Liars today, leaders tomorrow

Thursday, May 20, 2010


ယနေ့ လူလိမ် ...နောင်ဝယ်ခေါင်းဆောင်....


ဟုတ်ကဲ့ သမီးကို ဟိုကောင်လေး မနမ်းပါဘူးမေမေ...


ငယ်ရွယ်စဉ်ကတည်းကစပြီး လိမ်ညာပြောဆိုတတ်တဲ့ ကလေးများဟာ လူလားမြောက်ကြီးပြင်းလာတဲ့ 
အခါ နာမည်ကျော်ကြားထင်ရှားတဲ့ ခေါင်းဆောင်များ၊ ကုမ္ပဏီကြီးများရဲ့ အမှုဆောင်အရာရှိကြီးများနှင့် 
ဘဏ်လုပ်ငန်းရှင်ကြီးများ ဖြစ်ဖို့ အလားအလာပိုများတယ် ( ဖြစ်နိုင်ချေပိုများတယ် ) လို့ သုတေသနပြု
လေ့ လာချက်များကဖေါ်ပြခဲ့ ပါတယ်...

လိမ်ညာပြောဆိုနေစဉ်မှာ ဖြစ်ပေါ်နေတဲ့ ဦးနှောက်အတွင်း သာမာန်ထက်ပိုမိုရှုတ်ထွေးခက်ခဲတဲ့ ဖြစ်စဉ်
တွေ ပါဝင်ပတ်သက်နေတာမို့ ထိုသို့ ဥာဏ်ဆင်ကာပြောဆိုနိုင်တာကိုက ကလေးရဲ့ အသိဥာဏ်ထက်မြက်
မှုကိုဖော်ပြနေတာဖြစ်တယ် လို့ အဆိုပါလေ့ လာချက်က အခိုင်အမာဆိုခဲ့ ပါတယ်...
( လိမ်ပြောတတ်သူဟာ ဥာဏ်ကောင်းဖို့ လိုတယ်ဆိုတဲ့ စကားဟာ အမှန်ပေါ့ ....)

ဒါကြောင့် မို့ နောက်တစ်ကြိမ် သင့် ရဲ့ ရင်သွေး၊ တူ၊ တူမလေးများဟာ သူတို့ ရဲ့ ပါးစပ်တစ်ဝိုက်မှာ ဘီစ
ကွတ်မုန့် အမှုန့် လေးတွေရှိနေလျှက်နဲ့ ပင် ( သတိမထားမိပဲ ) အဲဒီမုန့် တွေကို လက်ဖျားနဲ့ တောင်မတို့ 
ပါဘူးလို့ လိမ်ပြောခဲ့ ယင်လည်း စိုးရိမ်ပူပန်မှုတွေဖြစ်နေစရာသိပ်မလိုပါဘူးလို့ သုတေသနပြုသူများရဲ့ အ
ဆိုအရ သိရပါတယ်...


ကလေးငယ်ပေါင်း ၁၂၀၀ ကိုပြုလုပ်ခဲ့ တဲ့ လေ့ လာစမ်းစစ်မှုတစ်ခုအရ နှစ် နှစ်အရွယ်ကလေး ငါးပုံတစ်
ပုံဟာ လိမ်ပြောတတ်ကြပြီး အသက်လေးနှစ်ကစလို့ ကတော့ ကိုးဆယ်ရာခိုင်နှုံးက လိမ်ပြောတတ်ကြ
ပါတယ်တဲ့ ....
ကလေး အသက် ၁၂ ရောက်တဲ့ အထိ လိမ်ပြောတတ်တဲ့ အရေအတွက်ဟာ ဆက်လက်များပြားနေဆဲ
ဖြစ်ကြောင်း ကိန်းဂဏာန်းများကပြဆိုနေပါတယ်...

ဒါပေမယ့် လိမ်ပြောတတ်ရုံနဲ့ ကလေးတွေဟာ စာမေးပွဲမှာ စာခိုးချတာ သို့ မဟုတ် နောင်ကြီးပြင်းလာတဲ့ 
အခါ လိမ်လည်လှည့် ဖြားပြီး ငွေရေးကြေးရေးကအစ မသမာမှုတွေလုပ်တာတွေအထိ ဖြစ်လာနိုင်တယ်
လို့ ဆက်စပ်မှုမတွေ့ ခဲ့ ရပါဘူး....
တိုရွန်တိုတက္ကသိုလ်၊ ကလေးသူငယ်များဆိုင်ရာလေ့ လာမှုသိပ္ပံ ညွှန်ကြားရေးမှူး ဒေါက်တာ ကန်းလီ
ကအသက် ၂ နှစ် မှ ၁၇ နှစ်အထိ ကလေးများကိုလေ့ လာစမ်းစစ်ခဲ့ တာဖြစ်ပါတယ်....
မိမိတို့ ၏သားသမီးငယ်များ လိမ်ညာပြောတတ်ရုံမျှဖြင့် မိဘတွေအနေဖြင့် အလွန်အမင်းထိတ်လန့် တုန်
လှုပ်စရာမလိုဘူးလို့ သူကဆိုပါတယ်....

" သူတို့ ရဲ့ ကလေးငယ်တွေဟာနောင် ကြီးတဲ့ အထိ ကုမရအောင် (ပြင်မရအောင်) လိမ်ပြောကြမှာမ
ဟုတ်ပါဘူး...ကလေးအားလုံးလိုလို လိမ်ပြောတတ်ကြပါတယ်... အဲဒီလိုလိမ်ပြောတာကိုက သူတို့ ဟာ
ဦးနှောက်နဲ့ အသိဥာဏ်ဖွံ့ ဖြိုးတိုးတက်နေခဲ့ ကြပြီဆိုတာကိုပြသတဲ့ လက္ခဏာပါပဲ...သူတို့ ရဲ့ လုပ်ရပ်တွေ
( အပြစ်လေးတွေ ) ကိုဖုံးကွယ်လိမ်ညာတတ်သူဟာ ပိုမိုတွေးခေါ်မြော်မြင်တတ်သူတွေဖြစ်ပါတယ်..."
လို့ သူကဆက်ပြောခဲ့ ပါတယ်...
" လိမ်ညာတတ်တာဟာ ကလေးသူငယ်တွေအနေနဲ့ သူတို့ ရဲ့ မှတ်ဥာဏ်ဦးနှောက်ထဲမှာ အမှန်ဆိုတာ
ကိုသိထားပြီး ထိုအချက်ကိုပဲ အသုံးချကာ ဦးနှောက်ကစားပြီးခက်ခဲစွာပြောဆိုပြုမူရတဲ့ ဖြစ်စဉ်မို့ အရေး
ပါတဲ့ ဖွံ့ ဖြိုးတိုးတက်မှုတွေရှိလာပြီဆိုတာကိုပြသနေတာဖြစ်ပါတယ်..." လို့ ဒေါက်တာ လီ ကပြောဆိုခဲ့ 
ပါတယ်....

အံ့ သြစရာပင် ကလေးများရဲ့ လိမ်ညာပြောဆိုတတ်ခြင်းစွမ်းရည်နဲ့ ဓလေ့ ဟာ စည်းကမ်းတင်းကြပ်တဲ့ 
မိဘများကြောင့် ဖြစ်စေ၊ ဘာသာရေးဆိုင်ရာသွန်သင်ဆုံးမမှုများကြောင့် ဖြစ်စေ ( ငယ်ရွယ်စဉ်အချိန်မှာ )
အကျိုးသက်ရောက်မှုသိပ်မရှိဘူးလို့ လေ့ လာမှုက ပြဆိုနေပါတယ်...

ကလေးများကို လိမ်ပြောအောင် လှုံ့ ဆော်တဲ့ အနေနဲ့ ၎င်းတို့ ရဲ့ အနောက်ဘက်မှာထားတဲ့ ခရမ်းရောင်
ဘားနေ ဒိုင်နိုဆောအရုပ်လေးကို ခိုးမကြည့် နဲ့ လို့ ဒေါက်တာလီ ကပြောဆိုမှာကြားပြီး သူတို့ ခိုးကြည့် 
နိုင်လောက်တဲ့ အချိန်အတိုင်းအတာလောက်ခန့် မှန်းပြီးအခန်းထဲကနေတစ်မိနစ်လောက်အပြင်ကိုထွက်
သွားခဲ့ ကာ ကလေးတွေရဲ့ လှုပ်ရှားပြုမူမှုကို (လျှို့ ဝှက် ) ဗီဒီယိုရိုက်မှတ်တမ်းတင်ပါတယ်...

ကလေး ဆယ်ယောက်ထဲက ကိုးယောက်ဟာ လှည့် ကြည့် ခဲ့ ကြပြီး သူပြန်လာပြီး မေးမြန်းခဲ့ တဲ့ အခါ
မှာတော့ အများစုက သူတို့ လှည့် ကြည့် ခဲ့ ကြတာကိုငြင်းဆိုခဲ့ ကြပါတယ်...
လေ့ လာမှုစမ်းစစ်မှုအရ ကလေးများ လိမ်ညာပြောဆိုတတ်ဆုံးအရွယ်ဟာ အသက် ၁၂ နှစ်ပါတ်ဝန်း
ကျင်ဖြစ်ပြီး သူတို့ အသက် ၁၆ နှစ်လောက်ရောက်တဲ့ အခါမှာတော့ လိမ်လည်ပြောဆိုမှုဟာ ၇၀ ရာခိုင်
နှုံးလောက်လျော့ နည်းသွားပါတယ်လို့ တွေ့ ရပါတယ်....

ကဲ...
ကျွန်တော်တို့ ရော...ငယ်ငယ်တုံးက လိမ်ပြောခဲ့ ဖူးကြပါသလား...
ဟုတ်ကဲ့ ...ဘာပြောကောင်းမလဲ...
ဒါပေမယ့် အခု ကြီးတော့ ရော...
အင်း...
သူတစ်ပါးအကျိုးမပျက်ပြားဘူး ( အကြီးအကျယ်ပေါ့ လေ...) ဆိုယင်၊ မိမိဂုဏ်သိက္ခာအတွက်၊ အမျိုး
မျိုးသော မျော်လင့် ရည်မှန်းချက်တွေအတွက်တော့ လိမ်ပြောနေကြရတုန်းပါပဲ....
နိုင်ငံနဲ့ ၊ ဘ၀ နဲ့ ချီပြီးတော့  လိမ်မပြောမိဖို့ တော့ လိုတာပေါ့လေ...
လုံးလုံးလိမ်မပြောပဲနေနိုင်ယင်တော့ အကောင်းဆုံးပေါ့ ...
ရှိတော့ ရှိတယ် ရှားတယ်လို့ ပဲဆိုရမှာပါပဲ...
အနည်းဆုံးတစ်ဖက်သားစိတ်ချမ်းသာဖို့ ( white lie ) လောက်တော့ ဘ၀မှာ မပြောမဖြစ်ပြောကြရတာပါ
ပဲ...

အင်္ဂလိပ်လိုသတင်းလေးပါ....
Research has shown that children who lie from an early age are more likely to become high-flying leaders, executives and bankers. The complex brain processes involved in formulating a lie are indicators of a child's intelligence, it is claimed.
So the next time your child denies having touched the cookies despite suspicious brown smears around their mouth, there is no need to worry, according to researchers.
A study of 1,200 children found that a fifth of two-year-olds are likely to tell lies, rising to 90% from the age of four. The figure increases further until the children reach their lying peak at 12. But no link was found between telling porkies and a tendency to cheat in exams or commit fraud in later life.

Dr. Kang Lee, director of the Institute of Child Study at Toronto University, examined children aged 2 - 17. He said that parents should not be alarmed if their child tells a lie.
"Their children are not going to turn out to be pathological liars. Almost all children lie. It is a sign that they have reached a new development milestone. Those who have better cognitive development lie better because they can cover up their tracks."
"Lying shows that children have developed 'executive functioning' - a complex juggling act which involves manipulating several brain processes to keep the truth at the back of their mind," said Dr. Lee.
Surprisingly, children's aptitude for lying was not influenced by strict parenting or religious upbringing, the study showed.
Dr. Lee enticed children to lie by telling them not to peek at a purple Barney toy dinosaur placed behind their back. He then left the room for one minute - giving them ample time to peek, while their reaction was filmed. Nine out of ten did turn around but when asked by the tester, the majority denied it.

While the study found the most deceitful age was 12, the propensity to lie dropped by about 70% once the children had turned 16.



-The Daily Mail, UK

4 comments:

makhaing said...

ကိုပီတာရေ..

မှတ်သားလောက်တဲ့ သုတေသနပြုချက်လေးမို့

ကိုယ်များပါနေလားလို့ စဉ်းစားနေတယ်.. ဟင်း ဟင်း ပြောရဲဘူး အမှန်အတိုင်း..။

ခေါင်းဆောင်မှ မဟုတ်တာပဲ ပြောဘူး..။

ကျေးဇူးပါဖတ်ခွင့်ရတာ..။

မဗေဒါ (၈၈)

သုခုမလေဒီ said...

ဖတ်သွားပါတယ်။ မျှဝေတာကျေးဇူးပါ။

leomark said...

ဟားဟား...လိမ် အုံး မှာ...။း)

ကာရံဆူး said...

အယ် သုတေသနပြုချက်က တယ်လဲ မှန်ပါလားနော်...ကိုပီတာရဲ့ ခေါင်းစဉ်ကိုတော့ ရေလည်ခိုက်တယ်..ဒါဆို ဟိုလူကြီးတွေလဲ အဲ့ဒါကြောင့်ပေါ့နော်...