွားယုတ်မာတဲ့ ဂုဏ်သ
တင်းတွေကို အမှန်အတိုင်းသိမြင်ကြရပြီး လူတွေကို ငုံ့ မခံပဲတုန့် ပြန်ဖို့ စွမ်းအားသတ္တိတွေ ဖြစ်စေတာပါ
့ပဲ..." လို့ သူမက ထပ်ပြီးပြောခဲ့ ပါတယ်...
ထိုဖြစ်ရပ်နှင့် ပါတ်သက်ပြီး ဘာသာရေးဆိုင်ရာရဲအဖွဲ့ နှင့် အရှေ့ ပိုင်းပြည်နယ်ရဲတပ်ဖွဲ့ တို့ ဟာ မည်သည့် 
ကြေငြာချက်၊ သတင်းမျှထုတ်ပြန်ခဲ့ ခြင်းမရှိသလို ထိုစံတွဲရဲ့ အမည်များနှင့် ဖြစ်ပျက်ခဲ့ သည့် နေ့ ရက်များ
ကိုလည်းအများပြည်သူများသိရှိစေရန် ထုတ်ပြန်ကြေငြာခြင်းမရှိခဲ့ ပါဘူး...
အကယ်၍ ထိုအမျိုးသမီးကိုသာ ရုံးတင်တရားစွဲခဲ့ လျှင် သူမဟာအစိုးရဆိုင်ရာ အဖွဲ့ အစည်းတစ်ခုရဲ့ တာ
ဝန်ရှိသူတစ်ဦးကို ကိုယ်ထိလက်ရောက် ထိခိုက်စော်ကားမှုနှင့် နှစ်ရှည်ထောင်ဒါဏ်အပြင် ကြိမ်ဒါဏ်ပါ
ကျခံရဖွယ် ရှိပါတယ်...
ဆော်ဒီနိုင်ငံမှာ အမျိုးသမီးများဟာ ကားမောင်းခွင့် မရှိသလို ခင်ပွန်းဖြစ်သူနှင့် လည်း မိမိကစလို့ ကွာရှင်း
ခွင့် မရှိပါဘူး၊ သားသမီးများကိုလည်း ( ကွာရှင်းခဲ့ လျှင် ) အုပ်ထိန်းခွင့် မရှိပါဘူး...
ဆွေမျိုးအရင်းအချာ မတော်စပ်သူအမျိုးသားများနှင့် လည်း အတူသွားလာဆုံတွေ့ ခွင့် လည်းမရှိပါဘူး...
တိုက်တိုက်ဆိုင်ဆိုင်၊ အခုလောလောဆယ် မှာ ကျွန်တော်ဖတ်နေတာကလည်း ဆော်ဒီနိုင်ငံရဲ့ ဘုရင့် 
ဆွေတော်မျိုးတော် တွေထဲက မင်းသမီးတစ်ဦးရဲ့ ကိုယ်တိုင်ပြောပြခဲ့ တာကိုပြန်လည်ရေးသားထားတဲ့ 
" PRINCESS "  ပြန်လည်တင်ပြရေးသားသူ Jean Sasson ရဲ့ စာအုပ်ကိုဖတ်နေတာပါ...
အခါအခွင့် သင့် လျှင်တော့ အဲဒီစာအုပ်အကြောင်း၊ ဇတ်လမ်းလေးလည်းပြောပြချင်ပါသေးတယ်...
ဆော်ဒီနိုင်ငံမှာ အမျိုးသမီးတွေရဲ့ ခံစားရချက်တွေဟာ ပြောပြလို့ မရနိုင်လောက်အောင်ဆိုးရွားလှပါ
တယ်...
အင်္ဂလိပ်လိုသတင်းလေးပါ...
It was a scene Saudi women’s rights activists have dreamt of for years.
When a Saudi religious policeman sauntered about an amusement park in the eastern Saudi Arabian city of Al-Mubarraz looking for unmarried couples illegally socializing, he probably wasn’t expecting much opposition. 
But when he approached a young, 20-something couple meandering through the park together, he received an unprecedented whooping.
A member of the Commission for the Promotion of Virtue and Prevention of Vice, the Saudi religious police known locally as the Hai’a, asked the couple to confirm their identities and relationship to one another, as it is a crime in Saudi Arabia for unmarried men and women to mix.
For unknown reasons, the young man collapsed upon being questioned by the cop. The woman then allegedly laid into the religious policeman, punching him repeatedly, and leaving him to be taken to the hospital with bruises across his body and face.
“To see resistance from a woman means a lot,” Wajiha Al-Huwaidar, a Saudi women’s rights activist, said. “People are fed up with these religious police, and now they have to pay the price for the humiliation they put people through for years and years.
This is just the beginning and there will be more resistance. The media and the Internet have given people a lot of power and the freedom to express their anger,” she said. “The Hai’a are like a militia, but now whenever they do something it’s all over the Internet. This gives them a horrible reputation and gives people power to react.” 
Neither the religious police nor the Eastern Province police has made a statement on the incident, and both the names of the couple and the date of the incident have not been made public. 
Should the woman be charged, she could face a lengthy prison term and lashings for assaulting a representative of a government institution. Saudi law does not permit women to be in public spaces without a male guardian. 
Women are not allowed to drive, inherit, divorce or gain custody of children, and cannot socialize with unrelated men.
3 comments:
mabaydar88 said...
မဗေဒါ တို့ အမျိုးသမီးတွေ ကံ ဆိုးနေတုန်းပဲ..။
တမျိုးတော့လည်းတော်သေးတယ်.. မဗေဒါတို့ မြန်မာတွေ က အဲလောက်မဆိုးဘူးဆိုတော့..။ ဆိုလိုတာက တချို့အခွင့်အရေးလေးတွေ တိုက်မယူရပဲ ရှိနေတာလေးတွေကို ပြောချင်တာပါ..။
တိုက်ပွဲတွေ ဝင်ရဦးမယ်.. အထူးသဖြင့် ဘာသာရေး အရေခြုံထားပြီး ဟန့်တား.. ခွဲခြား.. ဖိနှိပ့်တာတွေကိုပေါ့..။
တင်ထားတာ ကျေးဇူးတင်ပါတယ်။ နောက်တခုက ခေါင်းစဉ်က ဘာသာရေး ဆိုင်ရာ ရဲ လိုမျိုး နားလည် လို့ ဟုတ်ပါသလား.. ပိုနေတာလားရှင်..။
မဗေဒါလည်း ဆောင်းပါးတခု ဘာသာပြန်ထားတာ ရေးမလို့ မတင်ဖြစ်ဘူး.. အဲဒီ အလယ်ပိုင်း က အမျိုးသမီးတွေအကြောင်းပဲရှင့်..။
ကျေးဇူး.. ကိုပီတာ..
မဗေဒါ (၈၈)
Zay Tar Yar said...
အစ္စလာမ် တရားတော်များနဲ့အညီကျင့်ကြံနေထိုင်ကြ
တဲ့ အစ္စလာမ်မစ်နိုင်ငံများဟာ အမျိုးသမီးများကို အထူး
နှိမ်လေ့ရှိပါတယ် ၊ အစ္စလာမ်ဘာသာရေးထုံးထမ်းကို
စောင့်ကြပ်ကြည့်ရှုတဲ့ဘာသာရေးရဲများဟာ အစ္စလာမ်
မစ်နိုင်ငံတိုင်းမှာရှိပါတယ် ၊ အာဖဂန်နစ္စတန်နိုင်ငံခေါင်း
ဆောင်ဟောင်းမူလာအိုမာလက်ထက်က မိန်းခလေးများ
လမ်းလည်မှာတောင်ရိုက်ခံရတဲ့သာဓကတွေရှိပါတယ်
ဘာသာရေးဝတ်စုံမ၀တ်ဘဲအပြင်ထွက်ခဲ့လို့ပါ ၊ လူသား
ဆိုတာအသိညာဏ်ရှိကြပါတယ် ၊ အသိညာဏ်ရှိတဲ့လူသား
ကိုအသိညာဏ်ကသာထိမ်းချုပ်နိုင်ပါလိမ့်မယ် ... ပြစ်သစ်
နိုင်ငံမှာမကြာမီက ..ခေါင်းမြီးမချုံဘို့ သမ္မတကြော်ငြာ
လိုက်ပါတယ် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေအ
တွက်ပါ ဒီလိုဘဲမကြာမှီ ကမ္ဘာနိုင်ငံတော်တော်များများ
ဖြစ်လာပါလိမ့်မည်ဖြစ်ကြောင်း ၊ အသိညာဏ်ကို အသိညာဏ်ကဘဲထိမ်းချုပ်လို့ရမည်ဟု ယုံကြည်ပါသည်။
dedee said...
Bravo.............her brave, go on girl :D