North Korean girls sold for RM5,000 each

Saturday, May 22, 2010


မြောက်အိုပါးက မိန်းကလေးတွေ တစ်ဦးကို ဒေါ်လာ ၁၂၀၀ 
နှင့် အပိုင်၇မည်...


သူတို့ လည်း ဆာဒန်းငဲ လို့ ပြောကြတာပါပဲ...
ဒေါ်လာ ၁၂၀၀ ဆိုယင် တစ်သက်လုံးအပိုင်ရမှာတဲ့ ဗျာ...

ဆင်းရဲမွဲတေနေသည့် မြေက်ကိုရီးယားနိုင်ငံ ( သူတို့ ဆီကဘဘကြီးတွေကလည်း သူတို့ ကိုယ်သူတို့ 
တော့ ခေတ်မှီဖွံ့ ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်ကြီးလို့ ဆိုပေမပေါ့ ...) မှ ငယ်ရွယ်သည့် အမျိုးသမီးလေး
များကို ယခုအခါ တစ်ဦးလျှင် ဒေါ်လာ ၁၅၀၀ မျှဖြင့် တရုတ်နိုင်ငံမှ ချမ်းသာကြွယ်ဝသည့် လယ်သမားများ
ကိုရောင်းစားနေကြသည့် အတွက် မြောက်ကိုရီးယားနိုင်ငံ၏ လူမှောင်ခိုလုပ်ငန်းပြဿနာမှာ ပိုမိုနက်ရှိုင်း
ကြီးမားလာခဲ့ ရပြီဖြစ်ပါတယ်...
အမှန်စင်စစ်အားဖြင့် ဆိုလျှင်မြောက်ကိုရီးယားမှ စီးပွားရေးအကြပ်အတည်းအခက်အခဲကြောင့် ဒုက္ခ
ရောက်နေကြရသည့် အမျိုးသမီးများဟာ တရုတ်နိုင်ငံတွင် မိသားစုတစ်ခု ကလေးတစ်ဦး မူဝါဒ ( One
Child Policy ) ကြောင့် သမီးမိန်းကလေးမွေးလာခဲ့ တဲ့ ဇနီးမောင်နှံများဟာ ၎င်းတို့ ရဲ့ မျိုးရိုးစဉ်ဆက် အ
မည်ကိုဆက်လက်သယ်ဆောင်ထိန်းသိမ်းနိုင်မည့် သားယောကျာင်္းလေးထပ်မံရရှိမွေးမြူနိုင်ဖို့ ထိုသမီးမိန်း
ကလေးများကို စွန့် ပစ်လေ့ ရှိကြတာမို့  အိမ်ထောင်ဖက်၊အမျိုးသမီးများရဖို့ ခက်ခဲ လာနေတဲ့ တရုတ်အ
မျိုးကောင်းသားများအတွက် လူကြိုက်များသည့် လူသုံးကုန်ပစ္စည်း တစ်မျိုးဖြစ်နေခဲ့ ပါပြီ...
( တရုတ်ရိုးရာထုံးစံအရ မိန်းကလေးများဟာ ဖခင်ရဲ့ မိသားစုအမည်ကိုဆက်ခံခွင့် မရှိပါဘူး...အိမ်ထောင်
ကျလို့ သားသမီးရလာယင် ခင်ပွန်းယောကျာင်္းဘက်က အမျိုးအနွယ်အမည်ကိုသာ ပေးလေ့ ရှိပါတယ်...)

အခုလို အမျိုးသမီးများကို လူကုန်ကူးခဲ့ ကြတာဟာ အသစ်အဆန်းကိစ္စမဟုတ်ပေမယ့် တောရွာများမှာ
တရုတ်အမျိုးသမီးတွေရှားပါးလာတာကြောင့် အမျိုးသမီးတွေဈေးတက်လာရလို့ နယ်စပ်မှဖြတ်ကျော်ပြီး
ရောက်ရှိလာတာတွေပိုမို များပြားလာရခြင်းဖြစ်ပါတယ်...


လိုယင်အကုန်လုံးယူ...
သုံးလို့ ဝယင် အမြတ်နဲ့ တောင်ပြန်ရောင်းလို့ ရသေးတယ်ဆိုပဲ....
စနစ်တစ်ခု၊ ခေတ်တစ်ခုရဲ့ သားကောင်များ...


တရုတ်နိုင်ငံမှ မြောက်ကိုရီးယားအမျိုးသမီးပေါင်း ၉၀၀ ကျော်ကိုလွတ်မြောက်အောင်ကူညီကယ်တင်ခဲ့ 
တဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မှ စည်းရုံးလှုံ့ ဆော်သူ ခရစ်ယာန်ဘုန်းတော်ကြီး ချွန်ကီဝန်း က
( မြောက်ကိုရီးယား ) အမျိုးသမီးငယ်များဟာ သူတို့ ရဲ့ သခင် ( သူတို့ ကိုဝယ်ယူပေါင်းသင်းဆက်ဆံ
ကြတဲ့ တရုတ်အမျိုးသားများ ) တွေဆီမှာ တိရိစ္ဆာန်တွေလို အတင်းအဓမ္မနေထိုင်ဆက်ဆံခြင်းခံကြရပါ
တယ် လို့ ဆိုခဲ့ ပါတယ်...

" တ၇ုတ်နိုင်ငံဟာ ယခုဆိုလျှင်သိက္ခာရှိရှိ၊ တာဝန်သိသည့် တိုင်းပြည်ဖြစ်နေပါပြီ... လူ့ အခွင့် အရေးပြ
ဿနာများကိုဖြေရှင်းခြင်းအားဖြင့် ၎င်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုဂရုစိုက်သင့် ပါတယ်..." လို့ ဘုန်းတော်ကြီး
ချွန် က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ ပါတယ်...
ပြဿနာရဲ့ အရင်းမြစ်က နယ်စပ်မှာစတင်တာဖြစ်ပါတယ်...တရုတ်နိုင်ငံက လူမှောင်ခိုပွဲစားတွေဟာ
မြောက်ကိုရီးယားနယ်ခြားစောင့် တပ်ဖွဲ့ ဝင်တွေကို ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦးကို ယွမ် ၅၀၀ ကနေ
ယွမ် ၁၀၀၀ အထိ လာဘ်ထိုးပြီး နယ်စပ်ကနေတရုတ်ပြည်ထဲကိုဝင်ရောက်စေပါတယ်...
ထိုမှတစ်ဆင့် ဝင်ရောက်လာမိတဲ့ မိန်းကလေးများအတွက် အသက်အရွယ်ကြီးရင့် နေပြီဖြစ်တဲ့ တရုတ်
လယ်သမား အမျိုးသားများ၊ သို့ မဟုတ်မသန်မစွမ်းဒုက္ခိတများနှင့် လက်ထပ်ခံရခြင်း ထို့ အပြင် အင်တာ
နက်အွန်လိုင်ပေါ်မှာ အခကြေးငွေယူပြီးပြသတဲ့ ဖော်ချွတ်ပွဲ၊ လိင်ဆက်ဆံပွဲများရိုက်ကူးဖို့ အတွက်အသုံးချ
ခံရခြင်းစတဲ့ ကြမ္မာဆိုးများက စောင့် ဆိုင်းနေကြတာဖြစ်ပါတယ်...
( ရွှေပြည်ကြီးက နိုင်ငံရဲ့ အနာဂတ်သမီးပျိုများလည်း တရုတ်နယ်စပ်ကနေတစ်ဆင့် ဒီလူ့ ငရဲ ထဲရောက်
နေကြရတာတွေရှိနေပါပြီ...)

စီးပွားရေးအခြေအနေခြားနားမှုကြောင့် မြောက်ကိုရီးယားအမျိုးသမီးများဟာ တရုတ်နိုင်ငံနယ်စပ်ကို
ဖြတ်ကျော်ပြီး အဆင်ပြေရာ၊ရေကြည်ရာမျက်နုရာသွားရောက်ခိုလှုံနေကြရတာဖြစ်ပါတယ်...
ယခုလိုအမျိုးသမီးများရဲ့ အရေအတွက်ဟာ တ၇ုတ်နိုင်ငံမှာလက်ရှိ တ၇ားမ၀င်ပုန်းအောင်းနေထိုင်လျှက်
၇ှိတဲ့ ထောင်သောင်းချီတဲ့ မြောက်ကိုရီးယားနိုင်ငံသားများရဲ့ ၈၀ ရာခိုင်နှုံးအထိရှိတယ်လို့ ဆိုပါတယ်...
" ၉၀ ရာခိုင်နှုံးကျော်ဟာ တရားမ၀င်လူကုန်ကူးခြင်းရဲ့ သားကောင်တွေဖြစ်ပါတယ်..." လို့ ဘုန်းတော်ကြီး
ချွန်က ဆက်ပြောပြခဲ့ ပါတယ်...
အကယ်၍ အမျိုးသမီးငယ်ကိုဝယ်ယူခဲ့  သူတစ်ဦးဟာ ၎င်းရဲ့ ဇနီးကိုမကြိုက်ခဲ့ ၊ မနှစ်သက်ခဲ့ တော့ လျှင်
သူကကို အမြတ်တင်ပြီးတော့ တောင်ပြန်ရောင်းနိုင်ပါသေးတယ်...
တစ်ချို့ သောမိန်းကလေးများဟာ ယခုလိုလက်လွှဲရောင်းချခံရမှုပေါင်း ရှစ်ကြိမ်မှ ကိုးကြိမ်အထိခံကြရပါ
တယ်...
လွန်ခဲ့ တဲ့ နှစ် ဧပြီလက ၀ါရှင်တန်မှာပြုလုပ်ခဲ့ တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တရုတ်နိုင်ငံ လိင်ကျေး
ကျွန်အဖြစ်ရောင်းဝယ်ခြင်းခံရမှုမှ လွတ်မြောက်လာခဲ့ တဲ့ မြောက်ကိုရီးယားအမျိုးသမီးတစ်ဦးက လူကုန်
ကူးပွဲစားတွေဟာ သူမတို့ ကို ဈေးကွက်ဝင်ကြက်ဝက်တိရိစ္ဆာန်တွေလို သဘောထားပြုမူကြပြီး လင်
ယောကျာင်္း တစ်ဦး သို့ မဟုတ် တစ်ဦးထက်ပိုပြီး ရောင်းချခဲ့ ကြပါတယ်လို့ ပြောကြားခဲ့ ပါတယ်...

ရွှေပြည်ကြီးက မိန်းကလေးတွေလည်း ဒီထက်ပေါတဲ့ ဈေးနဲ့ အလွယ်တစ်ကူ ၀ယ်ယူရရှိနိုင်ပါပြီဆိုတဲ့ 
သတင်းမျိုးပါမလာပါစေနဲ့ လို့ ပဲဆုတောင်းနေမိပါတယ်...

အခုလို ဖြစ်ပျက်နေတာတွေကို ပလိုင်းပေါက်ကနေဖားကောက်သလို လိုက်လံကယ်တင်နေတာမျိုး၊
နယ်ခြားစောင့် ဝန်ထမ်းတွေကိုအရေးယူတာမျိုးတွေလုပ်တာထက် တစ်ခါတည်းပြဿနာပေါင်းစုံဖြေ
ရှင်းပြီးသားလုပ်နိုင်တဲ့ နည်းလမ်းကတော့ နိုင်ငံကိုအမှန်တစ်ကယ်ဖွံ့ ဖြိုးတိုးတက်အောင်လုပ်တာထက်
တစ်ခြားဘာမှမရှိပါဘူး...
စင်္ကာပူ၊မလေးရှားလိုမျိုး နိုင်ငံအတွင်းမှာပဲ လုံလောက်တဲ့ စားဝတ်နေရေးဖန်တီးရရှိနိုင်တဲ့ အလုပ်အကိုင်
အခွင့် အလမ်းရှိနေမယ်ဆိုယင် ဘယ်မိန်းကလေးမှ တစ်ခြားနိုင်ငံသားကို နယ်စပ်ကနေဖြတ်ကျော်ပြီး
အရောင်းစားခံကာ လက်ထပ်ပေါင်းသင်းနေထိုင်မှာမဟုတ်ပါဘူး...
အဲဒီနိုင်ငံဖွံ့ ဖြိုးတိုးတက်ချမ်းသာဖို့ ကတော့ ဒီမိုးဒီရေ၊ ဒီလူတွေနဲ့ တော့ ဒီတစ်သက် ဘယ်နည်းနဲ့ မှ မဖြစ်
နိုင်တာအသေအချာပါပဲ...
ကြိုးစားခဲ့ တာ ( လို့ ဆိုတာ ) လည်း နှစ်ပေါင်းများစွာကြာခဲ့ ပေါ့ ...

ငယ်စဉ်က ကြည့် ခဲ့ ဘူးတဲ့ ရုပ်ရှင်းကားတစ်ခုနာမည်လေးသတိရမိသေးတယ်...
"မျှော်လေတိုင်းမှိုင်းရီ "  တဲ့ ....

အင်္ဂလိပ်လို သတင်းလေးပါ...
The human trafficking crisis in North Korea deepens as more young girls from the poverty-stricken country are sold for as little as US$1,500 (RM4980) per head to rich farmers in China.
In fact, North Korean female refugees are dubbed as "hot commodity" among Chinese men, who find it hard to get a woman of their own due to China's one-child policy that forces most couples to give up having a baby girl in favour of a baby boy who can carry on their family surname.
The human trafficking is far from new but has become more prevalent as prices soar amid a shortage of Chinese women in the countryside.
Reverend Chun Ki Won, a Seoul campaigner who has helped more than 900 North Korean girls escape from China says that the girls are forced to live "like animals" by their "masters".
"China is now a responsible nation. It should care about national prestige through solving human rights issues," Rev Chun tells AFP.

The process starts at the border, where Chinese brokers bribe the North's border guards to let the women through - usually between 500 and 1,000 yuan (RM243 - RM486) for each woman.
Ill fate awaits the women who make it through: marriage to a farmer - often elderly or disabled - or taking their clothes off for Internet sex shows.

North Korean women can easily find a safe shelter across the Chinese border because of their economic value.

They now make up around 80 per cent of the tens of thousands of North Koreans hiding in China.

"More than 90 per cent of them fall victim to human trafficking," adds Rev Chun.

If a customer doesn't like his "wife", he can sell her for a profit. Some girls get sold eight or nine times.

At a Washington press conference in April last year, North Korean women who escaped the sex trade in China said brokers there treated them like livestock, selling them to one or more "husbands".


- Agencies

4 comments:

ရွှေရတုမှတ်တမ်း said...

၁၂၀၀ ဆိုမဆိုးပါဘူး...ပြန်ရောင်းလဲမြတ်ဆိုတော့

Unknown said...

ဦးကျောက်တော့ ပိုက်ဆံစုနေပြီလားမသိ..
လွယ်ဘူး.လွယ်ဘူး

mabaydar88 said...

ကိုပီတာ..

စိတ်ဆင်းရဲတယ်.. ကြေကွဲတယ်.. မဖတ်ချင်.. မမြင်ချင်.. မကြားချင်လည်း သိနေရဆဲပဲ..။

သားကောင်းတွေလည်း သားကောင်ဖြစ်ပေါ့..။

အဲလိုပဲ စနစ်ဆိုးအောက် နေရတော့.. ။

မဗေဒါ (၈၈)

Zay Tar Yar said...

ဆင်းရဲမွဲတေမှုရဲ့ရလဒ် စနစ်ဆိုးတခုရဲ့ရလဒ်တွေပါ
အာဏာရှင်စနစ်ရှိနေသမျှမိန်းမတင်မကယောကျာင်္းတွေ
လဲ မလွယ်ပါ မိန်းခလေးကမှ တော်သေးတယ် နဲနဲ
ယောကျာင်္းတွေကြတော့ ဟိုဟာထမ်းဒါမနဲ့သိပ်ပင်
ပန်းတာကိုး ဗျ ပေါ်တာအစွဲခံရတာကိုပြောပါတယ်...