Thursday, May 27, 2010

Russian authorities shut down wobbly bridge 

 

 

Volgograd bridge
လေယူရာတိမ်းလို့ ယိမ်းသလို...
တံတားပေါ်က ကားလမ်းဟာမြွေတစ်ကောင်လို  တွန့် လိမ်နေလို့ 
ကားမောင်းရင်း လှိုင်းမူးနေကြရပါတယ်....
Bouncing: The surface of the bridge can be seen snaking up and down during high winds at Volgograd

ရုရှားနိုင်ငံ၊ အရေးပေါ်လုံခြုံရေးဝန်ကြီးဌာနဟာ ၇ ကီလိုမီတာ ( ၄.၅ မိုင် ) ရှည်လျားသည့် ဗိုလ်ဂိုဂရက်
ဒေသမှ ဗိုလ်ဂါမြစ်ကူးတံတား တစ်စင်းဟာ တည်ဆောက်ဖွင့် လှစ်ပြီးကာမှ ယိုင်တိုင်တိုင်ဖြစ်ကာ တံတား
ပေါ်မှ ကားလမ်းဟာလှိုင်းတွန့် များလိုဖြစ်လာတာကြောင့် တံတားကိုပိတ်ခဲ့ လိုက်ရပါတယ်...
အဆိုပါတံတားကို လွန်ခဲ့ တဲ့ သောကြာနေ့ နံနက်ပိုင်းက ပိတ်ခဲ့ တာဖြစ်ပြီး အရေးပေါ်ဌာနမှ ၀န်ထမ်း
များဟာ အကယ်၍တံတားအခြေအနေ ပိုမိုဆိုးရွားလာပါက အဆင်သင့် ဖြစ်နေစေရန် တံတားအနီးမှာ
အသင့် စောင့် ဆိုင်းနေခဲ့ ကြပါတယ်...


Volgograd bridge
တံတားကြီးတစ်ခုလုံး ယိုင်တိုင်တိုင်ဖြစ်ပြီး ကတ္တရာလမ်းတွေပါ ၃ ပေလောက် ရွေ့ ကုန်တယ်...
Alarming: The road surface moved more than a metre as the whole of the bridge wobbles


မြစ်အထက်ပိုင်းဒေသများဆီမှာ ဆီးနှင်းတွေအရည်ပျော်ပြီး မြစ်ရေတွေပိုမိုများပြားလာကာ မြစ်ရေစီးအား
ပြင်းထန်လာတာကြောင့် တံတားကိုထောက်မထားတဲ့ တိုင်ကို ယိုင်နဲ့ စေတာဖြစ်ပြီး ထိုမှတစ်ဆင့် တံ
တားတစ်ခုလုံး ဟန်ချက်မညီဖြစ်စေခဲ့ တာဖြစ်ပါတယ်...
ဗိုလ်ဂိုဂရက် မှာရှိတဲ့ အရေးပေါ်လုံခြုံရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန ရုံးမှ မကြာမှီကာလအတွင်းတံ
တားကို ပြန်လည်ဖွင့် လှစ်အသုံးပြုနိုင်ဖို့ သင့် မသင့် အတွက် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ ကြပါတယ်...


Volgograd bridge
၎.၅ မိုင်ရှည်လျားကာ ဒေါ်လာ ၄၁၂ သန်း ကုန်ကျခဲ့ ပြီး ၁၃ နှစ်ကြာတည်ဆောက်ခဲ့ ပေမယ့် ...
အခုတော့ ဖွင့် လို့ မှ တစ်နှစ်မပြည့် သေးဘူး...ယိုင်နေပြီ....
Safety concerns: The 4.5 mile bridge over the River Volga in Russia cost £275million took 13 years to build

" တံတားကြီး ယိုင်နဲ့ လှုပ်ယမ်းနေတာဟာ အမှန်တစ်ကယ်ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်...
လောလောဆယ်အခြေအနေမှာ အေ၇းပေါ်ကယ်ဆယ်ရေးအဖွဲ့ တွေဟာ ( တံတားအနီးတစ်ဝိုက် ) နေ
ရာတွေမှာ အသင့် ရှိနေကြပါတယ်..
ဗိုလ်ဂိုဂရက် အရေးပေါ်လုံခြုံရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာနဟာ တံတားကြီးဆက်လက်အသုံးပြုဖို့ 
သင့် မသင့် ဆုံးဖြတ်နိုင်ဖို့ အရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်မှာဖြစ်ပါတယ်... " လို့ အဆိုပါဒေသရဲ့ 
အရေးပေါ်လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဗာဒင်ဘာဆော့ ဗ် ကပြောကြားခဲ့ ပါ
တယ်....

Volgograd bridge
 လုံခြုံရေးအခြေအနေများကြောင့် တံတားကြီးကို ပိတ်ထားခဲ့ ရပါတယ်...
Resonance: Officials closed the bridge last week over safety concerns

ဥရောပတိုက်ရဲ့ အရှည်လျားဆုံးတံတားဖြစ်သည့် အဆိုပါတံတားဟာ ၂၀၀၉ ခုနှစ်မှာပဲ တည်ဆောက်
ပြီးစီးခဲ့ ကာလွန်ခဲ့ သည့် အောက်တိုဘာလက ဖွင့် လှစ်ခဲ့ တာဖြစ်ပြီး တံတားတည်ဆောက်မှုအတွက်
ဒေါ်လာ ၄၁၂ သန်းကုန်ကျခဲ့ ပါတယ်...

ဒီသတင်းဖတ်ပြီး သင်္ကြန်သံချပ်တစ်ခုသွားသတိရမိတယ်...
ဆ၇ာတော်ဦးကောသလ္လ ( ဓမ္မစေတီ ) ရွတ်ပြသွားတာပါ...

" ဖွင့် ပွဲကြီးတွေ...ဖွင့် ပွဲကြီးတွေ...
မြိုင်မြိုင် ဆိုင်ဆိုင်...
တံတားကြီးတွေ...တံတားကြီးတွေ...
ယိုင်ယိုင်....ယိုင်ယိုင်..."

ဆိုပဲ....

ပုံများကို တော့ daily mail ကရယူတင်ပြပါတယ်...

တံတားအကြောင်းဗီဒီယိုကလစ်လေးပါ...






The Russian Emergency Ministry has closed a seven-kilometre-long bridge which crosses the Volga River in Volgograd, after the structure started to wobble.
The bridge remained closed on Friday morning and emergency services stood by in the area in case the structure deteriorated further.

Strong currents in the river caused by the huge flow of extra water from melting snow upstream had apparently loosened one of the vertical supports, which affected the balance of the entire bridge.
The Emergency Ministry office in Volgograd held a meeting to decide if the bridge would be re-opened for use in the near future.
"There is confirmed information that the bridge is wobbling. At the moment all emergency forces are in place. The Volgograd Emergency Ministry is expected to hold an emergency meeting on the matter where they will take decision on whether or not the bridge can be used," said Volgograd Emergency Ministry official Vadim Basov.

The bridge, the longest in Europe, was completed last year and opened in October 2009. Its construction cost 275 pound sterling million (412 US million dollars).

4 comments:

mikozan said...

ခေတ်မှီသောနိုင်ငံတော်သစ်ကြီး တည်ဖို့ အဒီမှာ ပညာတော်သင်တွေလွှတ်ထားတာ

ဒါတွေတတ်အောင်သင်

သက်တန့်ချို said...

ဒီတံတားပေါ်မှာဆိုရင်တော့ ခေါင်းမူးတာနဲ့တင် အန်ထွက်လောက်တယ်း)

Zay Tar Yar said...

အိုဒါကဘာဟုတ်သေးတုန်း ဟိုရတနာပုံတံတားကြီးက
တော့လား ဟိုနှစ်တရာကဆောက်သွားတဲ့တံတားအ
ဟောင်းကဘာမှမဖြစ်ရဘူး . သူကြီးဘဲအထိအခိုက်မခံ
နိုင်ဖြစ်နေတာ.......

Jun Ichi - Sushi said...

i think it's computer effects..