Death wish pair find love

Tuesday, May 11, 2010


ပုံပြင်ဆန်ဆန်...ဒဏ္ဍာရီဆန်ဆန်...

 

Andriej Ivanov and Maria Petrova /Europics

အခုတော့အချစ်သစ်ကိုတွေ့ ရှိခဲ့ကြပြီ...


လက်ထပ်ရန်စေ့ စပ်ထားသူနှင့် လက်ထပ်ခွင့် မရနိုင်တော့ လို့  အသဲကွဲခဲ့ ရတဲ့ လူငယ်တစ်ဦးဟာ တံ
တားပေါ်ကနေခုန်ချပြီးကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ အသွားမှာ အချစ်သစ်နဲ့ ဆုံတွေ့ ခဲ့ ရပါတော့ တယ်...
သူဆုံတွေ့ ခဲ့ တဲ့ အချစ်သစ်မိန်းကလေးဟာလည်း သူ့ လိုပဲ တံတားပေါ်ကနေ ခုန်ချပြီးသေကြောင်းကြံ
မည့် သူလေးဖြစ်နေပါတယ်...
အသက် ၂၆ နှစ်ရှိ ရုရှားနိုင်ငံသား အင်ဒရီအက်ဂ်ျ အိုင်ဗင်နော့ ဗ် ဟာ ၎င်းနှင့် လက်ထပ်မည့် ချစ်သူဟာ
လက်မထပ်ခင်တစ်ရက်အလိုမှာပဲ ကားတိုက်မှုဖြစ်ပြီးသေဆုံးသွားခဲ့ လို့ ရုရှားနိုင်ငံအလယ်ပိုင်း၊ ဥဖာ ဒေ
သက တံတားတစ်စင်းပေါ်ကနေ ခုန်ချပြီးကိုယ့် ကိုယ့် ကိုအဆုံးစီရင်ဖို့ စိတ်ကူးကြံစည်ခဲ့ ပါတယ်...
ဒါပေမေယ့် သူထိုတံတားဆီကိုရောက်တဲ့ အချိန်မှာ ကိုယ်ဝန်ရှိခဲ့ လို့ သူမအိမ်ကမိဘများရဲ့ မောင်းထုတ်
နှင်ချခံခဲ့ ရလို့ ဝမ်းနည်းကြေကွဲနေတဲ့ အသက် ၂၁ နှစ်အရွယ်ရှိ မာရီယာပီထရိုဗာ ကိုတံတားရဲ့ လက်ရမ်း
သံဘောင်ပေါ်ကိုတက်နေတာတွေ့ လိုက်ရပါတယ်...
သူမဟာ ပေ ၁၀၀ ကျော်အမြင့် ရှိတဲ့ တံတားပေါ်ကနေ ရေခဲတစ်မျှအေးစက်နေတဲ့ ဘီလယာ မြစ်ထဲကို
ခုန်ချဖို့ စက္ကန့် ပိုင်းအလိုမှာပဲ အင်ဒရီအက်ဂ်ျ ကအချိန်မှီ တားဆီးဆွဲယူနိုင်ခဲ့ ပါတယ်...

" ကျွန်တော့် နှလုံးသားထဲမှာနင့် အောင် သိမ့် ကနဲခံစားလိုက်ရပြီး ကျွန်တော်ကိုယ်တိုင်ဘယ်လောက်ပဲ
အသဲကွဲနေပါစေ သူမကိုတော့ အသက်အသေမခံနိုင်ဘူးလို့ ဆုံးဖြတ်လိုက်မိပါတယ်...
ရပ်လိုက် !!! လို့ ကျွန်တော်အော်ပြောလိုက်ပြီး သူမဆီကိုပြေးသွားလိုက်ပါတယ်...သူမဟာ ကျွန်တော့် 
ရင်ခွင်ထဲကိုလဲပြုကျလာပြီး ငိုကြွေးပါတော့ တယ်...ကျွန်တော်လည်းပါးပြင်မှာ မျက်ရည်တွေစိုလို့ ပေါ့ ..."
လို့  အင်ဒရီအက်ဂ်ျ ကပြန်ပြောပြပါတယ်....
သူတို့ နှစ်ယောက်ဟာ တစ်ညလုံး စကားတွေပြောခဲ့ ကြပြီး ကွဲကြေနေတဲ့ သူတို့ ရဲ့ နှလုံးသားတွေကို
အပြန်အလှန်ကုစား၊ ကြင်နာကြဖို့ သဘောတူဆုံးဖြတ်ခဲ့ ကြပါတယ်...
ယခုတို့ သူတို့ နှစ်ဦးရဲ့ အံ့ သြဖွယ်ကောင်းလောက်အောင် ဒဏ္ဍာရီဆန်စွာ အသက်ဘေးကလွတ်မြောက်
ခဲ့ ရတာကို နှစ်ဦးစလုံးရဲ့ မိဘ၊ မိသားစုတွေကိုပြောပြခဲ့ ပြီး လက်ထပ်ဖို့ စီစဉ်နေကြပါပြီ....
" သူဟာကျွန်မရဲ့ ( အိပ်မက်ပုံပြင်ထဲက ) သူရဲကောင်းမင်းသားလေးလည်းဖြစ်၊ အသက်သခင်လည်းဖြစ်
ပါတယ်...
ခံစားခဲ့ ရတဲ့ သောကတွေ၊ ဒုက္ခတွေဟာ အင်ဒရီအက်ဂ်ျ နဲ့ တွေ့ အောင်များလုပ်ခဲ့ တာမို့ ကျွန်မဖြင့်ဒီ
လိုဒုက္ခဖြစ်လာခဲ့ ရတာကိုအပြစ်မတင်တော့ပါဘူး..."  လို့ မာရီယာက ပြောကြားခဲ့ ပါတယ်...

ဒါကြောင့် မို့ အချစ်ဟာတစ်ချို့ သောသူတွေအတွက်တော့ တစ်ကြိမ်သာပွင့် သောပန်းဖြစ်ပေမယ့် 
အများအားဖြင့် တော့ အကြိမ်ကြိမ်ပွင့် သောပန်းဖြစ်နေတတ်ပါတယ်...
သေချာတာကတော့ အချစ်ဟာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ...
ဘ၀ဟာ အချစ်ရဲ့ အစိတ်အပိုင်းတစ်ခုမဟုတ်ပါဘူး...
ဘ၀ဆိုတဲ့ အသက်ရှင်ရပ်တည်မှုမရှိယင် အချစ်ဆိုတာရှိနိုင်တော့မှာမဟုတ်ပေမယ့် ...
အချစ်မရှိပေမယ့်လည်း ဘ၀ကတော့ဆက်လက်ရှင်သန်နေနိုင်သေးတယ်ဆိုတာပါပဲ...

ပုံပြင်ဆန်ဆန်ဇတ်လမ်းလေးတစ်ပုဒ်ပါပဲ...

အင်္ဂလိပ်လိုသတင်းလေးပါ...
A broken-hearted fiance planning to throw himself off a bridge found love again - with a girl who was about to jump to her death from the same spot.
Devastated Andriej Ivanov, 26, wanted to end it all when his fiancee died in a car crash the day before their wedding by jumping from the bridge in Ufa, central Russia.
But when he got there he found tragic Maria Petrova, 21, climbing the railings after being thrown out by her parents for falling pregnant.
She was seconds away from plunging more than 100ft into the icy Belaya River when Andriej pulled her back from the brink.
"Something in my heart snapped and I couldn't let her do it no matter how broken my own heart was.
"I shouted, 'Stop' and ran over to her. She fell into my arms sobbing and I began crying too. We held each other and talked, and talked and talked. That night saved my life - and hers," said Andriej.
The couple talked into the night and agreed to help each other mend their broken hearts.
Now they plan to get married after telling their families of their amazing escapes from death.
"He is my knight and my saviour," said Maria.
"All that pain was worthwhile because it led me to my Andriej," she added.

2 comments:

သူရဲကောင်းကြယ် said...

ဒါကြောင့် မို့ အချစ်ဟာတစ်ချို့ သောသူတွေအတွက်တော့ တစ်ကြိမ်သာပွင့် သောပန်းဖြစ်ပေမယ့် 
အများအားဖြင့် တော့ အကြိမ်ကြိမ်ပွင့် သောပန်းဖြစ်နေတတ်ပါတယ်...
သေချာတာကတော့ အချစ်ဟာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ...
ဘ၀ဟာ အချစ်ရဲ့ အစိတ်အပိုင်းတစ်ခုမဟုတ်ပါဘူး...
ဘ၀ဆိုတဲ့ အသက်ရှင်ရပ်တည်မှုမရှိယင် အချစ်ဆိုတာရှိနိုင်တော့မှာမဟုတ်ပေမယ့် ...
အချစ်မရှိပေမယ့်လည်း ဘ၀ကတော့ဆက်လက်ရှင်သန်နေနိုင်သေးတယ်ဆိုတာပါပဲ...

ဒီစာသားတွေကိုတော့ သတင်းထဲမှာ မတွေ့မိပါဘူးဗျာ...ကိုပီတာကြီးတို့ကတော့ ရင်တွင်းဖြစ်တွေ ကြုံရင် ကြုံသလို လွှတ်နေ တော့တာပဲ ထင်ပါ့ :P :P :P

Nge Naing said...

လူသားနှစ်ဦးအတွက် အသက်ချမ်းသာစရာ ရသွားပြီး ကြားရသူတွေအတွက်လည်း တကယ်ကို မင်္ဂလာရှိတဲ့ သတင်းပါပဲ။ နောက်ဆုံးပိုဒ်က ကိုပီတာရဲ့ သုံးသပ်ချက် ထင်တယ်။ အချစ်ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်တယ်၊ အချစ်မရှိဘဲနဲ့လည်း ဘ၀ကို ဆက်လက်ရှင်သန်နေနိုင်သေးတယ် ဆိုတာ လုံးဝလက်ခံပါတယ်။