Too unfit to run: Two-year-old who smokes 40 cigarettes a day puffs away on a toy truck

Wednesday, May 26, 2010
တစ်နေ့ စီးကရက် အလိပ် ၄၀ သောက်ရမှကျေနပ်သည့် အသက် ၂ နှစ်အရွယ်ကလေးငယ်....



Truck on bad habits: Ardi Rizal sits smoking on his favourite toy 
at home in Musi Banyuasin, Indonesia
၎င်းရဲ့ အကြိုက်ဆုံးကစားစရာ ကားပေါ်မှာ ဆေးလိပ်သောက်နေသည့် အင်ဒီုနီးရှားနိုင်ငံ
မူဆီဘာညွာဆင် ဒေသမှ အသက် ၂ နှစ်ရှိ ကလေးငယ်...
Truck on bad habits: Ardi Rizal sits smoking on his favourite toy at home in Musi Banyuasin, Indonesia 


သူ့ ရဲ့ ကားပေါ်မှာထိုင်ယင်း စီးကရက်ကိုရှိုက်နေတာများ တစ်ကယ့် အသက် လေးဆယ်ကျော်အရွယ်
ကုန်တင်းကားမောင်းသူတစ်ဦးရဲ့ ဟန်အတိုင်း....

သို့ သော် ...
မြင်ကွင်း၏ အဖြစ်မှန်ကား စိတ်ဆင်းရဲစရာ၊ စိတ်အနှောင့် အယှက်ဖြစ်စရာပင်...
အသက် ၂ နှစ်သာရှိသေးသည့် အာဒီရီဇဲ ရဲ့ ကျန်းမာရေးကတော့ တစ်နေ့ လျှင် စီးကရက် အလိပ် ၄၀
ကုန်အောင်သောက်၇မှကျေနပ်သည့် သူ့ အကျင့် ကြောင့် သူ့ ကိုယ်သူပင် မနည်းသယ်ဆောင်ကာ သွား
လာလှုပ်ရှားနေရတော့သည့် ....
Gun smoke: Four-stone Ardi puffs one of 40 cigarettes he smokes a 
day while toting a water pistol
 မပြေးနဲ့ !!!...ဒိုင်းညောင့် !!!...အဟွတ်!!!..အဟွတ်!!!...
တစ်နေ့ ကို စီးကရက်အလိပ်လေးဆယ်တဲ့ ဗျာ...
Gun smoke: Four-stone Ardi puffs one of 40 cigarettes he smokes a day while toting a water pistol

ကိုယ်အလေးချိန် ၅၅ ပေါင် ( ၄ စတုံ ) ရှိသည့် အင်ဒိုနီးရှားနိုင်ငံမှ ကလေးငယ် ဟာ သူ့ နှင့် ရွယ်တူ
ကလေးများနှင့် အတူပြေးလွှားဆော့ကစားနိုင်လောက်အောင်ပင် သက်လုံမကောင်းတော့ ပေ....
( သည်အတိုင်းသာဆက်သွားပါက )သူ့ ရဲ့ ကျန်းမာရေးဟာလည်း အလျင်အမြန်ဆိုးရွားလာမှာအသေ
အချာပင်...

ဒေသဆိုင်ရာ တာဝန်ရှိသူများက ကလေးငယ်အနေဖြင့် ဆေးလိပ်သောက်တာကို ဖြတ်ပြစ်နိုင်လျှင် ကား
အသစ်တစ်စီးပင် လက်ဆောင်ဝယ်ပေးမည်ဟု ကမ်းလှမ်းပြောကြားခဲ့ သော်လည်း သူဆေးလိပ်တောင်း
လို့ မရခဲ့ လျှင် အကြီးအကျယ် ဆူပူအော်ဟစ်ငိုယိုတတ်သောကြောင့် ထိုကလေး ဆေးလိပ်ပြတ်အောင်
၎င်း၏မိဘများအနေဖြင့် မတတ်နိုင်အောင်ဖြစ်နေခဲ့ ကြရပါတယ်...
Puff baby: Ardi blows smoke while trundling around on his truck
ဖွာတော်ဆက်ကာမှ...
မိဘမကောင်းတော့ သားသမီးပျက်စီးရရှာတယ်...
Puff baby: Ardi blows smoke while trundling around on his truck

"  သားလေးဟာလုံးဝကို စီးကရက်စွဲနေတာဖြစ်ပါတယ်...သူတောင်းတဲ့ အခါတိုင်းစီးကရက်မ၇ယင် သူ
ဟာစိတ်ဆိုးဒေါသထွက်ပြီးအသံကုန်အော်ဟစ်ငိုယိုကာ၊ နံရံကိုခေါင်းနဲ့ ဆောင့် ပါတယ်...ပြီးတော့ လည်း
သူက ( ဆေးလိပ်မသောက်ရယင် ) ခေါင်းမူးတယ်၊ နေမကောင်းဘူး လို့ ပြောပါတယ်..." လို့ အသက်
၂၆ နှစ်အရွယ်ရှိ မိခင်ဖြစ်သူ ဒိုင်ယာနာ ကပြောပြပါတယ်...


အာဒီ လေးဟာစီးကရက်ကို တံဆိပ်တစ်မျိုးတည်းသာသောက်လေ့ ရှိပြီး သူ့ ရဲ့ စီးကရက်ဖိုးကလည်း အင်
ဒိုနီးရှားနိုင်ငံ တောင်ပိုင်းဆူမတ်တြာ ပြည်နယ်၊ မူဆီ ဘာညွာဆင် ဒေသမှာနေထိုင်တဲ့ ၎င်းရဲ့ မိဘများအ
တွက်တစ်နေ့ ကို ပေါင်စတာလင် ၃.၇၈ ( ဒေါ်လာ ၅.၆ ) ခန့် ကုန်ကျနေကြရပါတယ်...


Always having a break: Ardi, who is rarely seen without a 
cigarette, insists on the same brand, costing £78 a day
သူကလည်း တံဆိပ်တစ်မျိုးတည်းကိုပဲ စွဲသောက်သတဲ့ ...
တစ်နေ့ ကို စီးကရက်ဖိုး ငါးဒေါ်လာလောက် ကုန်တယ်ဆိုပဲ
Always having a break: Ardi, who is rarely seen without a cigarette, insists on the same brand, costing £3.78 a day

ယခုကဲ့ သို့ အခြေအနေမျိုးဖြစ်နေတာတောင်မှ ၎င်းရဲ့ ဖခင်ဖြစ်သူ အသက် ၃၀ အရွယ်ရှိ ငါးစိမ်းရောင်း
သူ မိုဟာမက် က " ကျွန်တော့် အတွက်တော့ သားလေးဟာ အလွန်ပဲ ကျန်းမာနေပုံပေါက်နေပါတယ်...

ဘာမျှ ဒုက္ခဖြစ်တာ၊ ပြဿနာဖြစ်တာ မတွေ့ ရပါဘူး..." လို့ ပြောကြားခဲ့ ပါတယ်...
အာဒီ လေးရဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်တာဟာ စိုးရိမ်စရာ၊ စိတ်အနှောက်အယှက်
ဖြစ်စရာ ခေတ်ရေစီးကြောင်းဖြစ်နေပါတယ်...
ဗဟိုစာရင်းအင်းအဖွဲ့ အစည်းရဲ့ မှတ်တမ်းကိန်းဂဏာန်းများအရ အင်ဒိုနီးရှားနိုင်ငံ၏ အသက် သုံးနှစ်မှ
ဆယ့် ငါးနှစ်အတွင်း ကလေးသူငယ်များ၏ ၂၅ ရာခိုင်နှုံးဟာ ဆေးလိပ်ကို စမ်းသပ်သောက်သုံးကြည့် 
လေ့ ရှိပြီး ၃.၂ ရာခိုင်နှုံးကတော့ စွဲစွဲလမ်းလမ်းသောက်သုံးသူတွေဖြစ်ကြပါတယ်...

အသက် ၅ နှစ်မှ ၉ နှစ်အတွင်းဆေးလိပ်သောက်သူနှုံးဟာ ၂၀၀၁ ခုနှစ်တွင် ၀.၄ ရာခိုင်နှုံးရှိခဲ့ ရာမှ 
၂၀၀၄ ခုနှစ်တွင် ၂.၈ ရာခိုင်နုံးအထိမြင့် တက်သွားတယ်လို့ ဆိုပါတယ်...

အသက် လေးနှစ်အရွယ်ရှိ အင်ဒီိုနီးရှားမှ ကလေးငယ်တစ်ဦးဆေးလိပ်သောက်နေသည့် ဗီဒီယိုကလစ်
တစ်ခုလည်း လွန်ခဲ့ သည့် မတ်လ အတွင်းက ယူကျု တွင် တင်ထားခဲ့ ပြီး အပြင်းအထန် ပြစ်တင်ဝေ
ဖန်ခဲ့ မှုကြောင့် ထိုဆိုဒ်မှ ပယ်ဖျက်ပေးခဲ့ ကြရပါတယ်...

ဖော်ပြထားခဲ့ တဲ့ သတင်းများအရ ဒီကလေးအခုလိုဆေးလိပ်သောက်တတ်တာဟာ သူ့ ရဲ့ ဖခင်ဖြစ်သူ
က အစလုပ်သင်ပေးခဲ့ တာကြောင့် လို့ ဆိုပါတယ်...
အစကတော့ အပျော်သဘောနဲ့ လုပ်ခဲ့ တာဖြစ်ပေမယ့် အခုတော့ ဖျက်လို့ မရတဲ့ ကြောက်မက်ဖွယ်အ
ကျင့် ဆိုးကြီးဖြစ်နေပါပြီ...
လက်ဦးဆရာမည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့် ဘ  ... ဆိုသလိုပင် ၎င်းရဲ့ ဖခင်ဖြစ်သူကိုသာအပြစ်တင်ရ
မှာဖြစ်ပါတယ်...
ကလေးဒီလောက်တောင် တစ်နေ့ စီးကရက်အလိပ် ၄၀ သောက်နေတာတောင်ပြဿနာမရှိပါဘူးလုပ်
နေသေးတယ်...
သူ့ ကိုသာအချူပ်ထဲဖမ်းထည့်ဖို့ ကောင်းတယ်...
သူ့ ရဲ့ မဆင်မခြင်လုပ်ခဲ့ မှုကြောင့် ကလေးဟာ သက်သက်မဲ့ သက်ဆိုးရှည်ရမှာ မဟုတ်တော့ ပါဘူး...
ဆင်ခြင်နိုင်ကြပါစေသော်..

အင်္ဂလိပ်လို သတင်းအကျဉ်းပါ...
Taking a deep drag on his cigarette while resting on the steering wheel of his truck, he looks like a parody of a middle-aged lorry driver.
But the image covers up a much more disturbing truth: At just the tender age of two, Ardi Rizal's health has been so ruined by his 40-a-day habit that he now struggles to move by himself.
The four-stone Indonesia toddler is certainly far too unfit to run around with other children - and his condition is  set to rapidly deteriorate.

But, despite local officials' offer to buy the Rizal family a new car if the boy quits, his parents feel unable to stop him because he throws massive tantrums if they don't indulge him. 
His mother, Diana, 26, wept: 'He's totally addicted. If he doesn't get cigarettes, he gets angry and screams and batters his head against the wall. He tells me he feels dizzy and sick.'
Ardi will smoke only one brand and his habit costs his parents £3.78 a day in Musi Banyuasin, in Indonesia's South Sumatra province.
But in spite of this, his fishmonger father Mohammed, 30, said: 'He looks pretty healthy to me. I don't see the problem.'
Ardi's youth is the extreme of a disturbing trend. Data from the Central Statistics Agency showed 25 per cent of Indonesian children aged three to 15 have tried cigarettes, with 3.2 per cent of those active smokers.
The percentage of five to nine year olds lighting up increased from 0.4 per cent in 2001 to 2.8 per cent in 2004, the agency reported.
A video of a four-year-old Indonesian boy blowing smoke rings appeared briefly on YouTube in March, prompting outrage before it was removed from the site.

3 comments:

ဝက်ဝံလေး said...

ဖလားဖလား ဘီလိုများပါလိမ့်
ဒီကလေး သက်ဆိုးမရှည်ဘူး စိတ်သာချ
အမငီးးးတော် တကတည်း ၂ နှစ်တကို
တော်ပါဘီမပြောချင်တော့ဘူး
ပါးစပ်ကြီး ဟ ပြီးတော့သာ ဖတ်သွားတယ်
ကလေးက အသားမည်းလို့ပဲလား ဘာလားတော့မသိဘူး ရုပ်က နဲနဲလေး ရင့်သလားလို့

kiki said...

ဒီလို မိဘမျိုးကို အရေးယူဖို့ ကောင်းတယ် ။
ကလေးက၊ အစ မရှိရင်၊ သူ့ ဟာသူ ဘယ်လိုလုပ်သောက်တတ်ပါ့မလဲ ။
ငိုတိုင်းရနေရင် ဆက်ငိုနေတော့ မှာ ။
ဆေးရုံ ပို့ ပြီး ဆေးလိပ်ဖြတ်ရမဲ့ ပုံပဲ..ကြာရင် မလွယ်ဘူး...

Zay Tar Yar said...

ဒီအကောင်လေးဟာလေ သေမယ်သိလားအသက်တိုမဲ့ခ
လေးလေး ဘယ်နှယ့်ဗျာ အထုတ်ထုပ်ပြီး ရေထဲပြစ်ချဘို့
သာကောင်းတယ် ၊ မိဘက မဆုံးမဘူးထင်တယ် ၀ိုင်းတောင် ကြည့်နေကြသေးတယ် ၊ အဲလိုမိဘတွေလက်
ထဲကို ဘယ်တော့ မှ သားသမီးမဖြစ်ပါရစေနဲ့...