Grandfather becomes sex addict after fall from tree

Sunday, May 23, 2010


ရှစ်ဆယ်ကျော်မှာ ကံပေါ်တဲ့ အဖိုး...


မတော်တစ်ဆပြုတ်ကျမှုတစ်ခုဖြစ်ပွားခဲ့ ပြီး ထူးဆန်းစွာပင် လူငယ်ကာလသားလေးများလို ငယ်မူငယ်
သွေးကြွကာ ဆောင်ကြာမြိုင်အချစ်ပွဲကိုသာ ဆင်နွှဲလိုတော့ သည့်  အသက် ၈၁ နှစ်အရွယ်ရှိ အဖိုးအို
တစ်ဦးကို ၎င်းရဲ့ မိသားစုက အိမ်မှာပဲ ( အကျယ်ချူပ်သဘောနှင့် ) ထိန်းသိမ်းထားခဲ့ ရပါတယ်...
အင်အားချိနဲ့ နေပြီဖြစ်တဲ့ အဖိုးအို Angelo De Luca ဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဘိုင်ယာစကာ အရပ်က ၎င်း
ရဲ့ မိသားစုနေအိမ်ရဲ့ မက်မန်းသီးပင်ပေါ်ကနေပြုတ်ကျခဲ့ ပြီးလေးရက်ကြာမျှ သတိလစ်မေ့ မြောနေခဲ့ ပါ
တယ်...
ဒါပေမယ့် သူ့ ကို ခွဲစိတ်ကုသပြီးလို့ ပြန်လည်သတိရလာချိန်မှာတော့ ၎င်းတို့ ချစ်ခင်မြတ်နိုးလေးစားရတဲ့ 
မုဆိုးဖို ဖခင်ကြီးဟာ ဆယ်ကျော်သက်လူငယ်လေးတွေလို ချစ်သွေးကြွနေတာကို မိသားစုဝင်များက
ထိတ်လန့် အံ့ သြဖွယ်ရာ တွေ့ ခဲ့ ကြရပါတော့ တယ်...
ရမ္မက်ဇောကြွနေတဲ့ အဖိုးအို Angelo ဟာ ၎င်းစုဆောင်းထားတဲ့ ( ဘဏ်ထဲကငွေ ) ပေါင်စတာလင် ၃၀၀၀ ( ဒေါ်လာ ၄၅၀၀ ) ကို နေထိုင်ရာမြို့ နယ်အတွင်းက ပြည့် တန်ဆာရုံမှာ မြေးအရွယ်လောက်ရှိတဲ့ 
မိန်းကလေးတစ်ယောက်ကို အစွဲကြီးစွဲကာ တစ်ချီတည်းနဲ့ ကုန်အောင်သုံးပစ်လိုက်ပါတော့ တယ်...

" ကျူပ်ရဲ့ ဇနီး လွန်ခဲ့ တဲ့ နှစ်က ဆုံးသွားကတည်းက Leona လေး ( အဲဒီဇယားလေး ) ဟာ ကျူပ်အ
တွက်ဖော်မွန်ဖြစ်လာပါတယ်...သူလေးဟာ အိပ်ယာဝင်ပုံပြင်တွေအပြောကောင်းရုံတင်မက ကျူပ်ကိုဘဝ
သစ်မှာ အားသစ်အင်သစ်၊ သတ္တိစွမ်းအားသစ်တွေပါ ပေးအပ်ဖြစ်ပေါ်စေခဲ့ တာပါ...သူလေးဟာ ကျူပ်အ
တွက်တော့ မိတ်ဆွေလည်းဟုတ်၊ အားကိုးယုံကြည်စိတ်ချရသူဆိုလည်းဟုတ်ပါတယ်..." လို့ အဖိုးအိုက
ပြောဆိုခဲ့ ပါတယ်...
ဒါပေမယ့် တရားသူကြီးများက အဖိုးအိုဟာ အခုလိုမိန်းကလေးတွေနဲ့ သာပျော်ပါးဖို့ သာစိတ်စွဲကပ်နေတဲ့ 
အတွက် သူ့ ရဲ့ အရေးကိစ္စတွေကို သူကိုယ်တိုင်စီမံခန့် ခွဲနိုင်ဖို့ မစွမ်းဆောင်နိုင်တော့ ဘူးလို့ ဆုံးဖြတ်ခဲ့ 
ပြီးနောက် သူ့ ရဲ့ သားဖြစ်သူ Daniele က ဖခင်ဖြစ်သူရဲ့ အိမ်နှစ်လုံးနဲ့ ဘဏ်ထဲကငွေစာရင်းတွေကိုပါ ထိန်း
သိမ်းထားလိုက်ပြီဖြစ်ပါတယ်...

" အဲဒီမိန်းကလေးဟာ ကျွန်တော့် အဖေကို အချဉ်ဖမ်းပြီး အမဲဖျက်သလိုလုပ်နေခဲ့ တာဖြစ်ပါတယ်..." လို့ 
သားဖြစ်သူက ပြောကြားခဲ့ ပါတယ်...
ယခုအခါမှာ တော့ အဖိုးအိုရဲ့ မိသားစုဟာ ၎င်းတို့ ရဲ့ ဖခင်ဖြစ်သူကို ဆေးကုသမှုဆိုင်ရာလစ်ဟင်းမှုဖြင့် 
ဆေးရုံကို တရားစွဲဆိုနေကြပါတယ်..
" ကျွန်တော့် ဖခင်ဟာသစ်ပင်ပေါ်ကပြုတ်ကျခဲ့ လို့ နံရိုး ၇ ချောင်းကျိုးပြီး အဆုတ်ကိုပါထိုးဖောက်သွားခဲ့ 
ပါတယ်...ခွဲစိတ်ဆကုသဖို့ သူဟာရက်သတ္တပါတ် သုံးပါတ်တောင်စောင့် ဆိုင်းခဲ့ ရပါတယ်...သူဟာအပြင်း
အထန်နာကျင်ကိုက်ခဲနေခဲ့ ရလို့ သူနာပြုက နာကျင်ကိုက်ခဲတာသက်သာစေတဲ့ ဘိန်းပါဝင်တဲ့ မော်ဖင်း
ဆေးတွေ အလွန်အကျွံပေးခဲ့ တာဖြစ်နိုင်ပါတယ်... အဖေဟာ လေးရက်ကြာသတိကင်းလွတ်နေခဲ့ လို့ 
သူ့ ရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေ ချွတ်ယွင်းပပျောက်သွားရတာဖြစ်နိုင်ပါတယ်...
ဦးနှောက်ထဲမှာသိတာဆိုလို့ မိန်းမတွေနဲ့ အိပ်ဖို့ ဆိုတဲ့ ဆန္ဒတစ်ခုပဲ ရှိပါတော့ တယ်..." လို့ သူကထပ်ပြီး
ပြောပြခဲ့ ပါတယ်...
သို့ သော် ဆေးရုံအကြီးအကဲကတော့ ၎င်းတို့ အနေနဲ့ ဆေးပညာဆိုင်ရာတစ်စုံတစ်ရာမှားယွင်းမှုရှိခဲ့ တယ်
ဆိုတာကို ငြင်းဆိုခဲ့ ပါတယ်...
ဆေးရုံညွှန်ကြားရေးမှုး Michele Morisoli က " ကျွန်ုပ်တို့ ရဲ့ ဝန်ထမ်းတွေဟာ ၎င်းတို့ အနေဲ့ သိသမျှ၊တတ်
သမျှ အကောင်းဆုံးကို သံသယကင်းစွာ၊ စိတ်ရှင်းစွာဖြင့် ပြုစုကုသဆောင်ရွက်ခဲ့ ကြတာဖြစ်ပါတယ်..."
လို့ ပြောကြားခဲ့ ပါတယ်...

သြော်...
ဖြစ်မှဖြစ်ရလေ...ဖိုးဖိုးရယ်...
အဖိုးအတွက် ရှစ်ဆယ်ကျော်ရဲ့ နောက်ဆုံးမီးတောက်ပေါ့ ...

အင်္ဂလိပ်လို သတင်းလေးပါ...
An 81-year-old granddad has been put under house arrest by his family after a bizarre accident turned him into a sex addict. Frail Angelo De Luca was in a coma for four days after he fell out of a plum tree at the family home in Biasca, Switzerland. But coming round from an operation his family were horrified to watch their devoted widower dad turn into a randy teenager again.
Sex mad Angelo blew £3,000 of his savings in one session at a local brothel after falling head over heels for a hooker young enough to be his granddaughter. "Since my wife died a year ago, Leona has been there for me. It's not only that she's good in bed. She gives me new life force and courage. She is my friend, my only confidant," he said.
But his son Daniele has taken control of his dad's two houses and bank accounts after judges ruled that his sex addiction made him unfit to govern his own affairs. "That woman preyed upon my father like he was a Christmas goose," he said. Now the family are suing the hospital for medical negligence. "My father broke seven ribs and his lungs were pierced in the fall. He had to wait for three weeks for surgery.
"He had severe pain and the nurse gave him morphine, maybe too much. My father fell into a coma for four days. That must have wiped out a brain function. The one that inhibits the sex drive," he added. But hospital chiefs deny any medical blunder. Director Michele Morisoli said: "Our staff acted to the best of their knowledge and conscience."

3 comments:

ရွှေရတုမှတ်တမ်း said...

အသက်ကြီးရင် အဲဒီအပင်ပေါ်က ခုန်ချအုန်းမှပါ

Unknown said...

ကာပီတို
ရွာကို အပြန်လမ်းမှာ
မက်မန်းအပင်တွေ ရှာမသွားနဲ့ နော်....

ဘကြီးမိုး....

JulyDream said...

ကိုကြီးကျောက်... ခုန်ချရင်လည်း အောက်ကို သေချာကြည့်အုံး။ တော်ကြာ ဝါးချွန်စာမိပြီး နတ်သျှင်နောင် ဖြစ်နေအုံးမယ်။