Jesus flag banned for 'advertising Christianity'

Sunday, May 2, 2010
သတိ...ကြေငြာအလံမလွှင့် ရ...


ဒီလောက်လေးတောင်ခွင့် မပြုဘူးလားကွယ်...

ဘုရားကျောင်းရှေ့ မှာ ယေရှုခရစ်တော်ရဲ့ ပုံပါတဲ့ အလံလွှင့် ထူခြင်းဟာ ခရစ်ယာန်ဘာသာကို လူအများ
စိတ်ဝင်စားလာအောင်ကြေငြာတာဖြစ်လို့ သင်းအုပ်ဘုန်းတော်ကြီး မာ့ ခ်ဘင်နေ ကို၎င်းရဲ့ ဘုရားကျောင်း
ရှေ့ မှာ ထိုအလံလွှင့် တင်ခြင်းကိုတားမြစ်ပိတ်ပင်ခဲ့ ပါတယ်...
Worcestershire နယ်၊ Evesham အရပ်က St Andrew ဘုရားကျောင်းမှာ အလံလွှင့် ထူရန် ခွင့် ပြုချက်
မရယူခဲ့ တဲ့ အတွက် အကယ်၍ သင်းအုပ်ဆရာအနေနှင့် ဆက်လက်ပြီးအလံလွှင့် ထူခဲ့ မယ်ဆိုလျှင် ဒါဏ်
ငွေ ပေါင်စတာလင် ၁၀၀၀ ( ဒေါ်လာ ၁၅၀၀ ) ပေးဆောင်ရမှာဖြစ်တယ်လို့ သတိပေးခံခဲ့ ရပါတယ်...
အသက် ၅၂ နှစ်ရှိ တရားဟောဆရာဟာ ပေ ၃၀ အရှည်ရှိ အလံတိုင်ကို ဘုရားကျောင်းရှေ့ မှာ သန့် ရှင်း
သောဝိဥာဉ်တော်နေ့ ရက်သတ္တပါတ် အီစတာပွဲတော် အထိမ်းအမှတ်အဖြစ် လွှင့် ထူခဲ့ တာဖြစ်ပြီး မကြာ
ခင်မှာပဲ အများပြည်သူက မြို့ နယ်အုပ်ချူပ်ရေးကောင်စီကို အရေးယူပေးဖို့ ကန့် ကွက်တိုင်ကြားခဲ့ တာ
ဖြစ်ပါတယ်...
အခုလို မနှစ်မြို့ စရာ၊ ထိတ်လန့် အံ့ သြစရာကောင်းတဲ့ အပြုအမူဟာ ဗြိတိန်နိုင်ငံမှာ ခရစ်ယာန်ဘာသာ
အယူဝါဒ လျော့ နည်းပပျောက်လာနေပြီဆိုတာ ပြသနေတာပါပဲ လို့  ၎င်းက ယူဆပါတယ်လို့ ဘုန်းတော်
ကြီးက ပြောကြားခဲ့ ပါတယ်...
" တစ်ခြားကြေငြာတွေကတော့ နေရာတိုင်းမှာ တစ်လူလူလွင့် နေတာမြင်ရမှာပါ...အထူးသဖြင့် ရွေး
ကောက်ပွဲအချိန်မှာပေါ့ ...အဲဒီလိုအချိန်တွေဆိုယင် လူတွေဟာ ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီးပျက်
ရယ်ပြုနေကြတာပါပဲ..." လို့ သင်းအုပ်ဆရာကဆိုခဲ့ ပါတယ်...
" ဒါပေမယ့် ကျွန်တော်တို့ ကျတော့ အလံလေးတစ်ခုကိုတောင် ခရစ်ယာန်ဘာသာဝင်တွေရဲ့ တစ်နှစ်တာ
အတွင်း အမွန်မြတ်ဆုံး ကာလဖြစ်တဲ့ ဒီရက်သတ္တပါတ် အတွင်းမှာတောင် လွှင့် ခွင့် မရတာပါဗျာ..." လို့ 
သူက ဆက်ပြောခဲ့ ပါတယ်...

သတင်းထဲပါလို့ သာသိရတယ်...ယုံတောင်မယုံပါဘူးဗျာ...ခရစ်ယာန်ဘာသာအဓိကကိုးကွယ်တဲ့ နိုင်ငံ
ကြီးမှာဒီလိုမျိုးဖြစ်တယ်ဆိုတာ...
တစ်ကယ်တော့ လည်း ဒီလိုကြေငြာနေဖို့ မလိုပါဘူးဗျာ...
ကိုယ့် ဘာသာကမှန်တယ်ဆိုယင် ဘယ်သူတွေက မမှန်ဘူးပဲပြောပြော၊ ဘယ်လိုမဟုတ်တမ်းရားတွေပဲ
ဆိုဆို ဂရုစိုက်နေစရာမလိုပါဘူး...
အမှန်တရားဆိုတာ အစဉ်ထာဝရတည်ရှိနေမှာပါပဲ...

မူရင်းလင့် ခ်နှင့် သတင်းလေးပါ...
Vicar Mark Binney has been banned from flying a flag of Jesus Christ outside his church because council officials reckon it advertises Christianity.

Rev Binney was threatened with a £1,000 fine as he did not receive planning permission to fly the pink flag at St Andrew's Church in Evesham, Worcestershire.

The 52-year-old had hoisted it up a 30ft pole outside the church to celebrate Holy Week at Easter, prompting a complaint from the public which led the council to take action.
He said he reckons the "appalling" move is part of a gradual erosion of Christianity in the UK.

"You see blatant advertising everywhere, especially at election time, where lots of people are completely flouting the law," the vicar added.

"But we can't display a flag for one week – the most holy week of the Christian year."

0 comments: