Handless lorry driver sues police
Wednesday, May 19, 2010
လက်နှစ်ဘက်မရှိသည့် ကားမောင်းသမားက လိုင်စင်မပေးသည့် 
ရဲကို တရားစွဲ....
He Yuelin /Quirky China News 
လက်မရှိလည်းကားမောင်းလို့ ရပါတယ်...
လက်မပါပဲ ( ၎င်းတွင်လက်မရှိပါပဲလျှက် ) ကုန်တင်ကားကိုပင်မောင်းနိုင်သည့် အတွက် နာမည်ကျော်
ကြားထင်ရှားလာခဲ့ သည့် အမျိုးသားတစ်ဦးဟာ ၎င်းရဲ့ ဒေသကရဲတပ်ဖွဲ့ ကို ၎င်းအားတရားဝင်ယာဉ်
မောင်းခွင့် မပြုခဲ့ သော ( ၎င်းအားမကြာခဏဒါဏ်ရိုက်ခဲ့ သောကြောင့်  ) ကြောင့် တရားစွဲဆိုခဲ့ ပါတယ်...
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လီကျန်း အရပ်မှ အသက် ၄၉ နှစ်ရှိ ဟေရွယ်လင်း ဟာ ငယ်စဉ်အသက်
၉ နှစ်သားအရွယ်မှာ စွန့် ပစ်ထားတဲ့ လက်ပစ်ဗုံးတစ်လုံးနှင့် ကစားယင်း လက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ ရ
တာဖြစ်တယ်လို့ New Law Daily သတင်းစာက ဖော်ပြခဲ့ ပါတယ်...
သူဟာ ၁၉၈၄ ခနှစ်ကတည်းက ကုန်တင်လော်ရီကားများ မောင်းနှင်နေခဲ့ တာဖြစ်ပြီင်္း သူ့ ရဲ့ ယာဉ်မောင်း
ကျွမ်းကျင်မှုအရည်အချင်းကြောင့် လည်း ရုပ်သံသတင်းတွေမှာတောင်ပါဝင်ဖော်ပြခံခဲ့ ရပေမယ့် ယာဉ်
မောင်းလိုင်စင်ကိုတော့ မရနိုင်ခဲ့ ပါဘူး...
" နှစ်ပေါင်းများစွာ ကျွန်တော်ဟာ ဒါဏ်ရိုက်ခံရလွန်းလို့ ဘယ်နှစ်ကြိမ်ရှိခဲ့ ပြီလည်းဆိုတာတောင်မရေ
တွက်နိုင်တော့ပါဘူး...ဒါပေမယ့် ဒီကားမောင်းတတ်တာတစ်ခုပဲ တတ်ကျွမ်းတာမို့ ဒါနဲ့ ပဲ မိသားစုကိုရှာ
ဖွေကျွေးမွေးနေခဲ့ ရတာဖြစ်ပါတယ်..." လို့ သူကပြောပြခဲ့ ပါတယ်...
သူ့ ရဲ့ ယာဉ်မောင်းကျွမ်းကျင်မှုကိုသက်သေပြုဖို့ သူဟား ကားမောင်းပြိုင်ပွဲများစွာမှာပါဝင်ယှဉ်ပြိုင်ခဲ့ ပြီး
၂၀၀၂ ခုနှစ်မှာဆိုယင် ခက်ခဲကြမ်းတမ်းပြီးအန္တရယ်အလွန်များတဲ့ တောင်ပေါ်လမ်းမှာ စံချိန်တင် မောင်း
နိုင်ခဲ့ လို့  ရုပ်မြင်သံကြားမှာပင်တင်ဆက်ပြသခံခဲ့ ရပါတယ်...
သူဟာလည်း လူသိထင်ရှားနာမည်ကျော်ကြားလာခဲ့ ပြီး "လက်နှစ်ဘက်ပြတ် ယာဉ်မောင်းဘုရင်" ဆိုတဲ့ 
နာမည်တောင်ရခဲ့ ပါတယ်...
ဒါပေမယ့် ဒေသဆိုင်ရာ မော်တော်ယာဉ်ဌာနကတော့ သူ့ကိုယာဉ်မောင်းလိုင်စင်ထုတ်ပေးဖို့ ငြင်းဆန်
နေဆဲပဲဖြစ်ပါတယ်...
လွန်ခဲ့ တဲ့ နှစ်ကစလို့ တရုတ်နိုင်ငံမှာ ကိုယ်လက်အင်္ဂါအနည်းငယ်ချို့ တဲ့ နေသူ၊ မသန်မစွမ်းဖြစ်နေသူ
တွေကို မော်တော်ယာဉ်မောင်းနှင်ခွင့် ပြုဖို့ ( ယာဉ်မောင်းလိုင်စင်ထုတ်ပေးဖို့ ) ဥပဒေစည်းမျဉ်းတွေကို
လျော့ ပေါ့ ပေးခဲ့ ပေမယ့်  သူ့ ကိုတော့ ယာဉ်မောင်းခွင့် မပြုနိုင်လောက်အောင် မသန်မစွမ်းဖြစ်နေတယ်
လို့ အကြောင်းပြခဲ့ ပါတယ်...( သူကဖြင့် အကြမ်းတမ်းဆုံးတောင်ပေါ်လမ်းတောင်မောင်းပြခဲ့ ပြီးပါပြီ...)
" ကိုယ်ခန္ဓာချို့ တဲ့ နေသူတွေကို ယာဉ်ခွင့် မရအောင် တမင်သက်သက်ခွဲခြားပြီးနှိပ်ကွပ်နေတာတွေရှိနေ
ပါတယ်...တစ်ကယ်ဆိုယင် အဲဒီလို ဖြစ်နေသူတွေက ပိုပြီးတော့ တောင်ကားကို ဂရုစိုက်ကာ အန္တရယ်
မဖြစ်အောင်မောင်းနေကြတာပါ....
ခြေလက်အင်္ဂါမသန်စွမ်းသူ၊ ချို့ တဲ့ သူတွေက လုံခြုံရေးသတိပိုလို့ တောင်ရှိကြပါတယ်...ဘာဖြစ်ကြောင့် 
လည်းဆိုတော့ သူတို့ ဟာ ထပ်မံပြီးထိခိုက်ဒါဏ်ရာရမှာ အလိုမရှိကြတော့ လို့ ပါပဲ...
ဟာ ဘယ်လို မှဆက်စပ်မှုမရှိပါဘူး..."  လို့ သူကပြောကြားခဲ့ ပါတယ်...
ဘ၀မှာ မပြည့် စုံမှုတွေရှိနေပေမယ့်လည်း စိတ်ဓါတ်မကျ၊ဇွဲမလျော့ ပဲကြိုးစားယင်အောင်မြင်နိုင်တယ်
ဆိုတဲ့ သက်သေပါပဲ....
စိတ်ဓါတ်ခွန်အားပေး သတင်းတစ်ပုဒ်ဆိုယင်မမှားဘူးပေါ့ ....
အင်္ဂလိပ်လိုသတင်းလေးပါ....
A man who has become famous for driving a lorry despite having no hands is suing his local police force for the right to drive legally.
He Yuelin, 49, of Lijiang, Yunnan province, lost his hands as a nine-year-old when playing with a discarded bomb, reports New Law Daily.
He has been driving lorries since 1984 - and has appeared on television for his driving skills - but has never been able to get a license.
"Over the years I've had so many fine tickets that I can't even count them all," he said.
"But I have to drive to support the whole family. Driving is the only skill I have."
To prove that he was capable of driving a lorry, He entered many driving competitions and in 2002 was featured on television setting a record for driving a truck on treacherous mountain roads.
He became well known and earned the nickname the 'Handless Driving King', but his local traffic department still refused to issue him a license.
Last year, China relaxed its regulations to allow some people with disabilities to drive - but He was still deemed too badly handicapped to drive.
"There's discrimination against disabled people in driving vehicles. Actually disabled people often drive very safely," he complained.
"Disabled people have strong safety awareness as they don't want to have further damage to their body. There's no absolutely connection between accidents and body disability."
2 comments:
သွယ်လင်းဆက် said...
ကန့်ကွက်လို့ ရရင်ကန့်ကွက်ချင်တယ်။
kiki said...
ဒီလူကို အဲ့ဒီ ရဲ နဲ့ ကားအမောင်းပြိုင်ခွင့်ပေးပြီး ဘယ်သူနိုင်လည်းဆိုတာ ကြည့်ပြီး ဆုံးဖြတ်ရင် ကောင်းမယ် ..