Woman, 68, passes written driving test on 950th try

Sunday, May 16, 2010



အကြိမ် ၉၅၀ မြောက်မှာ ယာဉ်မောင်းလိုင်စင်ရေးဖြေစာမေးပွဲအောင်မြင်သည့် အသက် ၆၈ နှစ်ရှိအမျိုးသမီးကြီး...


ယာဉ်မောင်းလိုင်စင်ဖြေခွင့် လျှောက်လွှာနှင့် ချာဆာဆွန်း...
Cha Sa-soon showing her application form for a driver's licence.

တောင်ကိုရီးယားနိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ ယာဉ်မောင်းလိုင်းစင်ရဖို့ အတွက် ၂၀၀၅ ခုနှစ်ကတည်း
ကနေ့ စဉ်နီးပါးဖြေဆိုနေခဲ့ တာနောက်ဆုံး အကြိမ်ပေါင်း ၉၅၀ မြောက်မှာ တော့ဖြေဆိုအောင်မြင်ခဲ့ ပါ
တော့ တယ်...

စိတ်ဓါတ်မကျ၊ ဇွဲမလျော့ တဲ့ အားကျဖွယ်ရာ ယာဉ်မောင်းအမျိုးသမီးကြီးဟာ လိုင်စင်စာမေးပွဲ ဖြေဆိုဖို့ 
လျှောက်လွှာကြေး ကိုးရီးယားငွေ ဝေါင် ၅ သန်း ကျော် ( ဒေါ်လာ ၄၂၀၀ ) အကုန်အကျခံခဲ့ ရပြီး နောက်
ဆုံးအကြိမ် မဖြေဆိုခင်အထိ စာမေးပွဲအောင်မြင်မှုအတွက် သတ်မှတ်ထားတဲ့ အနည်းဆုံးအမှတ် ( ၁၀၀
ပေးထားတဲ့ အထဲက ) ၆၀ အထိကို မရခဲ့ တာဖြစ်ပါတယ်...


ဒါပေမယ့် အသက် ၆၈ နှစ်အရွယ်ရှိ အမျိုးသမီးကြီး ချာဆာဆွန်းဟာ နောက်ဆုံးမှာတော့ ရေးဖြေစာမေး
ပွဲကို အမှတ် ၆၀ နဲ့ အောင်မြင်သွားခဲ့ တာဖြစ်ကြောင်း ဆိုးမြို့ တောင်ဖက် ၂၁၀ ကီလိုမီတာအကွာအဝေး
မှာရှိတဲ့  ဂျွန်ဂျူး ယာဉ်မောင်းလိုင်စင်ဝင်ခွင့် ဌာနက ရဲတပ်ဖွဲ့ တာဝန်ရှိသူ ချွိုင်ယန်ချူ ကပြောကြားခဲ့ ပါ
တယ်...
သူမဟာ လွန်ခဲ့ တဲ့ လေးနှစ်အတွင်းမှာ အကြိမ်ပေါင်းရာနဲ့ ချီပြီးဝင်ရောက်ဖြေဆိုခဲ့ ပေမယ့် အောင်မြင်ဖို့ 
လိုအပ်တဲ့ အမှတ်ကိုမရရှိခဲ့ ပါဘူးလို့ ရဲအဖွဲ့ ကဆိုပါတယ်...ဒေသဆိုင်ရာသတင်းများအရ သူမဟာ အ
ကြိမ်ပေါင်း ၉၅၀ တိုင်တိုင်ဖြေဆိုခဲ့ ရတယ်လို့ ဆိုပါတယ်...



ယခုတော့ သူမဟာ ယာဉ်မောင်းလိုင်စင်ရဖို့ နောက်ဆုံးအဖြစ် ကားမောင်းစစ်ဆေးခြင်းကိုပြုလုပ်ရတော့ 
မှာဖြစ်ပါတယ် လို့ ချွိုင်က ဆိုပါတယ်...
ထိုကိစ္စနှင့်ပါတ်သက်ပြီး အမျိုးသမီးကြီး ချာ ကိုတစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုဖို့ အကြိမ်ကြိမ်ဆက်သွယ်
ခဲ့ ပေမယ့် ဖုံးဖြေကြားခြင်းမရှိခဲ့ ပါဘူး...
သူမရဲ့ ဟင်းသီးဟင်းရွက်ရောင်းတဲ့ အလုပ်အတွက် ကားမောင်းဖို့ လိုင်စင်လိုအပ်ပါတယ်လို့ တော့ သူမက
ကိုရီးယား တိုင်းမ်စ် သတင်းစာကိုပြောပြခဲ့ ပါတယ်...

ဘယ်အရာကိုမဆို တစ်ကြိမ်နှစ်ကြိမ် မအောင်မြင်ရုံနဲ့ ဇွဲမလျော့ သင့် ကြောင်း...အသက်အရွယ်ကလည်း
အောင်မြင်မှုမှာ အဟန့် အတားမဟုတ်ကြောင်း ....တို့ အတွက် သက်သေပါပဲ...

အင်္ဂလိပ်လိုသတင်းပါ....
A woman in South Korea who tried to pass the written exam for a driver's license with near-daily attempts since April 2005 has finally succeeded on her 950th time.
The aspiring driver spent more than 5 million won (US$4,200) in application fees, but until now had failed to score the minimum 60 out of a possible 100 points needed to get behind the wheel for a driving test.
Cha Sa-soon, 68, finally passed the written exam with a score of 60 on Wednesday, said Choi Young-chul, a police official at the drivers' licence agency in Jeonju, 210 km south of Seoul.Police said Cha took the test hundreds of times over the past four years, but had no specific total. Local media said she took the test 950 times.
Now she must pass a driving test before getting her licence, Choi said.
Repeated calls to Cha seeking comment went unanswered. She told the Korea Times newspaper she needed the licence for her vegetable-selling business.

- AP

0 comments: