Nigerian Senator marries 13-year-old Egyptian girl

Monday, May 3, 2010


နိုင်ဂျီးရီးယားနိုင်ငံကအမတ်မင်းရဲ့ ဓါတ်စာ...



နိုင်ဂျီးရီးယားနိုင်ငံမှ အမတ်မင်း...

နိုင်ဂျီးရီးယားနိုင်ငံမှလွှတ်တော်အမတ်တစ်ဦးဟာ အသက် ၁၃ နှစ်အရွယ်ရှိ အီဂျစ်နိုင်ငံမှ မိန်းကလေး
တစ်ဦးနှင့် လက်ထပ်လိုက်တယ်လို့ ဆိုပါတယ်...
လက်ထပ်မင်္ဂလာပွဲကို နိုင်ဂျီးရီးယားနိုင်ငံရဲ့ အထင်ရှားဆုံး ရွှေရောင်အမိုးခုံးကြီးနှင့် နိုင်ငံတော်ဗလီကြီး
မှာ အထက်တန်းလွှာအသိုင်းအ၀န်းက ဧည့် သည်တော်များရဲ့ ရှေ့ မှောက်မှာကျင်းပခဲ့ တာဖြစ်ပါတယ်...
အာဖရိကတိုက်ရဲ့ လူဦးရေ အများဆုံး နိုင်ငံကို အစ္စလာမ်ဘာသာရေးအဆုံးအမနှင့် အညီ စီရင်ဆုံးဖြတ်
အုပ်ချူပ်တဲ့ တရားဥပဒေ ( shariah law ) ကို စတင်ပြဌာန်းလိုက်နာစေခဲ့ တဲ့ မူဆလင်ခေါင်းဆောင်တွေ
ထဲကတစ်ဦးအပါအ၀င်ဖြစ်သူရဲ့ ယခုလို အသက် ၁၃ နှစ်ရွယ်အီဂျစ်နိုင်ငံသူလေးကို လက်ထပ်ခဲ့ တာကို
လူ့ အခွင့် အရေးအဖွဲ့ များက ဝေဖန်စောင့် ကြည့် နေကြပါတယ်...

သက်ဆိုင်ရာတာဝန်ရှိသူများက လွှတ်တော်အမတ် အာမက်စနီရေရီမာ ကိုစုံစမ်းစစ်ဆေးနေသကဲ့ သို့ လူ
ဦးရေ သန်းပေါင်း ၁၅၀ ရှိပြီး ခရစ်ယာန်ဘာသာဝင်များနှင့် မူဆလင်ဘာသာဝင်များအတွင်းအုပ်စုကွဲနေ
သည့်နိုင်ငံတွင် ယခုကဲ့သို့ နိုင်ငံဦးစီးဦးဆောင်ပြုသူက အရွယ်မေ၇ာက်သေးသည့် မိန်းကလေးနှင့် လက်
ထပ်ခဲ့ မှုကြောင့်  ကိုးကွယ်ယုံကြည်ရာ ဘာသာတရား၏အခန်းကဏ္ဍ အပေါ်မေးခွန်းထုတ်လာမှု များအ
သစ်ထပ်မံပေါ်ထွက်လာခဲ့ ပါတယ်....

အသက် ၄၉ နှစ်ရှိ အာမက် ဟာမိန်းကလေးရဲ့ မိသားစုကို ဒေါ်လာတစ်သိန်းပေးအပ်တင်တောင်းခဲ့ ပြီး
လက်ထပ်မင်္ဂလာပွဲကိုစီစဉ်ခဲ့ တာဖြစ်တယ်လို့  နိုင်ဂျီးရီးယားလူ့ အခွင့် အရေးကော်မရှင်ရဲ့ ဧပြီလက ပြု
လုပ်ခဲ့ တဲ့ တိုင်ကြားချက်က ဆိုပါတယ်...
အစပိုင်းမှာ အာမက် ဟာမိန်းကလေးကို အီဂျစ်နိုင်ငံမှနိုင်ဂျီးရီးယားသို့ တိုက်ရိုက်လာရောက်ဖို့ ဗီဇာ ရရှိ
အောင်မဆောင်ရွက်နိုင်ခဲ့ လို့ သူမကို အိမ်နီးချင်း နိုင်ဂျာနိုင်ငံက တစ်ဆင့် ခေါ်ဆောင်ခဲ့ တယ်လို့ တရား
မျှတမှုလူ့ ဘောင်အဖွဲ့ အစည်းလှုပ်ရှားရေးအဖွဲ့ အတွက်အကျိုးဆောင်ပေးနေသည့် ရှေ့ နေတစ်ဦးဖြစ်
သူ ချီဒီအိုဒင်ကာလူး ကပြောကြားခဲ့ ပါတယ်...
 (သူ့ အနေဖြင့် မိန်းကလေးကို ယခုကဲ့ သို့ ဗီဇာဖြင့် မဟုတ်ပဲခေါ်ဆောင်ခဲ့ မှုကြောင့် အပါအ၀င် ) အာ
မက်ကို လူကုန်ကူးမှု၊ အရွယ်မရောက်သေးသူမိန်းကလေး ( ကလေးသူငယ် )နှင့် လိင်ဆက်ဆံမှု၊ က
လေးသူငယ်ကို အန္တရယ်ကျရောက်စေမှုတို့ ဖြင့် တရားစွဲဆိုခံနိုင်ရဖွယ်ရှိပါတယ် လို့ အဆိုပါရှေ့ နေက
ပြောဆိုခဲ့ ပါတယ်...

" ခင်ဗျားအခုလိုလုပ်ဖို့  မွန်မြတ်သောကိုရမ်ကျမ်းစာ၊ သို့ မဟုတ် သမ္မကျမ်းစာ ( ဆင်ခြေပေးဖို့ ) မလိုအပ်
ပါဘူး... "  လို့ လည်း အိုဒင်ကာလူး ကပြောခဲ့ ပါတယ်...
ဘယ်အယူဝါဒကိုယုံကြည်သူမဆို အများစုကတော့ သူတို့ ရဲ့ ၁၃ နှစ်အရွယ် သမီးမိန်းကလေးကို အမျိုး
သားတစ်ယောက်နဲ့ ပေးစားပစ်လိုက်မှာမဟုတ်ဘူးလို့ ထင်ပါတယ်လို့ သူကဆိုခဲ့ ပေမယ့် နိုင်ငံတော်ဗလီ
ကြီးမှာပြုလုပ်ခဲ့ တဲ့ မင်္ဂလာအခမ်းအနားကိုတော့ မိန်းကလေးရဲ့ မိသားစုဝင် ၃၀ တို့ တက်ရောက်ခဲ့ တယ်
လို့ လူ့ အခွင့် အရေးကော်မရှင်က ဆိုခဲ့ ပါတယ်...
အဆိုပါလက်ထပ်ပွဲကို မည်သူတွေတက်ရောက်ခဲ့ တယ်ဆိုတာတော့ တိတိကျကျရေရေရာရာ မသိရပါ
ဘူး...ဗလီကြီးရဲ့ ဦးစီးခေါင်းဆောင် ဗလီဆရာကြီး အုစ်တက်ဇ်မိုဟာမက် ကိုလည်းဆက်သွယ်မေးမြန်းလို့ 
မရခဲ့ ပါဘူး...

နိုင်ဂျီးရီးယားနိုင်ငံမြို့ တော် အဘူဂျာမှာ ပြဌာန်းထားတဲ့ ကလေးသူငယ်ဆိုင်ရာကာကွယ်စောင့် ရှောက်ရေး
ဥပဒေအရ လက်ထပ်နိုင်မည့် မိန်းကလေးရဲ့ အသက်ဟာ ၁၈ နှစ်ပြည့် ပြီးဖြစ်ရမယ်လို့ ဆိုပါတယ်...သို့ 
သော်အဆိုပါဥပဒေကို နိုင်ငံရဲ့ ပြည်နယ် ၃၆ ခုလုံးမှာပြဌာန်းခဲ့ ခြင်းမရှိပဲ မူဆလင်ဘာသာဝင်များ၏အ
သိုင်းအ၀န်းအရပ်ဒေသများတွင်မိန်းကလေးများ အပျိုဖော်စ၀င်ပြီဆိုသည်နှင့် လက်ထပ်ပေးလိုက်လေ့ 
ရှိသည်ဟု လူ့ အခွင့် အရေးလှုပ်ရှားသူများက ဆိုပါတယ်...

ယခုဖြစ်ရပ်ဟာ အာမက် အတွက်ပထမဦးဆုံးအကြိမ်အရွယ်မရောက်သေးသည့် မိန်းကလေးတစ်ဦးနှင့် 
လက်ထပ်ခဲ့ တာမဟုတ်ပါဘူး... သူဟာယခင်ကလည်း အသက် ၁၅ နှစ်အရွယ်ရှိမိန်းကလေးတစ်ဦးကို
လက်ထပ်ပေါင်းသင်းခဲ့ ပြီး ထိုမိန်းကလေး အသက် ၁၇ နှစ်အရွယ်ကလေးမွေးဖွားခဲ့ ပြီးနောက်ကွာရှင်း
ပြတ်စဲခဲ့ တယ်လို့ အဆိုပါလူ့ အခွင့် အရေးကော်မရှင်ကပြောဆိုခဲ့ ပါတယ်...
အမတ်မင်းဟာငယ်ငယ်ရွယ်ရွယ်မိန်းကလေးတွေကိုလက်ထပ်ပေါင်းသင်းလေ့ ရှိပြီး မိန်းကလေးတွေကို
သူနှင့်လက်ထပ်ဖို့ သွေးဆောင်ဖြားယောင်းလေ့ ရှိတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ် လို့ ကော်မ
ရှင်ကဆိုပါတယ်...
မကြာခင်ကပြုလုပ်ခဲ့ တဲ့ တွေ့ ဆုံမေးမြန်းခန်းတစ်ခုမှာတော့ အာမက် ဟာသူ့ ရဲ့ ဇနီးအသစ်ကလေးရဲ့ အ
သက်ကိုပြောပြဖို့ ငြင်းဆိုခဲ့ ပြီး သူ့ ရဲ့ အပြုအမူအတွက်လည်းနောင်တရတဲ့ ပုံမပေါ်ပါဘူး...

" မူဆလင်တစ်ယောက်အနေနဲ့ ဘုရားသခင်ရဲ့ အဆုံးအမ ဥပဒေနှင့် သူ့ ရဲ့ တမန်တော် ကလွဲလို့ တစ်ခြား
ဥပဒေစည်းကမ်းများကို အလေးမထားနိုင်ပါဘူး..."  လို့ သူကဆိုခဲ့ ပါတယ်...

အဲဒီလိုငယ်ငယ်ရွယ်ရွယ်လေးတွေကိုယူဖို့ များ သူ့ ကိုဟောပြောခဲ့ လေသလားပါပဲ...
ထိုကလေးမလေးရဲ့ မိသားစုက ဆင်းရဲလို့ စောင့် ရှောက်တယ်ဆိုယင်လည်း သူ့ နိုင်ငံ နိုင်ဂျီးရီးယားမှာ
တင်ပဲ ပိုမိုဆင်းရဲတဲ့ မိသားစုတွေအများကြီးရှိနေနိုင်ပါသေးတယ်...

ကမ္ဘာတစ်လွှားထိုဆရာများရဲ့ ဘူးသီးနုနုအမွေးသတ်တဲ့ သတင်းများကိုယခင်ကလည်းဘာသာပြန်
ဖော်ပြခဲ့ ပါသေးတယ်...
မဖတ်ရသေးသူများ ဒီ ကိုနှိပ်ပြီးဖတ်နိုင်ပါတယ်...

အင်္ဂလိပ်လိုသတင်းပါ...
lagos (nigeria) —The marriage took place at one of the Nigerian capital’s most recognisable landmarks, under the golden dome of the National Mosque in front of an audience of the elite.

But the recent wedding of one of the Muslim leaders who brought Shariah law to Africa’s most populous nation is under scrutiny as human rights groups sayhe married a 13-year-old Egyptian girl.

As authorities investigate Senator AhmadSaniYerima,the marriage is drawing fresh questions about the role of religion in a country of 150 million people split between Christians and Muslims.

Yerima, 49, arranged the marriage with the girl after paying her family a $100,000 dowry, according to a complaint filed by the Nigerian Human Rights Commission in April. Initially, Yerima couldn’t arrange a visa for the girl to travel from Egypt to Nigeria, so he instead brought the girl through neighbouring Niger, said Chidi Odinkalu, a lawyer for works for the open Society Justice Initiative.

That leaves Yerima open to human trafficking charges, as well as possible child-sex and endangerment charges, the lawyer said.

“You don’t need the holy Quran or the Bible to get this,” Odinkalu said.

“I think most people, irrespective of the cleavage between the two faiths, wouldn’t marry off their 13 year old.” Yet 30 members of the girl’s family attended the ceremony at the National Mosque, the human rights commission said. It’s unclear who else attended the wedding.Ustaz Musa Mohammed, the chief imam of the National Mosque, could not be reached for comment.

Under child protection laws enforceable in Abuja, Nigeria’s capital, a woman must be 18 before being able to consent to marriage. However, those laws aren’t enacted in all of Nigeria’s 36 states and activists say child brides have been married off in Muslim communities after their first period.

It also isn’t the first time Yerima has apparently married a child bride. The right commission alleged that he married a 15-year-old girl, only to divorce her at 17 as she nurses his child.

“The senator is in the habit of marrying minors and has gained notoriety in enticing girls to marry him,” the commission said.
Yerima himself appears unrepentant in recent interviews, though he has declined to say how old his new wife is.
“As a Muslim, as I always say, I consider God’s law and that of his prophet above any other law,” Yerima said. —AP

2 comments:

Anonymous said...

ကိုကြီး

Anonymous said...

ကိုကြီး...ညီမလေးပြောတာတွေမဟုတ်ဘူး..ညီမလေးနာမည်ကိုအလွဲသုံးစားလုပ်သွားတာ...ကိုကြီးဘန်းထားရှိရင်ပြန်သုံးခွင့်ပေးပါနော်
တခါတည်းပြောလိုက်မယ် သတ္တိရှိရင်ကိုယ့်နာမည်နဲ့ ကိုယ်ရေးပါ သူများနာမည်ကိုယူရေးရလောက်အောင်ရှင်တို့ ကနာမည်ကသုံးစားလို့ မရအောင်မြောင်းထဲရောက်နေလို့ ထင်တယ်
အဆင့်အတန်းရှိတယ်ဆိုတာပိုက်ဆံရှိတာ။အတတ်ပညာတွေတတ်တာနဲ့ မဆိုင်ဘူး...အသိပညာရှိပြီးမှန်ကန်တဲ့ဆုံးမသြ၀ါဒတွေရှိတဲ့ဘာသာတရားအဆုံးအမနဲ့ နေတဲ့သူကိုခေါ်တာပါ
ရှင့်တို့ ကြိုက်သလိုရေးလုံးဝဂရုမစိုက်ဘူး...ကြိုက်သလိုပြော..ဖြူ..ကိုသိတဲ့လူတိုင်းဖြူ ဒီလိုမပြောဘူးဆိုတာလူတိုင်းသိတယ်....